ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 6, 2013

-- အစ်္စရေးကအီရန်ရဲ့  အိမ်နီးချင်းနိုင်ငံတွေကို ဆက်ဆံရေးတိုးမြှင့်နေရတဲ့အကြောင်း---

> (အီရန်သာ နျူကလီးယားပိုင်ဆိုင်သွားပြီဆိုရင်အစ်္စရေးကိုခြိမ်းခြောက်လာနိုင်ကြောင်း
အစ်္စရေးဝန်ကြီးချုပ်နတန်ယာဟုရှင်းပြ)
အီရန်တို့ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားမှာကို အစိုးရိမ်ဆုံးနိုင်ငံကတော့ အစ်္စရေးပါပဲ။ အီရန်သာ နျူကလီးယားပိုင်ဆိုင်သွားပြီဆိုရင် အစ်္စရေးကိုခြိမ်းခြောက်လာနိုင်ပါတယ်။ အီရန်သမ်္မတဟောင်း မာမွတ်အာမတ်ဒီနီဂျက်ဆိုရင်လည်း သူအာဏာရှိစဉ်က အစ်္စရေးကို ကမ်္ဘာ့မြေပုံပေါ်ကပျောက်သွားအောင်လုပ်ပစ်မယ်လို့ကြုံးဝါးခဲ့တာကိုး။ ဒါကြောင့်လည်း အီရန်ကို နျူကလီးယား ဘယ်နည်းနဲ့မှပိုင်ဆိုင်ခွင့်မပေးချင်ဆုံးက အစ်္စရေးလို့ပြောနိုင်ပါတယ်။ ဒါကြောင့်လည်း အစ်္စရေးက အီရန်နဲ့ ခြောက်နိုင်ငံအင်အားကြီး အုပ်စုနဲ့ နျူကလီးယားဆွေးနွေးပွဲ ပြန်စရေး အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံ တွေက နှိုးဆော်တိုက်တွန်းပေးဖို့ အစ်္စရေးက ဆက်ဆံရေးတိုးမြှင့်နေ တယ်လို့ သတင်းတွေက ဖော်ပြပါ တယ်။ အစ်္စရေး ဒုတိယနိုင်ငံခြားရေး ၀န်ကြီး Ze'ev Elkin ဟာ အီရန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အဇာဘိုင် ဂျန်၊ တက်စ်မင်နစ်္စတန်တို့အပြင် အိမ် နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဥဇဘတ်ကစ်္စ တန်၊ ကာဇက်စတန်နဲ့ ဂျော်ဂျီယာ နိုင်ငံတွေက သံအမတ်တွေနဲ့ အောက် တိုဘာ ၃၁ ရက်က အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့တယ်လို့ အစ်္စရေး သတင်းဝက်ဘ်ဆိုက် Wall News မှာ ဖော်ပြထားပါတယ်။ ဒီအစည်းအဝေး ကို ဂျော်ဂျီယာမြို့တော် တီဘီလဆီမှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ ဒီအစည်းအဝေးဟာ အီရန်နဲ့ ကုလသမဂ်္ဂလုံခြုံရေးကောင်စီ အမြဲ တမ်းအဖွဲ့ဝင်ငါးနိုင်ငံဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန် အပေါင်း ဂျာမနီနိုင်ငံတို့အကြား အီရန်သမ်္မတ ဟက်ဆန်ရိုဟာနီရဲ့ လက်ထက်မှာ နျူကလီးယားဆွေးနွေး ပွဲပြန်စဖို့ အထက်ဖော်ပြပါနိုင်ငံတွေ က တုံ့ပြန်နှိုးဆော်ပေးဖို့ ပြုလုပ်တဲ့ အစည်းအဝေးလို့ ဆိုပါတယ်။

 (အစ်္စရေးဝန်ကြီးချုပ်နတန်ယာဟု နဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးZe'ev Elkin)
အီရန်နဲ့အင်အားကြီးခြောက်နိုင်ငံတို့ဟာ ပြီး ခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်၊ ၁၆ရက် တွေက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မှာ အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ပထမအကျော့ ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆက်လက် ပြီးတော့ အီရန်နဲ့ခြောက်နိုင်ငံ အကြီး အကဲတွေက နိုဝင်ဘာ ၇ ရက်၊ ၈ ရက် မှာ ဆွစ်မြို့တော်မှာ ဆက်လက် ဆွေး နွေးကြဖို့ သဘောတူထားကြပါတယ်။ ဒီဆွေးနွေးပွဲဟာ ကျယ်ပြန့်ပြီး အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။ ဒီနျူကလီးယား ဆွေးနွေးပွဲဟာ အလွန်အသေးစိတ်ပြီး အလွန် အကျိုးရှိလိမ့်မယ်လို့လည်း အီးယူနိုင်ငံခြားရေး မူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ပြောဆို လိုက်ပါတယ်။ အစ်္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီရန် နျူကလီးယားအစီအစဉ်ကို လုံးဝ ဖြုတ်သိမ်းပြီး ယူရေနီယမ်သန့်စင် ခြင်းကို ဖယ်ရှားပစ်ဖို့ ခြောက်နိုင်ငံကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

 (အစ်္စရေးဝန်ကြီးချုပ်နတန်ယာဟု နဲ့ အိုဘားမား)
အမေရိကန်အစ်္စရေး ပြည်သူ့ရေးရာ ကော်မတီကလည်း အီရန်ကို တင်း ကျပ်တဲ့အရေးယူမှုတွေပြုလုပ်ဖို့ အမေ ရိကန်ဆီးနိတ်လွှတ်တော်ကို တိုက် တွန်းလိုက်ပါတယ်။ အစ်္စရေးအနေနဲ့ အီရန်နျူကလီးယားအရေး အပြတ် ရှင်းဖို့ ကြိုးစားတဲ့အနေအထားပါပဲ။ 

+မောင်နွေသစ်+

(အီရန်သာ နျူကလီးယားပိုင်ဆိုင်သွားပြီဆိုရင်အစ်္စရေးကိုခြိမ်းခြောက်လာနိုင်ကြောင်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)