ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 20, 2013

--လူထုကျန်းမာရေး(ကလေး ပြုစုရေးနဲ့ အာဟာရ)--

>
**Public Health**
ကလေးငယ်တိုင်း အသက်ခြောက်လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ရန်၊ ခြောက်လမှ တစ်နှစ်အထိ ဖြည့်စွက် အစာကျွေးရန်နှင့် အသက်တစ်နှစ်မှ ကြီးသည်အထိ လူကြီးကဲ့သို့ ကျွေးမွေးရန် လိုအပ်တယ်။ တချို့မိဘတွေဟာ မိမိကလေးများ ထမင်းကောင်းကောင်း မစားဟု ဆရာဝန်ထံ လာရောက် ပြသတတ်ရာ အများစုဟာ ထမင်းမခင်တွယ်ဘဲ သရေစာခင်တွယ် နေကြတယ်။ ရောဂါရှိတဲ့ ကလေးငယ်တွေဟာ ထမင်း အပါအဝင် အစာကောင်းစွာ မစားကြဘူး။ တီဘီရောဂါရှိတဲ့ ကလေးတွေဟာ အစာကောင်းကောင်း မစားဘူး။ မကြာခဏဖျားခြင်း၊ ကြီးထွားနှုန်း နှေးခြင်း၊ လန်းဆန်းမှု မရှိခြင်းနဲ့ ဆော့ကစားမှု နည်းခြင်း စတာတွေ ဖြစ်တတ်တယ်။ ကပ်ပါးပိုး၊ (သန်ကောင်၊ တုတ်ကောင်များ)ရှိတဲ့ ကလေးငယ်ဟာ အစာကောင်းကောင်း မစားဘူး။ အစာကောင်းကောင်း မစားတဲ့ ကလေးငယ် အများစုဟာ ရောဂါကြောင့်မဟုတ်ဘဲ မိဘများ ပြုစုပုံနည်းစနစ် မမှန်ကန်လို့ ဖြစ်တယ်။ မိဘများဟာ ကလေးငယ်များကို အစာကျွေးရာမှာ အစားအစာ အမျိုးအစား၊ ပမာဏနဲ့ ကျွေးချိန်၊ နည်းစနစ်စတာတို့ မှန်ကန်စွာ ရွေးချယ်တတ်ရတယ်။ အစားအစာ အမျိုးအစား ရွေးချယ်ရာမှာ ကလေးငယ်ရဲ့ အသက်နဲ့ လိုက်လျော ညီထွေမှုရှိရန် လိုအပ်တယ်။ တချို့မိဘတွေက ကလေး အသက်ကြီးတဲ့အထိ ထမင်းဆီဆမ်းပြီး ဆားဖြူး ကျွေးတတ်တယ်။ အသီးအရွက်၊ ပဲအမျိုးမျိုး၊ ဥနဲ့အသားတွေ ဖြည့်စွက်ကျွေးဖို့ လိုတယ်။ ကလေးငယ် နှစ်သက်တဲ့ အစားအစာ ဖြစ်ရမယ်။ ကလေးငယ် မကြိုက်ရင် တတ်နိုင်သမျှ ရှောင်ရမယ်။ ဝမ်းဝရင် ထပ်မကျွေးနဲ့။ ဆိုလိုတာက ထပ်မံ ငြင်းဆန်နေရင် ဇွတ်အတင်းမကျွေးနဲ့။ မလိုလားအပ်ဘဲ အဝလွန်တဲ့ ကလေးတွေ ဖြစ်တတ်တယ်။ အစာ
ကျွေးချိန်ကို သတ်မှတ်ထားရမယ်။ နံနက် ၁၁ နာရီထမင်းကျွေးရင် ၁၁ နာရီမှာ ရအောင်ကျွေး။ အချိန်မရလို့ မုန့်ကျွေးတာမျိုး မလုပ်ရဘူး။ အစာကျွေးပုံစနစ် မှန်ကန်ရမယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား နီးကပ်လွန်းတာ မဖြစ်စေရဘူး။ စားပြီးတဲ့အစာကို အစာလမ်းကြောင်းက ချေဖျက်စုပ်ယူဖို့ အချိန်လိုအပ်တယ်။ အဟန့်အတားဖြစ်စေမယ့် တခြားမုန့်မကျွေးရဘူး။ မုန့်အမျိုးမျိုးဟာ ကလေး ထမင်းကောင်းကောင်း မစားရခြင်းရဲ့ အဓိက တရားခံ ဖြစ်တယ်။ တတ်နိုင်သလောက် ထမင်းအချိန်မှန် စားစေဖို့ စီစဉ်ထားရမယ်။ အစာကျွေးရာမှာ သန့်ရှင်းမှုရှိဖို့ ဂရုစိုက်ရမယ်။ အစားအစာကို ပြင်ဆင်ခြင်း၊ ကျွေးမွေးခြင်းမှာ သန့်သန့်ရှင်းရှင်း ဖြစ်စေရမယ်။ ကလေးငယ်များကို ထမင်းပွဲချပေးပြီး ကိုယ်တိုင်စားစေခြင်း သတိထားရမယ်။ လက်နဲ့စားမယ်ဆိုရင် လက်သည်းပုံမှန်ညှပ်ပြီး စားခါနီးရေ၊ ဆပ်ပြာတို့နဲ့ လက်ဆေး တဲ့အကျင့်၊ စားပြီးတိုင်းလည်း ဆပ်ပြာနဲ့ ရေသုံးတဲ့ အကျင့်ထားရမယ်။ အလွန်ငယ်တဲ့ ကလေးငယ်ကို မိဘတွေ ကိုယ်တိုင် ကျွေးသင့်တယ်။ ကလေးငယ်မှာ အစာစားရန်ထက် အစာနဲ့ ဆော့ကစားနေရင် အကျိုးမရှိ ဖြစ်တတ်တယ်။ အရွယ်ကြီးတဲ့ ကလေးတွေကို ကိုယ်တိုင် စားစေတဲ့အခါ မိဘများအနီးက စောင့်ကြည့်ဖို့လိုတယ်။ အားအင်ပြည့်အောင် ချက်ကျွေးရမယ်။ အသားငါးတို့မှာ 'အင်အော်ဂဲနစ်' ဓာတုဗေဒ ဆေးဝါးနဲ့ ဓာတုဆိုးဆေးများ ကင်းစင်ရမယ်။ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး ကင်းစင်ရမယ်။ သဘာဝအလျောက် စိုက်ပျိုးရရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားတိုး မွေးထားခြင်း မဟုတ်တဲ့ ပုံမှန်အသားတွေ ဝယ်ယူဖို့ လိုတယ်။ အချိုမှုန့်၊ ကြက်သားမှုန့် ထည့်မချက်ရဘူး။ တတ်နိုင်ရင် ကိုယ်ကာယ ဖွံ့ဖြိုးတိုးတတ်ဖို့ ပင်လယ်ငါး သို့မဟုတ် ငါးကြီးဆီ၊ ကယ်လ်စီယမ် ကျွေးသင့်ပါတယ်။ ။ 

+ ဒေါက်တာလွင်သန့် (ဆေး-၂)+ 

Written by ကေတု

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)