ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 17, 2013

--လူထုကျန်းမာရေး(ငါးကြီးဆီများနှင့် အမျိုးသားရောဂါအန္တရာယ်)---

>
**Public Health**
၂၀၁၁ ခုနှစ်တွင် ဆေးသိပ္ပံပညာရှင်များ၏ အသေးစိတ်ဓါတ်ခွဲစမ်းသပ် ချက်များအရ (က) အိုမီဂါ ၃ ဖက်တီးအက်စစ်ဖြည့်စွက်စာ ငါးကြီးဆီများ ထဲတွင် မြင့်မားစွာပါရှိတဲ့ EPA နှင့် DPA ဗီတာမင်တို့က အမျိုးသားများ သုက်ရည်ဂလင်းကင်ဆာ ဖြစ်နိုင်ခြေ အလားအလာ ၄၅ ရာခိုင်နှုန်း ထိရှိစေ ကြောင်း၊ (ခ) အကယ်၍ DHA ဗီတာမင်အမြောက်အမြားပါသော အိုမီဂါ၃ ငါးကြီးဆီများက အဆိုပါ ကင်ဆာဖြစ်နိုင်ခြေထက်ပင် အလားအလာ နှစ်ဆမျှ ပိုကဲနေကြောင်း (ဂ) ထို့ပြင် အဆီများသော ငါးကြီးများကို လွန်ကဲစွာ စားသောက်ခြင်းကလည်း ဖော်ပြပါ ကင်ဆာ ဖြစ်လာစေကြောင်း National Cancer Institute ခေါ် ကျန်းမာရေးဂျာနယ် တစ်စောင်မှာ ဖော်ပြခဲ့ခြင်းကို အင်တာနက်သတင်းလွှာ (Academic Journal) က ဇူလိုင် ၁၁ ရက် ဒေသ စံတော်ချိန် ၂ နာရီတိတိမှာ ထပ်ဆင့် ဖော်ပြထားပါတယ်။

ဆီးကျိတ်ကင်ဆာ(ခေါ်) အမျိုးသားများ သုက်ရည်ဂလင်း ကင်ဆာရောဂါ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အဓိကအကြောင်းရင်းကို ယနေ့အထိ ဆေးသိပံ်္ပ နည်းအရ ခိုင်လုံတဲ့အဖြေမထုတ်နိုင်သေးသော်လည်း တိရစ်္ဆာန်အဆီလွန်ကဲစွာ စားသုံးသူများ၊ အဘိုး/ဖခင်မျိုးရိုးစဉ်ဆက် ထိုကင်ဆာရှိသူများ၊ အစာ အာဟာရချို့တဲ့သူများမှာ ရောဂါဖြစ်နိုင်ခြေပိုများပါတယ်လို့ ဆိုပါတယ်။ ဆီးကျိတ်ကင်ဆာလက်္ခဏာများမှာ သုက်ရည်ဂလင်းသိသိသာသာကြီး ထွားလာခြင်း၊ ဆီးသွားရင် အားမရခြင်း၊ ပြတ်တောင်းပြတ်တောင်းဖြင့် ဆီး သွားရခက်ခဲခြင်း၊ ပုံမှန်ထက် မကြာခဏ ဆီးသွားပြီး အထူးသဖြင့် ညဘက်မှာ ပို၍ သွားခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း၊ သုက်ရည်ထဲသွေးပါခြင်း၊ တင်ပါးနှင့် တင်ပါးဆုံရိုးတို့တွင် တဆစ်ဆစ်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်းစသည်တို့ဖြစ် သည်။ အကယ်၍ ထိုလက်္ခဏာများထဲမှ တစ်ခုမဟုတ်တစ်ခု ပေါ်လာပါက မပေါ့ဆဘဲ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ကြပါ။

ယနေ့ အင်္ဂလန်နိုင်ငံမှာ နှစ်စဉ် အမျိုးသားဦးရေ ပျမ်းမျှ ၄၁၀၀၀ ၀န်းကျင် ဆီးကျိတ်ကင်ဆာဖြစ်ပွားကြပြီး ၁၁၀၀၀ခန့်က ထိုကင်ဆာဖြင့် ကွယ်လွန်နေကြရပါတယ်။ အမေရိကန်မှာလည်း အရေပြားကင်ဆာပြီးလျှင် ဆီးကျိတ်ကင်ဆာက ဒုတိယအဖြစ်အများဆုံးလို့ ဆိုပါတယ်။ များသောအားဖြင့် အမျိုးသားများ အသက် ၅၀ ကျော်လာရင် ထိုကင်ဆာပေါ်လာတတ်လို့ သတိပြုကြဖို့ လိုအပ်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ(အဖြူ)ထဲတွင် ပါရှိသော isothiocyanates ဓာတ်က ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးပြီး ခရမ်းချဉ်သီး၊ ဖရဲသီးစသည့်အနီရောင်အသီးတို့က ၎င်းကင်ဆာဖြစ်နိုင်ခြေ အလားအလာကို လျော့ပါးသက်သာစေပါတယ်။ ပင်လယ်စာ၊ ဂျုံနှင့် ဂျုံထွက် ပစ်္စည်းများ၊ ဆန်လုံးညိုနှင့် ကွေကာအုတ်ထဲမှာပါရှိသော Selenium ကလည်း ယင်းကင်ဆာရောဂါကာကွယ်ပေးပြီး ပဲပိစပ်က ဆီးကျိတ်ကင်ဆာအကျိတ် ကြီးထွားလာမှုကို သိသိသာသာနှေးကွေးစေပါတယ်။ 

ခန်္ဓာကိုယ်အဆမတန် ၀ခြင်းက ဆီးကျိတ်ကင်ဆာနဲ့ ဆက်စပ်မှုရှိတာကြောင့် ဥပမာ အမဲသားတို့လို အနီရောင်အသားများ လျှော့စား၍ ကိုယ်အလေးချိန်ချပေးသင့်ပါတယ်။ ကဖိန်း ဓာတ်ပါသော ဖျော်ရည်များနှင့် အယ်လ်ကိုဟောပါသော အဖျော်ယမကာတို့ လွန်ကဲစွာ သောက်စားခြင်းက သုက်ရည်ဂလင်းကို ကြီးထွားစေသောကြောင့် သင့်တင်မျှတရုံသုံးဆောင်ကြပြီး ဆီးကျိတ်ကင်ဆာရောဂါဆိုးကြီးမှ ကင်းဝေး နိုင်ကြပါစေကြောင်း မျှဝေလိုက်ရပါတယ်။ 

+တင်ထက်ထက်ဇော်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)