ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 10, 2013

-- အောက်တိုဘာတစ်လတာပရီမီယာလိဂ်အကောင်းဆုံးကစားသမားဆုကို အဂူရို နှင့်တစ်လတာအကောင်းဆုံးနည်းပြဆုကိုပိုချက်တီနိုရရှိ--

>
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း မန်စီးတီးအသင်းအတွက် သုံးပွဲကစား၊ လေးဂိုးသွင်းယူပေးခဲ့ပြီး နှစ်ဂိုး ဖန်တီးပေးနိုင်ခဲ့သည့် မန်စီးတီးအသင်းမှ အာဂျင်တီးနား တိုက်စစ်မှူးး ဆာဂျီယိုအဂူရိုသည် ပရီမီယာလိဂ်၏ အောက်တိုဘာ တစ်လတာအကောင်းဆုံးကစားသမား ဆုကို ဆွတ်ခူးရရှိခဲ့သည်။ တိုက်စစ်မှူးး အဂူရိုသည် အောက်တိုဘာ ၅ ရက်က မန်စီးတီး၏ အိမ်ကွင်း၌ အဲဗာတန်အား သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီမီ ယာလိဂ်ပွဲစဉ်၌ ပွဲကစားချိန် ၄၅ မိနစ် တွင် မန်စီးတီးအတွက် တစ်ဂိုးသွင်း ယူပေးခဲ့သည်။

(မန်စီးတီးအသင်းမှ အာဂျင်တီးနား တိုက်စစ်မှူးး ဆာဂျီယိုအဂူရို)
အောက်တိုဘာ ၁၉ ရက်က ၀က်စ်ဟမ်းအသင်း၏ အိမ် ကွင်းသို့ သွားရောက်ကစားခဲ့ရသည့် ပွဲစဉ်တွင် မန်စီးတီးအသင်းက သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ရာတွင် တိုက်စစ်မှူးး အဂူရိုက ၁၆ မိနစ်နှင့် မိနစ် ၅၀ တို့တွင် နှစ်ဂိုးသွင်းယူပေး နိုင်ခဲ့သည့်အပြင် အောက်တိုဘာ ၂၇ ရက်က ချယ်လ်ဆီးအသင်း၏ အိမ်ကွင်း၌ ချယ်လ်ဆီးအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် မန်စီးတီးအသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ယင်းသို့ အောက်တိုဘာလအတွင်း မန်စီးတီးအသင်းအတွက် သုံးပွဲ ကစားပေးခဲ့ရာ သွင်းဂိုးလေးဂိုး သွင်းယူပေးခဲ့သည့်အပြင် ယင်းပွဲစဉ် များတွင် အခြားသောကစားသမားများ ဂိုးများသွင်းယူနိုင်ရေးအတွက်လည်း ဖန်တီးပေးမှုနှစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ သည်။ ထို့ကြောင့် အောက်တိုဘာ တစ်လတာပရီမီယာလိဂ်အကောင်း ဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ် သည်။ လက်ရှိတွင် မန်စီးတီးအသင်း သည် တိုက်စစ်မှူးးအဂူရို၏ စွမ်းဆောင်မှု နှင့် အတူ ရမှတ် ၁၉ မှတ်ရရှိကာ အမှတ်ပေးဇယားအဆင့်(၅)သို့ တက် လှမ်းနိုင်ခဲ့သည်။ ပရီမီယာလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုကိုမူ ဆောက် သမ်တန်နည်းပြ ပိုချက်တီနိုက ဆွတ် ခူးရရှိခဲ့သည်။

 ( ဆောက်သမ်တန်နည်းပြ ပိုချက်တီနို)
နည်းပြပိုချက်တီနိုသည် အောက်တိုဘာလအတွင်း ဆောက် သမ်တန်အသင်းအား သုံးပွဲတာဝန် ယူကိုင်တွယ်ခဲ့ရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရမှတ်ခုနစ်မှတ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ အောက်တိုဘာ ၆ ရက်က ဆွမ်ဆီး အသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ပြီး အောက်တိုဘာ ၁၉ ရက် တွင်မူ လက်ရှိပရီမီယာလိဂ်ချန်ပီယံ မန်ယူအသင်းကို တစ်ဖက်တစ်ဂိုးစီ ဖြင့် သရေတစ်မှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့အပြင် အောက်တိုဘာ ၂၆ ရက်တွင် ဖူလ်ဟမ် အသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။ ယင်းသို့ စွမ်းဆောင်ကာ ပွဲစဉ်(၁၀)အပြီးတွင် ရမှတ် ၁၉ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၆) သို့ တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် ဆောက်သမ်တန်နည်းပြ ပိုချက်တီနို သည် အောက်တိုဘာလအတွင်း အကောင်းဆုံးစွမ်းဆောင်မှုအဖြစ် တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးရရှိခဲ့သည်။ 

+ငွေကြယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)