>
တစ်ခုသော တနင်္ဂနွေနေ့ မနက်ပိုင်း ခြံထဲတွင် ကျွန်တော် စာဖတ်နေစဉ် တစ်အိမ်ကျော်မှ ခင်ခင်သွယ် ဟုခေါ်သော ကောင်မလေး တစ်ယောက် ရောက်လာပါသည် ။ ရောက်ရောက်ချင်း သူကမေး ပါသည်။
" အကို ခင်ခင် မလှဘူးလား "
" သိပ်လှလို့ ခက်နေတာပေါ့ ခင်ခင် "
" ဒါကိုသိရက်သားနဲ့  ခင့်ကိုဘာလို့ ဂရုမစိုက်တာလဲ "
" ဂရုစိုက်တာနဲ့  လှတာကိုအတူတွဲပြီး မတွေးနဲ့ လေ "
" မတူဘူးလား "
" မတူဘူး လှတယ်ဆိုတာ မင်းရဲ့ ကိုယ်ပိုင်အရည်အသွေး ။ ဂရုစိုက်မှုက မင်းကိုတန်ဖိုးထားတဲ့သူရဲ့ အရည်အသွေး " " ခင်နားမလည်ဘူးအကို "
" ခင့်အလှကို တန်ဖိုးထားတဲ့သူက တန်ဖိုးထားသလောက် ခင့်အပေါ်မှာ ဂရုစိုက်မှုတွေပြု လုပ်ပေးလိမ့်မယ် "
" အင်းနားလည်ပါပြီ ဒါပေမဲ့ အကိုကရော ခင့်အလှကိုအသိအမှတ်မပြုဘူးလား "
" ခင်လှတယ်ဆိုတာ အကိုသိပါတယ် ။ အကိုသိသလို တစ်ခြားယောင်္ကျားလေးတွေလည်း သိပါတယ် "
" ဒါတောင်အကိုက ခင့်ကိုမသိသလိုလုပ်နေတယ်နော် "
" အဲ့လိုမထင်ပါနဲ့ ခင် မိန်းကလေးတစ်ယောက်ရဲ့ အလှကိုကြည့်ပြီး လှတယ်လို့ ပြောရုံနဲ့  မပြီးဘူး ။အဲ့ဒီလိုအလှတွေကို ငွေကြေးတွေ စိတ်ဓါတ်တွေနဲ့  တည်ဆောက်ထားတာ "
" အကိုကလည်း စေ့စေ့စပ်စပ် လိုက်တွေးနေတယ် ခင်တောင်သတိမထားမိဘူး "
" ဒါဆိုအကိုခင့်ကိုမေးမယ် မှန်မှန်ဖြေ "
" ဟုတ်ကဲ့မေးလေအကို "
" ခင့်စိတ်ထဲမှာလှချင်တဲ့စိတ်မရှိဘူးလား "
" ရှိတာပေါ့အကို လှချင်တဲ့စိတ်ရှိလို့ အလှပြင်တာပေါ့ ။ ပြီးတော့  ခင် လှနေမှ တစ်ခြားသူတွေက ခင့်ကိုစိတ်ဝင်စားကြမှာပေါ့ "
" ဟုတ်ပြီထပ်မေးမယ် အဲ့လိုလှချင်တော့ ငွေမကုန်ဘူးလား ။ အလှပြင်ဆိုင်သွားတာတို့  အလှပြင်ပစ္စည်းတွေ ၀ယ်တာတို့  မလုပ်ရဘူးလား "
" လုပ်ရတာပေါ့အကို "
" အကိုပြောချင်တာအဲ့ဒါပဲ လှချင်တဲ့စိတ်နဲ့  ငွေကြေးကုန်ကျ မှုက သူတို့ အလှကိုပံ့ပိုးပေးထားတာ"
" နောက်ထပ်ရောအကို "
" နောက်ထပ်က သူနဲ့ လိုက်ဖက်မဲ့ အ၀တ်အစားရွေးချယ်မှုတွေပေါ့ ။ ဆံပင်ပုံစံ မျက်နှာအနေအထားအ၀တ်အစားဝတ်ဆင်မှု တွေကိုကြည့်ပြီး ဒီမိန်းကလေးလှတယ် ချောတယ်လို့  လူတွေကဆုံးဖြတ်ကြတာပဲ "
ဟုတ်ပါပြီ ခင်အဲ့လိုလုပ်တာ အကိုကသဘောမကျဘူးလား "
" သဘောကျပါတယ် ဒါပေမဲ့ ခင့်အလှနဲ့  ညီမျှတဲ့ ဂရုစိုက်မှုတော့ အကိုပေးနိုင်မှာမဟုတ်ဘူး "
" ဒါဆိုရင်အကိုက ခင်လှတာသိပေမဲ့ ခင့်ကိုဂရု မစိုက်ချင်ဘူး လို့ ဆိုလိုတာပေါ့လေ ဟုတ်လား "
" အဲ့လိုကြီး တစ်ခါထဲမဆုံးဖြတ်နဲ့ လေ ခင်ရဲ့ "
" ဘာလို့ မဆုံးဖြတ်ရမှာလဲ အကိုဂရုမစိုက်တာသိသာနေတာပဲ " " ခုခောတ် မိန်းကလေးတွေ အဲ့လိုတွေးတာကိုက ခက်နေတာပဲ ။ အဆင့်ကျော်တွေးနေတယ် တကယ်က အဲ့လိုမဟုတ်ဘူးခင်ခင်ရဲ့ "
" ပထမအဆင့် ။။ ငွေကုန်ကြေးကျခံထားတဲ့ ကိုယ့်အလှကို မိမိကိုယ်တိုင် တန်ဖိုးထားတဲ့စိတ်ကိုမွေးထားရမယ် "
" ဒုတိယအဆင့် ။။ မိမိအလှကို တစ်ဖက်ယောင်္ကျားလေးက တကယ်တန်ဖိုးထားအသိအမှတ်ပြုရဲ့ လားဆိုတာကို သေသေခြာခြာ လေ့လာရမယ် "
" တတိယအဆင့် ။။ သူ့ ဖက်က ကိုယ့်ကိုအသိအမှတ်ပြုလာပြီဆိုရင် ကိုယ့်ကို ချစ်ခွင့်တောင်းခံလာလိမ့်မယ် ။ အဲ့ဒီအချိန်မှာ သူ့ ရဲ့ စိတ်နေသဘောထား ကိုယ်ကျင့်တရား ၀တ်စားဆင်ယင်မှု ဖြစ်နိုင်ရင်သူ့ မိဘ အသိုင်းအ၀ိုင်း အခြေအနေကိုလည်း သေသေခြာခြာသိအောင်လေ့လာဖို့ လိုတယ် ။ ဘာဖြစ်လို့  လည်းဆိုတော့ ဒီအချက်က မိန်းကလေးတယောက် အတွက်တော်တော် သတိထားရမဲ့အချက် ပဲ"
သန့် သန့် ပြန့် ပြန့် ဝတ်စားရုံ စကားပြောကောင်း ရုံ ကိုယ့်အလှကို မြှေက်ပင့်ပြောဆိုရုံနဲ့  ချစ်သူအဖြစ်လက်မခံသင့်ဘူး ။။ " ဟုတ်ကဲ့ပါ အကို "
" ကိုယ့်အလှကိုလည်းတန်ဖိုးထားတယ် ။ ကိုယ့်ကိုလည်းတန်ဖိုးထားတယ် ဆိုရင် အဲ့ဒီ လူဟာ ကိုယ့် ရဲ့ စိတ်ဓါတ်နဲ့ ညီမျှတဲ့ ဂရုစိုက်မှုတွေပေးပါလိမ့်မယ်"
" အဲ့ဒီတော့ "
" ဒါက ခင် ရွေးချယ်ရမဲ့အပိုင်းလေကိုယ့်ကိုလည်းဂရုစိုက်ပြီးသူ့ စိတ်ဓါတ်ကလည်း ယောင်္ကျား ပီသတယ် ။ တစ်ဖက်သားကိုလည်း ငဲ့ညှာတတ်တယ် ။ နှစ်ဖက်မျှ ပြီး စဉ်းစားတွေးခေါ်တတ်တယ်ဆိုရင်အဲ့လိုလူကို ခင် ရွေးချယ်သင့် ပြီပေါ့ "
" အင်း ဟုတ်ပါတယ် အကိုပြောတာ ခင်တို့ မိန်းကလေးတွေက ကိုယ်ဖြစ်ချင်တာကိုပဲ တဇွတ်ထိုးလုပ်ကြတာများတယ်လေ "
" ဟုတ်တယ်ခင်ခုခောတ်မိန်းကလေးတွေမှာကိုယ့်ကိုယ်ကိုတန်ဖိုးထားတဲ့စိတ်တွေ လျော့နဲလာ ကြတာကိုတွေ့ နေရတယ် ။ နိုင်ငံခြားရုပ်ရှင် ဗွီဒီယိုတွေကလည်း အချစ်နဲ့ ပတ်သက်လာရင် မိန်းကလေးတွေ က စတဲ့ဇာတ်လမ်း တစ်ဖက်သတ်ကြိုက်တဲ့ ဇာတ်လမ်းမျိုးတွေပဲ ရိုက်ပြနေကြတော့ မိန်းကလေးအားလုံးကို သိမ်းကျုံး အပြစ်တင်လို့ မဖြစ်ဘူးလေ ။ အဓိက ကတော့ကိုယ့်စိတ်ထဲမှာ ကောင်းတာကိုအတုယူ မကောင်းတာကို ရဲရဲဝံ့ဝံ့ ပယ်တတ်တဲ့စိတ်မွေးထားဖို့ လိုတယ် "
" ဆက်ပြောပါဦးအကို "
" အခုခောတ်မှာ ယောင်္ကျားတစ်ယောက်ရဲ့  အကြောင်းကို ဃဃဏဏ မသိပဲ အချစ်တစ်ခုထဲနဲ့ ကိုယ့်ဘ၀ကိုပုံအပ်လိုက်လို့  ကိုယ့်အလှရောဘ၀ပါ ပျက်သွားကြတဲ့ မိန်းကလေးတွေဟာ အများကြီးပဲ ။ ဒီလိုမိန်းကလေးတွေကိုကြည့်ပြီ သင်္ခန်းစာယူဖို့ လိုတယ် ။ ကိုယ့်မြန်မာမိန်းကလေးသူငယ်ချင်းအချင်းချင်းလည်း ဒီလိုမျိုးတွေထပ်မဖြစ်အောင် သတိပေးထာတို့  အကြံပေးဆွေးနွေးတာလို့ လုပ်ပေးသင့်တယ် " " ဟုတ်တယ်အကို အဲ့လိုလုပ်ပေးနိုင်ရင်တော်တော်ကောင်းမယ် ကြိုတင်သတိထားမိတော့လမ်းမှားကိုမလျှောက်မိတော့ဘူးပေါ့ " " အဲ့ဒီလိုမိန်းကလေးမျိုး တွေများလာမှ မြန်မာမိန်းကလေးတွေဟာ ကိုယ့်အလှကိုတန်ဖိုးထားတဲ့ကိုယ်ကျင့်တရားပြည့်စုံတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားထိမ်းသိမ်းစောင့်ရှောက်တတ်ပြီး အိနြေ္ဒသိက္ခာပြည့်စုံတဲ့ မိန်းမလှလေးတွေအဖြစ် ကမ္ဘာကအသိအမှတ်ပြုလာကြ လိမ့်မယ် " " ဟုတ်ပါတယ်အကို "
" အကိုနောက်ဆုံးပြောချင်တာကတော့ အကိုပဲဖြစ်ဖြစ် တစ်ခြားယောင်္ကျားလေးပဲဖြစ်ဖြစ် သူ့ အကြောင်းကို သေသေခြာခြာ လေ့လာစုံစမ်းပြီးမှ ကိုယ့်ဘ၀အတွက်ရွေးချယ်ပါလို့ ပြောချင်ပါတယ်။ အပေါ်ယံလေးပဲလေ့လာပြီး ကိုယ့်ဘ၀ကို တစ်ခြားတစ်စိမ်းတစ်ယောက်ရဲ့ လက်ထဲ မျက်စိမှတ် ဇွတ်ထည့်လိုက်မိလို့  ဘ၀ပျက်သွားမှ နောင်တရတာဟာ မိန်းကလေးတယောက်အတွက် ပေးဆပ်ရတဲ့တန်ဖိုးဟာ ကြီးမားလွန်းလို့  အထူးသတိထားပါလို့  မှာလိုက်ပါရစေ .... ။
by super user

Sunday, March 30, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment