ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 3, 2013

--လူထုကျန်းမာရေး(၀မ်းချုပ်ခြင်းကြောင့်ဖြစ်သော သွေးတိုးရောဂါ)--

>
**Public Health**
လူတို့၏သဘာဝ နံနက်အိပ်ယာထချိန် ၀မ်းကောင်းစွာ မသွားလျှင် တစ်နေ့လုံးနေထိုင်မကောင်းတော့ဘဲ ခေါင်း မူးခြင်း၊ နောက်ကျောတက်ခြင်း၊ စိတ်မကြည်ခြင်း စသည် များဖြစ်လာတတ်သည်။ နံနက်အိပ်ယာထချိန် ၀မ်းမသွား သည့်တိုင် နံနက်စာစားပြီးချိန်၊ အလုပ်မသွားမီဝမ်းသွား လျှင်လည်း နေသာသေးသည်။ သို့မဟုတ်ပါက တစ်နေ ကုန် နေမကောင်းဖြစ်တတ်သည်။

ဝမ်းချုပ်ခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲ ရောဂါအမျိုးမျိုးတွင် သွေးတိုးရောဂါဝင်လာသူများသည် ဆရာဝန်ပေးသောသွေးကျဆေးကို မှန်မှန်သောက်လေ့ မရှိကြ၊ ဖြစ်မှသောက်သည်။ ခေါင်းမူးမှသောက်သည်။ အစားမှားမှသောက်သည်။ သွေးတိုးမှသောက်သည်ဟု ဆိုကြသည်။ ထိုသူများသွေးပေါင်ချိန်တက်ပြီး သွေးတိုး သည့်နေ့များကို လေ့လာကြည့်လျှင် ၀မ်းချုပ်သောနေ့များ ဖြစ်ကြောင်းတွေ့ရှိရသည်။ သွေးတိုးရောဂါသည် ခန်္ဓာကိုယ်၏သွေးလှည့်အဖွဲ့၊ သွေးကြောများအတွင်း အဆီအနှစ်များ ထုတက်ပြီး ကျဉ်းမြောင်းလာရာမှစသည်။ သွေးပိုက်လိုင်းကျဉ်းသွား သဖြင့် နှလုံးမှသွေးသွားအောင်ပို၍ညှစ်ပေးရာမှ ဖိအား တိုးလာခြင်းကို သွေးတိုးသည်ဟုခေါ်သည်။ အမှန်မှာ သွေး များတိုးလာသည်မဟုတ်၊ သွေးပို့ပေးသည့် နှလုံးညှစ်အား တိုးလာခြင်းသာဖြစ်သည်။
အငန်စား၍သွေးတိုးသည်။ အစားမှား၍ သွေးတိုး သည်။ အအေးပတ်၍သွေးကြောများကျုံ့၍ သွေးတိုး သည်ဟု အသိများကြသော်လည်း ၀မ်းချုပ်၍သွေးတိုး သည်ကို လူသိနည်းကြသည်။ သွေးကျဆေးကိုမှန်မှန် သောက်နေသူများပင် ၀မ်းချုပ်လျှင် သွေးပေါင်ချိန် တက်ပြီး သွေးတိုးလာတတ်သည်။ ခေါင်းအုံမူးဝေလာသော ၀မ်းချုပ်ခြင်းကြောင့်ဖြစ်သော သွေးတိုးရောဂါ အခါ သွေးကျဆေးသောက်ထားတာပဲဟု ဆေးအားကိုးနှင့် နေရာမှ လဲကျသွားသူ၊ လေဖြတ်သွားသူများကို တွေ့ရဖူး သည်။ လေဖြတ်သူအတော်များများကိုလေ့လာကြည့်သော အခါ ၀မ်းချုပ်သူများဖြစ်ကြောင်းတွေ့ရှိရသည်။ ၀မ်းချုပ်သူအတော်များများသည် အထိုင်များသူနှင့် လမ်းလျှောက်နည်းသူများဖြစ်ကြောင်း တွေ့ရသည်။ ရေ သောက်နည်းသူများ၊ အထူးသဖြင့် ညအိပ်ယာဝင်ချိန်နှင့် နံနက်အိပ်ယာထချိန် ရေသောက်နည်းသူများမှာ ၀မ်းချုပ် လေ့ရှိကြောင်းတွေ့ရသည်။ 

