ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 25, 2013

--အတွေး~~ဖြင့်~~နယ်လွန်---

>

သစ္စာရှိခြင်းက တွေ့ရခြင်း မြင်ရခြင်းနဲ့ မသက်ဆိုင်ပါ။ နောက်ကွယ်မို့ ရှေ့တင်မို့ နဲ့လဲ မသက်ဆိုင်ပါ။ အခြေအနေအရ၊ မတော်တဆ ဆိုတာမျိုးလဲ မဟုတ်ပါ။ ကိုယ်ကျင့်တရား သာဖြစ်သည်။ မြင်ပါ တွေ့ပါ များပေမယ့် မရိုးအီနိုင်တဲ့ ဇာတ်လမ်းများထဲ မိန်းမသား မို့လား မသိ ယောက်ျားမြင်ရင်ဖြင့် သစ္စာရှိပါ့မလား သာ တွေးတွေး နေမိသည်သာ။ ယောက်ျားရယ် မိန်းမရယ်မဟုတ် ဖောက်ပြန်သူသည် ဖောက်ပြန်သူသာ။ သို့ပေသော်လဲ မိန်းမသားဆိုတာ အားငယ်တက်ပေတော့ ဒါကို တွေးတွေး ပြီး လန့်နေကာ မြင်လေသမျှ သံသယ တွေချည်း ဝင်နေတော့တာ။ ချစ်သူက ချစ်ခွန်းဆိုလဲ ဒါမဟုတ်နိုင် တစ်စုံတစ်ရာအတွက် အကြောင်းရှာနေခြင်းလား လို့ ထင်ယောင်ထင်မှား။ ပတ်ဝန်းကျင်တကာ မြင်လေသမျှလဲ အပြန်အလှန် ဖောက်ပြန်နေကျ သတဲ့လေ။ ဘုရား ဘုရား..။ ထိုလူ မျက်နှာလဲ သေချာကြည့်ပြီး ဟုတ်မှ ဟုတ်ပါ့မလား...။ သူက ယောက်ျားကောင်း လင်သားကောင်း ဆိုပါတော့။ ဘာမှ ပြောစရာ မရှိအောင် မိသားစု အပေါ်တာဝန်ကျေတာလေ.။ ဇနီးအပေါ်လဲ သိတက် သားသမီး အပေါ်လဲ ချစ်တက် ပါရောလား.။ ဒီလို လူမျိုးလား ဖောက်ပြန်မှာ။ ဘာကြောင့် ဖောက်ပြန်ရမတဲ့လဲ..။ အဖက်ဖက်က ပြည့်စုံတဲ့သူ ဘာမှ ပြောစရာ မရှိအောင် အေးချမ်းတဲ့ မိသားစုလေ.။ ကဲ အကြောင်းပြချက်ပေးပါဦး နဲ့ ..ကိုယ့် ကိုယ်ကို မေးခွန်းထုတ်နေတာ..။ မျက်စိနဲ့ မြင်ပြန်တော့လေ မယုံလို့ မရနိုင်။ နားနဲ့ ဆတ်ဆတ် ကြားတော့လဲ မဟုတ်ဘူးလို့ မငြင်းနိုင်။ ရင်ထဲမှာ ဝမ်းပန်းတနည်း ငိုချင်သလိုရယ်။ မဆိုင်တဲ့အရာပေမယ့် ဆိုင်သလိုပဲ ခံစားနေရတာ သူ့ရဲ့ မိသားစုကိုယ်စား နာကျင်လိုက်တဲ့ ဖြစ်ခြင်းရယ်..။ ဘာကြောင့်များပါလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ထိုသူကတော့ သူကိုယ်တိုင်တောင် မသိနိုင်ဘူး ထင်ပါရဲ့..။ ထိုကဲ့သို့ သူတွေ ဘယ်လောက်များများ ရှိနေလဲ...။ ယုံထင်ကြောင်ထင်နှင့် ပတ်ဝန်းကျင် က မြင်မြင်သမျှသော အိမ်ထောင်ရှိ ယောက်ျားများကို အတူတူပဲလား သူတို့လဲ ဒီလိုပဲလား..ဆိုတဲ့ အကြည့်မျိုးနဲ့ မကြာ မကြာ ကြည့်မိနေတော့တာ။ သူတို့ သိပ်ချစ်တာ မြင်ရင်ပဲ ဟင့်အင်း ဒါ ဟန်ဆောင်နေကြတာ..။ အိမ်ထောင်ဆိုတာ တစ်ခါ တစ်လေတော့ ပြဿနာ ရှိမှာပဲလေ.ဒါကို ဒီနည်းနဲ့ ဖြေရှင်းနေကြတာလား..။ ဘာများလဲ ဘာများလဲ နဲ့ ဒီမေးခွန်းကို အဖြေထုတ်ဖို့ ကြိုးစားနေတာ...။ ကိုယ့် ရေမြေ မဟုတ်တော့လဲ ပတ်ဝန်းကျင်က သေးတယ်လေ..။ ဘယ်ဘက်လက် လှုပ်တာ ညာဘက်လက် မသိအောင် ရှောင်တိမ်းဖို့ လွယ်တယ်...။ ဟော ကိုယ့်ရေမြေမှာရော..အမလေး ပိုတောင်ဆိုသေး ဆိုတာတွေ ကြားလာရပြန်..။ ဒီလို သံသယတွေ ကြားမှာ ဘယ်လို နေရပါ့....။ ဘာကို ကြည့်ပြီးယုံကြည်ရမယ်မှန်း မသိ..။ ဘာကို ကြည့်ပြီး စွပ်စွဲရမယ် မှန်းလဲ မသိ..။ သူတို့ပဲ တော်တာလား ကိုယ်ကပဲ ညံ့တာလား..။ အိမ်ထောင်ရေးဟာ ကြာလာရင် ပျင်းစရာကောင်းသတဲ့..။ ယောက်ျားဖြစ်သူဟာ ငြီးငွေ့လာတက်သတဲ့..။ အပြင်မှာ အပျော်အပါး ရှာတက်လာတက်သတဲ့..။ ကိုယ်တိုင်ကတော့ အိမ်မှာ ဘာမှမသိ သူကတော့ အပြင်မှာ လုပ်ချင်တာလုပ် ပြန်လာချိန်ကျ သူ့အပြင် ချစ်တက်တာ နှစ်ယောက်မရှိပြန်တဲ့...။ လက်ထပ်သွားကြတဲ့ သူငယ်ချင်းတွေ တွေ့ပြန်တော့လဲ သူတို့ အလိမ်ခံရတော့မယ် အလိမ်ခံရတော့မယ် ဆိုတဲ့ အတွေးနဲ့..။ ချစ်သူက လက်ထပ်စို့လို့များ ပြောလာရင် မကောင်းသတင်းပြောသလို သူက ငါ့ကို အပိုင်လို အိမ်မှာထား ပြီး အပြင်မှာ သူလုပ်ချင်ရာ လုပ်မှာလေ ဆိုတဲ့ အတွေးနဲ့..သူ့မျက်နှာကို သရဲ တစ္ဆေမြင်သလို ကြည့်မိပြန်..။ ဒါနဲ့ပဲ... ဒါနဲ့ပဲ...... ဒီသံသယတွေ ကြား မလွတ်မြောက်နိုင်သ၍တော့ ~~~~~~~~~~။ 

+အိမ်မက်စေရာ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)