>
ကျောင်းမသွားချင်ရင် အိမ်နှင့်ကျောင်းကြားမှာ
အချိန်ဖြုန်းနေတတ်တဲ့ကျောင်းသားကို ကျောင်းပြေးလို့
အမည် တပ်လေ့ရှိကြပါတယ်။ ကျွန်တော်လည်း
ငယ်ငယ်က ကျောင်းပြေးခဲ့ဖူးပါတယ်။ ဒါပေမယ့်
ကျွန်တော်ကျောင်းပြေးတာက အများနဲ့ မတူပါဘူး။
ကျွန်တော့်ကျောင်းပြေးအတွေ့အကြုံလေးကို ပြန်တွေး
တောနေမိပါတယ်။ ကျွန်တော်ဟာ အစ်ကိုဖြစ်သူနဲ့
လေးနှစ်ကြီး လေးနှစ်ငယ်ဖြစ်လို့ အစ်ကိုဖြစ်သူ
စတုတ်္ထတန်းအောင်လို့ မူလတန်းကျောင်းကနေ အလယ်
တန်းကျောင်းကိုပြောင်းတဲ့နှစ်မှာ ကျွန်တော်တစ်ယောက်
တည်း မူလတန်းကျောင်းမှာ ကျန်ခဲ့ပါတယ်။ အဲဒီနေ့က
အမေဟာ အစ်ကို့အတွက် ကျောင်းပြောင်းလက်မှတ်
လိုက်ယူရင်း ကျွန်တော့်ကို ကျောင်းလိုက်ပို့ပါတယ်။
အမေနဲ့အစ်ကို ဆရာကြီးကိုနှုတ်ဆက်ပြီး လှည့်ထွက်
မယ်အလုပ်မှာ ကျွန်တော့်စိတ်ထဲက ““ငါတစ်ယောက်
တည်း ဒီကျောင်းမှာ ကျန်ခဲ့မှာပါလား”” လို့ တွေးမိပြီး
စိတ်ထဲမှာ ဆို့နင့်နင့်ဖြစ်သွားမိပါတယ်။
““အမေ သားမနေခဲ့ချင်ဘူး၊ အစ်ကို့နောက်ကိုလိုက်
မယ်””၊ ““အိုသားရယ် အစ်ကိုတို့ကျောင်းက ငါးတန်းက
စတက်ရတာ၊ သားတို့လိုတစ်တန်းကလေးတွေတက်
လို့မရဘူးသားရဲ့”” ““မသိဘူး၊ သားမနေခဲ့ချင်ဘူး၊ လိုက်မှာ
ပဲ၊ လိုက်မှာပဲ”” ကျွန်တော်ပြောပြောငိုငိုနဲ့ အစ်ကို့လွယ်
အိတ်ကိုဆွဲထားမိပါတယ်။ ““သြော် သားရယ် အစ်ကိုက
ညနေကျောင်းဆင်းရင် အိမ်ပြန်လာမှာပဲဟာ၊ သား
မငိုနဲ့နော် တိတ်တိတ်။ ဟောဟိုမှာ သားသူငယ်ချင်းတွေ
လာခေါ်နေပြီ။ သွားသွား ကျောင်းမတက်ခင်သူတို့နဲ့
ကစားလိုက်ဦးနော်၊ ရော့ရော့သားကြိုက်တာဝယ်စား””။
အမေပေးတဲ့ပိုက်ဆံတစ်ကျပ်ကို ကျွန်တော်မျက်ရည်
တလိမ့်လိမ့်ကြားကကြည့်ရင်း ရှိုက်ကြီးတငင် ငိုကြွေး
ကျန်ရစ်ခဲ့ပါတော့တယ်။ ကျောင်းတက်ခေါင်းလောင်းထိုး၊
ဘုရားရှိခိုး၊ နိုင်ငံတော်သီချင်းဆိုပြီးတာနဲ့ ဆရာ ဆရာမ
အသီးသီးက သူ့အတန်းနဲ့သူ စာသင်ကြားမှုတွေစတင်
ပါတယ်၊ ကျွန်တော်စာသင်ချင်စိတ်မရှိတော့ပါ။ လက်ရှိ
ကျောင်းမှာ နေချင်စိတ်မရှိတော့ပါ။ ဒါကြောင့်
ဒီကျောင်းကနေလွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ
တွေးနေမိပါတယ်။
အတန်းပိုင်ဆရာမ ကျောင်းအုပ်ဆရာကြီးနဲ့ စကား
ပြောနေချိန်မှာ ကျွန်တော်အပေါ့သွားသလိုလိုနဲ့ ကျောင်း
လှေကားက ဆင်းပြီးတာနဲ့ နောက်ကိုလှည့်မကြည့်
တော့ဘဲ တစ်ကြိုးတည်းပြေးထွက်လာခဲ့ပါတယ်။ ““ဟာ
ဟိုမှာ ခုနကငိုတဲ့ ကောင်လေးပြေးပြီ၊ ဆရာကြီး ဟိုကောင်
