ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 2, 2014

--အိုဘယ့် အနော်ရထာ၊ သင် ဘယ်ဘုံဘ၀မှာလဲ၊ ငါတို့ကို လွတ်လပ်ရေးပေးအုံး--

>
** ပုဂံပြည်မှ ဆုံးရှုံးခဲ့ရသော ၉၇၀ ခုနှစ်မြောက် လွတ်လပ်ရေးနေ့ အမှတ်တရ **

`အိုဘယ့် အနော်ရထာ၊ အသင် ဘယ်ဘုံဘ၀မှာလဲ၊ ငါတို့ကို လွတ်လပ်ရေးပေးအုံး (လွတ်လပ်ရေးအတို့ကို ပေးပါခလှဲ့)´

ဤအသံဗလံများက ယခုအခါ စကြာဝဠာအနှံ့ ကျယ်ပြန့်စွာထွက်ပေါ်၍ လာပါသည်တမုံ့။ မလာလို့ ခံနိုင်ရိုးလား။ ဟိုးလွန်ခဲ့သည့် အေဒီ (၁၀၄၄)ခုနှစ်က ပုဂံပြည်ကြီးကို သိမ်းပိုက်စိုးမိုးအုပ်ချုပ်ခဲ့သော အနိရုဒ္ဓ (ခေါ်) အနော်ရထာ ဘုရင်၏ (၃၃)နှစ်တာ ပဒေသရာဇ် အုပ်ချုပ်ရေးအတွင်းမှ အဖိနှိပ်ခံ နတ်ဒေ၀တာများ၊ အရည်းကြီးများ၊ လူများက နှစ်ပေါင်း ၉၇၀ ခုနှစ် ကြာပြီဖြစ်သော ယခုအခါ တဖန်ပြန်လည်၍ လွတ်လပ်ရေး တောင်းလာကြပါပြီကောလား။ ကိုင်း- ကိုင်း၊ နားထောင်လက်စနဲ့ ဆက်ပြီးနားထောင်ကြပါအုံး။ ဟော…. ပုဂံပြည်သားတွေပြောကြာတာက….။ `ဗျို့… အိုဘယ့် အနော်ရထာ ဆိုသူကြီးရေ…။ ခင်ဗျားရဲ့ ကောင်းမှုတော် ပုဂံပြည်က ရွှေစည်းခုံစေတီကြီး အပါအ၀င် ခင်ဗျားရှေ့က ဘိုးလောင်းတော် ဘေးလောင်းတော်တွေဖြစ်ကြတဲ့ ပျူစောထီးမင်းရဲ့ ကောင်းမှုတော် ဗူးဘုရားတို့၊ ခင်ဗျားနောက်က သားမြေးတွေဖြစ်ကြတဲ့ ကျန်စစ်သားမင်းရဲ့ ကောင်းမှုတော် အာနန္ဒာ ဘုရား၊ အလောင်းစည်သူမင်းရဲ့ ကောင်းမှုတော် သဗ္ဗညု ဘုရား၊ အဖသတ်မင်း- နရသူရဲ့ ဓမ္မရံကြီး ဘုရားတွေ အပါအ၀င် ရှိရှိသမျှသော ပုဂံက ဘုရားမှန်သမျှဟာ န၀တ၊ နအဖ ဆိုတဲ့ စစ်မိစ္ဆာ ကောင်တွေရဲ့ လက်ချက်နဲ့ ရှေးဟောင်းဘုရားဆိုတဲ့ အမည်ပဲရှိပြီး အတွင်းက ရှေးဟောင်းဌာပနာမှန်သမျှကို စစ်မိစ္ဆာကောင်တွေရဲ့ ဘဏ္ဍာဖြစ်စေခဲ့ပြီမဟုတ်လား။ ဒီတော့ကာ သင့်ဆီက ဆုံးရှုံးသွားတဲ့ လွတ်လပ်ရေးကို ငါတို့က အခုတောင်းပြီ။ အဲဒါသင်ပေးဖို့ ပြင်ပေတော့ အနော်ရထာ။´ ဟော… ဟိုဘက်က ပုဂံပြည်သား နတ်စိမ်းများ ပြောကြားတာကိုလည်း တချက်နားထောင်ကြည့်ပါအုံး။ `ဗျို့… အိုဘယ့်အနော်ရထာ၊ အတို့ (ငါတို့)ဟာ သင်နတ်လှောင်ချိုင့်ထဲ ထည့်သွင်းပြီး အကျဉ်းချထားခဲ့တဲ့ အယူတိမ်းလို့ ဂျတ်ပိန်း (အဲလေ) အယူတိမ်းလို့ နတ်စိမ်းဖြစ်ကြသူတွေပဲဟေ့။ အသင်က ငါတို့ကို တခြားပုဂံပြည်သားတွေလို နတ်စိမ်းဆိုပြီး မကိုးကွယ်ချင်ရင်တောင် ဘော်ဒါအပေါင်းအသင်း ကဏ္ဍအနေနဲ့ အထာထားရင်တောင် အခုလို လွတ်လပ်ရေးတောင်းဆိုမှာ မဟုတ်ဘူး။ သင်ကသာ နတ်လှောင်ချိုင့်တွေ ဘာတွေနဲ့ (နတ်ထောင်)ဆိုပြီး လုပ်ထားခဲ့ပေမယ့် သင့်သားတော် ကျန်စစ်သားမင်းလက်ထက်ကျတော့ ငါတို့ကို ပြန်လည်လွတ်လပ်ခွင့်ပေးခဲ့ရတယ် မဟုတ်လား။
