ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 12, 2013

-- ဝါသနာ--

>
သူနှင့် ဆုံဖြစ်ခဲ့သည့် ဇာတ်လမ်းမှာ ခပ်ဆန်းဆန်းတော့ဖြင့် မဟုတ်ခဲ့ပါ။ သိပ်မထူးခြားလှသော အကြောင်းအရာလေး တစ်ခုအဖြစ်နှင့် ဆုံဖြစ်ခဲ့ခြင်းသာ ဖြစ်လေသည်။ ထိုနေ့က စနေနေ့လည်းဖြစ်သည်။ မိုးကလေးတစိမ့်စိမ့်ဖြင့် အေးအေး ချမ်းချမ်း ရှိနေသော ရက်လည်း ဖြစ်လေသည်။ စနေနေ့မို့ အလုပ်ပါးသည့် အပြင်၊ အပြင်ထွက်ရန် အထူးအထွေ ကိစ္စလည်း မရှိသောကြောင့် သူမသည် မနက်စာကို စိတ်အေးလက်အေး ချက်ပြုတ်စားသောက်ပြီး၍ ကော်ဖီတစ်ခွက် ဖျော်ကာ ကွန်ပျူတာရှေ့တွင် ဇိမ်ကျနေလေသည်။ ထိုစဉ် လေပြင်းလေး တစ်ချက် ဝေ့ကနဲ တိုက်ခတ်လိုက်သည့် အတွက် သူမစားပွဲပေါ်ရှိ ပန်းအိုးကလေးထဲမှ ပန်းကလေးများ လှုပ်ခတ်သွားလေသည်။ ပန်းကလေးများသာမက စာရွက်တစ်ချို့ပင် တစ်ဖြတ်ဖြတ် ခါသွားလေသည်။ ထို့ကြောင့် ဖွင့်ထားသော ပြူတင်းတံခါးကို ပိတ်ရန် စားပွဲမှထလိုက်ပြီး ပြူတင်းပေါက်နားသို့ သူမ တိုးကပ်သွားမိသည်။ သည်အချိန်တွင် သူ့ကို တွေ့လိုက်ရခြင်း ဖြစ်လေသည်။ သူသည် ပုဇဉ်းတစ်ကောင်သာ ဖြစ်လေသည်။ အပြင်တွင် မိုးခပ်ဖွဲဖွဲ ရွာနေသောကြောင့် ဟိုဟိုသည်သည် ပျံသန်းဖို့ အခက်အခဲဖြစ်ဟန် တူပါသည်။ သူသည် သူမတို့အိမ် ပြူတင်းတံခါးဘောင်ပေါ်တွင် စိုက်ထားသော ပန်းအိုးလေးတစ်ခုရှိ အရွက်ကိုင်းလေး တစ်ခုပေါ်တွင် လာရောက် နားခိုနေခဲ့ခြင်းဖြစ်သည်။ တောင်ပံလေးများကို ဖြန့်ကားရင်း သစ်ရွက်ရှည်ရှည် တစ်ခုပေါ်တွင် ငြိမ်သက်စွာ နားခိုနေသော သူ့ကို ငေးကြည့်မိရင်း သူမစိတ်ထဲ အတွေးတစ်ခု ဝင်လာခဲ့သည်။ သူမ အမြဲတမ်းကြည့်လေ့ ရှိသော ဓာတ်ပုံ ဝဘ်ဆိုဒ်များတွင် ပုဇဉ်းကောင်လေးများ၏ ခန္ဓာကိုယ်ပေါ်၊ တောင်ပံများပေါ်နှင့် မျက်လုံးများပေါ်တွင် ရေစက်ကလေးများ သီးနေပုံ၊ နှင်းစက်ကလေးများ ဖုံးလွှမ်းနေပုံတို့ကို ဓာတ်ပုံဝါသနာရှင် တစ်ချို့က အနီးကပ် ရိုက်ပြကာ တင်ထားတတ်လေ့ရှိသည်။ သူမသည်လည်း ထို ဓာတ်ပုံဆရာများကို အားကျကာ ယခု မြင်နေရသော ပုဇဉ်ကောင်လေးကို