ဒီဇင်ဘာ ၂၉ ရက် ညပိုင်းက ကစားခဲ့သော နယူးကာဆယ်အသင်း နှင့် အာဆင်နယ်အသင်းတို့၏ ပွဲစဉ် တွင် အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သော တိုက်စစ် မှူး အိုလီဗာဂီရောက်သည် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် တိုက်စစ် မှူးအသစ်တစ်ဦးခေါ်ယူရန်မလိုအပ် ကြောင်းနှင့် သီယိုဝဲလ်ကော့နှင့် ပိုဒေါ စကီးတို့သည်လည်း အာဆင်နယ် အသင်း ဖလားရရှိရေးအတွက် အကောင်းဆုံးကစားနိုင်ကြောင်း ပြော ကြားခဲ့သည်။ ထို့အပြင် ဇန်န၀ါရီဈေးကွက် အတွင်း တိုက်စစ်မှူးအသစ်တစ်ဦး မ၀ယ်ယူရန် အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးကိုလည်း တိုက် စစ်မှူးဂီရောက်က တောင်းဆိုခဲ့သည်။ တိုက်စစ်မှူး ဂီရောက်၏သွင်းဂိုးဖြင့် နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့ သည့် ပွဲစဉ်(၁၉)မတိုင်မီ သြထငညိါပေ တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် (၁၈)တွင် ၀က်စ်ဟမ်းအသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်နေရာမှ လူစားလဲဝင်ရောက်လာသည့် ပိုဒေါ စကီး၏သွင်းဂိုးတစ်ဂိုး၊ ၀ဲလ်ကော့၏ သွင်းဂိုးနှစ်ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် အာဆင်နယ်အသင်း၏ တိုက်စစ်ပိုင်းအတွက် နောက်ထပ် ကစားသမားအသစ် ခေါ်ယူစရာမလို ကြောင်းနှင့် လက်ရှိတိုက်စစ်မှူးများ သည်လည်း အရည်အချင်းရှိကစား သမားများဖြစ်ကြောင်း ဂီရောက်က ပြော ကြားခဲ့သည်။
(အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးနှင့်တိုက်စစ်မှူးဂီရောက်)
အာဆင်နယ်အသင်းတွင်
တိုက်စစ်ကစားသမားများ အကောင်း
မွန်ဆုံးအနေအထားတွင်ရှိနေသော်
လည်း ကွင်းလယ်ပိုင်းတွင် အားထား
ရသည့် အိုဇေးလ်သည် ၀က်စ်ဟမ်း
အသင်းနှင့်ပွဲစဉ်တွင် ပခုံးဒဏ်ရာ
ရခဲ့ခြင်းကြောင့် ကာဒစ်ဖ်အသင်းနှင့်
ကစားမည့်ပွဲစဉ်နှင့် လန်ဒန်မြို့ခံ
ပြိုင်ဘက်စပါးအသင်းနှင့် ကစားရ
မည့်အက်ဖ်အေဖလားတတိယအဆင့်
ပွဲစဉ်တို့တွင် လွဲချော်ရန်ရှိနေပြီး ဇန်န
ဝါရီ ၁၃ ရက်တွင် ကစားမည့် အက်စ်
တွန်ဗီလာနှင့် ပွဲစဉ်တွင် ပါဝင်လာဖွယ်
ရှိကြောင်းသိရသည်။+ငွေကြယ်+ (အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးနှင့်တိုက်စစ်မှူးဂီရောက်)

ရှိကြောင်းသိရသည်။+ငွေကြယ်+

No comments:
Post a Comment