ဒုတိယတန်း
ဆန်းဆန်းပြားပြား စိတ်ဝင်စား
အားကျနုပျို ဗိုလ်ပုချို ဇာတ်လမ်းမှာ ... ။
ဗိုလ်ပုချို ... တဲ့
မိုးကိုပျံတဲ့ ၀တ်ရုံ
ဒုက္ခစုံကို ကယ်တင်
ဘ၀င်ခိုက်တုန်း လူမိုက် လူဆိုးဆိုရင်မုန်း ... ။
ပဉ္စမတန်း
ဆဋ္ဌမတန်း
လမ်းပေါ်မှာ လျှောက်ရင်း
ရုပ်ရှင်ကြည့်ရင်း
ပစ်ခွင်းတဲ့ မြားကစူးနစ်
ချစ်စရာဗီဇနဲ့ ရွှေဘကို တွေ့ခဲ့ ... ။
ရွှေဘ ... ကွ
ရိုးအတဲ့ တောသားတွေကို ချစ်
မဟုတ်တာဖြစ်ရင်မခံ
လက်သီးမာန် အားပြင်း
စာရင်းရှင်းရင် ရွှေဘ နိုင်တယ်
အမှန်တရား နိုင်တယ်
ပရိဿသတ်အလယ်က ပိတ်ကား ၀င့်ကြွားနေခဲ့ ... ။
လုပ်ငန်းနဲ့ လူမှုကိစ္စ ဘ၀နဲ့
ရုန်းကန်ခြင်း အားသွင်းနေတဲ့ ကျွန်တော့်အနား
ယခုအချိန်များမှာ မိတ်သစ်များ ပိုရပေမယ့်
ဗိုလ်ပုချိုနဲ့ ရွှေဘကို အလွမ်းပိုမိ
အခါခါ တမ်းတနေမိ အခါခါ ... ။
+ငြိမ်းစိုးဦး+
( May ; 26 ; 1989 ) ရုပ်ရှင်မျက်မှန် မဂ္ဂဇင်း ဇန်န၀ါရီလ ၊ ၂၀၀၉ - ခုနှစ်။
ဤကဗျာတွင်ပါဝင်သောဇာတ်ကောင် ဗိုလ်ပုချိုမှာ ကာတွန်းဇာတ်ကောင်ဖြစ်ပြီး ယခုခေတ် superman နှင့် တူပါတယ် ။ ( ဒီလုံး လို့လည်း ရှိပါသေးတယ် ။ ) ရုပ်ရှင်မင်းသားကြီး ဦးရွှေဘမှာမူ ရိုးသားသောမြန်မာကျေးလက်သားတို့ရဲ့ ကိုယ်ပွားသဖွယ် အနိုင်ကျင့်သူများကို ခုခံကာကွယ်ပေးတဲ့ ဇာတ်ရုပ်ဖြစ်ပါတယ် ။ မင်းသားကြီးဟာ ဇာတ်ကတဲ့အခါ ရောက်ရာဒေသများမှာမြန်မာ့ရိုးခြင်းလုံး ကစားခြင်းကို ကိုယ်တိုင်ဝင်ရောက်ခတ်ကစား အားပေးတတ်သူလည်းဖြစ်ပါတယ် ။ ဒါက ကဗျာထဲက ဇာတ်ရုပ်များရဲ့ခေတ်အကွာအဝေးလို့ ပြောရင်ရပါလိမ့်မယ် ။

No comments:
Post a Comment