ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 21, 2013

--လူထုကျန်းမာရေး(သွေးတိုး ရောဂါကို သက်သာ စေမည့် နေထိုင် သွားလာမှုနှင့် အစားအသောက်)--

>
**Public Health** 
 သွေးတိုးအတွက် စိတ်မသက်မသာ ဖြစ်နေတဲ့သူတွေ အတွက် သွေးကို ထိန်းပေးနိုင်မယ့် အစားအသောက် အကြောင်းပြောရရင်- သွေးတိုးဆိုတာ သွေးဖိအားအပေါ် သွေး ၁၄ဝ မီလီမီတာနဲ့ အောက်သွေး ၉ဝ မီလီမီတာ မာကျူရီထက် မပိုသင့်ဘူး။ သွေးတိုးဖြစ်စေတဲ့ အကြောင်းအရင်း ၁ဝ ရာခိုင်နှုန်းသာရှိပြီး ဆက်နွှယ် စဉ်းစားရတာက ၉ဝ ရာခိုင်နှုန်းသော လူတွေရဲ့ စားသောက်မှုနဲ့ နေထိုင်မှု ပုံစံတွေကြောင့် ဖြစ်တယ်။ လူတွေ အပျင်းကြီးလာတယ်။ ထိုင်ရာကနေ မထနိုင် ဖြစ်လာကြတယ်။ လက်နဲ့ ကိုယ်တိုင်မလုပ်ဘဲ အိမ်အကူ ခေါ်ကြတယ်။ လှေကားအတိုင်း မတက်ဘဲ၊ စက်လှေကား၊ ဓာတ်လှေကားနဲ့ တက်တယ်။ လမ်းမလျှောက်ဘဲ ကားနဲ့ သွားလာကြတယ်။ နေ့စဉ် နာရီဝက် အားကစားလုပ်၊ လမ်းလျှောက်၊ အပြေး၊ စက်ဘီးစီး မလုပ်ဘဲ၊ တီဗွီကြည့်၊ ဂိမ်းထိုင်နှိပ်ကြတယ်။ အသင့် အမြန်စား အစားအစာတွေ များလာတယ်။ အချိုမှုန့်၊ ကြက်သားမှုန့်နဲ့ အငန်တို့လို အစားအသောက်တွေ စားတော့ သွေးပေါင် တက်လာစေတယ်။ ဆီးချို ဟော်မုန်းထုတ်လုပ် ဂလင်းပုံမှန် မဖြစ်တဲ့ ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ဆေးဝါးရဲ့ ဘေးထွက် ဆိုးကျိုးတွေကြောင့် သွေး တိုး ဖြစ်လာစေတယ်။ ပဋိသန္ဓေတားဆေး စတီးရွိုက်နဲ့ ဟော်မုန်းစားရင် သွေးတိုးစေတယ်။ သွေးတိုးကို မကုဘဲထားရင် ရေရှည်ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အဖွဲ့အစည်းတွေကို တိုက်ခိုက် ခံရတတ်တယ်။ သွေးကြောတွေ ပျက်စီးစေပြီး အချိန်မတိုင်မီ နှလုံးက သွေးညှစ်အား မကောင်းခြင်း၊ လေသင်တုန်း ဖြတ်ခြင်းဖြစ်စေတယ်။ ဆီးရွှင်ဆေးဟာ အရည်နဲ့ ဆားဓာတ် ဖယ်ထုတ်ပေးပြီး သွေးကြောတွေရဲ့ ခုခံအားကို လျော့စေတယ်။ ဘီတာဘလော့ကာတွေ က နှလုံး ခုန်နှုန်း နှေးစေပြီး နှလုံးကြွက်သား အားလျော့စေတယ်။ ဖေဆိုဒိုင်လေတာက သွေးလွှတ်ကြော ချဲ့ပေးတယ်။ အေစီအီးအင် ဟစ်ဗစ်တာ က သွေးကြောကျယ်တဲ့ ဆေးအနေနဲ့ရော ဆီးချိုအနေနဲ့ပါ အကျိုး သက်ရောက်စေတယ်။ သွေးဖိအား ပုံမှန်ဖြစ်သွားပေမဲ့ ရေရှည်ဆေးဝါး သောက်ရတယ်။

အနားယူခြင်း၊ စိတ်ဖိစီးမှု လျှော့ချရေး၊ ကိုယ်အလေးချိန် လျှော့ချရေး၊ နေ့စဉ် နာရီဝက် အားကစား၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လုပ်သင့်တယ်။ သွေးတိုးတာ ကာကွယ်ဖို့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစာ စားသုံးသင့်တယ်။ ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ ဆီလီနီယမ် သတ္တုဓာတ် ကြွယ်ဝတဲ့ အစာ စားသင့်တယ်။ ဂျုံစေ့အဆန်၊ အခွံမာသီး၊ ဗီတာမင်အီး ကြွယ်ဝတာတွေကို စားသင့်တယ်။ သည်အစာထဲက ငါးမျိုးကို နေ့စဉ်စားသင့်တယ်။ အဆီများတဲ့ ပင်လယ်ငါးစားရင် အိုမီဂါ သုံးနဲ့ အိုမီဂါ ခြောက်၊ ဖက်တီး အက်စစ်ပါနေတာကြောင့် သွေးတိုး သက်သာစေတဲ့ သွေးဖိအား လျော့ပြီး ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောကို သန့်စင်ပေးပြီး သွေးခဲနိုင်မယ့် အလားအလာ လျှော့ပေး တယ်။ အကောင်းဆုံး၊ အသင့်လျော်ဆုံးက အမျှင်ဓာတ်ကြွယ်တဲ့ အစားတွေပဲ။ ကွေကာ၊ ခေါက်ဆွဲကြော်၊ ထမင်းနဲ့ဟင်း၊ ပေါင်မုန့် စားပေးသင့်တယ်။ အဆီများတဲ့ အသား၊ မလိုင်ပါတဲ့ နို့နဲ့နို့ထွက်ပစ္စည်း၊ ကိတ်မုန့်၊ ဘီစကွတ်များ၊ မာဂျရင်းတို့ လျှော့စားရမယ်။ ဆားပါဝင်မှုများတဲ့ အစားအစာနဲ့ မုန့်တွေကိုအတတ်နိုင်ဆုံး လျှော့စားပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် မြင့်တဲ့ အားဆေးကို ဆင်ခြင်သောက်ရမယ်။ ပိုတက်စီယမ် ကြွယ်ဝတဲ့အစား (ငှက်ပျောသီး)စားပါ။ ။ 

 Written by ကေတု

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)