ဒါ့အပြင် ကစားသမား တစ်ဦးချင်းရဲ့စိတ်ဓာတ်နဲ့ စွမ်းရည် ပိုင်းကို ထဲထဲဝင်ဝင်သိရှိအောင် ကြိုးစားသူတစ်ဦးဖြစ်ပြီး စိတ်ဓာတ်ပိုင်း တွန်းအားပေးမှုကိုလည်း စွမ်းဆောင် နိုင်သူ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ အသင်းလိုက် စွမ်းဆောင်မှုအပိုင်းကိုကြည့်ရင် ရှေ့၊ လယ်၊ နောက်ကစားသမားတွေရဲ့ အား ထုတ်မှု၊ တာဝန်ယူရမယ့်ဇုန်အတွင်းမှာ အားထုတ်ကြိုးပမ်းမှုတွေဟာ လက်ရှိ အချိန်မှာကျေနပ်စရာ အကောင်းဆုံး အသင်းဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကစားသမားတစ်ဦးချင်း ရဲ့ နိုင်လိုစိတ်ဓာတ်ပြင်းထန်မှု၊ နိုင်ပွဲ ရအောင် ကြိုးစားအားထုတ်မှုတွေဟာ အသင်းရဲ့အောင်မြင်မှုရလာတဲ့ လမ်း ကြောင်းအပေါ်ရောက်ရှိစေတာ ဖြစ်ပါ တယ်လို့လည်း ဆိုပါတယ်။
ချန်ပီယံလိဂ်ဖလားဟာ ထိုက်တန် တဲ့ခြေစွမ်းရှိမှရမှာဖြစ်တာမို့ ပြည်တွင်း လိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြနိုင်ရုံနဲ့ မရဘဲ ပြိုင်ပွဲအရပ်ရပ်မှာရလဒ်ကောင်း တွေရရှိဖို့၊ ခြေစွမ်းထက်ဖို့လည်း လို အပ်ကြောင်း ဖော်ပြပေးထားတာမို့ အဲဒီစွမ်းရည်တွေဟာ ဘိုင်ယန်မြူးနစ် မှာ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment