>
ကာယဗလဦးရှိန်သည် အလေးမအားကစားခြင်းဖြင့်
မြန်မာကိုကမ်္ဘာကသိစေခဲ့သောပုဂ်္ဂိုလ်ဖြစ်သည်။ အလေးမ
ခြင်းဖြင့်လည်း အမျိုးသားစိတ်ဓာတ်ကို နိုးကြားစေခဲ့သည်။
အင်္ဂလိပ်အစိုးရလက်ထက်ကပင် အစိုးရအရာရှိအလုပ်ကို
ငြင်းပယ်ခဲ့ပြီး ကာယဗလလောကကို ထူထောင်ကာ
ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လွတ်လပ်ရေးတိုက်ပွဲကို
ဆင်နွှဲခဲ့သူဖြစ်သည်။ ထို့ကြောင့် သူ့အကြောင်းကို ယနေ့
ခေတ်လူငယ်များ သိသင့်လှ၏။
ကာယဗလဦးရှိန်ကို ၁၂၅၄ခုနှစ် တပို့တွဲလပြည့်ကျော်
၂ရက် ကြာသပတေးနေ့တွင် ရန်ကုန်မြို့ဘုန်းကြီးလမ်း၌
ဦးဖိုးဆိတ်နှင့် ဒေါ်ဖွားစိန်တို့က မွေးဖွားခဲ့သည်။ ၁၉၀၅
ခုနှစ်တွင် ရန်ကုန်မြို့ ကုန်တိုက်အနီးရှိ မက်သဒစ်
ကျောင်း၌ စနေခဲ့သည်။ ထိုစဉ်က (၇)တန်းပြဆရာမှာ
ဆာပေါ်ထွန်းဖြစ်သည်။(၇)တန်းအောင်သောအခါ ရှေ့နေ
ရုံးတွင် တစ်နှစ်လုပ်ပြီး ဘီအိုစီရုံးတွင် (၂)နှစ်လုပ်ခဲ့သည်။
ထို့နောက်ဝီလျံဂျက်ကုမ်္ပဏီတွင် ၀င်ရောက်အလုပ်လုပ်ခဲ့
သည်။
ကာယဗလဦးရှိန်သည် ၁၉၁၁ ခုနှစ်နိုဝင်ဘာ ၁၁
ရက်တွင် စတင်၍ အလေးမခဲ့သည်။ ထိုစဉ်က မြန်မာ
လူမျိုးများထဲမှ အလေးမသူ မရှိသေး၍ စာအုပ်များကို
ဖတ်ပြီး လေ့ကျင့်ခဲ့ရသည်။ ထိုကုမ်္ပဏီမှ ရှစ်ပေါင်ရှိသော
အလေးပြားက၀ို ယ၍် ပသုံ ငွ်း ပြီး အလေးမခသဲ့ ည။် အလေးကို
မရခြင်း၏ ရည်ရွယ်ချက် တိုင်းပြည်နိုးကြားမှု၊ အကျင့်
စာရိတ်္တကောင်းမှုနှင့် မြန်မာတို့၏သတ်္တိကို ဖော်ထုတ်
ပြသလိုသောကြောင့်ဖြစ်၏။
ဒုတိယကမ်္ဘာစစ်မဖြစ်မီက ကမ်္ဘာက မြန်မာကို မသိရှိ
ကြပေ။ ထိုအချိန်တွင် မြန်မာလူမျိုးကို ကမ်္ဘာက သိရှိစေရန်
ကာယဗလဦးရှိန်သည် အလေးမအားကစားခြင်းဖြင့်
သိရှိအောင်ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ဦးဇော်ဝိတ်သည်
(၁၇)နှစ်သာရှိပြီး ဦးရှိန်ထံလာရောက်ပြီး တပည့်ခံကာ
အလေးမခသဲ့ ည။် ၁၉၃၅ ခနု စှ တ် ငွ် ဦး ရနှိ န် ငှ့် ဦး ဇောဝ် တိ တ့ို
ဆရာတပည့်နှစ်ယောက် အိန်္ဒိယသို့သွားကာ အလေးမ
ပြိုင်ပွဲဝင်ခဲ့ပြီး အရွေးခံရသဖြင့် ဂျာမနီနိုင်ငံ ဘာလင်မြို့
အိုလံပစ်ပြိုင်ပွဲတော်သွား၍ အလေးမပြိုင်ပွဲဝင်ခဲ့သည်။
ထိစု ဥက် အနိ ယိ္ဒ နငို င် ၏ံ ကယို စ်ားသွားခရဲ့ သဖြင့် မြနမ်ာလမျူိုး
ဟူ၍မသိကြ၊ အိန်္ဒိယလူမျိုးဟူ၍ သတ်မှတ်ကြ၏။
ထိုအိုလံပစ်ပွဲတော်အပြီးတွင်မှ မြန်မာလူမျိုး၏ဇွဲသတ်္တိကိုလည်း ကမ်္ဘာက
သိရှိသွားသည့်အပြင် တိုင်းပြည်အတွက် အများကြီး
