၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်၊ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးမှာ တက္ကသိုလ်ကျောင်းသားကြီးတွေ အဖြစ်နဲ့ ပါဝင်ခဲ့ကြတဲ့ ကိုမိုးကြိုး (ထိုစဉ်- အသက် ၂၂နှစ်)၊ မန္တလေး မမာမာဦး (ထိုစဉ် အသက် ၂၅ နှစ်) တို့ဟာ နှစ်ပေါင်းများစွာ ကျောင်းသားသမဂ္ဂအမှုဆောင်တွေအဖြစ်နဲ့ နိုင်ငံရေးလုပ်ခဲ့ကြ၊ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ ဖြတ်သန်းခဲ့ကြပြီး သကာလ ဒီကနေ့ (၂၀၁၃ခုနှစ်၊ စက်တင်ဘာလနဲ့ အောက်တိုဘာလ) တွေမှာတော့ ဦးမိုးကြိုး (JACBA/အသက် ၄၇နှစ်) နဲ့ ဒေါ်မာမာဦး (၈၈မျိုးဆက်၊ ငြိမ်းချမ်း၊ ပွင့်လင်း၊ အလုပ်သမားရေးရာဌာန၊အသက် ၅၀နှစ်)ျတို့ ဟာ အလုပ်သမားလူတန်းစား အမှုဆောင်တွေ အဖြစ်နဲ့ သမိုင်းဘီးတစ်ပတ်လည်ကာ ပုံစံသစ်တစ်မျိုးနဲ့ ရှိနေကြပါပြီ။ ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ခရိုင်၊ မဟာချိုင်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ အကျိုးဆောင်တွေနဲ့ ဦးမိုးကြိုး၊ ဒေါ်မာမာဦးစတဲ့ ၈၈ မျိုးဆက်ဟောင်း၊တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်ဟောင်းကြီးတွေ အခုလို ရင်းနှီးခင်မင်စွာ တွေ့ကြရတာကဖြင့် အလုပ်သမားလူတန်းစားတွေအတွက် အားဆေးတစ်ခွက်ကောင်းကောင်း ကြီးဖြစ်စေမှာပါဗျို့။
ဓာတ်ပုံသတင်း-သောင်ရင်းနဂါး
ဓါတ်ပုံ - ဦးစိန်ဌေး (မဟာချိုင် )၊ ဦးတိုး (မဟာချိုင် )၊ ဦးမိုးကြိုး(၈၈ )၊ ဒေါ်မာမာဦး(၈၈ )၊ ဦးထက်အောင် (ခေါ်) ဦးနိုင်နိုင်ထွန်း(၈၈ )တို့ မဟာချိုင်မြို့မှာ တွေ့ဆုံမှုအမှတ်တရ (စက်တင်ဘာလ ၃၀ရက်၊ ၂၀၁၃၊ မဟာချိုင်)
ဓာတ်ပုံသတင်း-သောင်ရင်းနဂါး
No comments:
Post a Comment