ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 18, 2013

--သီတင်းကျွတ်ကာလ တသသ--

>
ဝါလကင်းလွတ် သီတင်းကျွတ်တော့မည်။ မိုးကြွင်းလေးနည်းနည်းကျန်နေသေးသော်လည်း သီတင်းကျွတ်တော့မည် အငွေ့အသက်တို့က ကျွန်မတို့ကို လွှမ်းခြုံစပြုနေပြီ။ လူလုံးပျောက်အောင် ရွာတတ်သည့် မိုးအစား ညနေဆည်းဆာတို့က သာသာယာယာရောက်လာနေပြီ။ တိမ်ညိုတို့ ကင်းစင်နေ သည့် နေ၀င်ချိန်သည် ပွင့်လင်းရာသီ၊ သီတင်းကျွတ်အခါသမယကို ညွှန်းဆိုနေသည်။ ညနေစောင်းစ အချိန်တွင် တစ်ပြိုက်၊ နှစ်ပြိုက်ရွာ သည့် မိုးကြောင့် မြေသင်းနံ့တို့က သင်းကြိုင်နေသည်။ မကြာမီ သီတင်းကျွတ်တော့မည်။ သီတင်းကျွတ်ရနံ့ လှိုင်လာချိန်တွင် ငယ်ဘ၀က ကြုံတွေ့ခဲ့ရသည့် ကြည်နူးဖွယ် ဖြစ်ရပ်ကလေးများက အသျှို အသျှိုဝင်လာသည်။ ကျွန်မတို့ ငယ်ငယ်က နေခဲ့ဖူးသည့်ရွာကလေးသည် လျှပ်စစ်မီးမရှိသည့် အိမ်ခြေ ၃၀ သာသာ ရွာကလေးဖြစ်သည်။ ထို့အတွက် ကျွန်မတို့ငယ်ဘ၀ မီးထွန်းပွဲသည် ရောင်စုံ ဖယောင်းတိုင်လေးများကသာ အဓိက နေရာယူထားခဲ့သည်။ လက်ညှိုးခန့် လုံးပတ်ရှိသည့် ဖယောင်းတိုင်လေးများကို ဘုရားစင်မှစပြီး နောက်ဘေး မီးဖိုးချောင်၊ ခြေနင်းဘက်၊ ရေကပျဉ်၊ အိမ်ရှေ့က သောက်ရေအိုးစင်တို့တွင် တစ်တိုင်ချင်းစီ ထွန်းသည်။ ထို့နောက် ထင်းစင်၊ စပါးပုတ်၊ နွားတင်းကုပ်၊ ၀က်စင်၊ အိမ်သာ၊ ရေတုံကင်တို့မှာ ထွန်းသည်။ မီးရောင်စုံတစ်လက်လက်ကို သဘောကျသော ကျွန်မတို့ မောင်နှမက တစ်အိမ်လုံး ပတ်ပတ်လည် ဖယောင်းမီးထွန်းကြသည်။ အိမ်ခေါင်ရင်းက ဥသျှစ်ပင်အောက်တွင်လည်း ထွန်းသည်။ အိမ်နောက်ဘက် ချောက်အစပ်က ကင်ပွန်းချဉ်ပင်အောက်တွင်လည်း မီးထွန်းသည်။ မြေပြင်သို့ ငေါထွက်နေသည့် သရက်ပင်၊ ကုက္ကိုလ်ပင်တို့၏ အမြစ်ဆုံများ နေရာသည်လည်း ကျွန်မတို့ မီးတင်ထွန်းရာ မီးခုံလေးများဖြစ်ခဲ့သည်။ အိမ်ကနေ ဖွားဖွားတို့ အိမ်ဘက်ကိုသွားသည့် လမ်းတလျှောက်တွင် အုတ်နီခဲလေးများ ချထားပြီး အစီအရီ မီးထွန်းကြသည်။ မိုးရွာပြီးစ ညနေဖြစ်နေသည်ဆိုလျှင်တော့ အိုင်နေသည့် ရေကွက်လေးများထဲတွင် ထင်ဟပ်နေသည့် မီးရောင် တလက်လက် သီတင်းကျွတ်၏ အလှကို ပြည့်စုံအောင် ဖြည့်စွက်ပေးခဲ့ကြသည်။ ထို့အပြင် ကျွန်မတို့ရွာကလေးသည် မြစ်ကမ်းနံဖူးတွင် ရှိသည့်အတွက် မီးဖောင်လည်း မျောလေ့ ရှိကြသေးသည်။ ငှက်ပျောပင်များကို ခုတ်ပြီးဖွဲ့ထားသည့် ဖောင်ပေါ်တွင် ဆီးမီးခွက်ကလေးများကို တင်ပြီး မြစ်ရေတက်ချိန်ကို စောင့်ကာ အထက်သို့ မျောလိုက်ရသည်။ တခါတရံတော့ သီတင်းကျွတ် မတိုင်မှီတည်းက ရှင်ဥပဂုတ္တဖောင်တော်က ရွာက မြစ်ဆိပ်ကို ဆိုက်ရောက်နေတတ်သည်။ ထိုအခါမျိုးတွင် လပြည့်နေ့ရောက်သည်အထိ အပူဇော်ခံထားပြီးမှ မီးဖောင်မျောသည့်နေ့တွင်ပင် အထက်ဘက်သို့ ပို့ဆောင် ပူဇော်လေ့ရှိကြ သည်။ ရေစီးတွင် တရွှေ့ရွှေ့နှင့် အထက်ဘက်တက်သွားသည့် မီးဖောင်လေးများ တမေ့ တမော စောင့်ကြည်ခဲ့ ဖူးသော မြင်ကွင်းများ သည် ပြန်တွေးမိရုံနှင့် ကြည်နူးဖွယ်လည်း ကောင်းလွန်းလှသည်။ သီတင်းကျွတ်တော့မည့် ၀ိသေသထဲတွင် ဆွမ်းတော်ကြီးကပ်ပွဲအတွက် ဆော်သြကြသည့် နိဗ္ဗာန်ဆော်သံလည်း တစ်ခု အပါအ၀င်ဖြစ် သည်။ သီတင်းကျွတ် လပြည့်နေ့တွင် ရွာဦးစေတီတွင် ပြုလုပ်မည့် ဆွမ်းတော်ကြီးကပ်ပွဲအတွက် အလှူငွေကောက်ခံရင်း လုပ်အားဒါနပြုရန် နှိုးဆော်သံသည်လည်း ကျွန်မတို့ ရွာ၏ ကြည်နူးဆွတ်ပျံ့ဖွယ် ဓလေ့တစ်မျိုးဖြစ်သည်။ နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ထုံးတမ်း စဉ်လာအတိုင်း ဆွမ်းတော်ကြီးကပ်မည့်နေ့ မတိုင်ခင်တည်းက ရွာသားများစုရုံးကာ ရွာဦးရှိ မြတ်စောညီနောင် စေတီ ၂ ဆူ တစ်ဝိုက်တွင် သန့်ရှင်းရေးလုပ်ပြီး စေတီတော်တို့ကိုလည်း ထုံးသင်္ကန်းများ ကပ်လှူကြသည်။ လပြည့်နေ့ ညနေစောင်းချိန်တွင်တော့ အိမ်တိုင်းမှ မိမိတို့ တတ်စွမ်းသလောက် ချိုချဉ်အရသာ အဖြာဖြာတို့ကို ယူဆောင် လာပြီး နောက်တနေ့ အာရုံဦးတွင် ဆွမ်းကပ်နိုင်ရန် ကြိုတင်ကာ လောင်းလှူထားကြသည်။ လှူဖွယ်ပစ္စည်းများထဲတွင် ဖယောင်းတိုင်၊ အမွှေးတိုင်တို့တို့ ပါသကဲ့သို့ ဘုရားပန်းများကို ကပ်လှူသည့်သူများလည်းရှိနေသည်။ ထိုသို့ လာရောက် လှူဒါန်းကြသူတို့ကို ဘဲသားဆန်ပြုတ်၊ ကြက်သားဆန်ပြုတ်တို့ဖြင့် ပြန်လည်ကျွေးမွေးလေ့ရှိသကဲ့သို့ ပဲဟင်း၊ ငံပြာရည်ချက် စပ်စပ်တို့ဖြင့် ထမင်းကျွေးလေ့ ရှိကြသေးသည်။ ချွေးတလုံးလုံး မမောနိုင် မပန်းနိုင်ချက်သူပြုတ်သူ၊ အိုးခွက်ပန်းကန်ဆေးသူတို့၏ ဖြူစင်သော ပုံရိပ်များသည် ယနေ့ထက်ထိ ဆေးသားမပျက်သေးသည့် ဓါတ်ပုံများဖြစ်နေကြသည်။ ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်ခါနီးလျှင် အကျီအသစ်ရ၍ ပျော်ရသည်။ ဆွမ်းတော်ကြီးကပ်ရန် သွားသည့်အခါ၊ မီးထွန်းပွဲလျှောက်ကြည့်သည့်အခါတို့တွင် ၀တ်ဆင်ရန်အမေက ကျွန်မတို့ မောင်နှမကို အင်္ကျီအသစ်လေးများ ၀ယ်ပေးလေ့ရှိပြီး ကျွန်မတို့ ညီအစ်မ ၂ ယောက်ကတော့ အမြဲလိုလို ဆင်တူအကျီလေးတွေ ၀တ်ရတတ်သည်။ တချို့အကျီလေးတွေကိုတော့ ရွာအရှေ့ပိုင်းက