ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 1, 2014

-- နှင်းစိုမှာစိုးတယ်--

>
ကိုယ်တို့နှစ်ယောက် နှစ်ရှည်လများမတွေ့ခဲ့ရသူတွေလို တစ်ယောက်ကို တစ်ယောက်မျက်တောင် မခတ်တမ်း စိုက်ကြည့်နေကြတာ မိနစ်ကြာနေပြီ…။ တကယ်လည်း မတွေ့ဖြစ်ကြတာ နည်းနည်းတော့ကြာခဲ့ပါပြီလေ…..။ ကိုယ့်ကို မင်း ဆောင်းအိပ်မက်တစ်ခုလာပေးနေတာတော့ မဟုတ်ပါဘူးနော် အိန်ဂျယ်….။ မင်းဆံပင်တွေက အရင်လိုပဲ ခပ်တိုတိုကြမ်းကြမ်း… မင်းမျက်ခုံးတွေထူထဲမဲနက်နေကြလို့ မင်းမျက်ဝန်းတွေ အရောင်တောက်ပဆဲ… မင်းနှုတ်ခမ်းတွေစိုရဲဆဲပါပဲ…။ နှင်းပွင့်တွေလို ကြည်လင်တောက်ပဖြူစင်နေဆဲ မင်းအသားအရေတွေ… မင်းမေးရိုးအထက်မှာ ခရမ်းရောင်နဲ့အစိမ်းရောင်သွေးကြောမျှင်လေးတွေက အသည်းယားစွာ ယှက်သန်းနေကြဆဲ….။ ကိုယ့်လက်ဖျားနှစ်ဖက်ကို ဆုတ်ကိုင်ထားတဲ့ မင်းလက်ဖ၀ါးတွေလည်း နွေးထွေးဆဲ….။ အိန်ဂျယ်… မင်းကိုယ့်ဆီကို ဒီတစ်ခါ အပြီးပြန်လာခဲ့တာလားလို့ ကိုယ်နှုတ်ကမေးဖို့ သတ္တိမရှိခဲ့ဘူး…။ ဖြစ်နေကျအတိုင်း မင်းနဲ့ပြန်တွေ့ရလို့ ၀မ်းသာပီတိမျက်ရည်ကြည်တွေက မျက်ဝန်းနှစ်ဖက်ကနေ စိမ့်အိုင်ကျလာတယ်…။ မင်းက ကိုယ့်လက်ဖျားကိုမလွတ်ဘဲ ဆုတ်ကိုင်ထားလျက်နဲ့ မင်းလက်ဖမိုးနှစ်ဖက်နဲ့ ကိုယ့်ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးနေတယ်…။ မင်းဝတ်ထားတဲ့ အဖြူဆွတ်ဆွတ်ရှပ်အကျီင်္ဆီက မီးပူတိုက်ထားခါစ အနံ့တချို့ကိုရနေတယ်….။ ပြီးတော့ ရေချိုးဆပ်ပြာနံ့လား ဘော်ဒီစပရေးနံ့လား ကိုယ်ခွဲခြားမသိနိုင်တဲ့ လတ်ဆတ်မွှေးပျံ့တဲ့ အနံ့တစ်ခုပါရောပါရလိုက်တယ်….။ ကိုယ်သိပ်သဘောကျတာပဲသိလား…။ မင်းကလေ အမြဲတမ်းတွေ့လိုက်ရရင် အဖြူရောင်ရှပ် သို့မဟုတ် လည်ကတုံးနဲ့ ကွက်စိပ်ပုဆိုးတွေကို သပ်သပ်ရပ်ရပ်ဝတ်ထားလေ့ရှိတယ်….။
ဗာဒံပင်ခပ်အုပ်အုပ်အောက်က စားပွဲဝိုင်းမှာ ကိုယ်တို့ ပေါ့ဆိမ့်နှစ်ခွက်မှာလိုက်ကြတယ်….။ မင်းပြောပြတဲ့ ကိုယ်နဲ့မတွေ့ဖြစ်တဲ့အချိန် မင်းရဲ့ အဖြစ်အပျက်တစ်ချို့ မင်းရဲ့ဘ၀ဖြတ်သန်းချိန်ခရီးတချို့ကို ကိုယ်နားထောင်နေလိုက်တယ်…။ ကိုယ်ကတော့ မင်းနဲ့မတွေ့ဖြစ်တဲ့အချိန်တွေမှာ မင်းကိုပြောပြဖို့ ဘာမှထွေထွေထူးထူးမရှိခဲ့ဘူး…။ ကိုယ်တို့လက်ဖက်ရည်အတူသောက်နေတဲ့အချိန် ည၈နာရီခွဲလောက်မှာပဲ… ကိုယ်တို့ထိုင်နေတဲ့ဝိုင်းနဲ့ မနီးမဝေး နီယွန်မီးတိုင်ရဲ့အလင်းဖြာဖြာအောက်မှာ ရုတ်တရက် မှုန်ရီဝေသီကုန်လို့… တချိန်တည်းမှာပဲ အေးစိမ့်လာလိုက်တာ…။ အိုးးး… နှင်းတွေဝေနေတာပဲ…..