ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Saturday, October 19, 2013
--သီတင်းကျွတ်လပြည့်နေ့နှင့် မဲဆောက်ဒေသမှ မြန်မာရွှေ့ပြောင်းလုပ်သားတို့၏ ထုံးတမ်းစဉ်လာထိန်းသိမ်းပွဲ--
> (မယ့်ကဆာတိုက်နယ်ဝိမုတ္တိသုခဘုရားသီတင်းကျွတ်ပွဲတော်လှူကြတန်းကြ)
(နန်းတည်အောင်ဘုရား (ခေါ်) ၀ိမုတ္တိသုခဘုရားသီတင်းကျွတ်ပွဲတော်)
(အောက်တိုဘာလ ၁၉ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)
ဘယ်နေရာ၊ ဘယ်ဒေသရောက် မြန်မာနိုင်ငံသားများသည် ဘာသာဓလေ့ မမေ့စရာများအား ဖော်ဆောင်တတ် ကြကြောင်းကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောပြနေသကဲ့သို့ ဖြစ်သည်။ မဲဆောက်မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်သည့် ကျောင်းကြီးကျောင်း (ထိုင်းအမည်- ၀ပ်လွမ်) တွင် မြန်မာဘုန်းတော်ကြီးကျောင်း ၆ ကျောင်း၏ စုပေါင်းပ၀ါတဏာပွဲကို ခင်းကျင်း ကျင်းပရာတွင် သံဃာတော်နှင့် သီလရှင် (၁၄၀) ပါးခန့် တက်ရောက်ကြကြောင်းသိရသည်။
အနှီကျောင်းကြီးကျောင်းထဲတွင် ရွှေပွဲလာပရိသတ်များကို ဆွဲဆောင်နေသည်မှာ မြန်မာ့ရိုးရာဘူးသီးကြော်နှင့်မုန့်ဟင်းခါးပင်ဖြစ်သည်။ မြန်မာ့ရိုးရာမပျက် ဘူးသီးကြော်နှင့် မိတ်ဆက်ချင်ကြသူများက နေ့လယ်စာအလွတ်ပင် တီးကြတာတွေ့ရသည်။(ဟိုက်ရှားပါး…ပရိသတ်ရေ…အခုရေးနေရင်းတောင်သွားရည်ယိုသဗျာ)။
(ကြော်တဲ့လူကလက်မလည်အောင်ကြော်)
ထို့အတူ မဲဆောက်မြို့၏ မြောက်ဖက်၊ မယ်ရမတ်မြို့နယ်နှင့် ကပ်လျက်တည်ရှိသော မဲဆောက်မြို့နယ်၊ မယ့်ကဆာတိုက်နယ်ရှိ ထိုင်းဘုန်းတော်ကြီးကျောင်းဖြစ်သော်လည်း မြန်မာနိုင်ငံသား သံဃာများနှင့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများအားထားကိုးကွယ်ရာ “၀ပ်မယ့်ကဆာ” ဘုန်းကြီးကျောင်းရှိသည်။ ဤကျောင်းထဲတွင် နန်းတည်အောင်ဘုရား (ခေါ်) ၀ိမုတ္တိသုခဘုရားကို မကြာမီ ထီးတော်တင်ပွဲကျင်းပရန် ပြင်ဆင်ထားသည်ကို မြင်ကြရသည်။ ဤနန်းတည်အောင် ဘုန်းကြီးကျောင်းနှင့် ဘုရားတွင်လည်း ယနေ့လို သီတင်းကျွတ်လပြည့်နေ့တွင် မဲဆောက်မြို့နယ်၊ မယ်ရမတ်မြို့နယ်တို့က လာရောက်ကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကား တစ်သုတ်ပြီးတစ်သုတ် ၀င်လာကြ၊ ထွက်သွားကြနှင့် ရှိနေပေသည်။
(မတင်ရသေးသောဝိမုတ္တိသုခဘုရားထီးတော်)
(မတင်ရသေးသောဝိမုတ္တိသုခဘုရားထီးတော်ကို မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ဖူးမျှော်နေကြစဉ်)
အို... မဲဆောက်သီတင်းကျွတ်
အို... မဲဆောက်နှင့် ပတ်ဝန်းကျင်မြို့ရွာတို့၏ သီတင်းကျွတ် သည်ဘယ်တော့မှ မပပျောက်နိုင်သည့် မြန်မာ့အငွေ့အသက် အပြည့်အ၀မဟုတ်သည့်တိုင်အောင် အပြည့်အ၀နီးပါး ပုံဖော်ထားသည့် သီတင်းကျွတ်ပွဲတော်ပါပေတကား။
အို...ဘာတဲ့။
“၀ါလကင်းလွတ် သီတင်းကျွတ်”တဲ့။
“၀ါလလွတ်ကင်း ကျွတ်သီတင်း”တဲ့။
 မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲမှ နေ့မရှောင်၊ ညမရှောင်၊ ၀ါမရှောင် ယမကာလုလင်တချို့တလေ အတွက်တော့ ယခု့ကဲ့သို့ ဆိုရမည်လား မပြောတတ်ချေ။
“ခြိမ်းခြောက်တန်ခိုး၊ ကျွတ်ပုဆိုး” တဲ့ဗျ။
 သောင်ရင်းနဂါး -ခံစားတင်ပြသည်။
(မယ့်ကဆာတိုက်နယ်ဝိမုတ္တိသုခဘုရားသီတင်းကျွတ်ပွဲတော်လှူကြတန်းကြ)
No comments:
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)