အနီးကပ် ဓာတ်ပုံ ရိုက်ရကောင်းမည် ဟု စိတ်ကူး ရလိုက်မိခြင်း ဖြစ်လေသည်။ အပြင်တွင် မိုးရွာနေသော်လည်း ပုဇဉ်းကောင်လေး၏ ခန္ဓာကိုယ်နှင့် တောင်ပံဖျား ပေါ်တွင် ရေစက်လေး တစ်ပေါက် တစ်လေမှ ကပ်ငြိမနေပါ။ သို့ဆိုလျှင် သူမ လိုချင်သော ရေစက်လေးများ သီးနေသည့် ဓာတ်ပုံ ရိုက်ခွင့်မရတော့ဘဲ ပုဇဉ်းကောင် သက်သက်ကိုသာ ဓာတ်ပုံရိုက်ရတော့မည့် အခြေအနေ ဖြစ်လေသည်။ သို့သော် သူမက ရိုးရိုးပုဇဉ်းကောင်ကို မလိုချင်ဘဲ ရေစက်လေးတွေသီးနေသည့် ပုဇဉ်းကောင်ကိုသာ ဓာတ်ပုံ ရိုက်လိုခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဘာလုပ်ရမည်ကို သူမ အကြံထုတ်ရတော့သည်။ ထိုစဉ် ပြူတင်းဘောင်တစ်နေရာတွင် တင်ထားသည့် အပင်များကို ရေဖြန်းသော spray ဘူးလေးကို သူမ မျက်စိများက လှမ်းမြင် လိုက်လေသည်။ လက်ဖျစ်တစ်ချက် တီးလိုက်ပြီးနောက် စပရေးဘူးလေးကို လှမ်းယူလိုက်ကာ ရေအပြည့် သွားဖြည့်လိုက်တော့သည်။ စပရေးဘူးလေး ကိုင်ပြီးနောက် ပြူတင်းပေါက်ဆီသို့ ပြန်လာကာ ပုဇဉ်းကောင်လေးကို အလျှင်အမြန် လှမ်းကြည့်လိုက်တော့ ပုဇဉ်းလေးက မူလနေရာတွင် ငြိမ်သက်စွာ ရှိနေဆဲ ဖြစ်လေသည်။ အခန်းထဲမှ ကင်မရာကို သွားယူလိုက်ပြီး ဘက်ထရီ၊ မဲန်မိုရီကဒ် စသည်တို့ကို စစ်ဆေးပြီးနောက် setting ကို စိတ်ကြိုက် ပြင်ဆင်ကာ အသင့်အနေအထားဖြင့် ထားထားလိုက်လေသည်။ ကံတရားက သူမဘက်ကို ပါနေပြီဖြစ်လေသည်။
သူမ ဓာတ်ပုံ ရိုက်ခွင့်ရတော့မည်။ ထို့နောက် သူမသည် လက်ထဲမှ စပရေးဘူးလေးဖြင့် ပုဇဉ်းကောင်လေးကို ရေ ပက်ဖြန်း လေတော့သည်။ ရေစက်ကလေးများမှာ အမှုန်အမွှားလေးများ အဖြစ်ဖြင့် ပုဇဉ်းကောင်လေး၏ ကိုယ်ခန္ဓာနှင့် တောင်ပံများပေါ်သို့ မြောက်မြားလှစွာ ကျရောက်သွားလေသည်။ သို့သော်လည်း အလွန် သဘောကောင်းလှသော ပုဇဉ်းကောင်လေး သည် ထပျံသွားခြင်း မရှိဘဲ သူမ စိတ်တိုင်းကျသာ လုပ်ပစေတော့ ဟူသော သဘောဖြင့် ပေကပ်၍သာ နားခိုနေဆဲဖြစ်လေသည်။ ပုဇဉ်းပေါ်မှ ရေစက်လေးများမှ သူမ စိတ်ကြိုက် အနေအထား ဖြစ်လာသည့်အခါ ဘေးနားက ကင်မရာကို ယူကာ တစ်ဖြတ်ဖြတ် ရိုက်ယူလေတော့သည်။ ကြီးမားလှသော မျက်လုံးကြီးပေါ်တွင် တင်နေသည့် ရေစက်လေးများကို ပုဇဉ်းကောင်လေးမှာ သူ့လက်တံများဖြင့် ဖယ်ရှားနေသည့်မြင်ကွင်းမှာ စိတ်ဝင်စားဖို့ ကောင်းလှသည်။ ထို့ပြင် သူ့လက်တံပေါ် တင်နေသော ရေစက်များကိုလည်း လက်နှစ်ဖက်ဖြင့် ပွတ်သပ် ဖယ်ရှားပြန်လေသည်။ ပြီးလျှင်တော့ ငြိမ်သက်စွာ နားခိုမြဲ ဖြစ်လေသည်။ သူမသည် ဓာတ်ပုံရိုက်ယူနေရင်း ပုဇဉ်းကောင်လေးဆီမှ ရေစက်လေးများ နည်းသွားလျှင် ကင်မရာကိုချလိုက်ကာ စပရေးဘူးဖြင့် ဆက်ဖြန်းပြန်သည်။ သူနားနေသည့် နေရာတွင် ရေစက် အကြီးကြီးတစ်ခု ဖြစ်လာသည့်အခါ ပုဇဉ်းကောင်လေးသည် ထပျံသွားခြင်းတော့ မရှိဘဲ သစ်ရွက်၏ အရှေ့ဘက်နားသို့ တိုးကပ် နေရာ ရွေ့လေတော့သည်။ သူမသည်လည်း ရေစက်လေးများနှင့် ပုဇဉ်းကောင်ကို စိတ်ကြိုက် အနေအထား အမျိုးမျိုးဖြင့် ဓာတ်ပုံရိုက်ပြန်လေသည်။ ဓာတ်ပုံရိုက်နေရင်း ပုဇဉ်းပေါ်မှ ရေစက်လေးများ နည်းသွားပြန်သဖြင့် စပရေးဘူးကို လှမ်းယူလိုက်ကာ ရေဖြန်းပြန် တော့သည်။ အပြင်တွင် မိုးစက်လေးများ ခပ်စိတ်စိတ် ကျနေလေသည်။ သို့သော် အပြင်က မိုးစက်ထက် သူမစပရေးဘူးမှ ရေစက်တို့၏ဒဏ်က ပို၍ ဆိုးဝါးလွန်းလှသည်ဟု ထင်ဟန်ရှိသည့် ပုဇဉ်းကောင်လေးမှာ ဘယ်လိုမှ ဆက်လက်သည်းခံနိုင်ဟန် မရှိတော့ဘဲ ပန်းအိုးပေါ်ရှိ သစ်ရွက်ဖျားဆီမှ ထပျံ သွားလေတော့သည်။ စပရေးဘူးကိုင်ရင်း မချင့်မရဲ ကျန်ခဲ့သော သူမ၏နားတွင် ပုဇဉ်းကောင်လေးဆီမှ တစ်စုံတစ်ရာသော အသံတစ်ခုကို သဲသဲကွဲကွဲ ကြားလိုက်မိသလို ရှိလေသည်။ ထိုအသံကို ဘာသာပြန်ရလျှင်မူ " မိုးရွာလို့ သူ့ပန်းအိုးပေါ် သွားနားမိပါတယ် ဓာတ်ပုံရိုက်ဖို့အတွက် မိုးရွာတာထက်တောင် ပိုဆိုးအောင် ရေတွေနဲ့ နင်းကန် ပက်နေတော့တာဘဲ။ ကိုယ်ချင်းစာစိတ်ကို မရှိဘူး။ နောက်များဆို ဓာတ်ပုံဝါသနာအိုးတွေ၊ ဓာတ်ပုံရူးတွေ နေတတ်တဲ့ အိမ်မျိုးမှာ ဘယ်တော့မှ မနားတော့ဘူး" ဟူ၍ ဖြစ်လေသည်။

 မိတ်ဆွေများအားလုံး ပြုံးပျော်ကြပါစေ..

 +ချော(အစိမ်းရောင်လွင်ပြင်)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)