။ အ၀ါရောင်အလင်းတန်းထဲမှာ ဒီဇင်ဘာရဲ့ အဖြူရောင်နှင်းပွင့်တွေက သိပ်လှတာပဲ…။ လေအေးတွေကလည်း ဝေ့၀ိုက် တိုက်ခတ်လိုက်သေးတယ်..။ လမ်းမီးရောင်ကြောင့် မင်းဆံပင်မှာ ကပ်ညှိနေတဲ့ နှင်းစက်မှုန်တွေက လင်းလင်းလက်လက်ဖြစ်နေကြတယ်….။ မင်းပေးထားခဲ့ဖူးတဲ့ မွှေးပွပ၀ါလေးထုတ်ပြီး ကိုယ်..မင်းခေါင်းကို အုပ်ထားပေးလိုက်တယ်…။ ++++++++++++++++++++++++++++++++++++++++++++++ မင်းနဲ့ကိုယ် အထဲမ၀င်ဘဲ နှင်းတွေကျနေတာကို တိတ်တဆိတ်ငေးမောကြည့်နေဖြစ်ကြတယ်…။ ကိုယ်မျက်စိမှိတ်ပြီး မိုးပေါ်မျက်နှာမော့ထားကြည့်တယ်…။ အေးစိမ့်စိမ့် နှင်းမှုန်တွေ မျက်နှာပေါ်ကို နူးညံ့စွာလာထိတာကို ခံစားနေရတယ်…..။ မင်းက ကိုယ့်မျက်တောင်ရှည်ရှည်ပေါ်မှာ တင်နေတဲ့ နှင်းပွင့်တွေကို လက်ချောင်းတွေနဲ့ ခါထုတ်ပေးနေတယ်…။ ပြီးတော့ မင်းလက်ချောင်းတွေက ကိုယ့်နှုတ်ခမ်းတစ်စုံပေါ်မှာ နွေးထွေစွာကျရောက်လာတယ်…။ နှင်းရည်ဆွတ်ပြီးအေးစက်တဲ့ ကိုယ့်အနမ်းတွေ မင်းလက်ချောင်းတွေပေါ် ကပ်ပါသွားကြပြီ အိန်ဂျယ်….။ ကြည့်စမ်း အိန်ဂျယ်… ခုလိုအေးစိမ့်တဲ့ ရာသီမှာ မင်းဖျော်တိုက်မယ့် ကော်ဖီပူပူတစ်ခွက်နဲ့သာဆို ဘယ်လောက်ပြည့်စုံလိုက်မလဲ…..။ ကိုယ်မျက်လုံးဖွင့်ကြည့်လိုက်တယ်……။ မင်း … မင်းမရှိတော့ဘူး……။ ကိုယ့်စားပွဲဝိုင်းမှာ ကိုယ်တစ်ယောက်တည်း မင်းကဘယ်ရောက်သွားတာလဲ အိန်ဂျယ်…..။ လက်ဖက်ရည်ခွက်က ကိုယ့်ရှေ့မှာတစ်ခွက် မင်းထိုင်တဲ့အရှေ့မှာလဲတစ်ခွက်ရှိနေတယ်… မင်းကရောဘယ်ရောက်သွားလဲ….။ အိန်ဂျယ်… မင်း..ကိုယ့်ကိုထားသွားခဲ့ပြန်ပြီလား……..။ ကိုယ်လေ... နှင်းတွေကို မင်းလောက်မချစ်တတ်ပေမယ့် မင်းချစ်တဲ့ နှင်းတွေကို မင်းလောက်နီးပါး ချစ်တတ်အောင်ကြိုးစားခဲ့ပါတယ်….။ ကိုယ့်အိပ်မက်တွေနှင်းစိုမှာ ကိုယ်မကြောက်ပါဘူး…..။ ဒါပေမယ့် နှင်းတောထဲမှာထိုင်ရင်း မင်းဆံပင်တွေနှင်းစိုလို့ နေမကောင်းဖြစ်မှာတော့စိုးတယ်ကွယ်….။ 

+မိုးငွေ့+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)