ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 16, 2013

--ဟာသသရုပ်ဆောင်အကယ်ဒ်ဒမီမော့စ်--

>
အနူပညာကြယ်တစ်ပွင့် ကြွေလွင့်လို့ သွားခြဲ့ဲ့ပန်ပါပြ။ီအစိးုမရတဲ့သံသရာမှာ ဖြစြ်ြ်ပီးလျှင် ပျက်ရမည်ကတော့အသေအချာ။ ပြန်မလာနိုင်တော့မ့မှန်းသိပေမယ့် တမ်းတနေမိသိသည်ကတော့အမှနှ်။ အသြံပြာပြာလေးနဲ့ “ဟောဒီမှာတော့ပ်ယူနန်”်”ဆိုတဲ့ သူ့အသံသည် နားထဲကမထွက်။ “ထာဝရ”ဆိုတဲ့  စကားတစ်လုံးံးဖြင့်လည်း ဘယ်နေရာမှ စွက်ဖက်၍မရ။ (၁၃-၂-၂၀၁၃) ရက်နေ့က လူသားအားလုံးကို နှုတ်ဆက်ခွဲခွာသွားလေသော ရုပ်ရှင်နှင့်ဗွီဒီယို သရုပ်ဆောင် အကယ်ဒမီမော့စ်။ ဟာသသည် ပညာတစ်ရပ်၊ အမြင်လွယ်အလုပ်ခက် သည်။ လူတစ်ယောက်ကို စိတ်ဆိုးအောင် စိတ်တိုအောင် လုပ်ဖို့လွယ်ကူသလောက်၊ လူတစ်ယောက် ရယ်မောပျော်ရွှင် အောင် လုပ်ရသည်မှာမလွယ်၊ ရယ်သောသူသည် အသက် ရှည်၏။ အသက်ရှည်အောင်၊ ရယ်စေအောင် မော့စ်သည် သူ၏ဟာသပညာဖြင့် ဖန်တီးနိုင်စွမ်းရှိသည်။ သူ့အသံ ကြားရုံ၊သူ့မျက်နှာမြင်ရုံဖြင့် မရယ်သူ၊ မပြုံးသူမရှိ။ ဒါသည် က သမ်္ဘာ၊ ပညာ၊ သို့ဖြစ်၍ သူသည်လောကကို အကျိုးပြု သွားသူဟုဆိုလျှင် မှားမည်မထင်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ ရေသိုး ချောင်ကျေးရွာမှာ အဘ ဦးထွန်းအေး၊ အမိ ဒေါ်အခြုံ တို့မှ မွေးဖွားခဲ့သည်။ ၁၃၁၆ ခုနှစ် ပြာသိုလဆန်း ၁ ရက် နေတက်ရေတက်(စနေနေ့) နံနက် ၁၀ နာရီမှာ မွေးဖွား ခဲ့သည့်အတွက် ငယ်နာမည်မှာ တင်ဝင်း၊ ဖခင်က အင်း သူကြီးမျိုးနွယ်၊ ထိုစဉ်က တိုင်းပြည်အရေး မအေးဆေးသည့် အတွက် ရေသိုးချောင်ကျေးရွာမှ လေးမျက်နှာမြို့ပေါ်သို့ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ကြရင်း လယ်ယာလုပ်ကိုင် ခဲ့ကြသည်။ မွေးချင်းခုနစ်ယောက်ရှိသည့်အနက် မော့စ် သည် စတုတ်္ထမြောက်၊ ဘုန်းတော်ကြီး ဦးအာသဖကျောင်း တွင် ပညာသင်ကြားခဲ့ပြီး မိဘ၏အလုပ်ကို ၀ိုင်းကူသည့် အနေဖြင့် နွားကျောင်းရသည်။ သို့သော် အိမ်အလုပ်၊ လယ်အလုပ်စိတ်မ၀င်စား၊ ဆိုင်းသံဗုံသံကြားမှာနေချင်သူ၊ ပွဲလမ်းသဘင်များရှိလျှင် ရှေ့ဆုံးက၊ တစ်နေ့တွင် နွားခုနစ် ကောင်ကျောင်းရာမှ ပြဿသနာစသည်။ နွားကျောင်းရင်း မယ်ဒလင်သံကြားရာနောက် လိုက်ပါငေးမောရင်း ကျောင်း နေသည့်နွားများကို မေ့သွားသည်။ သူ့နွားများသူများစိုက်ခင်း ၀င်စား၍ အတိုင်ခံရမှ သတိရလေတော့ အစ်ကိုအကြီးဆုံး ဖြစ်သူ ““မြစော””က စိတ်ဆိုး၍ ထမ်းပိုးနှင့် ရိုက်မည်ပြုရာ ဆွေမျိုးများ မနည်းဝိုင်းတားမှ ““မော့စ်”” သက်သာရာရခဲ့ သည်။ လိပ်ရေထဲလွှတ်သည်သို့၊ တစ်နေ့ ““ဦးဆစ်တို”” စီမံအုပ်ချုပ်သော ““စိန်မာဒင်ဇာတ်သဘင်အဖွဲ့”” လေးမျက် နှာမြို့၌ လာရောက်ကပြရာ ““မော့စ်”” အိမ်ပြန်သည်မရှိ၊ ပြောမရ၊ ဆိုမရ ဇာတ်ထဲလိုက်ချင်သည်ဟု တဖွဖွနားပူ တော့သည်။ ရှင်ပြုခါနီးဖြစ်၍ မသွားပါနှင့် ၀ိုင်းတားကြ သော်လည်းမရ။ နောက်ဆုံး မိသားစုအားလုံးက လက် လျှော့ခွင့်ပြုလိုက်ရသည်။ ““မော့စ်”” တစ်ယောက် ပျော်လိုက် သည်ဖြစ်ခြင်း။ စစချင်း ဇာတ်ထဲတွင် ကားဆွဲ၊ သို့သော်လည်း သူ့စိတ်ဓာတ်သည် ယိုင်လဲမသွား၊ အချိန်ကို တန်ဖိုးရှိစွာ အသုံးချရင်း ဇာတ်သဘင်ပညာများကို လေ့လာသည်။ လက်ဦးဆရာဦးဆစ်တိုက သူ့တပည့်၏ ဗီဇနှင့် ၀ါသနာကို သိသည့်အတွက် ပါရမီဖြည့်သောအားဖြင့် ““မော့စ်”” ကို မန်္တလေးဇာတ်သဘင်ပညာအကျော်အမော် များထံသို့ ပို့လွှတ်၍ ဇာတ်သဘင်ပညာ ဆက်လက်သင်ယူ စေသည်။
မန်္တလေးရှိ လူရွှင်တော်ဇာတ်ဆရာ ဦးချစ်တီးနှင့် ဟာသပညာရှင်ကြီးများထံမှ ပညာရင်နို့သောက်စို့ခဲ့ပြီး နောက် ပထမဦးဆုံး ဇာတ်မင်းသားအောင်ကျော်ဦးနှင့် တွဲဖက်၍ ဟာသမိုးဒီ၊ မော့စ် ဇာတ်သဘင်ကို တည်ထောင် ကပြခဲ့သည်။ ထို့နောက် ဇာတ်မင်းသားကြီး စိန်မာဒင်၏ သားမိုးဝင်းနှင့် တွဲဖက်၍ မိုးဝင်း၊ မိုးဒီ၊ မော့စ်ဟူ၍ အချိတ် အဆက် မိမိလက်တွဲညီညီကပြခဲ့ရာမှ သုံးဦးစလုံး နိုင်ငံ တစ်လွှား အထူးပင်ထင်ပေါ်ကျော် ကြားလေတော့သည်။ ““မော့စ်”” အဖြစ်ချင်ဆုံးသောဆန်္ဒနှင့် ဘ၀သည် တစ်ထပ် တည်းကျခဲ့လေပြီ။ ပန်တျာ တင်မိုးဝင်းနှင့် တွဲ၍မိုးဒီ၊ မော့စ်၊ ပန်တျာတင်မိုးဝင်းဟူ၍ လည်းကောင်း၊ မိုးဒီ၊ မော့စ် ဇာတ်သဘင်ဟူ၍ လည်းကောင်း အမည်အမျိုးမျိုးဖြင့် ကပြခဲ့ရာ ရောက်လေရာနေရာတိုင်း ရုံပြည့်ရုံလျှံ ပရိသတ် တစ်ခဲနက်အား ပေးခြင်းခံခဲ့ရသည်။ သဘင်နယ်၌ရှိစဉ်ကပင် ရုပ်ရှင်ဟာသသရုပ်ဆောင် အကျော်အမော်များဖြစ်သည့် သန်းနွဲ့၊ မြင့်ဖေနှင့် အကယ်ဒမီ ဖိုးပါကြီးတို့ကို အထူး အားကျခဲ့ရာ ရုပ်ရှင်နယ်သို့ ခြေဆန့်လိုပြန်သည်။