လေးပြေးပြီ”” ကျောင်းသားတွေ ၀ိုင်းအော်တော့
ဆရာကြီးသိသွားပြီး ““ဟ လေးတန်းကအကောင်ကြီးတွေ
လိုက်ဖမ်းစမ်း”” လို့ အော်သံကြားလိုက်ရပါတယ်။
ကျွန်တော်အိမ်ရှိရာဘက်ကို အားသွန်ပြေးနေမိပါတယ်။
လေးတန်းကျောင်းသားကြီးတွေ နောက်ကနေထက်ကြပ်
ပါလာပါတယ်။ တဖြည်းဖြည်းနဲ့ အိမ်ဘက်ကိုနီးလာပါပြီ။
ပြေးရင်းနဲ့ ခေါင်းထဲကိုအတွေးတစ်ခုဝင်လာပါတယ်။
““အိမ်ကိုပြေးတာတော့ဟုတ်ပြီ၊ အိမ်ကိုရောက်ရင် အမေ
က ငါ့ကိုဆီးပြီး ရိုက်မှာပေါ့၊ အမေက ကျောင်းပြန်ပို့
တော့ရော ဆရာကြီးကမရိုက်တော့ဘူးလား။ ဒါဆိုနှစ်ခါ
နာမှာပေါ၊့ မဖြစ်ပါဘူး၊ အမိခံလိုက်ရင် တစ်ခါပဲအတီးခံရ
မှာ””။ ကျွန်တော်ချက်ချင်း အပြေးရပ်လိုက်ပါတယ်။
ကျောင်းသားကြီးတွေလည်း မီလာပြီးကျွန်တော့်ကိုပြေး
မှာစိုးလို့တစ်ဖက်စီ ဆွဲခေါ်ခဲ့ကြပါတယ်။ ဆရာကြီးဆီ
ရောက်ပါပြီ။ ““ကိုင်း...ကျောင်းကနေ ထွက်ပြေးတဲ့
ကျောင်းပြေးပေါ့ဟုတ်လား၊ မင်းကမှ တကယ့်ကျောင်း
ပြေး အစစ်ကွ၊ ကဲကိုကျောင်းပြေး ဟိုတိုင်မှာ ဖက်လိုက်
စမ်း””။ ကျွန်တော်ဒူးတွေ တဆတ်ဆတ်တုန်နေပါတယ်။
““မင်းနောက်ကျောင်းပြေးဦးမလား””၊ ““မပြေးတော့ပါ
ဘူး””။ ဆရာကြီးဟာ သူ့ရဲ့လက်သုံးတော်ထားဝယ်
ကြိမ်လုံးကို တရွှမ်းရွှမ်းနဲ့ဝှေ့ရမ်းနေပါတော့တယ်။
““ကဲကွာ”” ဆရာကြီးဟာ လက်ထဲကကြိမ်လုံးနဲ့
တအားလွှဲရိုက်လိုက်ပါတယ်။ ““ ဖျန်း”” ကြိမ်လုံးသံက
ကျွန်တော့် တင်ပါးဆီက ထွက်မလာပါဘူး။ ကျွန်တော့်
ခေါင်းပေါ်က လက်နှစ်လုံးလောက်လွဲပြီး ကျောင်းတိုင်ကို
ထိသွားပါတယ်။ ဆရာကြီးဒီလောက်တော့ လက်ဆ
မလွဲနိုင်ပါ။ ကျွန်တော်တအားကြောက်နေမှန်းသိလို့
တမင်လွဲရိုက်လိုက်ခြင်းဖြစ်ကြောင်း ကျွန်တော်သဘော
ပေါက်လိုက်ပါပြီ။ ““ငါစိတ်ရှိလက်ရှိ ရိုက်လိုက်ရင်
နာတော့မယ်နော်၊ ကဲ နောက် ကျောင်းပြေးဦးမလား””၊
““ မပြေးတော့ပါဘူး ဆရာကြီး””၊ ““အေးအတန်းထဲမှာ
စာသွားသင်၊ မုန့်စားကျောင်းဆင်းရင် ငါ့ဆီလာခဲ့၊ ကြား
လား””။ အတန်းထဲရောက်တော့ ကျောင်းဖော်တွေက
ဝိုင်းပြီး ပြောကြပါတယ်။ ““မင်းသိပ်ကံကောင်းတယ်ကွ၊
ဟိုနေ့က သုံးတန်းက ရန်ဖြစ်တဲ့ကျောင်းသားနှစ်ယောက်
ဆိုရင် ဆရာကြီးကြိမ်လုံးစာမိတာ ခုထက်ထိ
တင်ပါးမှာ ဆေးထည့်နေရတုန်းကွ””။ အခုတော့
ကျွန်တော်ကျောင်းက ထွက်ပြေးချင်စိတ်သိပ်မရှိတော့ပါ။
နေ့လယ် မုန့်စားကျောင်းဆင်းတော့ ကျွန်တော်
ထမင်းချိုင့်ဆွဲပြီး ဆရာကြီးဆီသွားခဲ့ပါတယ်။ ““ကလေး
လာကွ၊ မင်းက အပြေးချန်ပီယံဆိုတော့၊ လာ ဆရာကြီး
