**အလုပ်သမားရေးရာ သင်တန်းပေးရန် ရန်ကုန်မြို့သို့ မြန်မာသံရုံး၏ အလုပ်သမားရေးရာ
ကော်မတီဝင် ယနေ့ထွက်ခွာ**
+(ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၃- ရဲရင့်အောင်)+
မြန်မာနိုင်ငံ ရန်ကုန်မြို့တစ်နေရာ၌ အလုပ်သမားရေးရာ သင်တန်းကျင်းပရာတွင် ထိုင်းနှင့် မြန်မာ အလုပ်သမား ပြဿနာ အခြေအနေများနှင့် ဥပဒေအရ ဖြေရှင်းပုံများကို နှိုင်းယှဉ်းပြီး ချိန်ထိုး သုံးသပ်နည်းပြပေးရန်အတွက် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားရေးရာ ကော်မတီဝင်၊ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မီ (JACBA) ဥက္ကဌ ဆရာမိုး (ခေါ်) ဦးမိုးကြိုးသည် ယနေ့ နံနက်ပိုင်းတွင် ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့မှ စတင်ခရီး ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
ဦးမိုးကြိုးသည် ရန်ကုန်မြို့၌ ရှိနေစဉ်ရက်ပိုင်းအတွင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ လုပ်ဖော်ကိုင်ဖက် အချို့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အလုပ်သမဂ္ဂအဖွဲ့အစည်းအချို့၊ တောင်သူလယ်သမားသမဂ္ဂအချို့ စသည်တို့နှင့် အလွတ်သဘော တွေ့ဆုံရန်ရှိသကဲ့သို့ မြန်မာ သတင်းမီဒီယာအချို့နှင့်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ လတ်တလောအခြေအနေများနှင့် ယင်းတို့၏ မိသားစုဝင် ရွှေ့ပြောင်းကလေးငယ်များအကြောင်း ရှင်းလင်းပြောပြမည်ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့ကလည်း မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ပြည်ပအကိုင်ကြီးကြပ်ရေး ကော်မတီ၏ ဖိတ်ကြားချက်အရ နေပြည်တော်တွင်ကျင်းပသော အစည်းအဝေးတစ်ရပ်ကိုလည်း ဦးမိုးကြီးက ထိုင်းနိုင်ငံ ကိုယ်စားလှယ်တစ်ဦးအဖြစ် တက်ရောက်ရှင်းပြခဲ့သေးသည်။
Photo-(၂၀၁၂မေလ၁၈ရက်နေ့ မဲဆောက်မြို့ SD Fashion Co,ltd(အရပ်အခေါ်-ချန်ပီယံသိုးမွှေးစက်ရုံ)မှအလုပ်ဖြုတ်ခံရသောတရုတ်နိုင်ငံသား-ယောင်ချုမ်းဝေအား၆လစာနစ်နာကြေးရရှိအောင်JACBAကထိုင်းအလုပ်သမားဝန်ကြီးဌာန မဲဆောက်မြို့နယ် အလုပ်သမားကာကွယ်ရေးရုံး (ဆာဝါဒီကန်)မှာဆောင်ရွက်ပေးခဲ့စဉ်က---ဦးမိုးကြိုး၊-ယောင်ချုမ်းဝေ၊ကနေဒါနိုင်ငံသားမြန်မာ့မိတ်ဆွေကောင်း--စတီဗင်(ခ)စိုးစံ)
**အလုပ်သမားရေးရာ သင်တန်းပေးရန် ရန်ကုန်မြို့သို့ မြန်မာသံရုံး၏ အလုပ်သမားရေးရာ
ကော်မတီဝင် ယနေ့ထွက်ခွာ**
+(ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၃- ရဲရင့်အောင်)+
မြန်မာနိုင်ငံ ရန်ကုန်မြို့တစ်နေရာ၌ အလုပ်သမားရေးရာ သင်တန်းကျင်းပရာတွင် ထိုင်းနှင့် မြန်မာ အလုပ်သမား ပြဿနာ အခြေအနေများနှင့် ဥပဒေအရ ဖြေရှင်းပုံများကို နှိုင်းယှဉ်းပြီး ချိန်ထိုး သုံးသပ်နည်းပြပေးရန်အတွက် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားရေးရာ ကော်မတီဝင်၊ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မီ (JACBA) ဥက္ကဌ ဆရာမိုး (ခေါ်) ဦးမိုးကြိုးသည် ယနေ့ နံနက်ပိုင်းတွင် ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့မှ စတင်ခရီး ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
ဦးမိုးကြိုးသည် ရန်ကုန်မြို့၌ ရှိနေစဉ်ရက်ပိုင်းအတွင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ လုပ်ဖော်ကိုင်ဖက် အချို့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အလုပ်သမဂ္ဂအဖွဲ့အစည်းအချို့၊ တောင်သူလယ်သမားသမဂ္ဂအချို့ စသည်တို့နှင့် အလွတ်သဘော တွေ့ဆုံရန်ရှိသကဲ့သို့ မြန်မာ သတင်းမီဒီယာအချို့နှင့်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ လတ်တလောအခြေအနေများနှင့် ယင်းတို့၏ မိသားစုဝင် ရွှေ့ပြောင်းကလေးငယ်များအကြောင်း ရှင်းလင်းပြောပြမည်ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့ကလည်း မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ပြည်ပအကိုင်ကြီးကြပ်ရေး ကော်မတီ၏ ဖိတ်ကြားချက်အရ နေပြည်တော်တွင်ကျင်းပသော အစည်းအဝေးတစ်ရပ်ကိုလည်း ဦးမိုးကြီးက ထိုင်းနိုင်ငံ ကိုယ်စားလှယ်တစ်ဦးအဖြစ် တက်ရောက်ရှင်းပြခဲ့သေးသည်။
No comments:
Post a Comment