ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 17, 2013

--လူထုကျန်းမာရေး(ရှာလကာရည်၏ ဆေးဖက်ဝင်အစွမ်း)--

>
**Public Health** 
ထမင်းမစားခင် ရှာလကာရည်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်း ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ နာမည်ကျော် အနုပညာရှင် တချို့က ဆိုပါတယ်။ ရှာလကာရည်မှာ အဲဒီအကျိုးကျေးဇူး အပါအဝင် အောက်ပါ တခြားအာနိသင်တွေလည်း ရှိပါတယ်။

 (၁) အဆိပ်အတောက်ကို ပြေလျော့စေပါတယ်

 ရှာလကာရည်မှာ သဘာဝ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းအများအပြား ပါဝင်တာကြောင့် ကိုယ်တွင်း အဆိပ်အတောက်ကို ပြေလျော့စေပါတယ်။ ရှာလကာရည်ဟာ အဆိပ်တွေနဲ့ ပေါင်းစပ်နိုင်ပြီး ခန္ဓာကိုယ်ကနေ ထိထိရောက်ရောက် စွန့်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။ ရှာလကာရည်ဟာ သွေးလှည့်ပတ်မှုစနစ်ကို လှုံ့ဆော်ပေးပြီး အသည်းမှာ အဆိပ်ချေဖျက်တဲ့ စနစ်ကို အကူအညီပေးလို့ပါ။ ရှာလကာရည်ဟာ သွေးသန့်စင်စေတယ်လို့ ရှေးကတည်းက ယုံကြည်ထားကြပါတယ်။ ရှာလကာရည်ဟာ ကိုယ်တွင်း အချွဲမြှေးတွေကို ပြေလျော့စေတဲ့နည်းနဲ့ အဆိပ်တွေကို ချေဖျက်ပေးသလို သားနံရည်စနစ်မှာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့နည်းနဲ့ သားနံရည်ကျိတ်တွေကို သန့်စင်ပေးပါတယ်။ သားနံရည်စနစ် ကျန်းမာနေရင် ကိုယ်တွင်းရှိ ဆဲလ်တွေထဲက အဆိပ်တွေကို ဖယ်ရှားပေးကာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။

 (၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်

 ရှာလကာရည်ဟာ သွေးတွင်း သကြားဓာတ်ကို အချိန်ကြာကြာ တည်ငြိမ်စေတာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင် ကူညီပေးသလို အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။ ကိုယ်အလေးချိန် ကျချင်ရင် ထမင်းမစားခင် ရေထဲမှာ ရှာလကာရည် လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး သောက်ပေးသင့်ပါတယ်။ ဒါမှမဟုတ် အရွက်သုပ်တွေထဲကို ရှာလကာရည် ထည့်စားသင့်ပါတယ်။

 (၃) အစာကြေညက်စေပါတယ်

 ရှာလကာရည်ဟာ အစာကြေညက်လွယ်စေတဲ့ အစွမ်းရှိပါတယ်။
 တချို့ အစားအသောက်တွေ စားပြီး အစာမကြေတာနဲ့ အစာခြေလမ်းကြောင်း ပြဿနာတွေကို သက်သာစေသလို အစာစားတိုင်း ရှာလကာရည် ထည့်စားပေးတာကြောင့် နာတာရှည်ရင်ပူတဲ့ ဝေဒနာကိုလည်း သက်သာစေပါတယ်။

 (၄) အရေပြား ပြဿနာတွေကို သက်သာစေပါတယ်

 ရှာလကာရည်ကို နေ့စဉ်သောက်တာကြောင့် အသားအရေကို ကြည်လင် ရှင်းသန့်စေတယ်လို့ တချို့မှတ်တမ်းတွေအရ သိရပါတယ်။ ဝက်ခြံပေါက်လွယ်တဲ့ အသားအရေအတွက် ရှာလကာရည်ကို သုံးနိုင်ပါတယ်။ ရှာလကာရည် တစ်ခွက်နဲ့ ဆားခါးတစ်ခွက်ကို ရောပြီး ကြက်သီးနွေးရေထဲ ထည့်ချိုးရင် အရေပြားရှိ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။ ဒါက နှင်းခူလို အရေပြားပြဿနာတွေကို သက်သာစေပါတယ်။  

(၅) ကြွက်နို့ပျောက်စေပါတယ် 

 ရှာလကာရည်ကို ကြွက်နို့ကုသဖို့အတွက် အိမ်တွင်းကုထုံးအနေနဲ့ သုံးပါတယ်။ ရှာလကာရည်ကို ဝါဂွမ်းစကို နှစ်ပြီး ကြွက်နို့နေရာမှာ လိမ်းပြီး ပတ်တီးစည်းထားပါ။ တစ်ညလုံး ထားပါ။ ကြွက်နို့ပျောက်တဲ့အထိ ညတိုင်း ဆက်တိုက်လုပ်ဆောင်ပေးပါ။ 

 (၆) နာမကျန်းမှုကို သက်သာစေပါတယ် 

 ရှာလကာရည်ဟာ အဖြစ်များတဲ့ နာမကျန်းမှုကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ ရှာလကာရည်မှာ ပိုးသတ်အာနိသင်ရှိလို့ပါ။ 

 (၇) ဆံကေသာကို နူးညံ့ပျော့ပျောင်း စေပါတယ်

 ရှာလကာရည်ရဲ့အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ အဆီတစ်အက်စစ်ဟာ ဆံပင်သားမှာ ကပ်ညိနေတဲ့ ကွန်ဒီရှင်နာနဲ့ ဆံပင်လိမ်းဆီတွေကို ကင်းစင်စေပြီး ဆံပင်သားကို သန်စွမ်းကာ ဆံပင်သားနူးညံ့တောက်ပစေပါတယ်။ ဒါ့အပြင် ဆံပင်သားမှာ ကပ်ညိနေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေပြီး ဗောက်ပျောက်စေကာ ဆံပင်သားရဲ့ စံ အဆင့်ကို ဟန်ချက်ညီစေပါတယ်။ ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သားကို ရေအေးဆေးပြီးတာနဲ့ ရှာလကာရည်အနည်းငယ် လိမ်းပေးပါ။ ဆံပင်သားကို ပိုမိုတောက်ပစေပါတယ်။ ဒါပေမဲ့ နေ့တိုင်း မသုံးသင့်ပါဘူး။ ဆံပင်ခြောက်သွားချိန်မှာ အနံ့ပျောက်သွားပါလိမ့်မယ်။ 

 +ကြယ်စင်+ 

by Good Health

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)