ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 12, 2013

--လူထုကျန်းမာရေး(အအေးမိရင်ဘာတွေ လုပ်သင့် သလဲ။နာဖာချေး အကြောင်း သိကောင်းစရာ)--

>
**Public Health**
 မေး။ ။ ဒေါက်တာခင်ဗျာ... ကျွန်တော့်ရုံးမှာ အများစုက အအေးမိ နေကြပုံပေါ်ပါတယ်။ ရုံးကလည်း Air Con ရုံးဆိုတော့ တစ်ရုံးလုံး နှပ်တရှုပ်ရှုပ်နဲ့ အလုပ်လုပ်ပေါ့ ဆရာရယ်။ ကျွန်တော်သိလိုတာက အအေးမိတာ အမြန်ဆုံး ပြန်ကောင်းဖို့ ဘာလုပ်သင့်လဲ ဆိုတာပါ။ အအေးမိတယ်ဆိုတဲ့ လက္ခဏာကိုရော ဘယ်လို သိနိုင်မလဲဆရာ။ အအေးမိရင် ဘာတွေ လုပ်သင့်လဲ။ ဆောင်ရန်၊ ရှောင်ရန် ပြောပြပေးပါ။
ကိုတင်ဦး(ဒဂုံ)

 ဖြေ။ ။ နှာခေါင်းနှင့် လည်ချောင်းအတွင်း ပိုးဝင် ပျံ့နှံ့တတ်သော အအေးမိ ရောဂါကတော့ ခုလိုကူးစက်ရောဂါ ကူးလွယ်၊ ဖြစ်လွယ်တဲ့ ရာသီမှာ အဖြစ်များကြပါတယ်။ နှာစေး၊ ချောင်းဆိုးသူက တစ်ဆင့် အနီးအနားကလူကို ကူးစက်စေပြီးနှာပိတ် သို့မဟုတ် နှာရည်ယိုခြင်း၊ နှာချေခြင်း၊ နှာပိတ်၍ အနံ့ခံ အာရုံချို့တဲ့ခြင်း၊ ခံတွင်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်နွေးခြင်း (အနည်းငယ်ဖျားခြင်း) စတဲ့ လက္ခဏာတွေ ပေါ်တတ်ပါတယ်။ အအေးမိရောဂါဟာ တစ်ပတ်အတွင်း အလိုအလျောက် ပြန်လည် ကောင်းမွန်လေ့ရှိတဲ့ ရောဂါပါ။ အအေးမိလာပြီ ဆိုရင်တော့ စွပ်ပြုတ်၊ ကြာဆံပြုတ်တို့လို အရည်ပူပူကို သောက်ပေးပါ။ တစ်နေ့ ရေရှစ်ဖန်ခွက်ခန့် သောက်ရပါမယ်။ အကိုက်အခဲပျောက်ဆေး၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး ပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ နှာပွင့်စေရန် ရေနွေးငွေ့ ရှူနိုင်ပါတယ်။ ပါရာစီတမော သောက်နိုင်ပါတယ်။ ဈေးကွက်ထဲမှာရှိတဲ့ အအေးမိတုပ်ကွေး