ကိုလံဘီယာကြယ်ပွင့် ရှာကီရာက သီဆိုခဲ့သည့်သီချင်းအပုဒ်တိုင်းတွင် စိတ်ပါဝင်စားစွာ နက်နက်ရှိုင်းရှိုင်း ကြိုးစားထားပါကြောင်းနှင့် ၎င်းင်း၏သီချင်း အပုဒ်တိုင်းကို မိမိကလေးကဲ့သို့ ခံစားထားပါကြောင်း ဘီလ်ဘုတ်မဂ်္ဂဇင်းသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် ရှာကီရာက ““တစ်စုံတစ်ယောက်က ထူးထူးခြားခြား ကျွန်မကို ရပ်တန့်စေချင်နေတယ်၊ ဒါကြောင့် ကျွန်မက ထုတ်လုပ်ရေးတွေ၊ သီချင်း ရေးစပ်မှုအပိုင်းတွေနဲ့ သီချင်းစီမံခန့်ခွဲမှုပိုင်းတွေမှာ ပိုပြီး တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တာပါ””ဟု အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။ ၎င်းင်းအပြင် ရှာကီရာသည် သူ၏ သီချင်းဟောင်းအချို့ကို စုစည်းကာ iHeartRadio အစီအစဉ်တွင် ဖျော်ဖြေသွားမည်ဖြစ်ပြီး မကြာမီက ထွက်ရှိခဲ့ သည့် သူ၏ တစ်ကိုယ်တော်အယ်လ်ဘမ်မှ Empire သီချင်း၏ တေးသီချင်း ဗီဒီယိုကိုလည်း ဖြန့်ချိလိုက်ပြီဖြစ်ကာ အွန်လိုင်းတွင် ရရှိနိုင်ပြီဖြစ်ကြောင်း သိရ သည်။
**ဒါရိုက်တာအဖြစ် တတိယမြောက် ဇာတ်ကားရိုက်ကူးမည့် မက်ဒေါနား**
ပေါ့ပ်ဘုရင်မဟု တင်စားခေါ်ဝေါ်ကြသည့် ပေါ့ပ်ဂီတကြယ်ပွင့် မက်ဒေါနားက နာမည်ကျော် အမေရိကန်စာရေးဆရာမ ရေဗက်္ကာဝေါလ်ကာ၏ လက်ရာ Ade: A Love Story ၀တ်္ထု၏ မူပိုင်ခွင့်ကို တရားဝင်ဝယ်ယူခဲ့ပြီး သူ၏ တတိယမြောက် ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယင်းဇာတ်ကားကို စာရေးဆရာမ ရေဗက်္ကာကိုယ်တိုင် ပူးတွဲ ထုတ်လုပ်သူအဖြစ် ထုတ်လုပ်မည်ဖြစ်ပြီး ယင်းဝတ်္ထုသည် ဆယ်ကျော်သက် အမေရိကန်ကျောင်းသား ကျောင်းသူများအတွက် အဓိကရည်ရွယ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။ အသက်(၅၅) နှစ် အရွယ် ပေါ့ပ်ဘုရင်မ မက်ဒေါနားသည် ၂၀၀၅ ခုနှစ်က W.E. ဇာတ်ကား၊ ၂၀၀၈ ခုနှစ်ကFilth andWisdom ဇာတ်ကား တို့ကို ဒါရိုက်တာအဖြစ် ပုံဖော်ခဲ့ပြီး ယခုဇာတ် ကားအတွက် လွန်စွာ စိတ် လှုပ်ရှားလျက်ရှိကြောင်း နှင့် ယခုလက်ရှိတွင် မက်ဒေါနားနှင့် ထုတ်လုပ် သူတို့သည် ယင်းဝတ်္ထု၏ ဇာတ်ညွှန်းပိုင်းဆိုင်ရာများ အတွက် အလျင် လိုလျက်ရှိ ကြောင်း သိရသည်။
**လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် ချန်ပီယံလိဂ်ဖလားရရန် ရေပန်းစားနေ**
ယခုနှစ်ဘောလုံးရာသီမကုန်မီ ဘွန်ဒက်လီဂါဖလားကို စောစီးစွာ သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ဘိုင်ယန်အသင်းနည်းပြ ဂွါဒီယိုလာနှင့် ကစားသမား များအား ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ဟစ်ဇ်ဖဲလ်က ချီးကျူးစကား ပြောကြားခဲ့ပြီး လက်ရှိချန်ပီယံလိဂ်ဖလားချန်ပီယံဘွဲ့ကို ဆက်လက်ခံယူနိုင် မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဟစ်ဇ်ဖဲလ်က ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ဟာသာဘာလင်ကို အနိုင်ရရှိကာ ဖလား ခုနစ်ပွဲကစားရန်ကျန်နေသည့်အချိန်တွင်ပင် ဖလားရယူနိုင်ခဲ့ခြင်းကြောင့် ဖလား စောစီးစွာရရှိခဲ့သည့် ပထမဆုံးအသင်းတစ်သင်း