ဒီနေရာတွင် ““မော့စ်”” အမည်တွင်ပုံလေး ကြားညှပ် ပြောပြပါရစေ၊ လူရွှင်တော်လောကတွင် နာမည်အမျိုးမျိုး မှည့်ကြသော်လည်း ““မော့စ်”” ဟူသော အမည်မှာ ရိုးရိုးလေး နှင့်ဆန်းနေသည်၊ ငယ်စဉ်ဘ၀ ရွာမှာဆီးသီးကောက် ကျသည့်အခါ ““မော့စ်””ရသည်မရှိ၊ အပင်ပေါ်သို့ မော့ကြည့် ရင်းသာ အချိန်ကုန်တတ်သည်။ ဖခင်ဖြစ်သူက ဒီကောင် မော့တော့မော့တော့နဲ့ ဘယ်တော့မှ သူများဆီးသီးရလို့ သူမရဘူး၊ ““ငမော့”” ဟုချစ်စနိုးခေါ်ရာက အနုပညာနယ်ထဲ ရောက်သည့်အခါ ဖခင်အား အမှတ်ရဦးထိပ်ထားသော အားဖြင့်(စ်) တစ်လုံးတိုးကာ ““မော့စ်”” ဟု အမည်ခံယူခဲ့ခြင်း ဖြစ်သည်။ ဖခင်ကို မမေ့သလို၊ လက်ဦးဆရာ ဦးဆစ်တိုကို လည်းမမေ့။ အိမ်ဦးခန်းတွင် ဦးဆစ်တိုနှင့် ဇနီးဓာတ်ပုံကို အမြဲချိတ်ဆွဲထားလေ့ရှိသည်။
၈၈ အရေးအခင်းပြီးစ ““စလင်း””မြို့တွင် ဇာတ်ကကြ ရင်း ဇာတ်သဘင်အဖွဲ့များ ဆုံစည်းခဲ့ကြရာ ရွှေနန်းတင်သား ““နန်းဝင်းဇာတ်သဘင်အဖွဲ့မှ”” ပြဇာတ်မင်းသမီးလဲ့လဲ့နွယ် (ခေါ်) ပန်တျာယုယုမော်နှင့် ရေစက်ဆုံမေတ်္တာမျှခဲ့ကြရာ သားသုံးယောက်ထွန်းကားခဲ့သည်။ အကြီးဆုံးက ဗီဒီယို သရုပ်ဆောင် မောင်ထိုက်စံ(တတိယနှစ်၊ အင်္ဂလိပ်စာအဓိက၊ အဝေးသင်တက်္ကသိုလ်)၊ ရဲမင်းဦးနှင့် ဥာဏ်လင်းဦး။ မျိုးဆက်သစ် သားသုံးဦးကလည်း ဖခင်ကဲ့သို့ပင် အနုပညာ ဗီဇများ ရှိလေသည်။ ဖခင်ကဲ့သို့ ဖြစ်ထွန်းရန် အရှိန်ယူ နေဆဲ။ သဘင်မှ တစ်ဆင့်တက်၍ ရုပ်ရှင်သို့ကူးပြောင်းခဲ့ရာ ပထမဦးဆုံးဒါရိုက်တာ ခင်မောင်ဦးနှင့် စိုးသိမ်းထွဋ် (ဆိုးပေ/မောင်မဲ) ရိုက်ကူးပြီး ဇာတ်မင်းသား မိုးဝင်းနှင့် အတူ ဟာသဇာတ်ပို့အဖြစ်““သွေးနှင့်သစ်္စာ ဆိုပါ့မယ်”” ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြီး ပထမဦးဆုံး ရိုက်ကူးခဲ့သည့် ဗီဒီယိုဇာတ်ကားမှာ ဒါရိုက်တာ မြင့်ကျော်၏ ““ရှက်တယ်တအား””၊ နောက်ဆုံးအချိန်အထိ ရိုက်ကူးပြီး ခဲ့သည့် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားပေါင်းမှာ ဇာတ်ကားကြီး ၂၀ ခန့်နှင့် ဗီဒီယိုဇာတ်ကား ၈၀၀ ခန့် ရိုက်ကူးခဲ့သည်။ ဗီဒီယိုကားများကို ရိုက်ကူးခဲ့ရာတွင် ဒါရိုက်တာ စိန်သံမဏိ ရိုက်ကူးခဲ့သည့် ““ဖာတစ်လုံး ရွှေရိုး””ဇာတ်ကားမှာ အအောင် မြင်ဆုံး။ ဇာတ်ကားအစမှ အဆုံးတိုင်ပါးစပ်မစေ့၊ အူတက် မတက် ရယ်မောကြရပြီး““မော့စ်””၏ ထင်ရှားသော အနု ပညာမှတ်တိုင်ဖြစ်ခဲ့သည်။ ဂီတကိုလည်း မြတ်နိုးသည့်အတွက် မင်္ဂလာစိန်တေးသံ သွင်းမှ တိတ်ခွေစီးရီးပေါင်းများစွာ ထုတ်လုပ်ခဲ့ပြန်သည်။ အငြိမ့်ခန်းနှင့် ကြော်ငြာများမှာလည်း