ဦးသက်ကြီးနှင့် မကြီး မိအေးတို့ဆီမှာ ချုပ်ပေးပြီး တချို့ကျတော့ ချုပ်ပြီးသားလေးတွေ ၀ယ်ပေးသည်။ ထိုအကျီလေးတွေကို ၀တ်ရင်းနှင့် အဘိုးအဘွားတို့ကို လည်ပြီး ကန်တော့ကြသည်။ လူကြီးများကို ကန်တော့မည့်နေ့တွင် အမေက ဈေးသွားရင်းနှင့် ကန်တော့မည့် ကိတ်မုန့်၊ ဖယောင်းတိုင်၊ အမွှေးတိုင်တို့ကို စုံလင်အောင် ၀ယ်လာလေ့ရှိသည်။ ငှက်ပျောချဉ်သီးလည်း ပါတတ်သည်။ ညနေစောင်းပြီးဆိုလျှင်တော့ အဖိုးအဖွားတို့ကို ကန်တော့စရာ ပစ္စည်းအစုံအလင်ကို လင်ဗန်းကလေးတွင် ထည့်ပြီးတော့ ကျွန်မတို့ ညီအစ်မ နှစ်ယောက်က ရွက်ရသည်။ ဘကြီး ဘထွေး၊ ဒေါ်ကြီး ဒေါ်လေးတို့အတွက်ကိုမူ အမေတို့က အိတ်နှင့် ထည့်ပြီး သယ်လာကြသည်။ ပြီးလျှင်တော့ အနီးဆုံး အဖွားအိမ်မှ စပြီး တအိမ်တက် တစ်အိမ်ဆင်း ကန်တော့ရင်းနှင့် ကျွေးသော အစားအသောက်မှန်သမျှကို အကုန်စားကြသည်။ ထိုသို့ ကန်တော့ပြီး အိမ်ပြန်ရောက်သည့်အခါ အမေက ဝေပုံကျ ခွဲပေးသည့် မီးရှူးမီးပန်းများနှင့် ကစားရသည်။ သိပ်မဆော့တတ်သေးသည့် မောင်လေး၏ မီးပန်းများကို ချော့ပြီးတောင်းသည့်အခါတောင်း၊ မုန့်နှင့် လဲသည့်အခါလဲ၊ ခြောက်ပြီး ယူသည့်အခါယူနှင့် ပြန်တွေးမိတိုင်း ပျော်စရာဖြစ်နေခဲ့သည်။ ယခုတော့ …. ရာသီ စက်ဝန်းက မှန်မှန်လည်ပတ်ရင်း သက္ကရာဇ်တို့ကို ယူဆောင်သွားပြီ။ ။ မီးဇာမကောင်း၊ မှိုင်းခိုးမပြည့်သည့်အတွက် မီးပုံးပျံ အပေါ်သို့ မတက်နိုင်သည့်အခါ၊ တက်နေရင်း တန်းလန်းနှင့် လောင်သွားသည့်အခါတို့တွင် ၀မ်းနည်းရသော ခံစားမှုမျိုးကို အဆင်သင့် မီးပုံပျံဝယ်နိုင်သည့်အချိန်တွင် လူဖြစ်လာသည့် နောက်လူတို့ ခံစားဖူးမည်မဟုတ်သည့်တိုင် တလွင့်လွင့်နှင့် တက်နေသည့် မီးပုံးပျံတစ်လုံးကို မြင်လျှင် စားလက်စ ထမင်းပန်းကန်ကို ပစ်ထားခဲ့ပြီး မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားသည်အထိ တမေ့တမော ငေးကြည့်ဖူးသော ပြကွက်များသည် အမှန်ပင် ရှိခဲ့သည်။ ထိုပြကွက်များ အာရုံတွင် ထင်ဟပ်လာသည့်အခါ ဦးလေးများ ခူးပေးသည့် အုန်းသီးနုနုကို ဇွန်းနှင့် ခြစ်ပြီး စားရသည့်အရသာ၊ အုန်းသီးနှင့် ထန်းလျက်တွဲစားသည့် အရသာ၊ တစ်တောင်လောက်ရှိသည့် အုန်းသီးကောက်ညှင်းထုပ် ပူပူကို သကြားဖြူဖြူနှင့် တို့စားရသည့် အရသာတို့က လျှာဖျားတွင် စိမ့်ပြီး ၀င်လာသည်။ သြော် . . . ကျွန်မတို့ကို ငယ်စေ နုစေနိုင်စွမ်းသည့် သီတင်းကျွတ်ကာလပါပေတကား။

+နှင်းနုလွင်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)