(နိုဝင်ဘာလ၂၄ရက်၊ ၂၀၁၃- သောင်ရင်းနဂါး)+
(ဒီနေ့ မနက်ပိုင်းလာရောက်တွေ့ ဆုံကြတဲ့ ဟန်ထိုင်းစက်ရုံအလုပ်သမားကိုယ်စားလှယ်တချို့ နဲ့ 
သူတို့ ရဲ့ အရိပ်လိုဆရာမိုး)
ထိုင်း- မြန်မာနယ်စပ် တာ့(ခ်)ခရိုင် မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊အမှတ်(၇ရပ်ကွက်တွင်တည်ရှိသော “ဟန်ထိုင်း အထည်ချုပ်ရုံ” (လက်ရှိ အခေါ်အဝေါ်- Wonderful Co,ltd) မှ အလုပ်သမား ၁၇ ဦးကို ယမန်နေ့က အလုပ်ဖြုတ်ပစ်ခြင်းကြောင့် စက်ရုံရှိ မြန်မာအလုပ်သမား ၃၅၀ ခန့်သည် အလုပ်မဆင်းပဲ ဆန္ဒပြနေကြကြောင်း သတင်းရရှိသည်။
(ထိုင်းနိုင်ငံအလုပ်သမားဥပဒေပါအခွင့်အရေးတွေသိအောင် သင်ယူကြ)
(JACBA အဖွဲ့ကလိုအပ်တဲ့ ထိုင်းဥပဒေပါအခွင့်အရေးတွေကို သင်ကြားပေး)
ဤအလုပ်သမားပြဿသနာအစကို ထောက်ရှုသော်ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့၌ ကျရောက်သော လွိုင်းကရထုန်း (မီးဖောင်မျောပွဲတော်နေ့) သည် ထိုင်းအစိုးရ၏ တရားဝင် အလုပ်ပိတ်ရက်ဖြစ်သော်လည်း အလုပ်ရှင် အသိုင်းအ၀ိုင်းက ပိတ်မပေးခဲ့ချေ။ ဤအကြောင်းအချက်ကြောင့် ဆန္ဒပြကြောင်းကို အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူကိုနန်းဦးက ယခုလိုပြောဆိုသည်။ “နိုဝင်ဘာ ၁၇ ရက်နေ့က တန်ဆောင်မုန်းလပြည့် (မီးဖောင်မျောပွဲတော်နေ့)ကို အလုပ်ပိတ်ပေးပါပြောတာ ကို အလုပ်ဆက်လုပ်ပါပြောလို့ အားလုံးက မကျေနပ်ပဲ အလုပ်မဆင်းကြပဲ နေခဲ့ကြတယ်လေ...။ ဒါကို လုပ်အားခ ရှင်းရင် ဒီရက်အတွက်မပေးဘူးလို့ပြောတယ်။ အဲဒီကနေ တင်းမာလာတာ မနေ့က (နိုဝင်ဘာလ ၂၄ ရက်)နေ့မှာ ဘာအပြစ်မှ ရေရေရာရာ မရှိပဲ ကျနော်တို့ လူ (၁၇)ယောက်ကို
ရာခိုင်နှုန်းကျတယ်ဆိုပြီး အလုပ်က ဖြုတ်ပစ်တာမို့ မနေ့ကတည်းက အလုပ်သမား ၃၅၀ စလုံး အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြတာဗျ။ ဒီနေ့ကတော့ တနင်္ဂနွေနေ့ဆိုတော့ ဆရာမိုးတို့ JACBA အဖွဲ့က လိုအပ်တဲ့ ထိုင်းဥပဒေပါ အခွင့်အရေးတွေကို သင်ကြားပေးတယ်လေ။ မနက်ဖြန် ထိုင်းအလုပ်သမားရုံးမှာ ဘယ်လိုပြောရမယ်ကအစ အကုန်လုံး သင်ပေးပါတယ်”ဟု ပြောပြသည်။
(Wonderful Co,ltd အထည်ချုပ်စက်ရုံကတ်ပြား)
လက်ရှိ Wonderful Co,ltd အထည်ချုပ်စက်ရုံသည် ထိုင်းဥပဒေအတိုင်း နေ့စားခ (၃၀၀) ဘတ်နှင့် အချိန်ပို ၁ နာရီလျှင် ၅၆ ဘတ်မပေးပဲ နေ့စားခ ၁၆၃ ဘတ်နှင့် အိုတီ ၁ နာရီ ၂၅ ဘတ် ပေးနေသော စက်ရုံဖြစ်သည်။ လွန်ခဲ့သော ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များကလည်း ဤ ဟန်ထိုင်းစက်ရုံ (ယခုလက်ရှိ- ၀မ်းဒါးဖူး) စက်ရုံတွင် အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့ဖူးသော မှတ်တမ်းများရှိသည်။
(မဲဆောက်မြို့၊“ဟန်ထိုင်း အထည်ချုပ်ရုံ” (လက်ရှိအခေါ်အဝေါ်- Wonderful Co,ltd)စက်ရုံရှေ့ မြင်ကွင်း)

No comments:
Post a Comment