+(နိုဝင်ဘာလ၁၆ရက်၊၂၀၁၃။သောင်ရင်းနဂါး)+
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ၊Sytem BoondCo.,Ltdတွင်မိမိအစီအစဉ်ဖြင့်လာရောက်လုပ်ကိုင်နေသောမောင်လေးမြင့် (TK-038 623) နှင့်မောင်အောင်လတ် (JJ -035942) တို့ သည် (၂၈.၁၀.၂၀၁၃)နေ့တွင်မီးအားမြှုင့်စက်လုပ်ငန်းခွင်အတွင်း၊အလုပ်လုပ် ကိုင်နေစဉ်ဖိစက်ခလုတ်ကိုမှားယွင်းနင်းမိခဲ့၍သူကို၏ညာဘက်လက် ချောင်းများပြတ်ထွက်ကာဒဏ်ရာများ
ရရှိခဲ့ပါသည်။ ကုမ္မဏီအလုပ်ရှင်သည်အလုပ်သမား (၂) ဦးအားဆေးဘိုးကုန်ကျခံကုသပေးခြင်း၊လစာဝက်ဖြင့်ဆေးခွင့်များပေးထားပြီးနောက်၊လျော်ကြေးအဖြစ် တစ်ဦးလျှင်ထိုင်းနိုင်ငံသုံးငွေဘတ်(၅၀,၀၀၀)သာပေးရန်ပြောကြားလာခဲ့ပါသည်။
(အလုပ်သမားသံအရာရှိဦးကျော်ကျော်လွင်နဲ့ အကျိုးဆောင်ကော်မတီဝင်ဦးမိုးကြိုး၊ဦးဇော်မျိုးသန့် တို
့ရှေ့ မှောက်မှာ အလုပိရှင်ဘက်ကလျေိာကြေးပေးနေစဉ်)
အလုပ်သမားအရာရှိဦးကျော်ကျော်လွင်သည်အလုပ်ရှင်နှင့်အလုပ်သမားအားမျက်နှာစုံညီညိုနှိုင်းပေးခဲ့ရာ
ယမန်နေ့ (၁၅.၁၁.၂၀၁၃) နေ့တွင်အလုပ်ရှင်မှအလုပ်သမားတစ်ဦးလျှင်လျှော်ကြေးငွေဘတ်၁သိန်းစီ
ဖြင့်စုစုပေါင်းဘတ်၂သိန်းပေးလျော်ခဲ့ပါကြောင်း၊သတင်းဓါတ်ပုံများနှင့်အတူတင်ပြအပ်ပါသည်။
(အလုပ်ရှင်ကနစ်နာကြေးဦးဘတ်၁သိန်းစီ ပေးပါမည့်အကြောင်းသဘောတူလက်မှတ်ရေးထိုး)
(အလုပ်ရှင်ကနစ်နာကြေးဦးဘတ်၁သိန်းစီ ပေးပါပြီ)
ကာယကံရှင်တစ်ဦးဖြစ်သူကိုအောင်လတ် (၄၀) နှစ် က ---အခုလိုနစ်နာကြေးရတာဝမ်းသာပါတယ်.။ကိုယ့်နိုင်ငံကို လက်တစ်ဘက်အပြတ် နဲ့ ပြန်ရမှာကိုတော့ဝမ်းနည်းတယ်ဗျာ။အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်နဲ့ အကျိုးဆောင်တွေကိုရော၊အလုပ်သမားအခွင့်အရေးနားလည်တဲ့အလုပ်ရှင်ကိုပါကျေးဇူး
တင်တယ်ဗျာ- --ဟုပြောသည်။
(ဘန်ကောက်လုပ်ငန်းခွင်၁ခုမှမြန်မာအလုပ်သမား(၂)ဦးဘတ်၁သိန်းစီ နစ်နာကြေးရရှိ)

No comments:
Post a Comment