**ဟာသာဘာလင်ကို အနိုင်ရရှိပြီး ခုနစ်ပွဲကစားရန် ကျန်နေသေးသော်လည်း ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်လီဂါဖလား (၂၄) ကြိမ်မြောက် ဆွတ်ခူး**

ဂျာမန်ဘွန်ဒက်လီဂါကလပ်ဘိုင်ယန်မြူးနစ်အသင်း သည် ဘွန်ဒက်လီဂါပွဲစဉ်(၂၇)အဖြစ် မတ် ၂၅ ရက်ညပိုင်း က ဟာသာဘာလင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ဟာသာဘာလင်အသင်းအား သုံးဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ ယင်းသို့ ဘိုင်ယန်မြူးနစ်အသင်းသည် ဟာသာ ဘာလင်အသင်းအား အနိုင်ရရှိခဲ့ပြီးနောက် ဘွန်ဒက်လီဂါ ပွဲစဉ် ခုနစ်ပွဲကစားရန်ကျန်နေသေးသော်လည်း ဘွန်ဒက် လီဂါဖလားကို (၂၄)ကြိမ်မြောက်အဖြစ် ရယူဆွတ်ခူးနိုင် ခဲ့ပြီဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနှစ်ဘွန်ဒက်လီဂါ ပြိုင်ပွဲတွင် ၂၇ ပွဲကစားပြီးနောက် နိုင်ပွဲ ၂၅ ပွဲနှင့် သရေပွဲ နှစ်ပွဲဖြင့် ရှုံးပွဲမရှိစံချိန်တင်ထားနိုင်ခဲ့သည်။ လက်ရှိအချိန် တွင် ရမှတ် ၇၇ မှတ်ရရှိထားပြီး အမှတ်ပေးဇယား၏ ဒုတိယနေရာမှ ဒေါ့မွန်အသင်းကို ၂၅ မှတ်အထိ ဖြတ်ထား နိုင်ခဲ့ခြင်းကြောင့် ခုနစ်ပွဲကစားရန်ကျန်နေသေးသည့် အချိန်တွင်ပင် ဘွန်ဒက်လီဂါဖလားကို ရယူဆွတ်ခူးနိုင် ခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့်နှစ်က နည်းပြဂျက်ဟေးနက်ကိုင်တွယ်စဉ် တစ်နှစ်တည်း ဖလား သုံးလုံးရယူဆွတ်ခူးနိုင်ခဲ့သည့်အပြင် ယခုနှစ် နည်းပြ ဂွါဒီယိုလာကိုင်တွယ်ချိန်တွင်လည်း ယူအီးအက်ဖ်အေစူ ပါဖလားနှင့် ဖီဖာကလပ်ကမ်္ဘာ့ဖလားတို့ကို ဆွတ်ခူးထား နိုင်ခဲ့ပြီး လက်ရှိတွင်လည်း ခုနစ်ပွဲကစားရန် ကျန်နေသေး သော်လည်း ဘွန်ဒက်လီဂါဖလားကို ရယူနိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ယခုနှစ်ဘောလုံးရာသီတွင် ကစားသမားများ ၏ စွမ်းဆောင်ရည်ကောင်းမွန် မှုကြောင့် ချန်ပီယံလိဂ်တွင် လည်း ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းထားနိုင်ခဲ့ကာ ကွာတားဖိုင် နယ်တွင် မန်ယူနှင့်ကစားရမည်ဖြစ်ပြီး ဂျာမန် ပိုကယ်ဖလားပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်သို့တက် ရောက်လျက်ရှိရာ ၀ုလ်စ်ဘတ်အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည် ဖြစ်သည်။ ထို့ကြောင့် ယင်းဖလားများ ကိုလည်း ရယူနိုင်ရန် မျှော်လင့်ချက်ရှိနေသေးကြောင်း နည်းပြဂွါဒီ ယိုလာက ပြောကြားခဲ့သည်။
**ဆိုနီအိုးပင်းတင်းနစ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် အန်ဒီမာရေးနှင့် ဂျိုကိုဗစ်တို့ ရင်ဆိုင်တွေ့မည်**

မီယာမီ၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဆိုနီအိုးပင်းတင်းနစ် ပြိုင်ပွဲ၏ အမျိုးသားတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲတွင် ဗြိတိန် တင်းနစ်အကျော်အမော် အန်ဒီမာရေးသည် ပြင်သစ် တင်းနစ်ကစားသမား ဆွန်ဂါအား အနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်တွင် ဆာဘီးယားပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား ဂျိုကိုဗစ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ လက်ရှိဆိုနီအိုးပင်းတင်းနစ်ချန်ပီယံ အန်ဒီမာရေး