ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 13, 2013

---သီတင်းကျွတ်ရောဂါ ---

>
မြန်မာပြည်မှာတော့ ဝါလကင်းလွတ်သီတင်းကျွတ်တဲ့ကာလဟာ အရွယ်ရောက်ပြီး အိမ်ထောင်မကျသေးတဲ့သူတွေအတွက် အတော်ဖိအားများတဲ့ကာလပါ၊ အထူးသဖြင့် အပျိုကြီး၊ လူပျိုကြီးတွေအဖို့ အပေါင်းအသင်းရောင်းရင်းတွေရဲ့ နောက်ပြောင်ကျီစယ်မှု ဒဏ်အပြင်းအထန်ခံရတဲ့ သိမ်ငယ်စရာအကောင်းဆုံးကာလတွေပေါ့၊ ပြောရရင် (၃ဝ)ကျော်(၄ဝ)ကြား အသက်အရွယ်တွေဟာ မုန်တိုင်းရဲ့ဗဟိုချက်မှာ ကျရောက်နေရှာတဲ့သူတွေပေါ့၊ (၄ဝ)ကျော်သွားရင်တော့ သူ့ခမျာအရွယ်လွန်သွားရှာပြီလို့ပဲ သတ်မှတ်လိုက် ကြတာလား၊ မျှော်လင့်ချက်နည်းလွန်းတဲ့သူတွေကို သနားစိတ်ပဲဝင်သွားကြလို့လားမသိ သိပ်ပြီးတွန်းမပို့ကြတော့ပါဘူး၊ (တွန်းလဲမရွေ့ နိုင်တော့ဘူးဆိုတာ သိနေပြီကိုး) ကိုယ်တိုင်လဲ မုန်တိုင်းရဲ့အလယ်ဗဟိုတည့်တည့်မှာ ကျရောက်နေတဲ့သူဆိုတော့ လေတိုက်ခံရတဲ့ဒုက္ခ ဘယ်လောက်ကြီးလဲ ဆိုတာ ကောင်းကောင်းသိနေတာပေါ့၊ မတွေ့တာကြာတဲ့ ငယ်သူငယ်ချင်းပဲဖြစ်စေ နေ့တိုင်းတွေ့နေရတဲ့အလုပ်ထဲက မိတ်ဆွေပဲဖြစ်စေ၊ နိုင်ငံရပ်ခြားရောက်နေတဲ့ သူငယ်ချင်းပဲဖြစ်စေ၊ တစ်ရပ်ကွက်ထဲနေတဲ့ သူငယ်ချင်းပဲဖြစ်စေ၊ တွေ့တာနဲ့ကျွန်တော့်ရဲ့ အိမ်ထောင်ရေး ကိစ္စဟာ သူတို့အတွက်အင်မတန်မှ စိုးရိမ်ပူပန်စရာကိစ္စဖြစ်သွားကြတယ်၊ သူငယ်ချင်းတစ်စု ဝိုင်းဖွဲ့စကားပြောကြတဲ့အခါမှာလည်း ပြောစရာစကားတွေကုန်လို့ အသံတွေစဲ၊ ရေတွေခဲသွားတာနဲ့ ကျွန်တော့်ရဲ့ကိစ္စဟာ ကုလသမ္မဂအထွေထွေညီလာခံမှာ တင်နေကျ ပြဿနာတစ်ခုလို အရေးတယူဆွေးနွေးစရာ အကြောင်းအရာဖြစ်လို့နေပါတယ်။ သူတို့ပြောမှပဲ ကိုယ့်ဘဝဟာအင်မတန်မှ အထီးကျန် အားငယ်စရာကောင်းလှပါလားလို့ တခါတရံတွေးမိတတ်တယ်၊ အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ သူများမှားစီးသွားလို့ ဘက်ပဲ့ပြီး ကျန်နေခဲ့တဲ့ဖိနပ်တစ်ရံလို သိမ်ငယ်စရာကောင်းလိုက်တာလို့လည်း ခံစားမိတယ်။ ဒီနေရာမှာ ကျွန်တော်သတိထားမိတာတစ်ခုက နိုင်ငံခြားသားတွေ (အထူးသဖြင့် အနောက်နိုင်ငံသားတွေ)ဟာ သူများတကာ အိမ်ထောင်ရေးကိစ္စကို အဲဒီလိုအကြံပေး၊ တိုက်တွန်း၊ ဝင်ရောက်စွက်ဖက်တာမျိုးတွေကို လုပ်လေ့လုပ်ထမရှိကြသလိုပဲ ကျွန်တော်တို့ ဆီက ရုပ်ရှင်တွေမှာလို ဇါတ်ပို့တွေက ကိုယ့်ထမင်းကိုယ်စားပြီး မင်းသားနဲ့မင်းသမီး မညားညားအောင် အကြံပေးတိုက်တွန်းလှုံ့ဆော် (တခါတရံအနစ်နာခံပြီး) ကိုယ့်ဥပဓိကိုယ်ပျက်လောက်အောင် ပေါကြောင်ကြောင် မြှားနတ်မောင်လုပ်နေကြတဲ့ဇါတ်ကားမျိုး၊ သူတို့ ရိုက်တာ ကျွန်တော်မကြည့်ဖူးဘူး (ယဉ်ကျေးမှုကွာခြားလို့ထင်ပါရဲ့)
