ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 30, 2013

---လူထုကျန်းမာရေး(အဖျားရောဂါနဲ့ဓာတ်စာ)--

>
+Public Health+
 ကိုယ်အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုရင် အဖျားတက်ခြင်းလို့ သတ်မှတ်ပါတယ်။ အဖျားတက်ခြင်းဟာ နေထိုင် မကောင်းခြင်းရဲ့ လက္ခဏာ ဖြစ်ပြီး ခန္ဓာကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်နေရင် အဲဒီ ရောဂါပိုးက သွေးဖြူဥထဲက ဖျားစေတဲ့ ပစ္စည်းတချို့ ထွက်လာအောင် လှုံ့ဆော် စေတယ်။ သာမန် အအေးမိလို့ ဖျားရင် နှစ်ရက်ကနေ လေးရက်ပဲ ကြာပေမဲ့ ရေကျောက် ပေါက်ရင်တော့ ၁ဝ ရက်ကနေ ရက် ၂ဝ လောက် ကြာတတ်တယ်။

**ဖျားနာချိန်**

 ဖျားနာချိန်မှာ အနားယူဖို့ လိုပါတယ်။ ယပ်ခတ်ခြင်း၊ ရေဖတ်တိုက်ခြင်း၊ ပါးလွှာတဲ့ ချည်သား အိပ်ရာခင်းမှာ အိပ်စက်ခြင်း၊ လေအေးစက် တပ်ထားတဲ့ အခန်းထဲ ဝင်ရောက် နေထိုင်ခြင်းတို့ ပြုလုပ် နိုင်ပါတယ်။

**အဖျားဆေးများ**

 တစ်နှစ်အောက် ကလေးတွေကို အက်စပရင် မတိုက်ရပါဘူး။ ပါရာစီတမောကို တိုက်နိုင်ပါတယ်။ အိုင်ဗျူ ဟိုဗင်က ကလေးအတွက် သင့်လျော်တယ်။ အဖျားတက်ရတဲ့ အကြောင်းအရင်းကို ရှာဖို့ လိုပါတယ်။

**စားသင့်တဲ့ အစားအစာ**
 တုပ်ကွေးနဲ့ အအေးမိခြင်းဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ဒါကြောင့် အစားအသောက် ပျက်တယ်။ တစ်ခုပြီး တစ်ခု စားချင်စိတ် ရှိလာမယ် ဆိုရင် အဖျား သက်သာလာလို့ ပါပဲ။ အစားအစာမှာ သစ်သီး၊ ဟင်းသီးဟင်း ရွက်နဲ့ ဖျော်ရည်က အကောင်းဆုံးပါ။ ဖျော်ရည်ဟာ အရသာ ကောင်းမွန်လို့ နေမကောင်းတဲ့ သူကို စားချင် သောက်ချင်စိတ် ဖြစ်ပေါ်လာပြီး ပြန်ပြီး နာလန် ထစေပါတယ်။ မကျန်းမာတဲ့ သူတွေဟာ ဗီတာမင်အေ၊ ဗီတာမင်စီတို့ ပါတဲ့ အစား အစာတွေကို စားသင့် ပါတယ်။ ဗီတာမင် တွေမှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်ပြီး ဖရီးရယ်ဒီကယ်ကြောင့် ဖြစ်ရတဲ့ ပျက်စီးမှုကို အကာအကွယ် ပေးပါတယ်။ ကိုယ်ခံအားကို မြင့်စေပါတယ်။ နေကောင်း လာသည်နှင့် အမျှ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်ကို အစိမ်းတိုင်း ဖြစ်စေ၊ ချက်ပြုတ်ပြီး ဖြစ်စေ စားနိုင်ပါတယ်။ တရုတ် ဆီးသီး၊ မုန်လာဥဝါ၊ ပန်းဂေါ်ဖီ၊ သရက်သီး၊ ကန်စွန်းဥ၊ ရေကန်စွန်းရွက် တွေမှာ ဗီတာကယ်ရိုတင်း (ဗီတာမင်အေ) နဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ စတော်ဘယ်ရီ၊ ရှောက်သီးနဲ့ အခြား အစိမ်းရောင် ဟင်းသီး ဟင်းရွက်တွေမှာ ဗီတာမင်ဒီ ကြွယ်ဝစွာ ပါဝင် ပါတယ်။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူက ရောဂါပိုး ဝင်ရောက်ခြင်းကို တိုက်ဖျက် ပေးတယ်။ 

**ဓာတ်စာများ** 

အကြံပြု လိုသည်မှာ အဖျား ကျသည်နှင့် အစာကို အလွယ်တကူ စားဖို့ လိုပါတယ်။ ကြော်လှော်တဲ့ အစာ အာဟာရနဲ့ အဆီကို ရှောင်သင့်တယ်။ အသင့် အမြန်စား စနစ် အစားအစာတွေဟာ အစာမကြေ ဖြစ်စေပြီး လူကို ပင်ပန်း စေတယ်။ ရေများများ သောက်ရမယ်။ သစ်သီး ဖျော်ရည်၊ ဆေးဖက်ဝင် အပင်နဲ့ ဖျော်စပ် ထားတဲ့ လက်ဖက်ရည်ကို နေ့စဉ် သောက်သုံး သင့်တယ်။ ကဖင်းဓာတ် ပါတဲ့ ကိုလာ အချိုရည်တွေ မသောက် သင့်ပါဘူး။ ။

 +ဒေါက်တာ လွင်သန့် (ဆေး-၂)+ 
Written by ရွှေတည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)