ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 30, 2013

--ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ--

>
** ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်လ်ကို ထောက်လှမ်းခဲ့ကြောင်း အမေရိကန်ဝန်ခံခဲ့** (၀ါရှင်တန် အောက်တိုဘာ ၂၈)
အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ(NSA)က ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်လ်နှင့် အခြား ကမ်္ဘာ့ခေါင်းဆောင်များအပေါ် လျှို့ဝှက် ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ၀န်ခံခဲ့ပြီး လျှို့ဝှက်ထောက်လှမ်းမှု အများစုကို ရပ်ဆိုင်းထားပြီဖြစ် ကြောင်း အမေရိကန်တာဝန်ရှိသူများ က ပြောကြားသည်။ ကမ်္ဘာ့ခေါင်းဆောင် ၃၅ ဦးခန့်၏ ဖုန်းပြောဆိုမှုများကို ကြားဖြတ်ဖမ်းယူ နားထောင်ထောက်လှမ်းသည့် လုပ်ငန်း စဉ်ကို အိုဘားမားအစိုးရက ပြန်လည် သုံးသပ်နေပြီး လွန်ခဲ့သည့် နွေရာသီ ကတည်းက ရပ်ဆိုင်းထားခဲ့ပြီဖြစ် ကြောင်း တာဝန်ရှိသူများက The Wall Street ဂျာနယ်သို့ ပြောကြားသည်။ အိမ်ဖြူတော်က (NSA)၏ လျှို့ဝှက် ထောက်လှမ်းမှုများကို လေ့လာပြီး နောက် မာကယ်လ်၏ ဖုန်းပြောဆိုမှု အပါအ၀င် အခြားကမ်္ဘာ့ခေါင်းဆောင် များအပေါ်လျှို့ဝှက်ထောက်လှမ်းခြင်း များကိုရပ်ဆိုင်ရန် တောင်းဆိုခဲ့ ကြောင်း၊ အခြားလျှို့ဝှက်ထောက်လှမ်း ရေးအစီအစဉ်များကို ရပ်ဆိုင်းရန် စီစဉ်ထားသော်လည်း အဆင့်လိုက် ရပ်ဆိုင်းရမည် ဖြစ်သည့်အတွက် အားလုံးရပ်ဆိုင်းနိုင်ခြင်း မရှိသေး ကြောင်း တာဝန်ရှိသူများကပြောကြား သည်။ (NSA)က ကမ်္ဘာ့ခေါင်းဆောင်များ၏ ဖုန်းပြောဆိုမှုများကို လျှို့ဝှက် ထောက်လှမ်းခဲ့ခြင်းနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် လူသိရှင်ကြားဝန်ခံ ခဲ့ပြီး ယင်းလျှို့ဝှက်ထောက်လှမ်းမှု များကို သမ်္မတအိုဘားမား လုံးဝ မသိ ရဘဲ ငါးနှစ်နီးပါးခန့် လုပ်ဆောင်ခဲ့ ခြင်းဖြစ်ဖွယ်ရှိကြောင်း The Wall Street ဂျာနယ်တွင် ရေးသားဖော်ပြ ထားသည်။( ယူပီအိုင်)

