အာဆင်နယ်အသင်းက နာပိုလီ အသင်းကို နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂)တွင် ပွဲကစားချိန် ၈ မိနစ်တွင် အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး တိုက်စစ်မှူးး အိုလီဗာ ဂီရောက် ဂိုးသွင်းယူနိုင်ရေးအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့သည့် ကွင်းလယ်ကစားသမား အိုဇေးလ် အား အံ့ဖွယ်ခြေစွမ်းရှိသူဟုဆိုကာ အာဆင်နယ်အသင်းနည်းပြ အာစင် ၀င်းဂါးက ချီးကျူး စကားပြောကြားခဲ့ သည်။ ယင်းပွဲစဉ်တွင် ကွင်းလယ် ကစားသမား အိုဇေးလ် သွင်းယူပေးခဲ့ သော အဖွင့်ဂိုးသည် ရီးယဲလ်မက် ဒရစ်အသင်းမှ ပြောင်းရွှေ့ကြေးပေါင် ၄၂ ဒသမ ၅ သန်းဖြင့် အာဆင်နယ် အသင်းသို့ ရောက်ရှိလာခဲ့ချိန်မှစ၍ အိုဇေးလ်၏ အာဆင်နယ်အသင်း အတွက် ပထမ ဆုံးသွင်းယူပေးနိုင်ခဲ့ သည့် သွင်းဂိုးလည်းဖြစ်သည်။ ကွင်းလယ်ကစားသမား အိုဇေးလ် သည် အာဆင်နယ်အသင်းသို့ ရောက် ရှိလာခဲ့ချိန်မှစ၍ အာဆင်နယ် အသင်း၏ တိုက်စစ်မှူးများ ဂိုးသွင်း ယူနိုင်ရေးအတွက် အကောင်းဆုံး ဖန်တီးပေးပို့မှုများကို လုပ်ဆောင်နိုင် ခဲ့သူဖြစ်ကြောင်း နည်းပြအာစင် ၀င်းဂါးက ပြောကြားခဲ့သည်။
ထို့အပြင်အိုဇေးလ် ရီးယဲလ်မက်ဒရစ်အသင်း၌ ကစားနေစဉ်ကတည်းက အိုဇေးလ် အား မျက်စိကျနေခဲ့ခြင်းဖြစ်ကြောင်း၊ အိုဇေးလ်အား အမ်းမရိတ်သို့ ခေါ်ယူ နိုင်ခဲ့ခြင်းသည်လည်း အာဆင်နယ် အသင်းအတွက် ကံကောင်းခြင်း လက်ဆောင်ဖြစ်ခဲ့ကြောင်း၊ လက်ရှိ တွင် အာဆင်နယ်အသင်းအနေဖြင့် ကွင်းလယ်ကစားသမားအိုဇေးလ်၏ အကောင်းမွန်ဆုံးစွမ်းဆောင်ရည်နှင့် အတူ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မာ ဆေးလ်အသင်းနှင့် နာပိုလီအသင်း တို့ကို အနိုင်ရရှိခဲ့ပြီးနောက် အုပ်စု(င်္) တွင် ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့ကြောင်း နှင့် အာဆင်နယ်အသင်း၏ အဓိက အရေးပါသောပြိုင်ပွဲမှာ ဒေါ့မွန် အသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃)ဖြစ်ကြောင်း နည်းပြ အာစင်ဝင်းဂါးက ပြောကြားခဲ့ သည်။
**Hunger Gamesဇာတ်လမ်းတွဲတိုင်းတွင်ပါဝင်ရန်ဆန်္ဒပြုထားသည့်ဂျနီဖာလောရန့်စ်**
အော်စကာဆုရှင် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျနီဖာလောရန့်စ်က နိုဝင်ဘာလအတွင်း ထွက်ရှိလာမည့် The Hunger Games: Catching Fire ဇာတ်ကားတွင်Katniss Everdeenအဖြစ်ပါဝင်သရုပ်ဆောင်ထားရခြင်းအပေါ် ကျေနပ်မိပါကြောင်းနှင့်ံ ၏နောက်ဆက်တွဲဇာတ်ကားများတွင်လည်း ဆက်တိုက်ပါဝင်နိုင်ရန် ဆန်္ဒပြု ထားကြောင်းသိရသည်။ အသက်(၂၃)နှစ်အရွယ် မင်းသမီး