ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၄) ကို နိုဝင်ဘာ၃၀ရက်က ယှဉ်ပြိုင်ကစားတဲ့ အခါ ဘိုင်ယန်မြူးနစ်တို့က အိမ်ကွင်း မှာ ဂိုးပြတ်သွင်းအောင်ပွဲခံနိုင်ခဲ့သလို လေဗာကူဆင်တို့ကလည်း ပြတ်သား တဲ့ ရလဒ်နဲ့ နိုင်ပွဲယူပြီး တန်းစီဇယား ဒုတိယနေရာမှာ ခိုင်မြဲစွာ ရပ်တည်နေ ဆဲဖြစ်ပါတယ်။
**ဘိုင်ယန်မြူးနစ်နှင့် ဘရန့်ဝှစ်**
အခုချိန်ထိ ဒီနှစ်ဘွန်ဒက်စ်လီဂါ မှာ ရှုံးပွဲမရှိသေးတဲ့ ဘိုင်ယန်မြူးနစ် ဟာ အခုပွဲမှာလည်း ကစားကွက် အသာစီးနဲ့ ဖိအားပေးကစားနိုင်ခဲ့ပါ တယ်။ ဘိုင်ယန်မြူးနစ်ဟာဒီပွဲမှာ အပိုင်ကန်သွင်းခွင့် ရှစ်ကြိမ်ရရှိခဲ့ပြီး နှစ်ဂိုးရရှိခဲ့ပါတယ်။
**လေဗာကူဆင်နှင့် နုရင်ဘတ်**
အိမ်ကွင်း ရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်ဟာ အခုပွဲကိုလည်း နိုင်ပွဲရရှိရေး ဖိဖိစီးစီး ကစားခဲ့ပါတယ်။ အဓိက ပွဲထွက် ကစားသမားတွေအစုံအလင်နဲ့ ရင် ဆိုင်ခဲ့တဲ့ လေဗာကူဆင်ဟာ ပွဲချိန် ၃၆ မိနစ်မှာ ပယ်နယ်တီဧရိယာအတွင်း မှ ဟောင်မင်သန်က သွင်းယူခဲ့လို့ လေဗာကူဆင်တို့ အဖွင့်ဂိုးရရှိခဲ့ပါ တယ်။ဆက်လက်ပြီး၇၆မိနစ်မှာ ကယ် စထရိုရဲ့ပေးပို့မှုကတစ်ဆင့် ဟောင်မင် သန်က ပဲသွင်းယူခဲ့လို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြန်ပါတယ်။ ပွဲချိန်၄၇မိနစ် က ကစ်စလင်းက တစ်ဂိုးသွင်းခဲ့တာမို့ ပွဲ အပြီးမှာ လေဗာကူဆင်က သုံးဂိုး ပြတ်နဲ့ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပါတယ်။
**မိန့်ဇ်နှင့် ဒေါ့မွန်**
ဒေါ့မွန်ဟာအခုပွဲမှာ အကောင်း ဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး မိနစ် ၇၀ မှာ အူဘာမီလန်က ဒေါ့မွန်အတွက်အဖွင့် ဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ၇၄ မိနစ်မှာ မိုတင်းက ချေပဂိုးသွင်းယူခဲ့ ပေမယ့် ၇၈ မိနစ်မှာ လီဝမ်ဒေါစကီး က ပယ်နယ်တီကန်သွင်းယူပြီး ဂိုးရရှိ ခဲ့တာမို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။ ၉၄မိနစ်မှာ ပယ်နယ်တီက တစ်ဆင့် လီဝမ်ဒေါစကီးက တစ်ဂိုးထပ်မံသွင်း ယူခဲ့တာမို့ ပွဲအပြီးမှာ ဒေါ့မွန်က သုံးဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပါ တယ်။ ။
+မိုးမြင့်လင်းလက်+
(ရော်ဘင်ဂိုးသွင်းအပြီးဘိုင်ယန်မြူးနစ်ကစားဖော်များဂုဏ်ပြုနေကြစဉ်)

No comments:
Post a Comment