သည် ပြင်သစ်တင်းနစ်ကစားသမား ဆွန်ဂါအား ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ ကမ်္ဘာ့အဆင့်(၂)နေရာရှိ ဂျိုကိုဗစ်သည် စပိန်တင်းနစ်ကစားသမား ရိုဘရီဒိုအား ၆-၃၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး တင်းနစ်အကျော် အမော် ရော်ဂျာဖက်ဒဲရားမှာမူ ရစ်ချက်ဂတ်စကွက်အား ၆-၁၊ ၆-၂ ဖြင့် ရှုံးနိမ့်ကာ ဆိုနီအိုးပင်းတင်းနစ်ဖလား ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။ အခြားပွဲစဉ်များအဖြစ် ကနေဒါတင်းနစ်ကစားသမား ရာအိုနစ်နှင့် ဂျာမနီတင်းနစ်ကစားသမား ဘက်ကာတို့ ၏ ပွဲစဉ်တွင် ရာအိုနစ်က ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ပြီး ယူကရိန်း တင်းနစ်ကစားသမား ဒိုလ်ဂိုပိုလော့ဗ်နှင့် ဆွစ်ဇာလန် တင်းနစ်ကစားသမား ဝေါရင်ကာတို့၏ ပွဲစဉ်တွင် ဒိုလ်ဂိုပိုလော့ဗ်က ဝေါရင်ကာ အား ၆-၄၊ ၃-၆၊ ၆-၁ ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာခဲ့သည်။ ရာဖေးလ်နာဒယ်နှင့် အီတလီတင်းနစ်အကျော်အမော် ဖော့ဂ်နီနီတို့ပွဲစဉ်တွင် ရာဖေးလ်နာဒယ်က ၆-၂၊ ၆-၂ ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခဲ့ပြီးဂျပန် တင်းနစ်ကစားသမား နီရှီကိုရီနှင့် စပိန်တင်းနစ်ကစား သမားဒေးဗစ်ဖာရာတို့၏ပွဲစဉ်တွင် နီရှီကိုရီက ဖာရာအား ၇-၆(၉-၇)၊ ၃-၆၊ ၇-၆(၁၁-၉)ဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတား ဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
စုစည်းဘာသာပြန် - ငွေကြယ်
**ဟာသာဘာလင်ကို အနိုင်ရရှိပြီး ခုနစ်ပွဲကစားရန် ကျန်နေသေးသော်လည်း ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်လီဂါဖလား (၂၄) ကြိမ်မြောက် ဆွတ်ခူး**
ဂျာမန်ဘွန်ဒက်လီဂါကလပ်ဘိုင်ယန်မြူးနစ်အသင်း
သည် ဘွန်ဒက်လီဂါပွဲစဉ်(၂၇)အဖြစ် မတ် ၂၅ ရက်ညပိုင်း
က ဟာသာဘာလင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီးနောက်
ဟာသာဘာလင်အသင်းအား သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်
ရရှိခဲ့သည်။ ယင်းသို့ ဘိုင်ယန်မြူးနစ်အသင်းသည် ဟာသာ
ဘာလင်အသင်းအား အနိုင်ရရှိခဲ့ပြီးနောက် ဘွန်ဒက်လီဂါ
ပွဲစဉ် ခုနစ်ပွဲကစားရန်ကျန်နေသေးသော်လည်း ဘွန်ဒက်
လီဂါဖလားကို (၂၄)ကြိမ်မြောက်အဖြစ် ရယူဆွတ်ခူးနိုင်
ခဲ့ပြီဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနှစ်ဘွန်ဒက်လီဂါ
ပြိုင်ပွဲတွင် ၂၇ ပွဲကစားပြီးနောက် နိုင်ပွဲ ၂၅ ပွဲနှင့် သရေပွဲ
နှစ်ပွဲဖြင့် ရှုံးပွဲမရှိစံချိန်တင်ထားနိုင်ခဲ့သည်။ လက်ရှိအချိန်
တွင် ရမှတ် ၇၇ မှတ်ရရှိထားပြီး အမှတ်ပေးဇယား၏
ဒုတိယနေရာမှ ဒေါ့မွန်အသင်းကို ၂၅ မှတ်အထိ ဖြတ်ထား
နိုင်ခဲ့ခြင်းကြောင့် ခုနစ်ပွဲကစားရန်ကျန်နေသေးသည့်
အချိန်တွင်ပင် ဘွန်ဒက်လီဂါဖလားကို ရယူဆွတ်ခူးနိုင်
ခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့်နှစ်က
နည်းပြဂျက်ဟေးနက်ကိုင်တွယ်စဉ် တစ်နှစ်တည်း ဖလား
သုံးလုံးရယူဆွတ်ခူးနိုင်ခဲ့သည့်အပြင် ယခုနှစ် နည်းပြ
ဂွါဒီယိုလာကိုင်တွယ်ချိန်တွင်လည်း ယူအီးအက်ဖ်အေစူ
ပါဖလားနှင့် ဖီဖာကလပ်ကမ်္ဘာ့ဖလားတို့ကို ဆွတ်ခူးထား
နိုင်ခဲ့ပြီး လက်ရှိတွင်လည်း ခုနစ်ပွဲကစားရန် ကျန်နေသေး