ဟော… အခု ၂၀ ရာစုနဲ့ ၂၁ ရာစုကိုပဲကြည့်….။ ငါတို့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်ဆိုသူ လူ ၁၀ ယောက်ရှိရင် လူ (၆-၇) ယောက်လောက်ဟာ ဟိုးတကောင်းခေတ်က အစိမ်းသေ သေခဲ့တဲ့ ပန်းပဲ မောင်တင့်တယ် နတ်စိမ်းကို အိမ်ဦးခန်းမှာ ဘာပဲဖြစ်ဖြစ် ချိတ်ဆွဲကြရတာပဲ မဟုတ်လား။ အဲဒါ ငါတို့ ပုဂံခေတ်ထက် စောတဲ့ တကောင်းခေတ်က နတ်စိမ်းဟ။ ဟော… သင်ကတော့ ငါတို့ကို နတ်လှောင်ချိုင့်တွေ ဘာတွေ လုပ်ခဲ့ပေမယ့် အခု န၀တ၊ နအဖ တွေအသုံးချလို့ လူတွေ အယူလွဲအောင် ငါတို့ နတ်စိမ်းတွေကိုပဲ ပြန်ပြီးဇန်းတင်ရတာမဟုတ်လား။ အဲဒါကြောင့်…. ၂၁ ရာစု နိုင်ငံရေးဗေဒမှာ `အယူသည်းမှ အရူးသီ´မှာမို့လို့ ပေးကွလွတ်လပ်ရေး။ မပေး… ပေး… ပေး… ပေး… ပေး… ပေး…. ပေး… လွတ်လပ်ရေးပေးကွ။´ ဟိုးအဝေးတနေရာမှာ စုရုံး စုရုံးရပ်နေကြတဲ့ အရည်းကြီးများကလည်း တစခန်းထပြန်သည်။ `ဗျို့… အိုဘယ့် အနော်ရထာ၊ သင့်နောင်တော် ကျည်းစိုးမင်း၊ စုက္ကတေးမင်းတို့ကတောင် ငါတို့ရဲ့ အရည်းကြီးသာသနာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုခဲ့ရသေးတာ သင့်လက်ထက်(အေဒီ ၁၀၄၄-၁၀၇၇)ကျခါမှ သထုံပြည်က ရောက်လာတဲ့ မိုးကျရွှေကိုယ် ရှင်အရဟံကို အားကိုးပြီး (ထေရ၀ါဒဗုဒ္ဓဘာသာ)လေးဘာလေးနဲ့။ အခု န၀တ၊ နအဖ စစ်မိစ္ဆာတွေခေတ်မှာ ရေပန်းစားလှတဲ့ ဗေဒင်၊ လက္ခဏာ၊ ယတိယတြာ၊ ဂါထာ၊ အင်းအိုင်၊ လက်ဖွဲ့၊ မန္တရား၊ စတာတွေဟာ `ရေငုပ်၊ မီးလှုံ၊ တုံးခုန်၊ ဇယ်ခတ်´ဆိုတဲ့ လမ်းစဉ်တွေကို ဆောင်ရွက်ခဲ့တဲ့ ငါတို့အရည်းကြီး သာသနာဝင်တွေရဲ့ အလုပ်တွေပဲကွ။ မင်း လက်ထက်မှာ ငါတို့ရဲ့ ဆုံးရှုံးခဲ့တဲ့ လုပ်ငန်းဆောင်တာတွေနဲ့ လွတ်လပ်ရေးကို အခု တောင်းပြီကွ။ ဒီတော့ ပေးဆိုရင် အခုပေး… လွတ်လပ်ရေးပေး´ အဲဒီနောက် လွန်ခဲ့သော အေဒီ ၁၁ ရာစု ဆီမှ ပုဂံပြည်သားများဖြစ်ကြသော နတ်စိမ်းများ၊ အရည်းကြီးများ၊ ပြည်သူပြည်သားများတို့သည် အေဒီ ၁၀၄၄ ခုနှစ်က ဆုံးရှုံးခဲ့ရသော လွတ်လပ်ရေးကြီးအတွက် ယခု ၂၀၁၄ခုနှစ်ဇန်န၀ါရီလ ၄ ရက်နေ့တွင် စကြာဝဠာသမဂ္ဂ အဆောက်အအုံကြီးရှေ့၌ ၉၇၀ နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ထိုင်လိုက် ထလိုက်၊ ကုန်းလိုက်၊ ကွလိုက်၊ အနေအထားပေါင်းစုံဖြင့် သပိတ်တိုက်ပွဲ ဆင်နွဲကြလေကုန်သတည်း။ ။

 ကြံဖန်ရေးသားသူ- ဆန်တာကလော့စ် (ခေတ္တ- အင်္ဂပူ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)