ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 29, 2013

--ချစ်ဝေဒနာတွေအပြည့်နဲ့မြစ်ဧရာရဲ့ မျက်ရည်တွေ--

>
ချစ်ဝေဒနာတွေအပြည့်နဲ့မြစ်ဧရာရဲ့ မျက်ရည်တွေ
ဂန္ဓ၀င်ဆန်တဲ့ ဘိုးဘေး ဘီဘင် ၊ ရှေးရာဇ၀င်နဲ့ပေါင်းဖက်
ပျက်သုဉ်းကာနီး သဘာဝ ပတ်ဝန်းကျင်ကို လက်ချင်းဆက်
 အတောင်ပံမဲ့ ပျံသန်းလာတဲ့ အနာဂတ်မှာ ယုံကြည်ပျော်မွေ့လျက်
 သွေးသားရင်းချာများ ရင်ခွင်မှာ အထီးမကျန်တဲ့ အတိတ်က မြစ်ဧရာ..။

သမိုင်းဟာ ယူနီဖောင်းလို ၀တ်လိုက် ချွတ်လိုက် အသွင်အမျိုးမျိုးပြောင်းလဲ
ဧရာဝတီက ထာဝရ မပြောင်းမလဲ ရင်ထဲစီးဆင်း
အမိရင်ခွင်ကို ချစ်တဲ့ အပြစ်မဲ့ကလေးလို မြေပြင်မှာ လဲလျောင်းနေခဲ့တယ်...။

 စနစ် မြစ်နဒီ လမ်းကြောင်းတလျောက် တိုက်စား သယ်ဆောင်လာတဲ့
 နုံးမြေပေါ်က ကိုင်းပင်တွေလို စိမ်းလန်း ငြမ်းချမ်းရေး စိတ်ကူးများနဲ့ ရှင်သန် သက်ဝင်
 မြောက်အရပ် ဆံထုံးမှသည် တောင်အရပ် ခြေဖျားအထိ
 ခြေဆုံး ခေါင်းဆုံး အပြုံးပန်းများ ဖူးပွင့် အားလုံးရဲ့ ဆို့နင့်ကြေကွဲခြင်းများကို
 ပျော်ရွှင်ခြင်း အသွင်ကူးပြောင်းဖို့ ပေးဆပ်ရဲရင့် သတ္တိရှိတဲ့ မိခင်နဲ့တူသော မြစ်ဧရာ..။

 မြစ်ဧရာဟာ... ကျေးငှက်များရဲ့ သဘာဝ အဖော်မွန်
 ငါးများရဲ့ဘ၀ဧည့်ဂေဟာ လူသားများရဲ့ အသက်မွေးလမ်းကြောင်း
အမိမြေရဲ့သတို့သမီးလောင်း ဟောင်းနွမ်း ဆိတ်သုဉ်းခြင်းနဲ့ အသစ်ထပ်လောင်း ဖြစ်တည်မှုများရဲ့ရေသောက်မြစ်...။

 သတို့သမီးလောင်းကို တိုင်းတပါး လူမျိုးခြားလက်ထဲ ထိုးအပ်လို့
 မြစ်ကြောင်းတွေမှာ သွေးချောင်းစီးခဲ့
စစ်သမိုင်းကြောင်း ဧရာဝတီက ကောင်းကောင်းသိတယ်..။

 ကျေးရွာအိုးအိမ် လူများကို အဓ္ဓမပြောင်းရွေ့လဲ
 ငါတို့ရဲ့ မျိုးချစ်စိတ်တွေကို သူတို့ဖိနှိပ်ပြီး အသွင်ပြောင်းလို့မရဘူး မြစ်ဧရာ
.. ကမ္ဘာဦးအစမှာ အာဒံက ဧ၀ကို နုညံ့သိမ်မွေ့စွာချစ်သလိုမျိုး
မင်းကို ငါချစ်တယ် မြစ်ဧရာ..။

 ကမ္ဘာပျက်ခါနီးမှာ စူဆိုက်ဗုံးသမားတစ်ယောက်က
 တိုင်းပြည်ကို မိုက်ရူးရဲဆန်စွာချစ်သလိုမျိုးလည်း မင်းကို ငါချစ်တယ် မြစ်ဧရာ..။

အခုတော့..ရာဇ၀င်ကို ကိုင်ပေါက်
သမိုင်းတွေက ချိုင်းထောက်နဲ့ တရုတ်သိုင်းကားမှာ စစ်ဗိုလ်ချုပ်များ ဇာတ်လိုက်လုပ်
 မြစ်ဧရာ နှလုံးသားကို ခွဲထုတ်နေတယ်...။

ြ ပိုလဲ ပျက်စီးစဲ အနိဋာရုံ မြင်ကွင်းများကြည့်ရင်း
ခမ်းခြောက်ခါနီး ဧရာဝတီ ပါးပြင်မှာ စီးဆင်းနေတာ
 အဲဒါ ရေတွေ မဟုတ်ဘူး...၊

မင်းတို့ ငါတို့နဲ့ ခွဲခွာရခါနီး
ငိုကြွေးနေတဲ့ ချစ်ဝေဒနာတွေအပြည့်နဲ
့ မြစ်ဧရာရဲ့ မျက်ရည်တွေ.......။

+အောင်ခိုင်မြင့်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)