>
လီဗာပူးအသင်း၏ ကွင်းလယ်ကစားသမား
လူးကက်စ်အနေဖြင့် ပရီမီယာလိဂ်၏ လက်ကျန်ပွဲစဉ်များနှင့်
စပ်လျဉ်း၍ သတိပေးပြောကြားခဲ့ပြီးနောက် တိုက်စစ်မှူးး
လူးဝစ်ဆွာရတ်ဇ်သည်လည်း ယခုထက်ပိုမိုစွမ်းဆောင်ရည်
ပြည့်ဝသည့် ကစားသမားဖြစ်လာနိုင်ကြောင်းပြောကြား
ခဲ့သည်။
လူးဝစ်ဆွာရတ်ဇ်သည် ပြီးခဲ့သည့်ရာသီမှစတင်ကာ
ပွဲပယ်ပြစ်ဒဏ် ၁၀ ပွဲကျခံခဲ့ရသော်လည်း ယင်းပွဲပယ်
ပြစ်ဒဏ်မှ ပြန်လည်ကစားလာနိုင်ချိန်တွင်လည်း ယခင်က
ကစားခဲ့သည့်စွမ်းဆောင်ရည် ကျဆင်းခြင်းမရှိဘဲ လီဗာ
ပူးအသင်းအားခရစ်္စမတ်ကာလတွင် ပရီမီယာလိဂ်အမှတ်
ပေးဇယား၏ ထိပ်ဆုံးတွင် ဦးဆောင်နိုင်ရေးအတွက်
လိဂ်ပြိုင်ပွဲ ၁၂ ပွဲကစားခဲ့ပြီးနောက် ၁၉ ဂိုးအထိ သွင်းယူ
ပေးနိုင်ခဲ့သည်။
ထို့အပြင် ဥရုဂွေးကြယ်ပွင့် လူးဝစ်ဆွာရတ်ဇ်သည်
ဒီဇင်ဘာလအတွင်း ပရီမီယာလိဂ်၏စံချိန်သစ်တစ်ရပ်တင်
နိုင်ခဲ့ပြီး၁၉၉၂ ခုနှစ်မှစတင်ကာ တစ်လတာကာလအတွင်း
၁၀ ဂိုးအထိသွင်းယူနိုင်စွမ်းရှိသည့် ပရီမီယာလိဂ်ပထမ
ဆုံးကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။
တိုက်စစ်မှူးလူးဝစ်ဆွာရတ်ဇ်သည် အသင်းအတွက်
အနိုင်ဂိုးများကိုသွင်းယူပေးနိုင်ခဲ့သည့်အပြင် အသင်းခေါင်း
ဆောင်စတီဗင်ဂျာရတ်ဒဏ်ရာပြဿoနာကြောင့် မပါဝင်နိုင်
ခဲ့သည့်ပွဲစဉ်များတွင် အသင်းခေါင်းဆောင်တာဝန်ကိုပါ
ထပ်မံထမ်းဆောင်ခဲ့ရသည်။

ဆောင်စတီဗင်ဂျာရတ်ဒဏ်ရာပြဿသနာကြောင့် မပါဝင်နိုင်

ထပ်မံထမ်းဆောင်ခဲ့ရသည်။ လူးဝစ်ဆွာရတ်ဇ်သည် ယခုနှစ်
ဘောလုံးရာသီ၏ ပထမဆုံးပရီမီယာလိဂ် ပွဲစဉ် ငါးပွဲတွင်
ပွဲပယ်ခံထားရပြီး ပါဝင်ကစားခွင့်ရရှိလာချိန်တွင် ၁၉ ဂိုး
အထိ သွင်းယူလာနိုင်ခြင်းကြောင့် စီရိုနယ်လ်ဒို၊ မက်ဆီ
စသည့် ကစားသမားများ၏အဆင့်ရှိကြောင်းနှင့် လက်ရှိ
တွင် ဆွာရတ်ဇ်သည် ကမ်္ဘာတွင် အကောင်းဆုံး ကစားသမား
ငါးဦးစာရင်းဝင်ဖြစ်နေကြောင်း လီဗာပူးကွင်းလယ်
ကစားသမား လူးကက်စ်ကပြောကြားခဲ့သည်။
+ငွေကြယ်+

No comments:
Post a Comment