ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 31, 2013

-မြန်မာနဲ့ ထိုင်း ၂ နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆက်ဆံရေးရုံးများဖွင့်လှစ်-

> (၂ နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆက်ဆံရေးရုံး- မြ၀တီမြို)Photo-JACBA
* (အောက်တိုဘာလ ၃၁ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)*

နယ်ခြားဖြတ်ကျော် လူကုန်ကူးမှုများနှင့် အခြားသော လူမှောင်ခိုမှုများကို ပူးတွဲတိုက်ဖျက်နိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ၂ နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆက်ဆံရေးရုံးများကို မြ၀တီမြို့နှင့် မဲဆောက်မြို့တို့တွင် ယနေ့တပြိုင်တည်း ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

 (၂ နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆက်ဆံရေးရုံး မြ၀တီမြို)

အဆိုပါ ၂ နိုင်ငံ ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ကြရာ၌ မြန်မာနိုင်ငံဘက် အခြမ်းတွင် ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာ ကျင်းပသည့် အခမ်းအနား၌ ထိုင်းနိုင်ငံဘက်မှ တာ့ခ် ခရိုင်အုပ်ချုပ်ရေးမှူး၊ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ တာ့ခ်ခရိုင် လ၀က ဦးစီးမှူး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန တာ့ခ်ခရိုင်ညွှန်ကြားရေးမှူး စသည့် အရာရှိကြီးများ တက်ရောက်လာကြသကဲ့သို့ မြန်မာနိုင်ငံဘက်မှလည်း ကရင်ပြည်နယ် အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်၊ လူမှုရေးဝန်ကြီး ဦးချစ်လှိုင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူးး ရဲမှူးချုပ် ၀င်းနိုင်ထွန်း၊ မြန်မာနိုင်ငံ မြ၀တီခရိုင် လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် မြ၀တီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့် (မြန်မာနှင့်ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ၂ နိုင်ငံဆက်ဆံရေး ပူးတွဲကော်မတီ ဥက္ကဌ) စသည့် အရာရှိကြီးများ တက်ရောက်ကြသည်။

 (မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံလူကုန်ကူးမှု ၂ နိုင်ငံပူးပေါင်း ကော်မတီ အဖွဲ့ခေါင်းဆောင်များ အချင်းချင်း လက်ဆောင်ပစ္စည်းများ ပေးအပ်)
ဦးစွာ မြန်မာနှင့် ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး ပူးတွဲကော်မတီ ဥက္ကဌ ဒုတိယရဲမှူးကြီး အောင်မြင့်က “မြန်မာနှင့် ထိုင်းနယ်စပ်တလျှောက်မှာ ဖြစ်ပေါ်နေတဲ့ လူမှောင်ခိုမှုတွေ၊ လူသယ်ဆောင်မှုတွေ ရပ်တန့်ပစ်ဖို့ဆိုတာ ၂ နိုင်ငံစလုံးက ပူးပေါင်းတိုက်ဖျက်သွားမှ ရကြမယ့် အခြေအနေမျိုး ရောက်နေတာမို့လို့ အခုလို ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ထိထိရောက်ရောက် ဆောက်ရွက်သွားကြဖို့ ရုံးတွေကို ၂ နိုင်ငံစလုံးမှာ တပြိုင်ထဲဖွင့်လှစ်မှာဖြစ်ပါတယ်။” ဟု နူတ်ခွန်းဆက် စကား စတင်ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန တာ့ခ်ခရိုင်ညွှန်ကြားရေးမှူးက “ဒီနေ့ ရုံးဖွင့်ပွဲကို လာရောက်ရတဲ့ အကြောင်းရင်းက ကျနော်တို့ ၂ နိုင်ငံကြားမှာ ဖြစ်ပျက်နေတဲ့ လူကုန်ကူးမှုတွေကို ပူးပေါင်းတိုက်ဖျက် နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီလိုပူးပေါင်းတိုက်ဖျက်ကြတဲ့ နေရာမှာ သတင်းအချက်အလက် ဖလှယ်ကြဖို့၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြဖို့၊ ဒီထက်မက ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွာရမယ့် ပတ်ဝန်းကျင်ကောင်းတွေ ပိုမိုဖန်တီး သွားကြဖို့ စသဖြင့်၊ မျှော်လင့်ပါတယ်”ဟု နူတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

(မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူးး ရဲမှူးချုပ် ၀င်းနိုင်ထွန်း၊)

ထို့နောက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံလူကုန်ကူးမှု ၂ နိုင်ငံပူးပေါင်း ကော်မတီ အဖွဲ့ခေါင်းဆောင်များ အချင်းချင်း လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ 

အခမ်းအနားပြီးသည့်နောက်တွင် မြ၀တီမြို့နယ် သင်္ကန်းညီနောင်တိုက်နယ် ရွာသစ်ကျေးရွာတွင် ရှိသော Kubota Mae Sot Myanmar Company Limited ၏ (လယ်ယာသုံးပစ္စည်းများ အရောင်း ပြခန်း) ဖွင့်းပွဲအခမ်းအနားကို မြန်မာနှင့် ထိုင်း အဆိုပါ ၂ နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်များက ဆက်လက်တက်ရောက်ကြသည်။ 

လွန်ခဲ့သော ၂၅ ခုနှစ်မှ စပြီး Kubota Company Limited လယ်ထွန်စက်၊ ကူဘိုတာ စသည့် လယ်ယာသုံးပစ္စည်းများကို ရောင်းချခဲ့ပြီး မြန်မာနိုင်ငံတွင်မူ အလားတူ တင်သွင်းရောင်ချခဲ့သည်မှာ ၁၀ နှစ်ရှိပြီဖြစ်ကြောင်းကို Kubota Company Limited ဥက္ကဌလည်းဖြစ်ပြီး တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း ဥက္ကဌလည်းဖြစ်သူ မစ္စတာ ဆူချတ်သရီအပ်ဝပ်ထနာက ရှင်းပြသည်။ 
(Kubota Company Limited ဥက္ကဌ၊တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း ဥက္ကဌလည်းဖြစ်သူ မစ္စတာ ဆူချတ်သရီအပ်ဝပ်ထနာကရှင်းပြ)
(လယ်ထွန်စက်တစ်စီးကိုသရုပ်ပြမောင်းနေစဉ်)

ယနေ့ကျင်းပသော Kubota Mae Sot Myanmar Company Limited ၏ လယ်ယာသုံး စက်ကရိယာပစ္စည်းများ အရောင်းပြခန်းဖွင့်ပွဲကို ကရင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်ချုပ်ကြီးအောင်လွင်၊ လူမှုရေးဝန်ကြီး ဦးချစ်လှိုင်၊ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးး မစ္စတာ ဆူရိယ၊ Kubota Mae Sot Company ဥက္ကဌ မစ္စတာ ဆူချတ်သရီအပ်ဝပ် ထနာ၊ မြ၀တီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြ၀တီခရိုင် ကုန်သည်ကြီးများ အသင်းဥက္ကဌ ဒေါ်သင်းသင်းမြတ်တို့က ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေး ခဲ့သည်။ 

( Kubota Mae Sot Myanmar Company Limited ၏ လယ်ယာသုံး စက်ကရိယာပစ္စည်းများ အရောင်းပြခန်းဖွင့်ပွဲ)
ဆက်လက်၍ ထိုင်းနိုင်ငံဘက်ခြမ်း တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနရုံး (တောမော) ရုံးကြီးတွင် မြန်မာနှင့် ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ၂ နိုင်ငံ ပူးပေါင်းကော်မတီရုံးကို မွန်းလွှဲပိုင်း၌ ဖွင့်လှစ်ခဲ့သည်။

 (မဲဆောက်မြို့ရှိ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရုံး(တောမော)ရုံးကြီးတွင်တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ထိုင်းတပ်မတော် အမှတ် (၄) တပ်မဟာမှူးးတို့ ရောက်ရှိလာကြစဉ်)

(မဲဆောက်မြို့ရှိ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရုံး(တောမော)ရုံးကြီးတွင်တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး၊အမှာစကားပြောကြားနေစဉ်)
မွန်းလွှဲပိုင်း ရုံးဖွင့်ပွဲအခမ်း အနားသို့ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ထိုင်းတပ်မတော် အမှတ် (၄) တပ်မဟာမှူးး ဗိုလ်မှူးကြီး ထစ်စငန်းစနူံ တာ့ခ်ခရိုင် လူဝင် မှုကြီးကြပ်ရေး ဦးစီးအရာရှိ စသည့် အရာရှိကြီးများ တက်ရောက်သကဲ့သို့ မြန်မာနိုင်ငံ ဘက်မှလည်း မြ၀တီခရိုင် အုပ်ချုပ် ရေးမှူး- ဦးတင့်ဝေသုန်၊ မြ၀တီနယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြန်မာနှင့် ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်း ကော်မတီ ဥက္ကဌ ဒုတိယ ရဲမှူးကြီး အောင်မြင့် အစရှိသည့် အရာရှိကြီးများ တက်ရောက်ဖွင့် လှစ်ခဲ့ကြသည်။

(၂ နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆက်ဆံရေးရုံး- မြ၀တီမြို)Photo-JACBA

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)