ဂျနီဖာ လောရန့်စ်ကHunger Gamesဇာတ်လမ်းတွဲများ သည် တစ်ကားနှင့် တစ်ကား သရုပ်ဆောင်ပိုင်းတွင် ပိုမိုနက်နဲမှုရှိလာကြောင်း၊ ဇာတ်ကားအစပိုင်းတွင် သရုပ်ဆောင်မှုအပိုင်းအတွက် စိုးရိမ်မှုများရှိခဲ့ သည်မှာ မှန်သော်လည်း နောက်ပိုင်းတွင်Katniss Everdeenအဖြစ် သရုပ်ဆောင်ရခြင်းကို နှစ်သက် လာမိပါကြောင်း၊ သို့သော် ယင်းဇာတ်ကားတွင် တစ်ချိန်လုံး ဆံပင်ကျစ်ထားရသည်ကိုတော့ စိတ်ပျက်မိပါကြောင်း ဗြိတိန်နိုင်ငံထုတ် အင်ပါယာ ရုပ်ရှင်မဂ်္ဂဇင်းသို့ ပြောကြားခဲ့သည်။
ံ Hunger Gamesဇာတ်ကားတွင်Katniss သည် သူ၏ လေးနှင့်မြားကျွမ်းကျင်မှုကြောင့် ဂုဏ်သတင်းကျော်စော ပြီးသားဖြစ်ကြောင်း၊ ယခု ဇာတ်ကားသစ်တွင်လည်း စာရေးဆရာSuzanne Collins၏ ၀တ်္ထုကို အခြေခံထားပြီး သရုပ်ဆောင် ပိုင်းတွင်လည်း ပိုမိုနက်နဲစွာသရုပ်ဆောင်ရမည့် ဇာတ်ကားတစ်ကားဖြစ်ကြောင်းနှင့် နောက် ဇာတ်ကားများတွင် ဇာတ်ကောင်၏ ဆံပင်ပုံစံ ပြောင်းလဲပေးပါရန် ၎င်းင်းအနေဖြင့် အကြံပြုလို ကြောင်း ဂျနီဖာလောရန့်စ်က ထည့်သွင်းပြောကြား ခဲ့သည်။
**မာနကြီးပြီးစိတ်ကြီးဝင်နေသည့်သူဌေး တစ်ဦးအ ဖြစ်ထပ်မံမြင်တွေ့ရဦးမည့်လီမင်ဟို**
မကြာမီထုတ်လွှင့်ပြသမည့် The Heirsဒရာမာဇာတ်ကားတွင် တောင်ကိုရီးယားရုပ်ရှင် သရုပ်ဆောင် လီမင်ဟိုက လော့စ်အိန်ဂျလိစ်၌ တက်္ကသိုလ်တက်နေသည့် ကျောင်းသားတစ်ဦး ဖြစ်ကာ မာနကြီးပြီးစိတ်ကြီးဝင်နေသည့် အင်ပါယာ ကုမ်္ပဏီအဖွဲ့၏ တစ်ဦးတည်းသော အမွေ ဆက်ခံသူ ကင်မ်တန်အဖြစ် ထပ်မံမြင်တွေ့ရဦးမည်ဖြစ်သည်။ လူငယ်ကြိုက် ဒရာမာဇာတ်ကားတစ်ကားဖြစ်သည့် အဆိုပါ ဇာတ်ကားသည် ပညာပေး အချစ်ဒရာမာ ဇာတ်မြူးကားတစ်ကားဖြစ်ပြီး ယင်းဇာတ်ကားတွင် လီမင်ဟိုနှင့်အတူ မင်းသမီး ပတ်ရှင်ဟေးလည်း ပါဝင်အားဖြည့် ထားသည်။ ကင်မ်တန်သည် ချမ်းသာသောအသိုင်းအ၀ိုင်းမှ မွေးဖွားလာသူဖြစ်သည့်အတွက် နေရာတိုင်းလိုလို အထက်စီးမှ ဆက်ဆံလေ့ရှိ သူတစ်ဦးအဖြစ် ပါဝင်ထားသည်။ ကင်မ်တန်၏ အစ်ကိုဝမ်းကွဲတစ်ဦးဖြစ်သူ ကင်မ်ဝမ်မှာ အင်ပါယာမိသားစု၏ စီးပွားရေးလုပ်ငန်းများကို ဦးစီးဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး ၎င်းင်းတို့ နှစ်ဦးက ၎င်းင်းတို့အိမ်ရှိ ဆင်းရဲချို့တဲ့သည့် အိမ်အကူတစ်ဦး၏သမီးကို မေတ်္တာမျှမိသည့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။
+Phyo Sandar Myint-ငွေကြယ်+
**အံ့ဖွယ်ခြေစွမ်းရှိသူဟုအာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက အိုဇေးလ်အားချီးကျူးး စကားပြောကြားခဲ့**

No comments:
Post a Comment