သော်လည်း ဘွန်ဒက်လီဂါဖလားကို ရယူနိုင်ခဲ့ပြီဖြစ်သည်။
ထို့ပြင် ယခုနှစ်ဘောလုံးရာသီတွင် ကစားသမားများ
၏ စွမ်းဆောင်ရည်ကောင်းမွန် မှုကြောင့် ချန်ပီယံလိဂ်တွင်
လည်း ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းထားနိုင်ခဲ့ကာ
ကွာတားဖိုင် နယ်တွင် မန်ယူနှင့်ကစားရမည်ဖြစ်ပြီး ဂျာမန်
ပိုကယ်ဖလားပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်သို့တက်
ရောက်လျက်ရှိရာ ၀ုလ်စ်ဘတ်အသင်းနှင့် ယှဉ်ပြိုင်ကစား
ရမည် ဖြစ်သည်။ ထို့ကြောင့် ယင်းဖလားများ ကိုလည်း
ရယူနိုင်ရန် မျှော်လင့်ချက်ရှိနေသေးကြောင်း နည်းပြဂွါဒီ
ယိုလာက ပြောကြားခဲ့သည်။
**ဆိုနီအိုးပင်းတင်းနစ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် အန်ဒီမာရေးနှင့် ဂျိုကိုဗစ်တို့ ရင်ဆိုင်တွေ့မည်**
မီယာမီ၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဆိုနီအိုးပင်းတင်းနစ်
ပြိုင်ပွဲ၏ အမျိုးသားတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲတွင် ဗြိတိန်
တင်းနစ်အကျော်အမော် အန်ဒီမာရေးသည် ပြင်သစ်
တင်းနစ်ကစားသမား ဆွန်ဂါအား အနိုင်ရရှိခဲ့ပြီးနောက်
ကွာတားဖိုင်နယ်အဆင့်တွင် ဆာဘီးယားပရော်ဖက်ရှင်နယ်
တင်းနစ်ကစားသမား ဂျိုကိုဗစ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
လက်ရှိဆိုနီအိုးပင်းတင်းနစ်ချန်ပီယံ အန်ဒီမာရေး
သည် ပြင်သစ်တင်းနစ်ကစားသမား ဆွန်ဂါအား ၆-၄၊
၆-၁ ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်သို့
တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ ကမ်္ဘာ့အဆင့်(၂)နေရာရှိ
ဂျိုကိုဗစ်သည် စပိန်တင်းနစ်ကစားသမား ရိုဘရီဒိုအား
၆-၃၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး တင်းနစ်အကျော်
အမော် ရော်ဂျာဖက်ဒဲရားမှာမူ ရစ်ချက်ဂတ်စကွက်အား
၆-၁၊ ၆-၂ ဖြင့် ရှုံးနိမ့်ကာ ဆိုနီအိုးပင်းတင်းနစ်ဖလား
ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။
အခြားပွဲစဉ်များအဖြစ် ကနေဒါတင်းနစ်ကစားသမား
ရာအိုနစ်နှင့် ဂျာမနီတင်းနစ်ကစားသမား ဘက်ကာတို့
၏ ပွဲစဉ်တွင် ရာအိုနစ်က ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိကာ
ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ပြီး ယူကရိန်း
တင်းနစ်ကစားသမား ဒိုလ်ဂိုပိုလော့ဗ်နှင့် ဆွစ်ဇာလန်
တင်းနစ်ကစားသမား ဝေါရင်ကာတို့၏ ပွဲစဉ်တွင်
ဒိုလ်ဂိုပိုလော့ဗ်က ဝေါရင်ကာ အား ၆-၄၊ ၃-၆၊ ၆-၁ ဖြင့်
အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာခဲ့သည်။
ရာဖေးလ်နာဒယ်နှင့် အီတလီတင်းနစ်အကျော်အမော်
ဖော့ဂ်နီနီတို့ပွဲစဉ်တွင် ရာဖေးလ်နာဒယ်က ၆-၂၊ ၆-၂ ဖြင့်
အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခဲ့ပြီးဂျပန်
တင်းနစ်ကစားသမား နီရှီကိုရီနှင့် စပိန်တင်းနစ်ကစား
သမားဒေးဗစ်ဖာရာတို့၏ပွဲစဉ်တွင် နီရှီကိုရီက ဖာရာအား
၇-၆(၉-၇)၊ ၃-၆၊ ၇-၆(၁၁-၉)ဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတား
ဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
စုစည်းဘာသာပြန် - ငွေကြယ်
No comments:
Post a Comment