အချို့သူများ ၀မ်းမချုပ်စေရန် ၀မ်းနုတ်ဆေးအားကိုးနှင့်အကျင့်ပါနေသည်ကိုတွေ့ရသည်။ ၀မ်းနုတ်ဆေးကို နေ့စဉ်မှန်မှန်သောက်ခြင်းသည် ကောင်းသောအလေ့အကျင့်မဟုတ်ပေ။ အစာအိမ်နှင့် အူအတွင်းမှ သက်စောင့်အချွဲအမြှေးများပါသွားပြီး ကြာလျှင် အူရောင်ရောဂါရနိုင်သည်။ ပွေးကိုင်းပါဝင်သော ဆေးများကို နှစ်ရှည်စွဲစားလျှင် အူမကြီးရောင်နာမှ အခန့်မသင့်လျှင် ကင်ဆာဖြစ်နိုင်သည်ဟု အနောက်တိုင်း ဆေးပညာရှင်များက အဆိုရှိသည်။ တိုင်းရင်းမြန်မာဆေးအမည်ခံ၍ထုတ်လုပ်သော သွေးတိုးကျဆေးများကို လေ့လာကြည့်သောအခါ ၀မ်းသွား အောင် စီမံဖော်စပ်ထားသော ၀မ်းနုတ်ဆေးများဖြစ်နေ သည်ကိုတွေ့ရသည်။ ထိုဆေးများတွင် အမှန်တကယ် သွေးဖိအား၊ နှလုံးညှစ်အားများကိုလျော့ကျစေနိုင်သော ပရဆေးအမယ်များမပါရှိဘဲ ၀မ်းသွားစေမည့် ပရဆေး အမယ်များစွာ ထည့်သွင်းဖော်စပ်ထားသည်ကို တွေ့ရှိရ သည်။ အချို့ဆေးများသည် သွေးတိုးကျဆေးအမည်ခံပြီး ပွေးကိုင်း၊ ကနခိုစေ့၊ မုတ်ခါး၊ မင်းကိုကာ၊ ဆားခါး၊ ဆေးပုလဲ စသည့်ဝမ်းလျှောလွယ်သည့်ပရဆေးများကို များစွာထည့်သွင်းဖော်စပ်ထားသည်ကို တွေ့ရပါသည်။ 

““၀မ်းးတစ်လုံးးကောင်းးလျှင် ခေါင်းးမခဲ”ဲ ” ဟူသော စကားမှာမှန်သော်လည်း နေ့စဉ်ဝမ်းနုတ်ဆေး သောက်နေ ရခြင်းသည်လည်း မကောင်းပေ။ မာသော အစာ၊ ကြေခဲ သောအစာ၊ လေချုပ်သောအစာများကို ရှောင်ကြဉ်ပြီး အသီးအနှံများများစားပေးခြင်း၊ ရေများများ သောက်ခြင်း၊ လမ်းမှန်မှန်လျှောက်ခြင်းပြုလုပ်ပြီး ၀မ်းအလွန်ချုပ်တတ် လျှင် သင်္ဘောသီးမှည့်၊ ငှက်ပျောသီးဖီးကြမ်း၊ သရက်သီး မှည့် စားသုံးခြင်း၊ ဟင်းချက်လျှင် မန်ကျည်းသီး မှည့်ထည့် ချက်ခြင်း၊ ရှောက်သီးအရည်ထည့်ချက်ခြင်း ဖြင့် သွေးတိုးရောဂါမှ ကာကွယ်နိုင်ကြောင်း တင်ပြ အပ်ပါသည်။ ။

 +ကြည်လွင်မြင့်(မုဒြာ)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)