ဖြစ်လာခဲ့သည့်အပြင် ဘောလုံးရာသီတစ်ရာသီတည်းတွင် စောစီးစွာချန်ပီယံဖြစ်သည့်အသင်း တစ်သင်းမျှ မရှိသေးကြောင်းလည်း ဟစ်ဇ်ဖဲလ်က ပြောကြားခဲ့သည်။ ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင်လည်း ချန်ပီယံလိဂ်ဖလားရရှိရန် ရေပန်းစားနေကြောင်း လက်ရှိဆွစ်ဇာလန်အသင်း နည်းပြ ဟစ်ဇ်ဖဲလ်က ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် မတ် ၂၉ တွင် ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် ဟော်ဖန်ဟိမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဂျာမန်ဘွန်ဒက်လီဂါ ပြိုင်ပွဲတွင် နောက်ထပ်စံချိန်သစ်တစ်ရပ်တင်ရန် ဖြစ်လာမည်လည်းဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ဟစ်ဇ်ဖဲလ်က ပြောကြားခဲ့သည်။ (ငွေကြယ်)
**လက်ရှိချန်ပီယံ အန်ဒီမာရေးအား ဂျိုကိုဗစ်အနိုင်ရရှိ အိုနီအိုးပင်းကွာတားအဆင့်နှင့်ပင် ပြိုင်ပွဲမှ မာရေးထွက်ခဲ့ရ**
လက်ရှိဆိုနီအိုးပင်း အမျိုးသားတစ်ဦးချင်းချန်ပီယံ ဗြိတိန်တင်းနစ် အကျော်အမော်အန်ဒီမာရေးသည် ဆိုနီအိုးပင်းတင်းနစ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် အဆင့်တွင် ကမ်္ဘာ့အဆင့်(၂)နေရာရှိ ဆာဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်အား ရှုံးနိမ့်ကာ ဆိုနီအိုးပင်းတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် နှင့်ပင် ပြိုင်ပွဲမှ ထွက်ခဲ့ရကြောင်း သိရသည်။ ဗြိတိန်တင်းနစ်အကျော်အမော်အန်ဒီမာရေးနှင့် ဆာဘီးယားတင်းနစ် အကျော်အမော် ဂျိုကိုဗစ်တို့သည် ပြီးခဲ့သည့်နှစ်ဇူလိုင်လက၀င်ဘယ်ဒန်တင်းနစ်ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် နောက်ဆုံးဆုံတွေ့ခဲ့ပြီးနောက် ယခု တစ်ကြိမ်သည် အသက်(၂၆)နှစ်အရွယ်ရှိ ဆာဘီးယားတင်းနစ်ပရော် ဖက်ရှင်နယ်ကစားသမား ဂျိုကိုဗစ်အတွက် ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ရသည်။ ဂျိုကိုဗစ်သည် အန်ဒီမာရေးအား ဆိုနီအိုးပင်းကွာတားဖိုင်နယ်တွင် ၇-၅၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အဆင့်(၂၀)နေရာရှိ တင်းနစ်ကစားသမား နီရှိကိုရီနှင့် ဆီမီးဖိုင်နယ်အဆင့်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ နီရှီကိုရီ သည် ကွာတားဖိုင်နယ်အဆင့်တွင် ရော်ဂျာဖက်ဒဲရားအား ၃-၆၊ ၇-၅၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သူဖြစ်သည်။ ဗြိတိန်တင်းနစ်ပရော်ဖက်ရှင်နယ် အန်ဒီမာရေးသည် ဆိုနီအိုးပင်းတင်းနစ် ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းကြောင့် လာမည့်လတွင် အီတလီမြေ၌ကျင်းပမည့် ဒေးဗစ် ဖလားရရှိရေးကိုသာ ပြင်ဆင်ရတော့မည်ဖြစ်သည်။ ဆိုနီအိုးပင်းတင်းနစ်ဖလား ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် တင်းနစ်မယ် ဆီဘူကိုဗာသည် ရက်ဝန် စကာအား ၃-၆၊ ၇-၆(၇-၅)၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်တွင် တရုတ်တင်းနစ်မယ်လီနာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
စုစည်းဘာသာပြန် - (နိုင်လင်းကြည်)