ကျွန်တော်နဲ့ခင်တဲ့ နိုင်ငံခြားသားမိတ်ဆွေတွေထဲမှာလဲ အိမ်ထောင်မကျသေးတာကို ဟာသတစ်ခုလိုလုပ်ပြီး ပြောတာမျိုး တစ်ခါမျှမကြုံဖူးဘူး။ ဒီနေရာမှာ ကျွန်တော်တို့နဲ့ကွာခြားတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘဝမှာမလွဲမသွေဖြတ်သန်းရမယ့် ဖြစ်စဉ် တစ်ခုလို့ သူတို့မှာကြိုတင်ခံယူထားတာမျိုး မရှိတာပဲ၊ နောက်တစ်ခုက လိင်မှုဘဝ (sexual life)နဲ့ အိမ်ထောင်ရေးကိစ္စဟာ သီးခြားစီ လို့ ယူဆထားကြတာပဲ၊ ဒီနေရာမှာ language ဘာသာစကားနဲ့ culture ယဉ်ကျေးမှုတို့ရဲ့အစပ်အဆက်ဟာ အတော်စကားပြောတာ တွေ့ရပါတယ်၊ ဥပမာပြောရယင် သူတို့ဆီမှာ virgin နဲ့ single ဟာသတ်သတ်စီပဲ၊ ဒါပေမယ့် ကျွန်တော်တို့ဘာသာစကားမှာ “အပျို״ ဆိုတဲ့စကားလုံးဟာ အဲဒီအဓိပ္ပါယ်နှစ်မျိုးလုံးနဲ့ အကျုံးဝင်နေတယ်။ သဘောကတော့ အိမ်ထောင်မပြုခင်မှာ လိင်အတွေ့အကြုံမရှိနိုင် ဘူးလို့ ယုံကြည်စိတ်ချထားပုံပဲ၊ ဒါဟာဒီဘက်ခေတ်မှာအတော်ရှုပ်ထွေးပြီး မေးခွန်းထုတ်စရာကောင်းတဲ့စကားလုံးဖြစ်လို့လာပါတယ်၊ ဘာသာစကားရဲ့မရေရာရောထွေးမှု၊ မလုံလောက်မှုဟာ လက်တွေ့ဘဝမှာ အတော်ဂွကျတဲ့ကိစ္စဖြစ်နေခဲ့ပါတယ်၊ လူပျိုကြီး၊ အပျိုကြီး၊ လူပျိုသိုးကြီး၊ အပျိုသိုးကြီးဆိုတဲ့ စကားလုံးတွေမှာ လိင်အတွေ့အကြုံကင်းမဲ့သူ၊ လောကီသာယာမှုကို အပြည့်အဝမခံစားဖူး၊ မမြည်း စမ်းဖူးသူ၊ လောကကြီးအကြောင်း၊ လူ့သဘာဝအကြောင်း အပြည့်အဝမသိနိုင်သေးသူဆိုသည့် အဓိပ္ပါယ်များ အနည်းနှင့်အများ ပါဝင် ရောယှက်နေပါသည်။ single ဆိုသည့်အဓိပ္ပါယ် “အိမ်ထောင်မရှိသူ״ သက်သက်ကိုဆိုလိုတာမျိုး ရှားပါသည်။ ဤနေရာတွင် “လူလွတ်״ ဆိုသောစကားလုံးသည် single နှင့်နီးစပ်သော်လည်း သူ့ချည်းသုံးခဲပါသည်။ လူပျိုဆိုသောစကားလုံးနှင့်တွဲကာ လူပျိုလူလွတ်ဟုသာ တွဲသုံးကြပါသည်။ ဤအတွက် ဤအဓိပ္ပါယ်နှစ်ခုမှာ ရှုပ်ထွေးမြဲရှုပ် ထွေးဆဲရှိနေပါသည်။ သူတို့ဆီမှာတော့ virginity ကို ကာယကံရှင်ကိုယ်တိုင်ပင် စိတ်မဝင်စားတော့၊ မည်သူမျှအရေးတယူ လုပ်မမေး တော့၊ အိမ်ထောင်ရှိမရှိ (single , married) ကိစ္စသာပြောကြတော့သည်။ လိင်မှုဘဝကို ထည့်မပြောကြတော့။ လိင်နှင့်အိမ်ထောင်ရေးကို ရောထွေးပြောဆိုနေကြသေးသော ကျွန်တော်တို့ဆီ ရွှေပြည်ကြီးမှာတော့ သီတင်းကျွတ်ခါနီးတိုင်း တကိုယ်တော်သမားများအဖို့ ရှောင်ပုန်းစရာနေရာတစ်ခုကို စဉ်းစားထားဖို့လိုအပ်နေပါသေးသည်။ 

+ဒီနိုဗို+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)