**ဘာစီလိုနာနှင့် ရီးရဲမက်ဒရစ်**
ဗယ်လက်ကာနိုဟာ ဒီနှစ်ဘောလုံးရာသီမှာ လာလီဂါ ဖလားရယူရေး မျှော်လင့်ချက်ကိုယ်စီ နဲ့တိုက်ပွဲဝင်နေကြတဲ့ အသင်းတွေမို့ အမှားမရှိအောင် ကစားကြပါလိမ့် မယ်။ ဘာစီလိုနာဟာ အိမ်ကွင်းမှာ သေသပ်စွာကစားတတ်ပြီး ရလဒ် ကောင်းအောင် စွမ်းဆောင်တတ်တာမို့ ဒီပွဲမှာအမှတ်ပြည့်ရယူဖို့ ကြိုးစား ပါလိမ့်မယ်။ ဘာစီလိုနာရော ရီးရဲ မက်ဒရစ်ပါ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကြောင့် ပွဲပန်းနေပေမယ့် ဒီပွဲကိုလည်း အားလျော့လို့မရပြန်ပါဘူး။ အိမ်ရှင် အတွက် တိုက်စစ်၊ ခံစစ်တွေက ကျေနပ်စရာ အနေအထားရှိတာ ကြောင့် တိုက်စစ်ပိုင်းအားသာချက် ရှိတဲ့ ရီးရဲမက်ဒရစ်ကို ထိန်းချုပ် ကစားနိုင်ပါလိမ့်မယ်။ အကြိုက်ကရီးရဲမက်ဒရစ်ဖြစ်ပေမယ့် ဒီပွဲရဲ့ ရလဒ်အတွက်ဆိုရင်တော့ ရီးရဲ မက်ဒရစ်ကိုပဲ ကျောခိုင်းရပါလိမ့် မယ်။
**ဗယ်လက်ကာနိုနှင့် ဗယ်လာဒိုလစ်**
နိုင်ပွဲလိုအပ်နေတဲ့ ဗယ်လက် ကာနိုတို့ အိမ်ကွင်းမှာ အမှတ်ပြည့်ရယူ ရေးအစွမ်းကုန်အားထုတ်ပါလိမ့်မယ်။ ဒီနှစ်သင်းဆုံတိုင်း အကြိတ်အနယ်ရှိ တတ်တာမို့ ပွဲကောင်းတစ်ပွဲအဖြစ် မြင်တွေ့ရပါလိမ့်မယ်။ ဗယ်လက်ကာနို မှာ ဖာနန်ဒက်ဇ်၊ ကားလို့စ်၊ ကတ် စထရိုတို့ဒဏ်ရာရရှိနေပြီး ဗယ်လာ ဒိုလစ်မှာလည်း အော်စကာ၊ ဟိန့်ဇ်၊ ဗစ်တာပီရက်ဇ်တို့ ဒဏ်ရာတွေရရှိ နေပါတယ်။ ခြေစွမ်းတက်ရိပ်ပြနေတာမို့ ဒီပွဲမှာ အနိုင်ဆိုတာ သူတို့အတွက်ဖြစ် ကြောင်း ပြသပါလိမ့်မယ်။
**မာလာဂါနှင့် ဆဲလ်တာဗီဂို**
ခြေစွမ်းဖရိုဖရဲဖြစ်နေတဲ့ ဆဲလ် တာဗီဂိုဟာ အခုပွဲအဝေးကွင်းမှာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့ရပါဦးမယ်။ တိုက်စစ်ရော ခံစစ်ပိုင်းပါ ယိုယွင်း နေတဲ့ ဆဲလ်တာဗီဂိုတို့ ဗျူဟာအခင်း အကျင်းမှားရင် ဒီပွဲမှာမျှော်လင့်ချက် ကင်းမဲ့သွားနိုင်ပါတယ်။ ဆဲလ်တာ ဗီဂိုမှာ ဆင်မြူရယ်၊ ဘာမီဂျိုနှင့် ဘဲလ်ဗစ်တို့ဒဏ်ရာရှိနေတာမို့ နိုင်ပွဲ ပျောက်ဆုံးနေတဲ့ မာလာဂါတို့ဒီပွဲမှာ မျှော်လင့်ချက်တွေ အကောင်အထည် ဖော်နိုင်ပါတယ်။ မာလာဂါဟာ အသင်းလိုက် ကစားအားကောင်းပြီး စိတ်ဓာတ်လည်း ပြင်းထန်ကြတာမို့ ဒီပွဲဟာ အိမ်ရှင်တို့အတွက် မင်္ဂလာ ရှိတဲ့ရလဒ်ကို ဖော်ဆောင်နိုင်ပါလိမ့် မယ်။
+မိုးမြင့်လင်းလက်+
လာလီဂါခရီးကြမ်းရဲ့ ပွဲစဉ် (၁၀)ကို အောက်တိုဘာ ၂၆ ရက် ညပိုင်းမှာ ဆက်လက်ဖြတ်သန်းဖို့ တာစူနေကြပြီဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဘာစီလိုနာ နဲ့ ရီးရဲမက်ဒရစ်တို့ပွဲက ပရိသတ်အကြိုက် အသုံးတော်ခံမှာဖြစ်သလို မက်ဆီနဲ့စီရော်နယ်ဒိုတို့ရဲ့ စီးချင်းထိုးပွဲအဖြစ်လည်း မြင်တွေ့ကြရမှာမို့ ရင်ခုန်စရာကောင်းနေပါ တယ်။
**ဘာစီလိုနာနှင့် ရီးရဲမက်ဒရစ်**
ဗယ်လက်ကာနိုဟာ ဒီနှစ်ဘောလုံးရာသီမှာ လာလီဂါ ဖလားရယူရေး မျှော်လင့်ချက်ကိုယ်စီ နဲ့တိုက်ပွဲဝင်နေကြတဲ့ အသင်းတွေမို့ အမှားမရှိအောင် ကစားကြပါလိမ့် မယ်။ ဘာစီလိုနာဟာ အိမ်ကွင်းမှာ သေသပ်စွာကစားတတ်ပြီး ရလဒ် ကောင်းအောင် စွမ်းဆောင်တတ်တာမို့ ဒီပွဲမှာအမှတ်ပြည့်ရယူဖို့ ကြိုးစား ပါလိမ့်မယ်။ ဘာစီလိုနာရော ရီးရဲ မက်ဒရစ်ပါ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကြောင့် ပွဲပန်းနေပေမယ့် ဒီပွဲကိုလည်း အားလျော့လို့မရပြန်ပါဘူး။ အိမ်ရှင် အတွက် တိုက်စစ်၊ ခံစစ်တွေက ကျေနပ်စရာ အနေအထားရှိတာ ကြောင့် တိုက်စစ်ပိုင်းအားသာချက် ရှိတဲ့ ရီးရဲမက်ဒရစ်ကို ထိန်းချုပ် ကစားနိုင်ပါလိမ့်မယ်။ အကြိုက်ကရီးရဲမက်ဒရစ်ဖြစ်ပေမယ့် ဒီပွဲရဲ့ ရလဒ်အတွက်ဆိုရင်တော့ ရီးရဲ မက်ဒရစ်ကိုပဲ ကျောခိုင်းရပါလိမ့် မယ်။
**ဗယ်လက်ကာနိုနှင့် ဗယ်လာဒိုလစ်**
နိုင်ပွဲလိုအပ်နေတဲ့ ဗယ်လက် ကာနိုတို့ အိမ်ကွင်းမှာ အမှတ်ပြည့်ရယူ ရေးအစွမ်းကုန်အားထုတ်ပါလိမ့်မယ်။ ဒီနှစ်သင်းဆုံတိုင်း အကြိတ်အနယ်ရှိ တတ်တာမို့ ပွဲကောင်းတစ်ပွဲအဖြစ် မြင်တွေ့ရပါလိမ့်မယ်။ ဗယ်လက်ကာနို မှာ ဖာနန်ဒက်ဇ်၊ ကားလို့စ်၊ ကတ် စထရိုတို့ဒဏ်ရာရရှိနေပြီး ဗယ်လာ ဒိုလစ်မှာလည်း အော်စကာ၊ ဟိန့်ဇ်၊ ဗစ်တာပီရက်ဇ်တို့ ဒဏ်ရာတွေရရှိ နေပါတယ်။ ခြေစွမ်းတက်ရိပ်ပြနေတာမို့ ဒီပွဲမှာ အနိုင်ဆိုတာ သူတို့အတွက်ဖြစ် ကြောင်း ပြသပါလိမ့်မယ်။
**မာလာဂါနှင့် ဆဲလ်တာဗီဂို**
ခြေစွမ်းဖရိုဖရဲဖြစ်နေတဲ့ ဆဲလ် တာဗီဂိုဟာ အခုပွဲအဝေးကွင်းမှာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့ရပါဦးမယ်။ တိုက်စစ်ရော ခံစစ်ပိုင်းပါ ယိုယွင်း နေတဲ့ ဆဲလ်တာဗီဂိုတို့ ဗျူဟာအခင်း အကျင်းမှားရင် ဒီပွဲမှာမျှော်လင့်ချက် ကင်းမဲ့သွားနိုင်ပါတယ်။ ဆဲလ်တာ ဗီဂိုမှာ ဆင်မြူရယ်၊ ဘာမီဂျိုနှင့် ဘဲလ်ဗစ်တို့ဒဏ်ရာရှိနေတာမို့ နိုင်ပွဲ ပျောက်ဆုံးနေတဲ့ မာလာဂါတို့ဒီပွဲမှာ မျှော်လင့်ချက်တွေ အကောင်အထည် ဖော်နိုင်ပါတယ်။ မာလာဂါဟာ အသင်းလိုက် ကစားအားကောင်းပြီး စိတ်ဓာတ်လည်း ပြင်းထန်ကြတာမို့ ဒီပွဲဟာ အိမ်ရှင်တို့အတွက် မင်္ဂလာ ရှိတဲ့ရလဒ်ကို ဖော်ဆောင်နိုင်ပါလိမ့် မယ်။
+မိုးမြင့်လင်းလက်+
No comments:
Post a Comment