အဖျား ပျောက်ဆေးတွေထဲမှာ အကိုက်အခဲ ပျောက်ဆေး၊ နှာပွင့်ဆေး၊ နှာစေးပျောက်ဆေးတွေ တစ်ပါတည်း ပါဝင်တတ်လို့ ဆေးပမာဏ လွန်ခြင်းမဖြစ်ရန် တခြား အကိုက်အခဲ ပျောက်ဆေးတွေနဲ့ တွဲဖက် မသောက်သုံးသင့်ပါ။ စိတ်ငြိမ်ဆေး သောက်သုံးသူ ဆိုရင်လည်း အဆိုပါ အအေးမိ၊ တုပ်ကွေးပျောက်ဆေးတွေ ကို ရှောင်ရှားသင့်ပါတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချိုရှိ သူတွေဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆေးသောက် သုံးသင့်ပါတယ်။ ချောင်းဆိုး၊ နှာစေးနေသူ ဖြစ်တာကြောင့် မီးခိုးဖုန်ထူတဲ့ နေရာတွေ ကို ရှောင်ရှားပေးပါ။ အအေးမိသူတွေ အတွက်ကတော့ အရေးကြီးဆုံးက အရည်များများ သောက်ပေးဖို့ပါ။ ဖျားပြီလို့သိတာနဲ့ တစ်ရက်ခန့် ကောင်းမွန်စွာ အနားယူသင့်ပြီး ဓာတ်ဆားရည်များများ သောက်ပေးသင့်ပါ တယ်။ အာဟာရဖြစ်ပြီး အရည်များများပါတဲ့ ကြက်စွပ်ပြုတ်ရည်၊ ကြက်ပေါင်း ရည်တွေသောက်ရင် အားအင်လည်း ပြန်ပြည့် နိုင်သလို ကိုယ်ခံအားလည်း ပြန်တက်တာကြောင့် အဖျားဒဏ်ကို အမြန်ဆုံး ချေမှုန်းနိုင်ကြောင်းပါ။ (နှာခေါင်း အလွန်အမင်းပိတ်ရင် ရနွေးကျိုက်ကျိုက် ဆူနေတဲ့ထဲကို ပရုတ်ဆီ ထည့်ရှူနိုင်ပါတယ်။ လည်ချောင်းအတွက် ပျားရည် သို့မဟုတ် သံပရာရည်ကို ရေနွေး နဲ့ ဖျော်သောက်နိုင်ပါတယ်။) Air Con ရုံးဖြစ်တာကြောင့် ရောဂါကူးစက်မှု ပိုမိုလွယ်ကူ မြန်ဆန် စေနိုင်သလို အအေးမိသူ အတွက်လည်း ပိုမို အအေးမိစေဖို့ လွယ်ကူစေပါတယ်။ မလိုအပ်တဲ့ နေရာမှာ Air Con မဖွင့်ဘဲ သဘာဝလေဖြင့် နေထိုင်ခြင်းကို ပြုလုပ်ပေးပါ။ သို့မဟုတ် အကင်းမပြတ် အဖျားရှိနေသူများ နေထိုင်ရန် Air Con မရှိတဲ့ ကောင်းမွန်သော နေရာ တစ်နေရာ သတ်မှတ်ပြီး ဖြေလျှော့မှုပေးပါ။