နဲ့ ထမင်းအတူတူစား၊ ပြစမ်းပါဦး မင်းချိုင့်ထဲက
ဘာဟင်းတုန်း””၊ ကျွန်တော်က အမေထည့်ပေးလိုက်တဲ့
ငါးကြော် နှစ်တုံးကို ဆရာကြီးစားပွဲပေါ် တင်ပေး
လိုက်ပါတယ်။ ““မင်းဘာသာစားပါကွာ၊ ရော့ရော့
ဆရာကြီး ဟင်းလည်းစားကြည့်ပါဦး၊ ကလေးစားလေ
ကွာ၊ ဘာလဲဆရာကြီးကို ကြောက်နေတာလား၊
မကြောက်ပါနဲ့ကွာ၊ ဆရာကြီးက လိမ်္မာတဲ့ ကလေးဆို
လက်ဖျားနဲ့တောင် မတို့ပါဘူး။ သားကလိမ်္မာပါတယ်။
သားအစ်ကို ဒီကျောင်းမှာမရှိတော့လို့ အားငယ်နေတာ
မဟုတ်လား။ ဒီကျောင်းကပျော်စရာကောင်းပါတယ်
ကွာ။ ဟိုမှာကြည့်စမ်း ဟိုကလေးတွေ ဘောလုံးကန်
နေတာ၊ ဟိုမှာတွေ့လား ဒန်းစီးလို့လည်းရတယ်။
လျှောစီးလို့လည်းရတယ်””။ ဆရာကြီးရဲ့ ဂရုတစိုက်
ဆက်ဆံမှုကြောင့် ကျွန်တော်ဆရာကြီးနဲ့ အတော်
ရင်းနှီးလာပြီး ကျောင်းပျော်လာပါတော့တယ်။ ဆရာကြီး
နဲ့ ကျွန်တော်လည်း မကြာခဏဆိုသလို ထမင်းအတူစား
ဖြစ်ကြပြီး ကျောင်းတက် အမှန်ဆုံးကျောင်းသား
တစ်ယောက်ဖြစ်လာပါတယ်။ အဲဒီအချိန်ကစပြီး
ကျောင်းမှာ ပျော်တတ်လာတဲ့ ကျွန်တော်ဟာ ဘဝ
တစ်လျှောက်လုံး ကျောင်းတက်မှန်တဲ့ ကျောင်းသား
တစ်ယောက်ဖြစ်လာပါတယ်။ မူလတန်းကျောင်းသား
အရွယ်ကစလို့ ကျွန်တော်တို့ကို အတတ်လည်းသင်၊
ပဲ့ပြင်ဆုံးမ၊ သိပ်္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့
ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာဆိုတဲ့ ဆရာကျင့်ဝတ်နဲ့အညီ
ဆရာ ဆရာမတွေက ဖော့ဖယောင်းလို ပုံသွင်းကောင်းခဲ့
လို့ ကျွန်တော်တို့တစ်တွေ လူ့လောကအလယ်မှာ
လူလူသူသူ ဖြစ်လာခဲ့ကြတာပါ။ ခုတော့ ပဲခူးမြို့
ရွှေကေသာမူလတန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး
ဦးသိန်းအောင်လည်း ကွယ်လွန်ရှာပါပြီ။
ကျောင်းကလည်း အခုအထက်တန်းကျောင်းဖြစ်
နေပါပြီ။ နှစ်လရာသီတွေ ဘယ်လိုပြောင်းပြောင်း၊ ခေတ်
စနစ်တွေ ဘယ်လိုပြောင်းပြောင်း ဆရာဆိုတာ ဆရာပါ
ပဲ။ ဆရာတိုင်း ဆရာမတိုင်းဟာ နာသုံးနာကို အရင်းပြု၊
ပီတိကိုစားပြီး ပန်းပုရုပ်လေးပေါင်းများစွာကို ထုလုပ်ပေး
ကြစမြဲပါ။ ဓားသွေးကျောက်လို ဓားပေါင်းမြောက်မြား
စွာအတွက် အသွေးခံနေကြဆဲပါ။ ဆရာ ဆရာမအားလုံး
ပီတိစားနေရတဲ့ဘ၀ကနေ မြင့်မားတဲ့ လူနေမှုဘ၀တွေ
ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန်္ဒပြုပါတယ်။ ။
+သွင်လန်း+

Tuesday, October 15, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment