ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 3, 2014

===ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း===

>
** ရွှေဝက်ဝံဆုရဖာတ်ကားတရုတ်နိုင်ငံ၌ မတ် ၂၁ ရက်မှစတင် ပြသသွားမည်** 

မကြာမီကမှ ရွှေဝက်ဝံဆုရရှိ ဆွတ်ခူးခဲ့သည့် ဇာတ်ကားတစ်ကား ဖြစ်သောBlack Coal, Thin Ice ဇာတ်ကားကို မတ် ၂၁ ရက်မှ စတင်ကာ တရုတ်နိုင်ငံ၌ စတင် ပြသသွားမည်ဖြစ်ကြောင်း ယင်း ဇာတ်ကား၏ ဒါရိုက်တာ Diao Yinanက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါ ဇာတ်ကားသည် (၆၄)ကြိမ်မြောက် ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် အမြင့်ဆုံးဆု တစ်ခုဖြစ်သည့် ရွှေဝက်ဝံဆုကို ရရှိ ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ယင်းဇာတ်ကား တွင် တရုတ်မင်းသားချော Liao Fan က စုံထောက်တစ်ဦးအဖြစ် ပါဝင် ထားကာ ၎င်းက အကောင်းဆုံး အမျိုးသားဇာတ်ဆောင် ငွေဝက်ဝံ ဆုကို ရရှိဆွတ်ခူးနိုင်ခဲ့သည်။ ဆက်လက်ပြီး မင်းသား Liao Fan က ““ဒီဇာတ်ကားဟာ လူတွေ ပြဿသနာတစ်ခု ကို ရင်ဆိုင်တဲ့အခါမှာ ကောင်းမွန် တဲ့ရွေးချယ်မှုကိုရွေးချယ်တတ်စေဖို့ တွန်းအားပေးထားတဲ့ဇာတ်ကားတစ် ကားဖြစ်ပါတယ်””ဟု ဆိုသည်။ အဆိုပါ Black Coal, Thin Iceဇာတ်ကားသည် တရုတ်ပြည်မကြီးမှ စတုတ်္ထအကြိမ်မြောက် ရွှေဝက်ဝံဆု ရရှိခဲ့သည့် ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။

**ပရီမီယာလိဂ်ဖလားရရှိရေး မမျှော်လင့် ကြောင်း လီဗာပူးနည်းပြ ဘရန်ဒန်ရော့ဂျာ ထုတ်ဖော်ပြောကြား**

လီဗာပူးအသင်းသည် မတ် ၁ ရက်က စိန့်မာရီကွင်း၌ ဆောက်သမ်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ပရီမီ ယာလိဂ်ပွဲစဉ်(၂၈)တွင် ဆောက်သမ်တန်အသင်းကို သုံးဂိုး ပြတ်ဖြင့် အနိုင်ရရှိကာ ပရီမီယာလိဂ်အမှတ်ပေးဇယား ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သော်လည်း ယခုနှစ် ဘောလုံးရာသီ ပရီမီယာလိဂ်ဖလားရရှိရေးကိုမူ မမျှော်လင့် ကြောင်း လီဗာပူးအသင်းနည်းပြ ဘရန်ဒန်ရော့ဂျာက ထုတ်ဖော်ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် စတုတ်စီးတီးအသင်း၏ အိမ်ကွင်းတွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် လီဗာပူးအသင်းသည် အမှတ်ပေးဇယား၏ ဒုတိယနေရာ ကို တက်လှမ်းလာခဲ့ခြင်းဖြစ်ပြီး လီဗာပူးအသင်းသည် အာဆင်နယ်အသင်းနှင့် ရမှတ်ချင်းတူညီနေသော်လည်း ဂိုးကွာခြားချက်အရ အဆင့်(၂)သို့တက်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်လည်း ပရီမီယာလိဂ် အမှတ်ပေးဇယားကို ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည့် ချယ်လ်ဆီးအသင်းနှင့် ရမှတ်လေးမှတ်ကွာဟနေသည်။ လူအများစုကလည်း ပရီမီယာလိဂ်ဖလားဆွတ်ခူး မည့် ပြိုင်ဘက်အသင်းများအဖြစ် ချယ်လ်ဆီး၊ အာဆင်နယ် နှင့် မန်စီးတီးတို့ကိုသာ ခန့်မှန်းထားသည့်အပြင် မိမိအနေ ဖြင့်လည်း အမှတ်ပေးဇယားဒုတိယနေရာရောက်ရှိလာ သော်လည်း ဖလားရရှိရေးအတွက် မျှော်လင့်ထားခြင်း မရှိကြောင်း လီဗာပူးအသင်းနည်းပြ ဘရန်ဒန်ရော့ဂျာက ထုတ်ဖော်ပြောကြားခဲ့သည်။ 

**ဂီတဆရာမတစ်ဦးဖြစ်ချင်သည့်တေးသံရှင် ကေတီဘီ** 

 တေးသံရှင် ကေတီဘီက ၎င်း၏ပထမတေးအယ်လ်ဘမ် ထွက်ရှိပြီးချိန်အထိ တေးသံရှင်တစ်ဦးဖြစ်လာရန် ရည်မှန်း ချက်မရှိခဲ့ပါကြောင်း၊ ၎င်း၏ ရည်မှန်းချက်မှာ ဂီတပညာ ရပ်ကို သင်ကြားပေးသည့် ဆရာမတစ်ဦးဖြစ်ပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ““ဂီတနဲ့ပတ်သက်တဲ့အလုပ်တွေ အများကြီးလုပ်ခဲ့ပါ တယ်၊ သီချင်းဆိုတာတွေ၊ ဂီတဖျော်ဖြေပွဲတက်တာတွေကို လုပ်ခဲ့ပါတယ်၊ ဂီတနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို သင်ကြားပေးချင်တဲ့ ဆရာမတစ်ဦးဖြစ်ချင်ရုံကလွဲပြီး ဒီ့ထက်မပိုပါဘူး””ဟု အသက်(၂၄)နှစ်အရွယ် တေးသံရှင် ကေတီဘီက ဆိုသည်။ ကေတီဘီသည် ၂၀၁၁ ခုနှစ်က On A Mission အယ်လ်ဘမ်စတင်ထွက်ရှိခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ဒုတိယ အယ်လ်ဘမ် Little Red ဖြင့် ထပ်မံအောင်မြင်မှုရယူခဲ့ပြီး တတိယအယ်လ်ဘမ်အဖြစ် "What Love Is Made Of ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖြန့်ချိနိုင်ခဲ့သည်။ ကေတီ၏ Little Red အယ်လ်ဘမ်အတွက် ဗြိတိန်တွင် ကျင်းပမည့် ဂီတဖျော်ဖြေရေးခရီးစဉ်ကို မတ်လ အတွင်း စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 **ဒိန်းမတ်နှင့် ပွဲစဉ်အတွင်းကစားသမားရွေးချယ်မှုကို လက်တွေ့စမ်း သပ်သွားမည်ဟုအင်္ဂလန်နည်းပြ ရွိုင်းဟော့ဂ်ဆန်ပြောကြား** 
အင်္ဂလန်အသင်းနည်းပြ ရွိုင်း ဟော့ဂ်ဆန်သည် မတ် ၅ ရက်တွင် ၀င်ဘလေကွင်းကြီး၌ ဒိန်းမတ် အသင်းနှင့် ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အတွင်း အင်္ဂလန်အသင်း၏ ကစားသမားရွေးချယ်မှုကို လက်တွေ့စမ်း သပ်မှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် ဇွန် ၁၂ ရက်တွင် ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် ကမ်္ဘာ့ဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ် ပြိုင်ရတော့မည်ဖြစ်ရာ ယခုပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် ခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်ဖြစ်၍ ယခုပွဲစဉ် ကစားသမား ရွေးချယ်မှုသည် အင်္ဂလန်အသင်း၏ ကမ်္ဘာ့ဖလားပြိုင်ပွဲ တွင် ရလဒ်ကောင်းတစ်ခုရရှိစေမည့် နောက်ဆုံး အခွင့်အရေးပင်ဖြစ် ကြောင်း အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဂ်ဆန်က ပြောကြားခဲ့သည်။ ရွိင်းဟော့ဂ်ကိုင်တွယ်စဉ် အိမ်ကွင်း သုံးပွဲဆက်တိုက် ရှုံးပွဲကြုံခြင်းခံခဲ့ရပြီး လက်ရှိ၎င်းင်း၏ အစီအစဉ်တွင် အတွေ့ အကြုံနုနယ်သေးသည့် ကစားသမား အချို့ကို ပွဲထွက်ကစားစေမည့် အခွင့် အရေးတစ်ရပ်ပေးရန်လည်း ဆုံးဖြတ် ထားကြောင်း သိရသည်။ ထို့ပြင်လီဗာပူးအသင်း၌ ကစားလျက်ရှိသော စတားရစ်သည် ယခုနှစ်ဘောလုံးရာသီ တွင် လီဗာပူးနှင့်အတူ ပုံမှန်သွင်းဂိုး သွင်းယူနိုင်မည်ဆိုပါက စတားရစ် အား ဘရာဇီးမြေ၌ ကစားမည့် ကမ်္ဘာ့ ဖလားပြိုင်ပွဲတွင် ထည့်သွင်းကစား စေမည်ဖြစ်ကြောင်းလည်း အင်္ဂလန် အသင်းနည်းပြ ရွိုင်းဟော့ဂ်ဆန်က ပြောကြားခဲ့သည်။ 

*Myo Sandar Maung----ငွေကြယ်*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)