** စပိန် ဖုန်းခေါ်ဆိုမှုအကြိမ်ပေါင်း သန်း ၆၀ ကိုအမေရိကန်ထောက်လှမ်းရေး လျှို့ဝှက်ဖမ်းယူနားထောင်**
(မက်ဒရစ် အောက်တိုဘာ ၂၈)
စပိန်နိုင်ငံတွင် တစ်လအတွင်း ဖုန်းခေါ်ဆိုမှုအကြိမ်ပေါင်း သန်း ၆၀ ကို အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ (အန်အက်စ်အေ)က လျှို့ဝှက်စွာဖမ်းယူနားထောင်ခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ထုတ်ကြသည်။ နောက်ဆုံးစွပ်စွဲချက်များသည် အမေရိကန်ထောက်လှမ်းရေးဝန်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒင်က ဖွင့်ချသော အချက်အလက်များမှ ပေါ်ထွက်လာခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြသည်။ အန်အက်စ်အေသည် ဖုန်းခေါ်ဆိုသူ၊ ဖုန်းလက်ခံသူတို့၏ တည်ရှိရာနေရာများနှင့် ဖုန်းနံပါတ်များကို မှတ်တမ်းပြုစု ထားပြီး ပြောဆိုသည့်အကြောင်းအရာများကိုမူ မှတ်တမ်းထားခြင်းမပြုဟုဆိုသည်။ ဥရောပသမဂ်္ဂ ပါလီမန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ၀ါရှင်တန်မြို့၏ ဆွေးနွေးပွဲများပြုလုပ်ရန် ပြင်ဆင်နေကြစဉ် ဤကဲ့သို့ စပိန်မီဒီယာများက ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ (ဘီဘီစီ)  

**တောင်ကိုရီးယား ကကျည်အစစ်အသုံးပြုသော စစ်ရေးလေ့ကျင့်**
(ဆိုးလ် အောက်တိုဘာ ၂၈)
 တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားကမ်း တက်တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှု ဘေးအန်္တရာယ်မှ ဟန့်တားနိုင်ရန်ရည်ရွယ်လျက် ကျည်အစစ်အသုံးပြုသော စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို အောက်တိုဘာ ၂၈ ရက်က ပြုလုပ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုအတွက် ဖျက်သင်္ဘောများ၊ ဂျက်တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဒုံးပစ်လောင်ချာများကို ဖြန့်ကြက် ခဲ့သည်။ တောင်ကိုရီးယားအရှေ့ဘက်ပင်လယ်ကမ်းရိုးတန်း ဒေသတစ်လျှောက် ရန်သူတပ်ဖွဲ့များ ၀င်ရောက်လာနိုင်မှု ဘေးအန်္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် စစ်ရေး လေ့ကျင့်ခဲ့ကြကြောင်း တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာ တာဝနရ် သှိ မျူားက ပြောကြားသည။် (အေအက်ဖ် ပီ) 

** ၂၀၁၀ခုနှစ် အင်အားသုံးဖြိုးခွင်းခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ကို တရားစွဲဆို**
(ဗန်ကောက် အောက်တိုဘာ ၂၈) 

ထိုင်းအစိုးရရှေ့နေများက ထိုင်းဝန်ကြီးချုပ်ဟောင်းကို ၂၀၁၀ခုနှစ်တွင် အစိုးရအားဆန့်ကျင်ဆန်္ဒပြလှုပ်ရှားသူ များကို အင်အားသုံးဖြိုးခွင်းခဲ့မှုနှင့် ပတ်သက်၍တရားစွဲဆိုထားကြောင်း အောက်တိုဘာ ၂၈ ရက် ထိုင်းသတင်းမီဒီယာများတွင် ရေးသားဖော်ပြသည်။ ထိုင်းအစိုးရရှေ့နေချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ နန်သာစကာပူးလ်ဆက်က ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် သည် လူသတ်မှုများကျူးလွန်မှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရကြောင်း၊ ၂၀၁၀ခုနှစ်တွင် ဗန်ကောက်မြို့လယ်၌ သီတင်းကိုးပတ်ကြာ ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ဆန်္ဒပြလှုပ်ရှားသူများကို အင်အားသုံးဖြိုးခွင်းရန် အမိန့်ပေးခဲ့သူဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ ထိုစဉ်က လူပေါင်း ၉၀ကျော် သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ လမ်းမများပေါ်၌ဆန်္ဒပြနေစဉ် လုံခြုံရေးတပ်ဖွဲ့ များ၏ အင်အားသုးံ ဖယ်ရှားခံရခြင်း ကြောင့် သေဆုးံ ခဲ့ရခင်း ဖြစ်သည။် (အေပီ) 

+မြင့်မောင်စိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)