ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 2, 2014

--ပြယ်လွင့်သွားတဲ့ ပျော်ရွှင်ခြင်း--

>
ကြယ်လေးတစ်ပွင့် ငါ့ကောင်းကင်မှာ ခုန်ဆင်းကြွေကျခဲ့ဖူးတယ်။ အဲဒီနေ့ကို ငါ မေ့လို့မရဘူး။ ကစဥ့်ကလျားဖြစ်နေတဲ့ ဘ၀ရဲ့ သီအိုရီတွေထဲမှာ ခဏတာ ဆင်းသက်လာတဲ့ ကြယ်ပွင့်လေး ကြောင့် ပျော်ရွှင်ခြင်းတွေကို ငါ … ယာယီပိုင်ဆိုင်ခွင့် ရခဲ့တယ်။ ရက်စက်လိုက်တာလို့ မပြောရက်ပါဘူး။ လုပ်ရက်လိုက်လေခြင်းဆိုပြီးလည်း အပြစ်မတင်ရက်ဘူး။ လှည့်စားခဲ့တယ်လို့လည်း အတွေးမ၀င်ချင်ပါဘူး။ မင်း… ထားရစ်ခဲ့တဲ့အတိုင်း ကိုယ်တိတ်တိတ်လေး နေခဲ့တာပါ။ ၀မ်းနည်းကြေကွဲမှုတွေကို မင်း … ပေးတဲ့ အမှတ်တရ လက်ဆောင်အဖြစ် ကိုယ့်ရင်ထဲမှာ ထာဝရ သိမ်းဆည်းထားမှာပါ။ နာကျင်ခဲ့တယ်ဆိုရင်တောင် ကိုယ်ကျေနပ်ပါတယ်။ မင်း.. ပေးခဲ့တဲ့ အင်မတန်နည်းပါးလွန်းတဲ့ ပျော်ရွှင်ခြင်း(မင်း.. ကိုယ့်ကို အစစ်အမှန် မပေးခဲ့ဘူးလို့ ထင်တာပဲ)တွေကို အမြတ်တနိုး တန်ဖိုးထား နေမှာပါ။ ကိုယ် မင်းကို အရမ်းယုံကြည်ခဲ့ပါတယ်။ တန်ဖိုးလည်း ထားခဲ့ပါတယ်။ ပုလဲရတနာလေးတစ်ပါးလို အမြတ်တနိုးကိုးကွယ်ခဲ့တယ်။ ကိုယ့် ရင်ထဲမှာရှိတဲ့ အရာအားလုံးကို ပုံအောပြီး ပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ပြန်ရလိုက်တဲ့အရာကတော့ ……………………………. ကိုယ်… မင်းကို အပြစ်မတင်ရက်ပါဘူး။ နာကျင်မိတာတော့ အမှန်ပဲ။ နှလုံးသားတစ်ခုလုံး သွေးချင်းချင်းနီမြန်းခဲ့ပြီလေ။ မချိပြုံးလေး ပြုံးရုံကလွဲပြီး ကိုယ်… ဘာမှလည်း မတတ်နိုင်ခဲ့ပါဘူး။ အဝေးကနေ တမ်းတလွမ်းမောခွင့်လေးနဲ့ပဲ ကျေနပ်နှစ်သိမ့်လိုက်ရမှာပါ။ မင်းကို.. ပေးဆပ်ခွင့် ရခဲ့အတွက်လည်း အရမ်းပဲ ပျော်ရွှင်ခဲ့ရပါတယ်။ အဲဒီနေ့ရက်လေးတွေကို ထာဝရထုတ်ပိုး သိမ်းဆည်းထားမှာပါ။ ကိုယ်နဲ့အတူ ရှိနေရင် မင်း … စိတ်အနှောင့်အယှက်အရမ်းဖြစ်တယ်။ မပျော်ရွှင်ဘူးဆိုတာ ကိုယ် သိပါတယ်။ အားနာပါးနာနဲ့ လိုက်လျောဆက်ဆံပေးခဲ့တယ်ဆိုတာ ကိုယ် .. နားလည်ပါတယ်။ အဲဒီအတွက်လည်း မင်းကို ကျေးဇူးတင်ပါတယ်။ မမေ့နိုင်ဘူးဆိုတာ သိနေတော့လည်း မေ့ပျောက်ဖို့ မကြိုးစားတော့ပါဘူး။ မင်းအတွက် ကိုယ်ဟာ အရေးမပါတဲ့ လူသားတစ်ဦး ဖြစ်နေပေမယ့် ကိုယ့်အတွက်တော့ မင်းဟာ ကိုယ့်ဘ၀ရဲ့ ဟိုးးးးးးးးအနက်ရှုင်းဆုံး၊ အမြင့်မြတ်ဆုံး၊ တန်ဖိုးအရှိဆုံး အရာတစ်ပါးပါပဲ။ လူတစ်ယောက်ဆီမှာ ဒီလောက်ထိ ပျော်ဝင်နစ်မျော ကျဆုံးသွားမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ မင့်းရဲ့ ပျော်ရွှင်ခြင်းဟာ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းဖြစ်ခဲ့ပြီး မင့်းရဲ့ ၀မ်းနည်းပူဆွေးမှုက ကိုယ့်အတွက် အကြီးမားဆုံး သောကဖြစ်ခဲ့ရတယ်။ မင်း …. နေမကောင်းဘူး၊ စိတ်ညစ်တယ်ဆိုရင် ကိုယ်ပဲ အဲဒီဝေဒနာတွေ၊ သောကတွေကို ယူလို့ရရင် လွှဲပြောင်း ယူပေးချင်ပါတယ်။ နံနက်ခင်းနေရောင်ခြည်နဲ့အတူ နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ အဦးဆုံးသတိရမိတာ မင်း…အကြောင်းပါပဲ။ ဒီလိုပါပဲ.. မျက်စိနှစ်ကွင်းပိတ်ပြီး ညအိပ်ရာဝင်တော့မယ်ဆိုရင်လည်း မင်း…အကြောင်းကိုပဲ တွေးတောမိနေတတ်ခဲ့တယ်။ နှစ်ယောက်အတူ လျှောက်ဖူးတဲ့ လမ်းမတွေ၊ အတူထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်ကို ဖြတ်လျှောက်မိတိုင်း ကြေကွဲစွာ ပြုံးနေရပြီ။ တိုက်ဆိုင်မှုတွေ ရှိတိုင်း မင်း..ကို သတိရလွမ်းဆွတ်မိနေတတ်ပြီ။ အိပ်မက်လေး မက်နေတုန်းက သာယာကြည်နူးနေပြီး အိပ်မက်က လန့့်နိုးတော့မှ အပျော်တွေ လေနှင်ရာ လွင့်ပါသွားခဲ့ရတယ်။ လူဆိုတာကလည်း ပိုင်ဆိုင်ခွင့်မရှိခင်တုန်းက မပိုင်ဆိုင်ရကောင်းလားဆိုတာ မရှိပေမယ့် ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ဆုံးရှုံးလိုက်တော့မှ လက်လွှတ်ဆုံးရှုံးလိုက်ရလေခြင်းဆိုတဲ့ အတွေးတွေနဲ့ … နာကျင်ပင်ပန်းလိုက်တာ။ ကိုယ့် ရင်တွင်းဥယျာဉ်ထဲမှာ အလွမ်းသစ်ပင်လေး ရှင်သန်ကြီးထွားနေလိုက်တာ..ဘယ်တော့မှ မညှိုးခြောက်တော့မယ့် ပုံစံနဲ့။

+မိုးနေ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)