ရေတွက်မနိုင်။ အမျိုးသားဇာတ်ရုံတွင် ကပြခဲ့သော မြန်မာကိုရီးယား ချစ်ကြည်ရေးပဒေသာကပွဲတွင်လည်း သားကြီးထိုက်စံနှင့် အတူ ပါဝင်ကပြခဲ့သည်။ နံချပ်ကူကိုလည်း ထိုပွဲတွင်ကျွမ်း ကျင်စွာ ကစားပြခဲ့သည်။ နိုင်ငံရပ်ခြားမြန်မာများမှ ဖိတ်ခေါ်ခဲ့သည့်အတွက် ဂျပန်၊ အင်္ဂလန်၊ သြစတြေးလျ၊ မလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများသို့လည်း လှည့်လည် ကပြခဲ့သည်။ နောက်ဆုံးရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ် ကားကြီးမှာ ဒါရိုက်တာ ထွန်းအောင်ကျော် ရိုက်ကူးသည့် ““လော်မင်္ဂလာ””၊ နောက်ဆုံးရိုက်ကူးခဲ့သည့် ဗီဒီယို ဇာတ် ကားမှာ ““လှေသမားတိုးမောင်နှင့် ဂမ်္ဘီရဖိုးထောင်””။ ၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင် အကောင်းဆုံးဆု ချီးမြှင့်ပွဲတွင်““ထာဝရအလင်းတန်းများ”” ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ပို့ အကယ်ဒမီဆုကိုလည်း ရရှိခဲ့သည့် အတွက် ““မော့စ်”” ၏သမိုင်းသည် အတိုင်းမသိ လှခဲ့ပြန် သည်။ ““မော့စ်”” ၏စိတ်ဓာတ်မှာ ရေသာမခို၊ သူများနောက် ကမလိုက်၊ ရှေ့ကသာ ဦးဆောင်သွားချင်သည်။ ကလေးနှင့် တိရစ်္ဆာန်များကို အထူးချစ်ခင်ပြီး တွေ့ရာနေရာမှာ သဒ်္ဓါကျပါက ပကာသနမဖက် လှူဒါန်းလေ့ရှိပြီး ဒုက်္ခတွေ့ နေသည့် တိရစ်္ဆာန်များကိုလည်း ဘေးမဲ့ပေးကယ်ဆယ်လေ့ ရှိသည်။ ၂၀၁၂ ခုနှစ် ၆ လပိုင်းလောက်ကစ၍ အသည်းနှင့် အဆုတ်မကောင်းသည့်အတွက် ရောဂါစလာသည်။ ပြည်တွင်း၌သာမက ထိုင်းနိုင်ငံရှိ Bum run grad International Hospital ဆေးရုံသို့ ဇနီး၊ သားကြီး ထိုက်စံ တို့နှင့် အတူသွားရောက်ကုသခဲ့သော်လည်း ရောဂါကျွမ်း နေပြီဖြစ်သည့်အတွက် လက်လျှော့ကြရသည်။ ဆန်္ဒဖြင့် ပြောရလျှင်““မော့စ်””ကို မိသားစုနှင့်အတူ ပရိသတ်အားလုံးက မြင်ချင်ကြသေးသည်။ သို့သော် ဘ၀ဟူသည် ဆန်္ဒမဟုတ်၊ ရုပ်သေးရုပ်ပမာ၊ ဧည့်ချိန်စေ့က ရက်ရွှေ့မရ၊ ကံဆရာ အလိုကျပေမို့ ......။ (မော့စ်၏ ကျန်ရစ်သူမိသားစုများနှင့် ရှေးဟောင်း နှောင်းဖြစ်ပြောဖြစ်ကြရာမှ ရရှိသောအချက်အလက် များကို ကိုးကား၍ ဤဆောင်းပါးကို ရေးသားပါသည်။ မော့စ်၏ ကျန်ရစ်သူမိသားစုများအား ကျေးဇူးတင်ရှိ လျက်....) 

+တင့်လွင်ဦး(စီးပွားရေး)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)