ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 11, 2013

--မြ၀တီ ဧရိယာအတွင်းရှိ ဖောက်လုပ်ဆဲ အာဆီယံအမြန်လမ်းမှ မြန်မာအလုပ်သမားများ ထိုင်းဥပဒေအတိုင်း လုပ်အားခမရ-

> (ရှောင်တခင်ကွင်းဆင်းလာသော JACBAဆရာမိုးနှင့် အာဆီယံ အမြန်လမ်း ဖောက်လုပ်နေကြသော မြန်မာလုပ်သားအချို့  )
+(နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)+

ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့နှင့်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်သင်္ကန်းညီနောင်တိုက်နယ် ဧရိယာအတွင်းရှိ (မြ၀တီမြို့မှ ၄၅ ကီလိုမီတာခန့် အကွာအဝေးရှိသော) ဖောက်လုပ်ဆဲ အာဆီယံ အမြန်လမ်းမကြီးမှ မြန်မာအလုပ်သမား အချို့ သည် ထိုင်း အလုပ်သမား ဥပဒေပါ နေ့စားခ ဘတ် ၃၀၀ မရကြခြင်းနှင့် အခြားသော အခွင့်အရေးများလည်း ဆုံးရှုံးနေကြ ကြောင်း ယနေ့ ကွင်းဆင်း သတင်းရရှိသည်။

 (အာဆီယံ အမြန်လမ်း)

ထိုင်းကုမ္ပဏီတစ်ခုဖြစ်သော (Sky Construction Co, ltd) သည် ထိုင်းအလုပ်သမားဥပဒေအတိုင်း နေ့စားခ ဘတ် (၃၀၀)၊ တနင်္ဂနွေ အလုပ်ပိတ်ပေးမည့် (၀ါ) အလုပ်ခိုင်းစေခဲ့ပါက ပုံမှန်လုပ်အားခ၏ ၂ ဆ စသည်ဖြင့် ပေးမည်ဟု ပြောဆိုခဲ့သော်လည်း တကယ့်လက်တွေ့တွင်မူ ဤကဲ့သို့မဟုတ်ကြောင်း ကာယကံရှင် အလုပ်သမားတစ်ဦးဖြစ်သူ ကိုလင်းက ပြောဆိုသည်။ သူက “တနင်္ဂနွေနေ့ ရုံးပိတ်ရက်မှာ အလုပ်လုပ်ရင် ၂ ရက်စာ ရမယ်လို့ မူလက ပြောတယ်။ တကယ်လုပ်ကြတော့ ၁ ရက်ခွဲစာပဲ ပေး တယ်။ အလုပ်မဆင်းရင် ၂ ရက် စာဖြတ်တယ်။ ကျနော်တို့ နေ့စားခ ဘတ် (၃၀၀) လည်း မရကြဘူး။ အလုပ်ကြမ်းသမားက ၁၈၀ ဘတ်၊ ၂၀၀ ဘတ်၊ ၂၅၀ ဘတ် စသဖြင့် ရကြတယ်။ ယန္တရား ယာဉ်ကြီးမောင်းသူတွေကိုတော့ နေ့စားခ (၃၀၀) ဘတ်နဲ့ ထမင်းဖိုး (၅၀) ဘတ် ပေးတာရှိတယ်။ ဒါက တော်တော်လေး အနည်းစုပါပဲ။ တကယ်ဆိုရင် ဒီယန္တရားယာဉ်ကြီး မောင်းသူတွေ ဟာ ထိုင်းနိုင်ငံသားဆိုရင် နေ့စားခ ဘတ် (၇၀၀၊ ၈၀၀၊ ၁၀၀၀) ဘတ် ရကြတယ်ဗျ။ တခြားဥပဒေပါအခွင့်အရေး တွေလည်း မရကြပါဘူးဗျာ။”ဟု ရှင်းပြသည်။

ဤကဲ့သို့ ထိုင်းဥပဒေပါ အလုပ်သမားအခွင့်အရေးများ မရရှိကြခြင်းအတွက် အဆိုပါ အာဆီယံအမြန်လမ်း လုပ်ငန်းခွင်သို့ ယခင်လက ရှောင်တခင်ရောက်ရှိလာသော အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြစန်းဝင်းထံ အကျိုးအကြောင်း တင်ပြကြသော်လည်း ယနေ့အထိ ထူးခြားချက် မရှိကြောင်း သိရသည်။ အာဆီယံ အမြန်လမ်းသည် မြ၀တီဧရိယာမှ ကော့ကရိတ်မြို့နယ် ဧရိယာကို လမ်းအဖြောင့်အတိုင်း ခရီးတာကြုံ့သွားအောင် ဖောက်လုပ်နေခြင်းဖြစ်ပြီး ဤလမ်းမကြီး လုံးဝပြီးစ;ီပါက မြ၀တီမှ ကော့ကရိတ်မြို့အထိ ကားလမ်း ၃ နာရီ ခရီးကို ၁ နာရီခန့်ဖြင့် ရောက်ရှိနိုင်မည်ဖြစ်၏။

(ခရီးတထောက် အမှတ်တရ)
ထိုင်းဥပဒေပါ အလုပ်သမားအခွင့်အရေးများအတိုင်း မူလက ပြောထားသော်လည်း စာချုပ်စာတမ်းမရှိပဲ အလွတ်သဘော ပြောဆိုကာ အလုပ်စေခိုင်းခြင်းအတွက် ရင်ဆိုင်ရဲသော ကာယကံရှင်အလုပ်သမား အချို့ စုပေါင်းလက်မှတ်ရေးထိုးကာ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA) က ထိုင်းအလုပ်သမားဥပဒေအတိုင်;နေပြည်တော်ရှိ အလုပ်သမား ၀န်ကြီးဌာန (ဗဟို)ရုံးနှင့် နိုင်ငံတော်သမ္မတရုံး အထိ ဆက်သွယ်တိုင်ကြားရန် စီစဉ်နေကြသည်။

(ယန္တရားယာဉ်ကြီး မောင်းနှင်သူတစ်ဦး)
( တောရယ်၊ တောင်ရယ်၊ ရှုခင်းအလှတွေရယ်)

(ရှောင်တခင်ကွင်းဆင်းလာသော JACBAဆရာမိုးနှင့် အာဆီယံ အမြန်လမ်း ဖောက်လုပ်နေကြသော မြန်မာလုပ်သားအချို့  )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)