ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 13, 2013

--လူထုကျန်းမာရေး( လူတို့ နေ့စဉ် စားသုံးနေတဲ့ အစာထဲက အဆိပ်)---

>
**Public Health** 
လူသားတို့နေထိုင်တဲ့ဘဝမှာ စားဝတ်နေရေးတည်းဟူသော အချက် သုံးရပ်မပြည့်စုံဘဲမနေနိုင်ပါ။ ယင်းသုံးမျိုးမှာ အစားအစာကထိပ်ဆုံးက ပါဝင်ပါတယ်။ လူတို့နေထိုင်တဲ့ကမ္ဘာကြီးမှာ အဆိပ်ရေ၊ အဆိပ်လေ၊ အဆိပ်မြေဆီ လွှာတွေဖြစ်နေပြီး ဓာတုဆေးဝါး ဓာတ်မြေသြဇာ (ပိုးသတ်ဆေး)ကြောင့် အစာအဆိပ်သင့် ရတယ်။ ကမ္ဘာပေါ်က ရုပ်ကြွင်းလောင်စာ လောင်ကျွမ်းမှုနဲ့ လေထုမှာ ကာဗွန်ဒိုင် အောက်ဆိုက်များပြီး ကမ္ဘာမြေ ပူနွေးလာသလို စက်ရုံ၊ အလုပ်ရုံ မီးခိုးနဲ့ လောင်ကျွမ်း လောင်စာတွေကြောင့် ကမ္ဘာကြီး ပူနွေးလာတယ်။ အက်စစ်မိုးရွာလာတယ်။ ရေထဲမှာ အာဆင်းနစ်နဲ့ ပြဒါးပါဝင်မှု များလာတယ်။ ချာန်ဗိုင်နျူကလီးယား ဓာတ်အားပေးစက်ရုံပေါက်ကွဲတော့ နော်ဝေ၊ဆွီဒင်၊ ဖင်လန်နိုင်ငံတို့ရဲ့ အသားထုတ်နှုန်းနဲ့ နို့ထွက်နှုန်းကို ဒုက္ခဖြစ်စေတယ်။ ရေဒီယို သတ္တိကြွ ပစ္စည်း ရှိသင့်တဲ့ အဆင့်ထက် ပိုနေတာကြောင့် ဈေးကွက် ပျက်ရ တယ်။ ငါးတွေ လည်း ရောင်ခြည်သင့်လို့ ခေါင်းနှစ်လုံးပါ ငါးတွေ၊ အရိုးနဲ့ အသားမမျှတဲ့ ငါးတွေ ပေါ်လာတယ်။ ယခုလိုဆောင်းဦး ကာလမှာ ဟိမဝန္တာဆောင်းခို ငှက်တွေကြောင့် ကြက်ငှက်တုပ်ကွေးနဲ့ ဝက်နားရွက်ပြာမှ တစ်ဆင့် ဝက်တုပ်ကွေးတို့ ဖြစ်တတ်တယ်။ ကြက်ငှက်တုပ် ကွေးဟာ တိရစ္ဆာန်မှ လူကိုကူးစက်လို့ အသက် ဆုံးရှုံးရသလို ဝက် တုပ်ကွေးကြောင့် ဘဝနေထိုင်မှု မလုံမခြုံဖြစ်ရတယ်။ တိရစ္ဆာန် နှိမ်နင်းရေးမှာ ကြက်များ လည်လိမ်ပြီး တွင်းနက်နက်ထဲ စွန့်ပစ်ထုတ်သလို ဝက်များလည်း အုပ်စုလိုက် သတ်ပြီး မြှုပ်လိုက်တာ တွေရှိတယ်။ သဘာဝ ဘေးအန္တရာယ်ကြောင့် အစာအဆိပ်သင့်ခြင်းအကြောင်း ကိုပြောရလျှင် မြေဆီလွှာမှ ဓာတုပစ္စည်းများကြောင့် ညစ်ညမ်းနေသလို မြေဆီလွှာကိုယ်၌က စပါးပြီး စပါး စိုက်ပျိုးနေလို့ အာဟာရခန်းသလို ညစ်ညမ်းနေတဲ့ သဘာဝမြေသြဇာ ထုတ်မယ့် ''တီကောင်'' မျိုးဆက် ပြတ်သွားတယ်။ လူတို့မှာ ဖရီးရယ်ဒီ ကယ်ပါဝင်မှု အဆက်မပြတ် ဒုက္ခရောက်စေတယ်။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေဟာ လူတွေကို စားသုံးတဲ့ အစားအစာမှာ ဒုက္ခဖြစ်စေတယ်။ မိုးလေမမှန်လို့ မြစ်၊ ချောင်း ရေလျှံလို့ စပါးပင်တွေ ရေမျော သွားသလို နှမ်းခင်းများ၊ မြေပဲခင်းများ ချောင်းရေတိုက် စားရာမှာ ပါသွားတယ်။ အစာရှားပါးလို့မျိုးကို နည်းနည်းစိုက် များများ ထွက်တဲ့ အော်ဂဲနစ် အမျိုးအစားကို ပြောင်းလဲစိုက်ပျိုးရတယ်။ ရေမှာအဆိပ်ပါသလို အက်စစ်တို့ကြောင့် အပင်တွေသေဆုံး