(ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး)
ဂျပန်အနေနဲ့တရုတ်ရဲ့ မောင်းသူ မဲ့ ဒရုန်းယာဉ်တွေကို ပစ်ချမယ်ဆိုရင် ပေကျင်းကစစ်ခင်းဖို့ စဉ်းစားရလိမ့် မယ်လို့ အောက်တိုဘာ ၂၆ ရက်မှာ တရုတ်နိုင်ငံက ပြောကြားလိုက်ပါ တယ်။ ဂျပန်ဝေဟင်ပိုင်နက်အတွင်း တရုတ်မောင်းသူမဲ့လေယာဉ်ကို ဂျပန် က လေတပ် လေယာဉ်များသုံးပြီး ပစ်ချသွားဖို့ ကာကွယ်ရေးအစီအစဉ် များကို မစ်္စတာအာဘေးက သဘောတူ လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးတဲ့နောက် တရုတ်ကလည်း အထက်ပါအတိုင်း ရည်ညွှန်းကိုးကား ပြီး ကြေညာချက်ထုတ်ပြန်လိုက်တယ် လို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြား အခြားသော တင်းမာမှုတစ်ရပ်ကတော့ ကျွန်း အငြင်းပွားမှုတစ်ရပ်ပါပဲ။ အရှေ့ ကျွန်းစုကို တိုကျိုက ထိန်းချုပ်ထားပါ တယ်။ သို့ပေမယ့် ပေကျင်းကလည်း ဒီကျွန်းစုကို သူတို့လည်းပိုင်တယ်လို့ ဆိုပါတယ်။ တရုတ်က စီးပွားရေး အင်အားကြီးထွားအောင် ကြိုးစားနေ ချိန်မှာ ဂျပန်က ဆယ်စုနှစ်နှစ်ခု အတွင်း စီးပွားရေးကျဆင်းလာခဲ့ တာကြောင့် နှစ်နိုင်ငံရဲ့ဒေသတွင်း ပြိုင်ဆိုင်မှုဟာ ပိုမိုကြီးထွားလာတယ် လို့ အကဲခတ်လေ့လာသူတွေက ပြော ကြားနေကြပါတယ်။ ဂျပန်နိုင်ငံအနေ နဲ့ အာရှပစိဖိတ်ဒေသတွင်းမှာ စီးပွား ရေးမျက်နှာစာသာမဟုတ်ဘဲ လုံခြုံရေး မျက်နှာစာမှာပါ ဦးဆောင်သွားဖို့ မျှော်လင့်ထားပါတယ်လို့ အခြားသော နိုင်ငံတွေကလည်း ဂျပန် နိုင်ငံအနေနဲ့ တရုတ်ကိုရင်ဆိုင်သွားဖို့ လိုလားနေကြတယ်လို့ မစ်္စတာ အာဘေးက ပြောဆိုလိုက်ပါတယ်။ တရုတ်အနေနဲ့ ဥပဒေစိုးမိုးရေးထက် အင်အားပြရေးလမ်းစဉ်ကို ပြောင်းလဲ ဖို့ကြိုးစားနေရင်တော့ စိုးရိမ်စရာ ပါပဲလို့ ဂျပန်ဝန်ကြီးချုပ်က ပြော ကြားလိုက်ပါတယ်။ ဒီလမ်းကို ရွေး ချယ်မယ်ဆိုရင်တော့ ဒေသတွင်း ငြိမ်းချမ်းရေးဆိုတာ ဖြစ်မလာ နိုင်ပါဘူးလို့လည်း ဂျပန်ဝန်ကြီးချုပ် က ပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ တရုတ်လေယာဉ်များ ပစ်ချရေးကဲ့သို့သော အစီအမံများ ပြုလုပ်လာမယ်ဆိုရင်တော့ လက်တုံ့ ပြန်သွားရလိမ့်လို့လည်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက အောက် တိုဘာ ၂၅ ရက်မှာ ပြောကြားလိုက် ပါတယ်။ ဒါကြောင့်မို့ တရုတ်နဲ့ ဂျပန်တို့ဟာ ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ပြန်လည်ရှာဖွေရ မယ့် အနေအထားရှိပါတယ်။
မစ်္စတာ အာဘေးက တွေ့ဆုံမေးမြန်းခန်း တစ်ရပ်မှာ ပြောဆိုလိုက်ပါတယ်။
+မောင်နွေသစ်+ တရုတ်ပင်လယ် အတွင်းမှာရှိတဲ့စီးပွားရေးပြိုင်ဘက်နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ဂျပန်တို့ ကျွန်းစုတစ်ခုကို သူပိုင်ကိုယ်ပိုင်အငြင်းပွားကြရာမှ စလိုက်တဲ့ပြဿနာတစ်ရပ်ဟာ အတောမသတ်နိုင်ဘဲတငွေ့ငွေ့တောက်လောင်လာတဲ့ မီးတောက်ပမာ ဖြစ်လာတာ တွေ့ရပါတယ်။ အင်အားကြီးထွားလာတဲ့ တရုတ် ရဲ့ အာဏာချိန်ခွင်လျှာကို ကိုင်လှုပ် သွားနိုင်ဖို့ တချို့တချို့သော နိုင်ငံ တွေက ဂျပန်ကို အာရှရဲ့ဦးဆောင်မှု ကို ပိုပြီးလုပ်ကိုင်စေလိုတဲ့ ဆန်္ဒရှိ နေတယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောကြားလိုက်ပါတယ်။
(ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး)
ဂျပန်အနေနဲ့တရုတ်ရဲ့ မောင်းသူ မဲ့ ဒရုန်းယာဉ်တွေကို ပစ်ချမယ်ဆိုရင် ပေကျင်းကစစ်ခင်းဖို့ စဉ်းစားရလိမ့် မယ်လို့ အောက်တိုဘာ ၂၆ ရက်မှာ တရုတ်နိုင်ငံက ပြောကြားလိုက်ပါ တယ်။ ဂျပန်ဝေဟင်ပိုင်နက်အတွင်း တရုတ်မောင်းသူမဲ့လေယာဉ်ကို ဂျပန် က လေတပ် လေယာဉ်များသုံးပြီး ပစ်ချသွားဖို့ ကာကွယ်ရေးအစီအစဉ် များကို မစ်္စတာအာဘေးက သဘောတူ လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးတဲ့နောက် တရုတ်ကလည်း အထက်ပါအတိုင်း ရည်ညွှန်းကိုးကား ပြီး ကြေညာချက်ထုတ်ပြန်လိုက်တယ် လို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြား အခြားသော တင်းမာမှုတစ်ရပ်ကတော့ ကျွန်း အငြင်းပွားမှုတစ်ရပ်ပါပဲ။ အရှေ့ ကျွန်းစုကို တိုကျိုက ထိန်းချုပ်ထားပါ တယ်။ သို့ပေမယ့် ပေကျင်းကလည်း ဒီကျွန်းစုကို သူတို့လည်းပိုင်တယ်လို့ ဆိုပါတယ်။ တရုတ်က စီးပွားရေး အင်အားကြီးထွားအောင် ကြိုးစားနေ ချိန်မှာ ဂျပန်က ဆယ်စုနှစ်နှစ်ခု အတွင်း စီးပွားရေးကျဆင်းလာခဲ့ တာကြောင့် နှစ်နိုင်ငံရဲ့ဒေသတွင်း ပြိုင်ဆိုင်မှုဟာ ပိုမိုကြီးထွားလာတယ် လို့ အကဲခတ်လေ့လာသူတွေက ပြော ကြားနေကြပါတယ်။ ဂျပန်နိုင်ငံအနေ နဲ့ အာရှပစိဖိတ်ဒေသတွင်းမှာ စီးပွား ရေးမျက်နှာစာသာမဟုတ်ဘဲ လုံခြုံရေး မျက်နှာစာမှာပါ ဦးဆောင်သွားဖို့ မျှော်လင့်ထားပါတယ်လို့ အခြားသော နိုင်ငံတွေကလည်း ဂျပန် နိုင်ငံအနေနဲ့ တရုတ်ကိုရင်ဆိုင်သွားဖို့ လိုလားနေကြတယ်လို့ မစ်္စတာ အာဘေးက ပြောဆိုလိုက်ပါတယ်။ တရုတ်အနေနဲ့ ဥပဒေစိုးမိုးရေးထက် အင်အားပြရေးလမ်းစဉ်ကို ပြောင်းလဲ ဖို့ကြိုးစားနေရင်တော့ စိုးရိမ်စရာ ပါပဲလို့ ဂျပန်ဝန်ကြီးချုပ်က ပြော ကြားလိုက်ပါတယ်။ ဒီလမ်းကို ရွေး ချယ်မယ်ဆိုရင်တော့ ဒေသတွင်း ငြိမ်းချမ်းရေးဆိုတာ ဖြစ်မလာ နိုင်ပါဘူးလို့လည်း ဂျပန်ဝန်ကြီးချုပ် က ပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ တရုတ်လေယာဉ်များ ပစ်ချရေးကဲ့သို့သော အစီအမံများ ပြုလုပ်လာမယ်ဆိုရင်တော့ လက်တုံ့ ပြန်သွားရလိမ့်လို့လည်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက အောက် တိုဘာ ၂၅ ရက်မှာ ပြောကြားလိုက် ပါတယ်။ ဒါကြောင့်မို့ တရုတ်နဲ့ ဂျပန်တို့ဟာ ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ပြန်လည်ရှာဖွေရ မယ့် အနေအထားရှိပါတယ်။
မစ်္စတာ အာဘေးက တွေ့ဆုံမေးမြန်းခန်း တစ်ရပ်မှာ ပြောဆိုလိုက်ပါတယ်။
+မောင်နွေသစ်+
No comments:
Post a Comment