ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 25, 2013

---မဲဆောက်ဟန်ထိုင်းအထည်ချုပ်စက်ရုံမှ ရွှေ့ပြောင်းမြန်မာ ၁၇ဦး အလုပ်ထုတ်ခံရ--

>
ကေအိုင်စီ - KIC News & သတင်း
** မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံမှ ရွှေ့ပြောင်းမြန်မာ ၁၇ဦး အလုပ်ထုတ်ခံရ**
 November 25, 2013 • Posted in သတင်း (နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ဧရိယာအတွင်း မယ်ကုတိုက်နယ် အမှတ်(၇)ရပ်ကွက်ရှိ ဟန်ထိုင်းအထည်ချုပ် စက်ရုံ(Wonderful Co,ltd) အလုပ်ရှင်က ၎င်းစက်ရုံမှ မြန်မာအလုပ်သမား ၁၇ဦးကို အထည်ထုတ်လုပ်မှု ရာခိုင်နှုန်းကျသည်ဟု အကြောင်းပြကာ နိုဝင်ဘာ ၂၃ရက်နေ့၌ အလုပ်ထုတ်လိုက်သည်။ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၅၀ခန့်ရှိသည့် ၎င်းအထည်ချုပ်စက်ရုံ၌ နိုဝင်ဘာ ၁၇ရက်နေ့က ထိုင်းအစိုးရ၏ တရားဝင် အလုပ်ပိတ်ရက် လွိုင်းကရထုန်း(မီးဖောင်မျောပွဲတော်နေ့)တွင် အလုပ်မဆင်းဘဲ နေခဲ့ပြီးနောက် အလုပ်ရှင်က အလုပ်သမား အချို့ကို ယင်းသို့သို့အလုပ်မှ ထုတ်လိုက်ခြင်းဖြစ်ကြောင်း အလုပ်ထုတ်ခံရသူ ကိုဦးက ပြောသည်။
“ကျနော်တို့ ချုပ်တဲ့အထည်တွေ စံချိန်စံနှုန်း ၂၅ရာခိုင်နှုန်း မပြည့်ဘူးဆိုပြီး အလုပ်ထုတ်ရတာလို့ (အလုပ်အထွေထွေမန်နေဂျာ) က ပြောတယ်။ တကယ်ဆို ရာခိုင်နှုန်း မပြည့်တဲ့သူတွေ အများစုပဲ။ ဒါပေမယ့် ကျနော်တို့ ၁၇ယောက်ကိုပဲ ချက်ချင်းလက်ငင်းကို ထုတ်လိုက်တာဖြစ်တယ်”ဟု ကိုဦးက ကေအိုင်စီသို့ ပြောသည်။ ယင်းအလုပ်သမားများ အလုပ်ထုတ်ခံရသဖြင့် ၎င်းအထည်စက်ရုံရှိ အလုပ်သမားအားလုံးက ကန့်ကွက်သည့်အနေဖြင့် နိုဝင်ဘာ ၂၃ရက်နေ့မှာပင် အလုပ်မဆင်းဘဲ နေခဲ့ကြသည့်အပြင် ကျိုးကြောင်းဆီလျော်မှု အပြည့်အ၀မရှိဘဲ အလုပ်ထုတ်ခံရမှုကို ထိုင်း ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားလိုကြောင်း သူက ဆက်ပြောသည်။ ဟန်ထိုင်းစက်ရုံမှ အလုပ်ထုတ်ခံရသူ အလုပ်သမားများမှာ အမျိုးသမီး ၁၀ဦးနှင့် အမျိုးသား ၇ဦးတို့ဖြစ်ကြပြီး ၎င်းတို့ အလုပ် ထုတ်ခံရမှုကို ထိုင်းဥပဒေနှင့်အညီ ဆောင်ရွက်ရန် မြန်မာပြည်သားများ ပူးတွဲလှုပ်ရှားရေးကော်မတီ(JACBA)မှတဆင့် ထိုင်းအ လုပ်သမားဝန်ကြီးဌာန၊ မဲဆောက်မြို့ရှိ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး(ဆ၀ါဒီကန်)သို့ ယနေ့ သွားရောက်တိုင်ကြားမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
 JACBA ၏ ဥက္ကဌ ဦးမိုးကြိုးက “လွိုင်းကရထုန်းနေ့တုန်းက အလုပ်သမားတွေက အလုပ်ပိတ်ပေးဖို့ ပြောတာကို အလုပ်ရှင်က မပိတ်ခဲ့လို့ တင်းမာမှု စဖြစ်ရာကနေ အခုအလုပ်ထုတ်ခံရမှု ဖြစ်ပွားတဲ့အထိပေါ့။ နောက် အထုတ်ခံရသူတွေဟာ အဲဒီစက်ရုံမှာ လုပ်သက် ၄လကနေ ၂နှစ်အထိရှိတဲ့သူတွေပါ။ ထိုင်းဥပဒေအရ သူတို့ကို အလုပ်ထုတ်မယ်ဆိုရင် အနည်းဆုံး ခုနှစ်ရက်ကနေ တစ်လ ကြိုအကြောင်းကြားရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။ ထို့အပြင် ပြဿသနာကို ဖြေရှင်းရန် မဲဆောက်မြို့တွင် လတ်တလော တာဝန်ရှိနေသည့်ဆ၀ါဒီကန် ဦးစီးအရာရှိ နိုင်ဆွန်ဘွန်းက အလုပ်ရှင်နှင့် အလုပ်သမားဘက်က တင်ပြလာမှုများကို စစ်ဆေးပြီး ဆောင်ရွက်သွားမည်ဟု တုန့်ပြန်ပြောဆိုကြောင်း JACBA က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ဆက်သွယ်မေးမြန်းလာမှုများရှိရာ အလုပ်ထုတ်ခံရသူ အလုပ်သမားများအနေဖြင့် နစ်နာကြေးရရှိဖွယ်ရှိကြောင်း JACBA က ပြောဆိုသည်။ ဟန်ထိုင်းအထည်ချုပ်စက်ရုံတွင် လက်ရှိ အလုပ်သမားတစ်ဦး၏ တစ်ရက် လုပ်အားခမှာ ထိုင်းငွေ ၁၆၃ဘတ်နှင့် အချိန်ပို လုပ် အားခမှာ တစ်နာရီလျှင် ၂၅ဘတ်ဖြစ်ပြီး ယခင်က အဆိုပါ စက်ရုံတွင် အလုပ်သမားများအား လုပ်အားခ အပြည့်မပေးခြင်းနှင့် လုပ်အားခ ဖြတ်တောက်ခြင်းများ ရှိခဲ့ဖူးကြောင်း သိရသည်။

 ကေအိုင်စီ - KIC News > သတင်း > မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံမှ ရွှေ့ပြောင်းမြန်မာ ၁၇ဦး အလုပ်ထုတ်ခံရ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)