လုပ်စရာတွေရှိသေးကြောင်း အမြင်ကျယ်လာကြသည်။
၁၉၃၅ခုနှစ်တွင် အိန်္ဒိယပြည်၌လည်းကောင်း၊ ၁၉၃၆
ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌လည်းကောင်း ဦးဇော်ဝိတ်
နှင့် သွားရောက်ယှဉ်ပြိုင်ခဲ့၍ ကာယဗလလောကတွင်
မြန်မာကို ကမ်္ဘာက သိစေခဲ့ပါသည်။
စစ်ပြီးခေတ် ၁၉၅၁
ခုနှစ်၌ အိန်္ဒိယပြည် ဒေလီမြို့၌ ပထမအာရှဗိုလ်လုပွဲ
ကျင်းပ၍ တတိယဆု(၃) ဆုကိုရရှိခဲ့သည်။ ဒုတိယအကြိမ်
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ တပ်ကြပ်ကြီးထွန်းမောင်နှင့်
မောင်မောင်လွင်တို့အား ၀င်ရောက်ယှဉ်ပြိုင်စေရာ ငွေ
တံဆိပ်ဆု (၂)ခုရရှိခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဖင်လန်
နိုင်ငံ၌ ကျင်းပသောအိုလံပစ်ပွဲတွင် ဆုမရဘဲ ၁၉၅၄ ခုနှစ်
သြစတြေးလျနိုင်ငံ ဗီယာနာမြို့၌ ကျင်းပသော ကမ်္ဘာ့
ချန်ပီယံရွေးပွဲတွင် တပ်ကြပ်ကြီးထွန်းမောင်သည် တတိယ
ရရှိခဲ့သည်။၁၉၅၅ခုနှစ် ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင်
၁၄၈တန်း၌ တပ်ကြပ်ကြီးထွန်းမောင် တတိယရရှိပြန်
သည်။ ၁၉၅၆ ခုနှစ် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင်
ကျင်းပသော အိုလံပစ်ပြိုင်ပွဲတွင်လည်းကောင်း၊ ၁၉၆၀
ခုနှစ် ဂျပန်နိုင်ငံတွင် ကျင်းပသော အိုလံပစ်ပြိုင်ပွဲများတွင်
လည်းကောင်း နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။
ကာယဗလ ဦးရှိန်သည် အသက်အရွယ်ရသည့်တိုင်အောင်
စကားပြောရာ၌လည်းကောင်း၊ အလုပ်လုပ်ရာ၌လည်း
ကောင်း လူငယ်များလို ဖျတ်လတ်သွက်လက်သည်။ သူ၏
ကျန်းမာရေးအလေ့အထမှာ ၀မ်းချုပ်မခံ၊ ၀မ်းနုတ်သည်။
ဆရာကြီးရွှေဥဒေါင်းသည် ကာယဗလဦးရှိန်ထံမှ ၀မ်းနုတ်
သော အလေ့အထကိုယူပြီး ၀မ်းချုပ်မခံဘဲ ၀မ်းနုတ်လေ့
ရှိသည်။
ကာယဗလဦးရှိန်သည် အသက်(၂၀)အရွယ်က
စ၍ စာအလွန်ဖတ်ခဲ့ကာ ငယ်စဉ်ကဗိုလ်တထောင် ၆၁
လမ်းမှ ဘားနပ်ပိဋကတ်တိုက်သို့ နေ့စဉ်နံနက်တိုင်း
ခြေကျင်သွား၍ စာဖတ်သည်။ အင်္ဂလိပ်သတင်းစာကို
အမေရိကန်မှ တိုက်ရိုက်မှာ၍ ကြည့်သည်။ ညီဖြစ်သူ
ဦးစိန်(ဦးပဂျီငို)ကို အိန်္ဒိယသို့ ခေါ်သွားကာ သတင်းစာ
လုပ်ငန်းများကို လေ့လာစေပြီး တိုးတက်ရေးသတင်းစာ
ထုတ်ဝေခဲ့သည်။ အသက်ကြီးလာသောအခါ လောကုတ်္တရာ
စာပေများကို လေ့လာခြင်း၊ စာအုပ်ထုတ်ဝေခြင်း၊ ကမ်္မဋ္ဌာန်း
ထိုင်ခြင်း အလုပ်များဖြင့် အချိန်ကို ကုန်လွန်စေခဲ့သည်။
+မကွေးလှမြင့်+

No comments:
Post a Comment