ကြရတယ်။ ခန္ဓာကိုယ်ဆဲလ် တစ်သျှူးတွေ အဆိပ်သင့် တဲ့အပြင် စိတ်ဖိစီးမှုတွေက သဘာဝလွန် ရောဂါတွေကို မဆံ့နိုင်အောင် ကုသနေ ရတယ်။ သာမန်လူမှုဘဝ ဆုတ်ယုတ်ပျက်စီးသွားတယ်။ ဓာတ်တိုးပစ္စည်း အန္တရာယ်များကလည်း မသေးပါဘူး။ ပတ်ဝန်းကျင်တစ်စိတ် တစ်ဒေသကိုမျှ စိတ်မချနိုင်ပါ။ ဖရီးရယ်ဒီကယ်ကြောင့် ဆဲလ်များ၊ တစ်သျှူးများ ရေဒီယို သတ္တိကြွ ဒဏ်ခံစားရတယ်။ ကာစီနိုဂျင် မြင့်တက်စေတယ်။ ကျန်းမာရေး ပျက်ပြားစေတယ်။ ပတ်ဝန်းကျင် အဆိပ်တက်စေခြင်းက ကမ္ဘာကိုပုံမှန်ထက် ပေါင်းစပ် ပြောင်းလဲမှု ဖြစ်ပွားစေတယ်။ သားသမီး မရနိုင်ခြင်း ဖြစ်စေတယ်။ လူမှုဘဝနိမ့်ကျ စေတယ်။ မိမိပတ်ဝန်းကျင်ဓာတု အဆိပ်သင့် မှုမှာ ကြိုးစား ဖယ်ရှားနေရတယ်။
အိမ်တွင်အသုံးပြုသော အင်းဆက်၊ ခြ၊ ပိုးသတ်ဆေးများဟာ လူသားတို့ရဲ့ဘဝမှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းကြောင့် အဆိပ်သင့်စေတယ်။ ရောဂါမဖြစ်အောင် ကလေးဘဝ ရောဂါငါးမျိုးဖြစ်တဲ့ ကြက်ညှာ၊ ဆုံဆို့၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဟေမိုဖလ်ရပ် ဆေးငါးမျိုး ထိုးခြင်းတို့အပြင် ပိုလီယို အစက်ချခြင်းနဲ့ ဝက်သက် ကာကွယ် ဆေးထိုးခြင်းတို့ လုပ်သင့်တယ်။ အော်ဂဲနစ်ဓာတ်ပေါင်းများ အလွယ်တကူ သုံးနေတာတွေကို ရှောင်ရမယ်။ မိဘများက စိတ်ချ ရတဲ့ လူနေမှု ဘဝမှန်ကို ဖန်တီးပေးရမယ်။ အစားအစာမှာ မှိုတက်စာ၊ ဓာတုဆိုးဆေးတွေ ရှောင်ရမယ်။ နှစ်ခါပြန် ကြော်၊ ဝက်ဆီ၊ ဆီအုန်းနဲ့ကြော်တဲ့ အစားအစာတွေ ရှောင်ရမယ်။ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနဲ့ ကြော်တဲ့ အစားအစာ စားသင့်တယ်။ အသင့်အမြန်စာ၊ Snack အစာမစားရ။ သင့်တင့်တဲ့ ကိုယ်နဲ့ ရင်းနှီးမှုရှိတဲ့ ဓာတုဗေဒ ဆိုးဆေးကင်းတဲ့ အစားအစာ စားသင့် တယ်။ ဇီဝလုံခြုံရေးမရှိတဲ့ ကြက်၊ ငှက်များ၊ ဝက်များရှောင်ကြဉ်ရမယ်။ အဆိပ်သင့် အခြေအနေရှိ၊ မရှိ ကျယ်ကျယ်ပြန့်ပြန့် ကြေညာပေးရမယ်။ ကျန်းမာရေး သုတပေးရမယ်။ အိမ်မှာချက်တဲ့ အစာအပြင် သဘာဝထွက် သစ်သီးဝလံများ၊ ဆားရေ နဲ့စိမ် ရေနဲ့ဆေး လတ်လတ်ဆတ်ဆတ် စားသင့်တယ်။ လိုအပ်တဲ့ ဓာတ်တိုးပစ္စည်းနဲ့ အာဟာရ များ၊ ဗီတာမင်များ ရရှိအောင် အားဆေးများ အားမကိုးဘဲ တတ်နိုင်သလောက် ''သဘာဝအစာ'' ကိုသာ စားပေးသင့်တယ်။ ပင်လယ်ငါး စားပေးသင့်တယ်။ ဒါမှ အိုမီဂါ ၃ နဲ့ အိုမီဂါ ၆၊ Fatty acid တို့ ကြွယ်ဝစွာရ နိုင်တယ်။ နေ့စဉ် နာရီဝက်လေ့ကျင့်ခန်း၊ အပြေးလမ်းလျှောက်၊ စက်ဘီးစီး လုပ်သင့်တယ်။ ။

 ဆောင်းပါးရှင် -ဒေါက်တာလွင်သန့် (ဆေး-၂) 

Written by စကားဝါ  

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)