 မေး။ ။ ဒေါက်တာရှင့်... နားဖာချေး မထွက်အောင် လုပ်လို့ ရပါသလား။ သမီးက နားဖာချေးထူမှာလည်းကြောက်တယ်..နားမသန့်မှာလည်းကြောက်တယ်။ နားမသန့်စင်လို့ အလှပျက်မှာ ပိုစိုးရိမ်မိပါတယ်။ သမီးသိလိုတာက နားဖာချေးဆိုတာ မထုတ်ရင် ပိတ်သလားဆရာ။ မထုတ်လို့ရော မရဘူးလားဆရာ။ နောက်ပြီး နားဖာချေး အလိုအလျောက် ထွက်လာစေတဲ့ ဆေးရည်တွေကိုရော သုံးသင့်ပါသလား။
မိချော (တောင်ဥက္ကလာ)

 ဖြေ။ ။ နားဖာချေး ကြောက်တတ်တဲ့ သမီးမိချောရေ... နားဖာချေးတို့ မည်သည် နားထဲမှာ အလိုအလျောက် ဖြစ်လေ့ရှိပြီး တချို့က အလိုအလျောက် ကွယ်ပျောက် သွားလေ့ရှိပါတယ်။ ဒါပေမဲ့ နားဖာချေးတွေ များလာရင်တော့ စုခဲခြောက်သွေ့ပြီး နားထဲမှာ ပြည့်လာတာကြောင့် နားဖာချေးကြောင့် အကြားအာရုံ မရှင်းလင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နားဖာချေး ပိတ်နေရင် နေရခက်ပြီး ကသိကအောက် ဖြစ်ခြင်း၊ နားယားခြင်း၊ နားပူခြင်း၊ မူးဝေခြင်းတို့ ဖြစ်တတ်တာကြောင့် လူအများစုဟာ ဂွမ်းတုတ် တံလေးများဖြင့် နားဖာကလော်ကြခြင်း ဖြစ်ပါတယ်။ နားဖာချေး ပိတ်လာရင် မိမိဘာသာ ဖယ်ထုတ်ရမှာ ကြောက်သူဆိုလျှင်တော့ နားဆရာဝန်နှင့် တွေ့ပြီး နားသန့်သွားအောင် ဖျော်ချနိုင်ပါတယ်။ ကိုယ်တိုင် နားဖာ ချေးနူးအောင် ဆောင်ရွက် ချင်တယ်ဆိုရင်တော့ ဂွမ်းတုတ် တံမသုံးဘဲ နားဖာချေးနူးစေတဲ့ သံလွင်ဆီ သို့မဟုတ် ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် အစက်ချဆေးတို့ကို ထည့်နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ နားဖာချေး ပျော်ဆေး အစက်ချဆေးကိုလည်း ထည့်နိုင်ပါတယ်။ နားဖာချေး ပျောက်ဆေးတွေ အနေနဲ့ Ear Clear (ကာဘာမိုဒ် ပါအောက်ဆိုဒ်) ရှိပါတယ်။ နားဖာချေး နူးပျော့ ဆေးထည့် နည်းကတော့ ခေါင်းကို တစ်ဖက်စောင်းပြီး နားတစ်ဖက် တစ်ချက်စီ ထည့်ရမှာပါ။ နေ့စဉ်ထည့်ဖို့မလိုဘဲ ရက်ခြားထည့်ရပါတယ်။ နားဖာချေးပျော်ဆေးကြောင့် နားထဲမှာ ပလုံစီ ထသလို ခံစားရခြင်း၊ နားထဲ မရိုးမရွဖြစ်ခြင်း ဆိုတဲ့ ဘေးထွက် ဆိုးကျိုးခံစား ရနိုင်ပါတယ်။ နားထဲထည့်မယ့် ပုလင်းကိုလည်း သန့်စင်စွာ ထားသိုပြီး သန့်စင်တဲ့ လက်နဲ့ ထည့်ရမှာပါ။ သတိပြုရမယ့် အရေးကြီးဆုံး အချက်ကတော့ နားတွင်း ရောင်ရမ်း ကိုက်ခဲခြင်း၊ နားစည် မှေးပေါက်ခြင်း၊ နားရောဂါဟောင်း ရှိခြင်းတို့ ဖြစ်ပေါ်ရင်တော့ အဆိုပါ ဆေးတွေကို မသုံးဖို့ပါ။ ဆေးဆိုင်မှာ ဝယ်စဉ်ကတည်းက အစက်ချပြွန်ကို တောင်းယူပါ။ နားဖာချေးခြောက် နူးပျော်လာစတွင် နားပို ပိတ်တတ်ပါတယ်။ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် အစက်ချဆေးက တန်းသုံးနိုင်ပေမဲ့ သံလွင်ဆီကျတော့ ခံနိုင်ရည်ရှိမယ့် အပူချိန်ရောက်အောင် ရေနွေးစိမ်ပြီးမှ သုံးရမှာပါ။ ပိတ်နေတဲ့ နားဘက်ကို ခေါင်းစောင်းပြီး အဆီသုံး၊ လေးစက်ချပါ။ ဆယ်မိနစ်ခန့် ထိုပုံစံအတိုင်း နေပါ။တစ်နေ့ သုံးကြိမ်လောက် ထည့်ရပါတယ်။ နားဖာချေးခြောက် နူးဆေး၊ ပျော်ဆေးတွေမှာ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်တွေပါလို့ နားပေါက်ထဲက အနားသားတွေကို လောင်စေလို့ သတိပြုပါသမီးငယ်။ 

Written by စကားဝါ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)