ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 27, 2013

-အဝတ်လှမ်းခြင်းဋီကာ VS ကိုယ်ချင်းစာတရား-

>
ဒီနေ့ ကျွန်မ အိပ်ရာကစောစောနိုးတာနဲ့ အိမ်ကလူ စက်ထဲထည့်လျှော်သွားတဲ့ အဝတ်တွေကို ထုတ်လှမ်းဖို့ ပြင်တယ် (နောက်ကျမှနိုးလည်း ကျွန်မပဲ လှမ်းပါတယ်)။ ထုံးစံအတိုင်းပေါ့၊ နောက်ဖေး မီးဖိုချောင်ဘေးနဲ့ တစ်ဘက်မျက်နှာချင်းဆိုင်မှာရှိတဲ့ ရေချိုးခန်းနဲ့ကို ဝါးလုံးတန်းထိုးပြီး လှမ်းရတာပါ။ လှမ်းနေတုန်းရှိသေး အပေါ်က ရေတစက်စက်ကျနေတာကို သတိထားလိုက်မိတယ်။ လုပ်ပြီ….။ အဲဒီအပေါ်က အဲလိုပဲ။ အတိအကျပြောရရင် ကျွန်မတို့အပေါ်ထပ်ရဲ့ နောက်အပေါ်က အထပ်ကပါ။ ဒါ တစ်ကြိမ်ထဲလည်း မဟုတ်တော့ဘူး။ ဟိုအရင်ခါတွေတုန်းကလည်း သူတို့အိမ်တံခါးခေါက်ပြီး သွားပြောပြီးပြီ။ သူတို့က ပြည်ကြီးတရုတ်တွေ ထင်ပါရဲ့(အဲလိုဆိုတော့ ကျွန်မကို ဒစ်-ခရီ-မီ-နိတ်လုပ်တယ် မြင်ကြဦးမယ်)။ စလုံးတရုတ်တွေက သူတို့လူနေမှုစနစ်နဲ့ သူတို့ အံဝင်ပြီးသား။ ဘာ မလုပ်ရဘူး၊ ဘာ လုပ်လို့ရတယ် နောကျေပြီးသား။ ကိုရွှေပြည်ကြီးတရုတ်တွေသာ ငါ့မြေ ငါ့ပြည် ငါ့အဖေဆိုပြီး ကိုယ်ပိုင်မြေပေါပေါကွင်းပြင်ကျယ်ကြီးထဲ အဝတ်အခြောက်လှမ်းတယ် မှတ်တတ်ကြတာကလား။ တခါတုန်းကများ အဝတ်တောင်မဟုတ်ဘူး။ ကြမ်းတိုက်တံ (Mop) ကို ရေစက်လက်နဲ့ ထုတ်လှမ်းထားတာ။ အဲဒီကနေ ကျွန်မတို့ အဝတ်တွေပေါ်ကျတဲ့ ရေစက်တွေက ဘာအရောင်ဖြစ်မယ် စဉ်းစားသာ ကြည့်ကြပါတော့ (အဖြူပေါ်မှာများဆို မီးခိုးရောင်အပွင့်ကလေးတွေ ရိုက်ပြီးသား)။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး အိမ်ကလူကြီးကို လူမိုက်ငှားရတယ်။ အိမ်ကလူကြီးကလည်း "ကြင်နာသူအတွက်ဆို မိုးကောင်းကင် ဒူးနဲ့တိုက်မယ်" သီချင်းလေးညည်းရင်း သူတို့ရှိရာ (၆) ထပ်အခန်းကို ချီတက်သွားပါရော။ ဟိုကျတော့ အဘိုးကြီးက နိုး-အင်းဂလရှ်၊ နိုး-ဘားမီးစ်ဆိုတာနဲ့ ခြေဟန်လက်ဟန်နဲ့ အင်တာနေရှင်နယ်လန်းဂွေ့ခ်ျ သုံးပြီး ပြောခဲ့ရသတဲ့။ အဲ့တစ်ခေါက် အဆင်ပြေသွားတယ်။ မှတ်သားသွားလောက်ပါပြီလေလို့ ထင်တာ။ နောက်ထပ်အကြိမ်တွေမှာလည်း အဲသလိုပဲ ထုတ်လှမ်းထားပြန်တယ်။ ငါ့နှယ်နော် ဒီလူတွေနဲ့ ခက်ပြီလို့ တွေးမိရတယ်။ အိမ်ကလူများ အပြောအဆို