ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 4, 2013

--လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်းနှင့်ထိုင်းနိုင်ငံရေး---

>
ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသူ ၀န်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝါထရာအား ထိုင်းနိုင်ငံသို့ ပြန်လာခွင့်ရရှိစေနိုင်မည့် အငြင်းပွားဖွယ်ရာ လွတ်ငြိမ်း ချမ်းသာခွင့်ဥပဒေကြမ်းကို ထိုင်းအောက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီးနောက် နိုဝင်ဘာ ၂ ရက်တွင် ဘန်ကောက်မြို့တော်၌ ထောင်ပေါင်းများစွာသော ထိုင်း ပြည်သူများက အစိုးရကိုဆန်္ဒပြကန့်ကွက်ခဲ့ကြသည်။ နိုဝင်ဘာ ၁ ရက်က ထိုင်းအောက်လွှတ်တော်တွင် အတည်ပြုပေးခဲ့ပြီး အထက်လွှတ်တော်က အတည်ပြု ရန်လိုသေးသည့် အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေသည် လက်နက်မဲ့ဆန်္ဒပြသူများကို သတ်ဖြတ်ခဲ့မှုအပါအ၀င် အတိတ်က ကျူးလွန်ခဲ့သည့် မတရားမှု၊ အလွဲသုံးစားမှုများကို ဖုံးဖိရန်ကြိုးစားခြင်းဖြစ်ဖွယ်ရှိကြောင်း ဆန်္ဒပြဆန့်ကျင်သူများ က ပြောကြားသည်။
ဆန်္ဒပြသူများက ““အစိုးရထွက်သွား၊ အစိုးရ ထွက်သွား”” ဟု အော်ဟစ်ခဲ့ကြသကဲ့သို့ အလံများကိုလည်း ဝှေ့ယမ်းကာ ဆန်္ဒပြခဲ့ကြကြောင်းနှင့် ဆန်္ဒပြသူအရေအတွက် တိုးလာဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ““လူတွေက အမှားတွေကို ကျူးလွန်ကြတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မယ့် ဥပဒေတွေ ထုတ်ပြန် ကြတယ်။ ဒါမဖြစ်သင့်ဘူးဗျာ။ ဒီဥပဒေက လုံးဝကို အဓိပ်္ပာယ်မရှိဘူး”” ဟု အသက် (၄၂)နှစ်ရှိ ဆန်္ဒပြကန့်ကွက် သူ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။ အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝီချာချဝက မိမိတို့ပါတီ အနေဖြင့် ယင်းဥပဒေပယ်ဖျက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအထိ လျှောက်ထားတောင်းဆိုသွား မည်ဟု ဆိုသည်။ အဘီဆစ်သည် ၂၀၁၀ခုနှစ်အတွင်းက ဘန်ကောက်မြို့တော်၌ သက်ဆင်ထောက်ခံသူ ရှပ်နီများ၏ အစိုးရဆန့်ကျင်ဆန်္ဒပြမှုကို အင်အားသုံးနှိမ်နင်းရာတွင် လူ ၉၀ ကျော်သေဆုံးခဲ့မှုနှင့် ပတ်သက်၍ တရားရင်ဆိုင်နေရသူ ဖြစ်သည်။
ဆန့်ကျင်ကန့်ကွက်သူများက လွတ်ငြိမ်းချမ်းသာ ခွင့်ဥပဒေပြဋ္ဌာန်းခြင်းသည် အကျင့်ပျက်ခြစားမှုနှင့် တရားစွဲခံထားရမှုကို ရှောင်တိမ်းပြီး ပြည်ပရောက်နေသူ မစ်္စတာ သက်ဆင်ကျူးလွန်ခဲ့သောပြစ်မှုများကို ဖုံးကွယ် ထားရန် ကြိုးစားခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုသြသည်။ လက်ရှိ ၀န်ကြီးချုပ် ရင်လပ် ရှင်နာဝါထရာ၏ အစ်ကို သက်ဆင်ရှင်နာဝါထရာသည် ၂၀၀၆ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းခံခဲ့ရသူဖြစ်ပြီး သက်ဆင်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံရေးလောကတွင် သဘောထားကွဲလွဲမှုကြီးမား နေဆဲဖြစ်သည်။ သက်ဆင်ထိုင်းနိုင်ငံသို့ ပြန်လာနိုင်စေရန် ကြိုးပမ်းခြင်းသည် မီးလောင်ရာ လေပင့်သလို ထိုင်းနိုင်ငံ ရေးသမိုင်းတွင် အကြမ်းဖက်သွေးချောင်းစီးမှုတစ်ခု ဖြစ်ပွားပေါ်ပေါက်လာနိုင်စေရန် ဖန်တီးခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ ဥပဒေကိုထောက်ခံသူများကလည်း ၂၀၁၀ခုနှစ်တွင် သက်ဆင်ထောက်ခံသူ ရှပ်နီများ၏ဆန်္ဒပြမှုကို အဘီဆစ် အစိုးရက အင်အားသုံးနှိမ်နင်းမှုတွင် လူ ၉၀ ကျော်သေဆုံးမှု နှင့် သက်ဆင်ကိုစွပ်စွဲထားမှုများသည် ဘဲစားဘဲချေ ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုနေကြသည်။ သို့ သော်လည်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက အားလုံး အကျုံးဝင်သော လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေသည် ခေါင်းဆောင်များအား စွပ်စွဲထားသည် အလွဲသုံးစားမှုများ ကို အပြစ်ပေးမရအောင် တရားဝင်ကာကွယ်ပေးခြင်းဖြစ် လာဖွယ်ရှိသည်ဟု ပြောကြားသည်။
မန်စီးတီးဘောလုံးအသင်းပိုင်ရှင်ဟောင်း သက်ဆင် သည် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခံထားရမှုကို ၂၀၀၈ခုနှစ်ကတည်းက ရှောင်ရှားနေခဲ့ပြီး ယခုလောလောဆယ် ဒူဘိုင်းတွင်နေထိုင် လျက်ရှိသည်။ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်းကို နိုဝင်ဘာ ၁၁ ရက်တွင် အထက်လွှတ်တော်သို့ တင်သွင်း သွားမည်ဟု မျှော်လင့်ရသည်။ ထိုင်းနိုင်ငံရေးနှင့် ဥပဒေသမိုင်းကို လေ့လာသုံးသပ် နေသူ ဒေးဗစ် စတက်ခ်ဖက်စ်က အားလုံးနှင့် အကျုံးဝင် သော လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေသည် ထိုင်းနိုင်ငံ၏ ပကတိအခြေအနေမှန်ကို ဖယ်ရှားလိုက်သည့် ခြိမ်းခြောက် မှုပင်ဖြစ်ကြောင်းနှင့် ပစ်္စုပ်္ပန်နှင့် အနာဂတ်သမိုင်းတာဝန် များ ပျောက်ဆုံးနေပြီဟု ဘန်ကောက်ပို့သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။ ၊၊

 +အေ၀မ်းစိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)