ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 5, 2013

---ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့အကြောင်း--

> (အာနိုးနှင့်ဟာရီစွန်ဖို့ဒ်)

** Expendables ဇာတ်ကားသစ်တွင် ပါဝင်သရုပ် ဆောင်မည့်ဟာရီစွန်ဖို့ဒ်** 

၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သည့် နာမည်ကျော်ဇာတ်ကား တစ်ကား ဖြစ်သည့် Expendables 2 ဇာတ် ကား၏ နောက်ဆက်တွဲ Expendables 3 ဇာတ်ကားတွင် ၀ါရင့်ဟောလိဝုဒ် မင်းသားကြီးတစ်ဦးဖြစ် သည့် ဟာရီစွန်ဖို့ဒ် ပါဝင်သရုပ် ဆောင်သွားမည်ဖြစ်သည်။ ဆီဗစ်စတာ စတားလုန်းနှင့် အာနိုးတို့ အတွဲညီခဲ့သည့် Expendablesဇာတ်လမ်းတွဲတွင် ပါဝင်ခွင့်ရရှိခဲ့ခြင်းအပေါ် ကျေနပ် မိပါကြောင်းနှင့် မင်းသားကြီး အာနိုးနှင့်အတူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် အတူလက်တွဲခဲ့ဖူးကြောင်း အသက် (၇၁)နှစ်ရှိ မင်းသားကြီး ဖို့ဒ်က ပြောကြားခဲ့သည်။
Expendables3ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် စတား လုန်းနဲ့ စတင်ဆွေးနွေးခဲ့ပါတယ်။ သူရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းရော၊ သရုပ်ဆောင်ပိုင်းကိုပါ လေးစား အားကျမိပါတယ်။ ကျွန်တော့်အတွက် တော့ အချိန်ကောင်းတွေ ရရှိဦးမှာ ပေါ့””ဟု ဖို့ဒ်က ဆိုသည်။ Expendables3ဇာတ်ကားကို Lionsgateရုပ်ရှင်ထုတ်လုပ်ရေးမှ ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ဖြန့်ချိ ပြသသွားမည်ဖြစ်သည်။

**သြစတြေးလျနိုင်ငံအထိ ထိုးဖောက်မည့် Crayon Pop ဂီတအဖွဲ့**
Bar Bar Barသီချင်းသစ်ဖြင့် တောင်ကိုရီးယား ဂီတလောကကို အချိန်တိုအတွင်း လွှမ်းမိုးနိုင်ခဲ့သည့် Crayon Popအမည်ရှိ ဆယ်ကျော်သက်အမျိုးသမီး ဂီတအဖွဲ့က သြစတြေးလျနိုင်ငံ ဂီတလောကသို့ပါ ထိုးဖောက်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။
Crayon Popအဖွဲ့သည် သြစတြေးလျနိုင်ငံတွင် ဂီတဖျော်ဖြေပွဲနှင့် ပရိုမိုးရှင်းပွဲများ တစ်ပတ်ကြာ ကျင်းပ ပြုလုပ်ရန်အတွက် နိုဝင်ဘာ ၃ ရက်တွင် တောင်ကိုရီးယား နိုင်ငံမှ စတင်ထွက်ခွာခဲ့ကြပြီး ဂီတဖျော်ဖြေပွဲများ ပြုလုပ် ခြင်း၊ ဒေသတွင်းမီဒီယာများနှင့် တွေ့ဆုံခြင်းနှင့် ပျော်ပွဲရွှင်ပွဲ အစီအစဉ်များတွင် ပရိသတ်များနှင့်အတူ ပါဝင်ဆင်နွှဲ ခြင်း စသည့်အစီအစဉ်များပြုလုပ်သွားကြမည်ဖြစ်သည်။ အဆိုပါ အဖွဲ့အနေဖြင့် ယမန်နှစ်ကလည်း သြစတြေးလျနိုင်ငံသို့ သွားရောက်ကာ ယခုကဲ့သို့ ဂီတ ဖျော်ဖြေပွဲများ ကျင်းပခဲ့ကြပြီး အခြားမြို့များသို့လည်း သွားရောက်ကာ ပရိသတ်များနှင့် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ ကြသည်။ ယခု သွား ရောက်သည့် သြ စတြေးလျ ဖျော်ဖြေပွဲ များမှတစ်ဆင့် ပရိသတ် များက ၎င်းတို့အဖွဲ့ အား ပိုမိုအသိအမှတ် ပြုလာနိုင်ရေး မျှော် လင့်ထားကြောင်းလည်း သိရသည်။

 ** ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲုဂျိုကိုဗစ် ဒုတိယအကြိမ်မြောက်ဖလားကို ဆွတ်ခူး**
ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲ၏ အမျိုးသားတစ်ဦးချင်းနောက်ဆုံးဗိုလ် လုပွဲအဖြစ် ကမ်္ဘာ့အဆင့်(၂)တင်းနစ် အကျော်အမော် နိုဗက်ဂျိုကိုဗစ်နှင့် ယမန်နှစ်ချန်ပီယံ ဒေးဗစ်ဖာရာတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျိုကိုဗစ်က ဒေးဗစ်ဖာရာအား အနိုင်ရရှိကာ ၎င်းင်း၏ ကစားသမားဘ၀တစ်လျှောက် ဒုတိယအကြိမ်မြောက် ပဲရစ်မာစတာ တင်းနစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ် သည်။ ဂျိုကိုဗစ်သည် ပဲရစ်မာစတာတင်း နစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ပြိုင် ဘက်တင်းနစ်ကစားသမား ဒေးဗစ် ဖာရာအား ၁ နာရီနှင့် ၅၂ မိနစ်ကြာ ကစားကာ ၇-၅၊ ၇-၅ ဖြင့် အနိုင်ရရှိ ပြီး ပဲရစ်မာစတာတင်းနစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့်အပြင် ပဲရစ်မာစတာ တင်းနစ်ဖလားကို ၂၀၀၉ ခုနှစ်က တစ်ကြိမ်ဆွတ်ခူးရရှိခဲ့ဖူးသူဖြစ်သည်။ အသက်(၂၆)နှစ်အရွယ်ရှိ တင်းနစ် အကျော်အမော်ဂျိုကိုဗစ်၏ ယခုနိုင်ပွဲ သည် စက်တင်ဘာလအတွင်းက အမေရိကန်အိုးပင်း တင်းနစ်ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် စပိန်ပရော် ဖက်ရှင်နယ် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်အား ရှုံးနိမ့်ခဲ့သည့် အချိန်မှစ၍ ၁၇ ပွဲဆက်တိုက်နိုင်ပွဲ လည်း ဖြစ်ခဲ့သည်။ ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်၏ ယခု ပဲရစ်မာစတာတင်းနစ်ဖလား အပါအ၀င် ၂၀၁၃ ခုနှစ်အတွင်း တင်းနစ်ဖလားခြောက်ကြိမ်အထိရရှိ ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီလအတွင်းက သြစတြေးလျအိုးပင်းဖလား၊ မတ်လ အတွင်းက ဒူဘိုင်းချန်ပီယံရှစ်တင်းနစ် ဖလား၊ ဧပြီလအတွင်းက မွန်တီကာလို မာစတာဖလား၊ အောက်တိုဘာလ အတွင်းက တရုတ်အိုးပင်းဖလားနှင့် ရှန်ဟိုင်းမာစတာ တင်းနစ်ဖလား စသည်ဖြင့် တင်းနစ်ဖလားများ ဆွတ်ခူးနိုင်ခဲ့သည်။ 

 **ကာဒစ်ဖ်အသင်းပရိသတ်အား အကြမ်းဖက်ရန်ကြိုးစားခဲ့မှုဖြင့် င် ဆွမ်ဆီးကွင်းလယ် ကစားသမားရှက်ဗေး အရေးယူမှုခံရဖွယ်ရှိ**
ကာဒစ်ဖ်အသင်းနှင့် ဆွမ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ် ပွဲစဉ်(၁၀)တွင် ဆွမ်ဆီးကွင်းလယ်ကစားသမားရှက်ဗေးအနေဖြင့် ကာဒစ်ဖ် အသင်းပရိသတ်အား အကြမ်းဖက်ရန်ကြိုးစားခဲ့သည့် အပြုအမူတစ်ရပ်ကို ရုပ်မြင်သံကြားအနှေးပြကွက်မှတစ်ဆင့် တွေ့မြင်ခဲ့ရပြီးနောက် ဘောလုံး အာဏာပိုင်များ၏ အရေးယူမှုခံရဖွယ်ရှိနေကြောင်း သိရသည်။ ယင်းပွဲစဉ်တွင် ဆွမ်ဆီးအသင်းသည် ကာဒစ်ဖ်အသင်း၏အိမ်ကွင်း၌ တစ်ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ရှက်ဗေးအနေဖြင့် နောက်ဆုံးခရာမှုတ်ချိန်တွင် ကာဒစ်ဖ်အသင်းပရိသတ်အား အကြမ်းဖက်ရန်ကြိုးစားခဲ့သည့် အပြုအမူ တစ်ရပ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

+မျိုးစန်္ဒာမောင်-ငွေကြယ်+

(အာနိုးနှင့်ဟာရီစွန်ဖို့ဒ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)