လိုလေသလား၊ အဘိုးကြီးနဲ့ ဘယ်လိုများ နားလည်မှုတွေ လွဲလာခဲ့တယ် မသိ။ နောက်ဆုံးတော့ ခဏခဏ အပေါ်ထပ်တက်တက်ပြီး ပြောရတာ မောလာတဲ့အခါ ကိုယ့်ဖာသာပဲ ရှောင်ကွန်နရီ လုပ်တတ်လာတော့တယ်။ ရေစက်က ဒီဘက်ကကျရင် ကိုယ့်ဝါးလုံးတန်းလေးကို ဟိုဘက်နည်းနည်းရွှေ့လှမ်း၊ ရေစက်က ဟိုဘက်ကကျရင် ကိုယ့်ဝါးလုံးတန်းလေးကို ဒီဘက်နည်းနည်းရွှေ့လှမ်းပေါ့၊ အဲသလိုကလေး ရှောင်လှမ်းပြီး ယောနိသော မနသိကာရလိုက်ရတော့တာပဲ။ ခုလည်း ဒီလိုပဲ လှမ်းလိုက်တော့တယ်။ အေးတာပဲ။ လောကကြီးကို တနည်းမဟုတ် တနည်း ငြိမ်းချမ်းစေချင်လို့ ကွန်ပလိန်းတွေ ဘာတွေ တက်မနေတော့ပါဘူး။ ပြောချင်တာက ကိုယ်ချင်းစာတရား။ လူတွေမှာသာ ကိုယ်ချင်းစာတရားလေး လက်ကိုင်ထားရင် (အင်း လက်ကတော့ ကိုင်ထားပါရဲ့၊ ထုတ်မသုံးဖြစ်တာ) ဒါမျိုးတွေ ဖြစ်စရာ အကြောင်းကို မရှိဘူး။ စား-ဝတ်-နေ ဘယ်နေရာမှာမဆို ကိုယ်ချင်းစာတတ်ဖို့ပဲ။ စားတဲ့နေရာမှာလည်း ကိုယ်ချင်းစာတတ်ဖို့၊ ဟိုလူကြီး ပြောသလို တစ်နပ်လျှော့စားလို့တော့ ပြောနိုင်ပေါင်တော်။ ကိုယ်တွေလည်း လျှော့စားနိုင်တာမှ မဟုတ်။ ဝတ်တဲ့နေရာ၊ နေတဲ့နေရာ အတူတူပါပဲ။ ဘယ့်နှယ် ဖယောင်းတိုင်လေးထွန်းပြီး ကိုယ့်အိမ်ထဲ ကိုယ်နေကြလို့လည်း ပြောနိုင်ပါဘူး။ ဖေ့စ်ဘုတ်က ဖယောင်းတိုင်နဲ့မှ သုံးမရတာပဲ။ ဆိုတော့ကာ အဲသလို အင်-ခွန်-ဆီး-ဒရိတ်-ဘီဟေဗီယာသမားတွေ လောကကြီးထဲမှာ လျော့သထက် လျော့လာဖို့ အတော်လိုပေတာပဲ။ ကိုယ်ချင်းစာတရားလို့ဆိုတဲ့အတိုင်း ကိုယ်က စတယ်။ ကိုယ်သာဆိုရင်…..ဆိုတာကနေ စတယ်။ ကိုယ်သာဆိုရင် ကိုယ့်အပေါ်ထပ်ကနေ အဲသလို အဝတ်ရေစက်လက်တွေ လှမ်းရင် ကြိုက်ပါ့မလား….။ ဒီလောက်ကလေး တွေးလိုက်မိဖို့ပဲ။ ဒါဆို လောကကြီးထဲနေရတာ သာသာယာယာရှိသွားပြီ။ ဒါပါပဲ။ ကျွန်မလည်း ကျွန်မလောကကြီး သာသာယာယာရှိချင်ပါတယ်။ မိတ်ဆွေတို့အားလုံးရဲ့ လောကကြီးလည်း သာသာယာယာရှိကြပါစေ…..။ တရားဝင်ဖြစ်သွားအောင် အခမ်းအနားကို ကြွေးကြော်သံလေးနဲ့ ရုတ်သိမ်းကြရအောင်.... "ကိုယ်ချင်းစာတရားရှိကြဖို့အရေး တို့အရေး တို့အရေး" (၃ကြိမ်၃ခါ အော်ကြစေ) 

ကိုယ်ချင်းစာတရားများနှင့် သင်တို့ရဲ့.... 

+ချစ်ကြည်အေး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)