**သီချင်းအပုဒ်တိုင်းကို မိမိကလေးကဲ့သို့ ခံစားသူ ရှာကီရာ**
ကိုလံဘီယာကြယ်ပွင့် ရှာကီရာက သီဆိုခဲ့သည့်သီချင်းအပုဒ်တိုင်းတွင်
စိတ်ပါဝင်စားစွာ နက်နက်ရှိုင်းရှိုင်း ကြိုးစားထားပါကြောင်းနှင့် ၎င်းင်း၏သီချင်း
အပုဒ်တိုင်းကို မိမိကလေးကဲ့သို့ ခံစားထားပါကြောင်း ဘီလ်ဘုတ်မဂ်္ဂဇင်းသို့
ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အပြင် ရှာကီရာက ““တစ်စုံတစ်ယောက်က ထူးထူးခြားခြား ကျွန်မကို
ရပ်တန့်စေချင်နေတယ်၊ ဒါကြောင့် ကျွန်မက ထုတ်လုပ်ရေးတွေ၊ သီချင်း
ရေးစပ်မှုအပိုင်းတွေနဲ့ သီချင်းစီမံခန့်ခွဲမှုပိုင်းတွေမှာ ပိုပြီး တက်တက်ကြွကြွ
လုပ်ဆောင်ခဲ့တာပါ””ဟု အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။
၎င်းင်းအပြင် ရှာကီရာသည် သူ၏ သီချင်းဟောင်းအချို့ကို စုစည်းကာ
iHeartRadio အစီအစဉ်တွင် ဖျော်ဖြေသွားမည်ဖြစ်ပြီး မကြာမီက ထွက်ရှိခဲ့
သည့် သူ၏ တစ်ကိုယ်တော်အယ်လ်ဘမ်မှ Empire သီချင်း၏ တေးသီချင်း
ဗီဒီယိုကိုလည်း ဖြန့်ချိလိုက်ပြီဖြစ်ကာ အွန်လိုင်းတွင် ရရှိနိုင်ပြီဖြစ်ကြောင်း သိရ
သည်။
**ဒါရိုက်တာအဖြစ် တတိယမြောက် ဇာတ်ကားရိုက်ကူးမည့် မက်ဒေါနား**
ပေါ့ပ်ဘုရင်မဟု တင်စားခေါ်ဝေါ်ကြသည့် ပေါ့ပ်ဂီတကြယ်ပွင့်
မက်ဒေါနားက နာမည်ကျော် အမေရိကန်စာရေးဆရာမ ရေဗက်္ကာဝေါလ်ကာ၏
လက်ရာ Ade: A Love Story ၀တ်္ထု၏ မူပိုင်ခွင့်ကို တရားဝင်ဝယ်ယူခဲ့ပြီး သူ၏
တတိယမြောက် ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယင်းဇာတ်ကားကို စာရေးဆရာမ ရေဗက်္ကာကိုယ်တိုင် ပူးတွဲ
ထုတ်လုပ်သူအဖြစ် ထုတ်လုပ်မည်ဖြစ်ပြီး ယင်းဝတ်္ထုသည် ဆယ်ကျော်သက်
အမေရိကန်ကျောင်းသား ကျောင်းသူများအတွက် အဓိကရည်ရွယ်ထားခြင်း
ဖြစ်ကြောင်းလည်း သိရသည်။
အသက်(၅၅) နှစ်
အရွယ် ပေါ့ပ်ဘုရင်မ
မက်ဒေါနားသည် ၂၀၀၅
ခုနှစ်က W.E. ဇာတ်ကား၊
၂၀၀၈ ခုနှစ်ကFilth andWisdom
ဇာတ်ကား
တို့ကို ဒါရိုက်တာအဖြစ်
ပုံဖော်ခဲ့ပြီး ယခုဇာတ်
ကားအတွက် လွန်စွာ စိတ်
လှုပ်ရှားလျက်ရှိကြောင်း
နှင့် ယခုလက်ရှိတွင်
မက်ဒေါနားနှင့် ထုတ်လုပ်
သူတို့သည် ယင်းဝတ်္ထု၏
ဇာတ်ညွှန်းပိုင်းဆိုင်ရာများ
အတွက် အလျင် လိုလျက်ရှိ
ကြောင်း သိရသည်။
**လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် ချန်ပီယံလိဂ်ဖလားရရန် ရေပန်းစားနေ**
ယခုနှစ်ဘောလုံးရာသီမကုန်မီ ဘွန်ဒက်လီဂါဖလားကို စောစီးစွာ
သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ဘိုင်ယန်အသင်းနည်းပြ ဂွါဒီယိုလာနှင့် ကစားသမား
များအား ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ဟစ်ဇ်ဖဲလ်က ချီးကျူးစကား
ပြောကြားခဲ့ပြီး လက်ရှိချန်ပီယံလိဂ်ဖလားချန်ပီယံဘွဲ့ကို ဆက်လက်ခံယူနိုင်
မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဟစ်ဇ်ဖဲလ်က
ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဟာသာဘာလင်ကို အနိုင်ရရှိကာ ဖလား
ခုနစ်ပွဲကစားရန်ကျန်နေသည့်အချိန်တွင်ပင် ဖလားရယူနိုင်ခဲ့ခြင်းကြောင့်
ဖလား စောစီးစွာရရှိခဲ့သည့် ပထမဆုံးအသင်းတစ်သင်း ဖြစ်လာခဲ့သည့်အပြင်
ဘောလုံးရာသီတစ်ရာသီတည်းတွင် စောစီးစွာချန်ပီယံဖြစ်သည့်အသင်း
တစ်သင်းမျှ မရှိသေးကြောင်းလည်း ဟစ်ဇ်ဖဲလ်က ပြောကြားခဲ့သည်။
ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင်လည်း
ချန်ပီယံလိဂ်ဖလားရရှိရန် ရေပန်းစားနေကြောင်း လက်ရှိဆွစ်ဇာလန်အသင်း
နည်းပြ ဟစ်ဇ်ဖဲလ်က ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် မတ် ၂၉ တွင် ဘွန်ဒက်လီဂါပွဲစဉ်အဖြစ်
ဟော်ဖန်ဟိမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဂျာမန်ဘွန်ဒက်လီဂါ
ပြိုင်ပွဲတွင် နောက်ထပ်စံချိန်သစ်တစ်ရပ်တင်ရန် ဖြစ်လာမည်လည်းဖြစ်ကြောင်း
ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ဟစ်ဇ်ဖဲလ်က ပြောကြားခဲ့သည်။
(ငွေကြယ်)
**လက်ရှိချန်ပီယံ အန်ဒီမာရေးအား ဂျိုကိုဗစ်အနိုင်ရရှိ အိုနီအိုးပင်းကွာတားအဆင့်နှင့်ပင် ပြိုင်ပွဲမှ မာရေးထွက်ခဲ့ရ**
လက်ရှိဆိုနီအိုးပင်း အမျိုးသားတစ်ဦးချင်းချန်ပီယံ ဗြိတိန်တင်းနစ်
အကျော်အမော်အန်ဒီမာရေးသည် ဆိုနီအိုးပင်းတင်းနစ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်
အဆင့်တွင် ကမ်္ဘာ့အဆင့်(၂)နေရာရှိ ဆာဘီးယားတင်းနစ်အကျော်အမော်
ဂျိုကိုဗစ်အား ရှုံးနိမ့်ကာ ဆိုနီအိုးပင်းတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်
နှင့်ပင် ပြိုင်ပွဲမှ ထွက်ခဲ့ရကြောင်း သိရသည်။
ဗြိတိန်တင်းနစ်အကျော်အမော်အန်ဒီမာရေးနှင့် ဆာဘီးယားတင်းနစ်
အကျော်အမော် ဂျိုကိုဗစ်တို့သည် ပြီးခဲ့သည့်နှစ်ဇူလိုင်လက၀င်ဘယ်ဒန်တင်းနစ်ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် နောက်ဆုံးဆုံတွေ့ခဲ့ပြီးနောက်
ယခု တစ်ကြိမ်သည် အသက်(၂၆)နှစ်အရွယ်ရှိ ဆာဘီးယားတင်းနစ်ပရော်
ဖက်ရှင်နယ်ကစားသမား ဂျိုကိုဗစ်အတွက် ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ရသည်။
ဂျိုကိုဗစ်သည် အန်ဒီမာရေးအား ဆိုနီအိုးပင်းကွာတားဖိုင်နယ်တွင် ၇-၅၊
၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အဆင့်(၂၀)နေရာရှိ တင်းနစ်ကစားသမား
နီရှိကိုရီနှင့် ဆီမီးဖိုင်နယ်အဆင့်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ နီရှီကိုရီ
သည် ကွာတားဖိုင်နယ်အဆင့်တွင် ရော်ဂျာဖက်ဒဲရားအား ၃-၆၊ ၇-၅၊ ၆-၄ ဖြင့်
အနိုင်ရရှိခဲ့သူဖြစ်သည်။
ဗြိတိန်တင်းနစ်ပရော်ဖက်ရှင်နယ် အန်ဒီမာရေးသည် ဆိုနီအိုးပင်းတင်းနစ်
ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းကြောင့် လာမည့်လတွင် အီတလီမြေ၌ကျင်းပမည့် ဒေးဗစ်
ဖလားရရှိရေးကိုသာ ပြင်ဆင်ရတော့မည်ဖြစ်သည်။ ဆိုနီအိုးပင်းတင်းနစ်ဖလား
ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် တင်းနစ်မယ် ဆီဘူကိုဗာသည် ရက်ဝန်
စကာအား ၃-၆၊ ၇-၆(၇-၅)၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်တွင်
တရုတ်တင်းနစ်မယ်လီနာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
စုစည်းဘာသာပြန် - (နိုင်လင်းကြည်)
No comments:
Post a Comment