စပိန်နိုင်ငံ Granadaတက်္ကသိုလ်မှ သုတေသနပညာရှင်များ သည် ဥရောပလူမျိုးဆယ်ကျော်သက် များအား စောင့်ကြည့်လေ့လာမှုပြုခဲ့ ရာ ချောကလက်များများစားသူများ သည် ကိုယ်ခန်္ဓာအလေးချိန် မတက် မှုနှင့် ခိုင်မာစွာဆက်စပ်လျက်ရှိသည် ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။ အစောပိုင်း လေ့လာမှုများအရ ချောကလက်ပုံမှန် စားသုံးပေးခြင်း သည် အရွယ်ရောက်သူများအား အဆီဖြစ်မှု လျော့နည်းစေသည်ကို တွေ့ရှိထားပြီဖြစ်သည်။ ထို့ပြင် ချောကလက်စားခြင်းက နှလုံးရောဂါ အန်္တရာယ်ကိုလည်း လျှော့ချပေးနိုင် စွမ်းရှိကြောင်း သုတေသနပြု လေ့လာချက်များအရ သိရသည်။ ယခုတစ်ကြိမ်၌ ဥရောပကိုးနိုင်ငံ မှ အသက် ၁၂ နှစ်မှ ၁၇ နှစ်ရှိ အရွယ်ရောက်သူ လူငယ် ၁၄၅၈ ဦး ကို ၄င်းတို့၏ စားသောက်မှုများ၊ ကိုယ်ခန်္ဓာအနေအထားနှင့် အမျိုး မျိုးသော ကျန်းမာရေးအခြေအနေ များကို `မှတ်တမ်းယူ လေ့လာသုတေသန ပြုထားခြင်းဖြစ်သည်။ ယင်းကဲ့သို့ လေ့လာမှုပြုခဲ့ရာမှ ဆယ်ကျော်သက်အရွယ်များ ချောက လက်များများစားပါက ၀လာနိုင်ခြေ ပိုမိုနည်းပါးကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ သို့သော် ယခုလေ့လာမှုတွင် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း အပါအ၀င် အခြားအကြောင်းအရာ အချက်များကို ထည့်သွင်းမစဉ်းစား ထားဟု သိရသည်။
မည်သို့မည်ပုံကြောင့် ချောကလက်က ယခုကဲ့သို့ ငယ်ရွယ်သူများအား ကိုယ်ခန်္ဓာသွယ် လျရန် ကူညီပေးနိုင်ကြောင်းကိုမူ သုတေသီများက မရှင်းပြထားချေ။ +နေခြည်+

No comments:
Post a Comment