ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 22, 2013

-မြ၀တီ- မဲဆောက် နယ်စပ်လမ်းမှ နယ်စပ်ပန်းသို့ တစ်ခေါက်လောက် လှမ်းကြည့်စမ်းပါအဆွေ-

>
“နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ကြောင့် ကျနော်တို့ ပြည်သူတွေအပေါ်မှာ ဆိုးကျိုးတွေများစွာ ခံစားရပါတယ်။ ဒါကြောင့် တစိတ်တပိုင်း အကြွေးဆပ်တဲ့အနေနဲ့ နယ်စပ်ပန်း အခမဲ့ ပညာဒါန စာကြည့်တိုက်နဲ့ သင်တန်းကျောင်းကို ဖွင့်လှစ်ရတာဖြစ်ပါတယ်။ ဒီလို ဖွင့်လှစ်ရခြင်းဟာ လူထုကောင်းကျိုး တစိတ်တပိုင်းထမ်းဆောင်နေတယ်။ အကြွေးဆပ်နေတယ်လို့ ခံယူပါတယ်”ဟု ဗိုလ်မှူးကြီး စောစန်းအောင်က ပြောပြသည်။

 (ဗိုလ်မှူးကြီး စောစန်းအောင်)
အနှီဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA- ကလိုတူးဘောတပ်ဖွဲ့ ) ခေါင်းဆောင်သည် စကားကို ရှင်းရှင်းလင်းလင်းနှင့် ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြောတတ်ရာမှာ နာမည်ကြီးပါသည်။ သူပြုစု ပျိုးထောင်နေဆဲဖြစ်သော “နယ်စပ်လမ်းက နယ်စပ်ပန်း”သည် နယ်စပ်တစ်ကြောက လူထုကို စိတ်တပိုင်း အကျိုးပြုရန် ရှေ့ရှုဦးတည် နေပါပကောလား။ ဟောဟိုက ကွန်ပျူတာ သင်တန်းကို နည်းပြလုပ်နေသော ဆရာတစ်ဦးဖြစ်သည့် စောသူရိန်ကိုလည်း မေးကြည့်ပါဦးမည်။

 (ကွန်ပျူတာနည်းပြ စောသူရိန်)
သူပြောပြတာက “ကျနော် ရခိုင်ပြည်နယ် စစ်တွေဘက်ကပါ။ စစ်တွေတက္ကသိုလ်မှာ သင်္ချာဘွဲ့နဲ့ (၂၀၀၃- ၂၀၀၄) ပညာသင်နှစ်မှာ ကျောင်းပြီးပါတယ်။ ဒီနယ်စပ်မှာရှိတဲ့ လူငယ် မောင်မယ်တွေကို ကိုယ်တတ်တဲ့ပညာနဲ့ အဆင့်မြင့်နည်းပညာတံခါးပေါက် ဖွင့်ပေးနိုင်အောင် ဖော်ဆောင်နေတယ်လို့ ခံယူပါတယ်ခင်ဗျ”တဲ့။
အဲ့အယ်....။ ဟောဟိုက ဦးဇင်းငယ်တစ်ပါးကလည်း နယ်စပ်လမ်း အခမဲ့ ပညာဒါနကျောင်းမှာ တက်ရောက်နေတော့ကာ စိတ်ဝင်စားတာနဲ့ပဲ ပင့်ဆောင်မေးမြန်းဖြစ်ခဲ့ပါတယ်။ (ဦးဇင်းငယ်..ကိုတွေ့ ဆုံမေးမြန်းနေစဉ်)
ဦးဇင်းငယ်ပြောပြတာက ဒီလိုပါ။ “ဦးဇင်းက ရွှေဘိုနယ်သားပါ။ အသက် ၂၂ နှစ်ရှိပါပြီ။ လက်ရှိက မြ၀တီမြို့နယ်၊ မြေနီကုန်းရပ်ကွက်ဘက်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သီတင်းသုံးပါတယ်။ အရင်ကလည်း အခြေခံ ကွန်ပျူတာ သင်တန်းတက်ဖူး ပါတယ်။ အခုကျတော့လည်း အခြေခံကွန်ပျူတာသင်တန်းပဲ တက်နေတာပါပဲ။ ဦးဇင်းအမှန်အတိုင်းပြောရရင်တော့ ကွန်ပျူတာပညာကို အင်္ဂလိပ်စာလောက် စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် မတုံးအောင်လို့၊ ထက်မြက်အောင်လို့ လာလေ့လာသင်ယူနေရတာပါ”လို့ ရှင်းပြပါသဗျ။

အဟော.... ဟောဟိုက အင်္ဂလိပ်စာလည်းတော်ပြီး၊ ကွန်ပျူတာပညာလည်း ထူးချွန်တယ်လို့ သင်တန်းနည်းပြ ဆရာတွေက ချီးကျူးးတဲ့ မနှင်းအိဖြူဖူ ဆိုတဲ့ကလေးမကိုလည်း ဦးဦးနဂါးကြီးက မမေ့ခဲ့ပါဘူး ပရိသတ်။

 (မနှင်းအိဖြူဖြူ ..ကိုတွေ့ ဆုံမေးမြန်းနေစဉ်)
သူမပြောပြတာက… “သမီးက မွန်ပြည်နယ်၊ သထုံမြို့နယ် ဇာတိပါ။ ဖားအံ့တက္ကသိုလ်ကနေ BA (Eng) နဲ့ ကျောင်းပြီးပါပြီရှင့်။ အခုလောလော ဆယ် မိဘတွေနဲ့အတူ မြ၀တီနယ်မှာ နေထိုင်ပြီး ကွန်ပျူတာကိုရော၊ အင်္ဂလိပ်စာကိုပါ ပူးတွဲလေ့လာနေဆဲပါပဲ။ သမီးတတ်ထားတဲ့ ပညာနဲ့ သမီးရဲ့ ပတ်ဝန်းကျင်ကို ပြည်လည်မျှဝေချင်တာရယ်၊ သမီးရောက်ရှိရာနေရာက အသိုင်းအ၀ိုင်းကိုလည်း မျှဝေချင်လို့ သင်ကြားနေတာပါ” တဲ့ဗျို့...။

  ကဲ... ကယ်။ မဲဆောက်မြို့က မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)က ကြီးမှူးသောနေ့ သစ်အလကကျောင်းမှာလုပ်အားပေးဆရာအဖြစ်ထမ်းဆောင်ဘူးတဲ့ အခုလက်ရှိနယ်စပ်ပန်း သင်တန်းကျောင်းမှာ အင်္ဂလိပ်စာသင်ကြားရေး နည်းပြ ဆရာ ဦးသန့်ဇင်နဲ့လည်း အခုလို ရင်းရင်းနှီးနှီး ပြောဆိုဖြစ်တယ်ဗျာ။

 (အင်္ဂလိပ်စာသင်ကြားရေး နည်းပြ ဆရာ ဦးသန့်ဇင်)

“သိတဲ့အတိုင်းပဲလေ။ အာဆီယံအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်နိုင်ဖို့ဆိုရင် အင်္ဂလိပ်စာက အရေးကြီးလာတယ်။ အရည်အချင်းပြည့်ဝတဲ့ လူငယ်မျိုးဆက်တွေမွေးထုတ်ပေးဖို့က တစ်အချက်၊  နောက်တော့ကာ ခါးပြတ်နေတဲ့ မြန်မာပြည်ရဲ့ အင်္ဂလိပ်စာသင်ကြားမှုကို နိုင်ငံတကာ သင်ကြားရေးနဲ့ ချိတ်ဆက်ပေးနိုင်ဖို့က နှစ်အချက် (ဆိုလိုတာက မြန်မာပြည်မှာ သုံးတဲ့ အင်္ဂလိပ်စာက ဝေါဟာရ အပိုင်းမှာရော၊ ရေးထုံး အပိုင်းမှာပါ ဟောင်းလွန်းနေပြီလေ။ ဒါကြောင့် ဝေါဟာရ အသစ်၊ ရေးထုံးအသစ်နဲ့ ချိတ်ဆက်ပေးချင်တဲ့ ရည်ရွယ်ချက်ပါပဲ)။” “နံပါတ်သုံး အချက်ကတော့ နိုင်ငံတကာ ကျောင်းတွေ၊ သိပ္ပံတွေ၊ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့ သင်ယူနိုင်မယ့် အခွင့်အလမ်းတွေရရှိဖို့စသဖြင့် ၃ ချက် ရည်ရွယ်ထားပါတယ်ဗျ။” လို့ ရှင်းပြပါတယ်။

 (ဆရာဦးဇေယျာ၊ ဆရာဦးဝင်းခိုင်တို့က အနီးကပ်ကြီးကြပ်)

ထိုင်း- မြန်မာနယ်စပ်၊ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊အမှတ်(၂)ရပ်ကွက်၊ ကျွန်းတောအစုရှိ(မဲဆောက်နှင့်မြ၀တီနယ်စပ်လမ်းကြောမှသောင်ရင်းမြစ်ကိုကုတို့ ဖြင့် ကူးပါကကျောက်ဖျာဂိတ်နှင့်သဲပုံဂိတ်အကြား) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA- ကလိုတူးဘောတပ်ဖွဲ့ ) နယ်မြေမှ ဗိုလ်မှူးကြီး စောစန်းအောင်ဦးစီးပြီး ဆရာဦးဇေယျာ၊ ဆရာဦးဝင်းခိုင်တို့ အနီးကပ် ကြီးကြပ်လျက်ရှိသော ကျောင်းအိပ်ကျောင်းစား ဘော်ဒါလည်းထားရှိသည့် အနှီနယ်စပ်လမ်းမှ နယ်စပ်ပန်းသည်ကား ငှားငှားစွင့်စွင၊့်ကြွားကြွား ၀ံ့ဝံ့၊တင့်တယ်စွာ ပွင့်လန်းလျက် ရှိနေပါချေတည်း။ 

(သောင်ရင်းနဂါး- ခံစားတင်ပြသည်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)