ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 13, 2014

=== “ရာဇ၀င်ထဲကပိတောက်ချစ်သူ===

>
“ရွှေမန်းသူတို့အလှသင်္ကြန်..... ရိုးရိုးလေးနဲ့မြန်မာဆန်ဆန် .....သိဂီရွှေလျှံ ပိတောက်ဝါနဲ့လဲ လိုက်ဖက်ပြန် ... ဘိုးသိကြားဦးမာဃနဲ့ သမီးလေးများ ရေကစားနေဟန် ....... ထင်ယောင်ဝိုးတ၀ါး ... ရိုးသား.......လို့ စိတ်ဝယ်ထင်မိပြန် ရွှေ........မန်းသင်္ကြန် .........မန္တလေးသူတို့ရေကစားတဲ့ဟန် ..... မြူးကြွသွက်လက်နေသော သင်္ကြန်ဒိုးသံနဲ့အတူ သီချင်းသီဆိုသူတစ်ယောက်ရဲ့အသံနဲ့ဟန်ကလဲ အရမ်းလိုက်ဖက်လွန်းလှသည် ။ သီချင်းနံမည်လေးကိုက ရွှေမန်းသင်္ကြန် တဲ့ ................ မြန်မာ လူငယ်တစ်ဦးဖြစ်ပေမယ့် မြန်မာသင်္ကြန်နဲ့ အထိအတွေ့နည်းလှသည့် ကျမက သင်္ကြန်သီချင်းတွေဆိုရင် ကျမတို့ပုပ္ပါး ၊ ကျောက်ပန်းတောင်း နယ်တွေမှာ သိပ်ကိုရေပန်းစားသည့် “ရေရေတွေ ရွှဲကုန်ပြီ .... ရေရေတွေရွှဲကုန်ပြီ ... ရေရေတွေ ရွှဲကုန်ပြီ ... ဟောတော့ ...ချမ်းလိုက်တာ အသည်းကိုတုန်ရောရှင် ဆိုတဲ့ သီချင်းလောက်ကိုပဲ သိခဲ့သူဖြစ်သလို ... တောနယ်မှာကြီးပြင်းပြီး ရွာက တရော် ကင်ပွန်းသီးနဲ့ ခေါင်းလျှော် ရေချိုးဖို့ ၊ မုန့်လုံးရေပေါ်စားဖို့ ဖိတ်တဲ့မဏ္ဍပ်လောက်ကိုသာ ကြားဘူး ၊ မြင်ဘူးခဲ့တဲ့ကျမအတွက် .... အခုလိုယိမ်းအက အလှတွေနဲ့ မြို့ပြရဲ့ ရေနန်းသီတာ သင်္ကြန်မဏ္ဍပ်ကြီးရဲ့ က အိပ်မက်တစ်ခုထဲမှာရောက်နေသလိုခံစားနေရသည် ....။ အံ့သြခြင်း ၊ ပျော်ရွှင်ခြင်း ၊ ကြည်နူးခြင်း ဆိုတဲ့ စိတ်ခံစားမှုတွေရဲ့နောက်မှာ စင်မြင့်ထက်က ရွှေမန်းသင်္ကြန်တေးသံသာတစ်ပုဒ်ကို ဟန်ပါပါသီဆိုနေတဲ့ သီချင်းရှင်ကို ငေးမောနေရင်း ၊ ကျမ မက တတ်တဲ့ သင်္ကြန်ယိမ်းသမတို့ရဲ့ မြူးကြွတဲ့ အကတွေကိုငေးမောနေမိရင်းတစ်ခဏမှာ .... “ဖြိုး နဲ့ သင်း ... ဘယ်တုန်းကရောက်နေတာလဲ ငါက နင်တို့လာမယ်လို့တောင် မထင်ဘူး ” လို့ဆိုရင်း အနားကို ၀ုန်းကနဲ ရောက်လာကြတဲ့ မေနွယ် တို့ နီလာ တို့ကိုကြည့်ပြီး အနည်းငယ် လန့်ဖြန့်သွားမိသည်...။ မေနွယ်တို့ အဖွဲ့ဆိုတာက ကျမတို့ကျောင်းမှာ အရမ်းပေါ်ပြူလာဖြစ်တဲ့ ခပ်ကဲကဲ အုပ်စုတွေဖြစ်သည် ။ မြို့ခံတွေလဲဖြစ်သလို မိဘကလဲပိုက်ဆံချမ်းသာတဲ့အတွက် ယူနီဖောင်းဝတ်ဆင်ရတဲ့ ကျမတို့အစိုးရနည်းပညာကောလိပ် ဆိုတဲ့ကျောင်းမှာတောင် ယူနီဖောင်းကို ဒီဇိုင်းအမျိုးမျိုးချူပ်ပြီး တစ်နှစ်လုံးမထပ်အောင် ၀တ်နိုင်ကြသူတွေလည်းဖြစ်သည် ....။ ဟော .....အခုလဲပဲ အနက်ရောင် အသားကပ်ဘောင်းဘီကို ... အနက်ရောင်လက်ပြက် ပြောင်ပြောင်လက်လက်ကိုယ်ကျပ်အကျီတွေနှင့် တွဲဝတ်ထားပြီး နေကာမျက်မှန်အမဲကို ဟန်ပါပါတပ်ထားသေးသည့် စတိုင်တွေက လုံးဝအမိုက်စား ...။ အဆိုးဆုံးက နှုတ်ခမ်းပေါ်မှာတင်ထားတဲ့ အရောင်တွေကလဲ မဲပုပ်ပုပ်အရောင်တွေ .... ဖြူဖွေးဥနေတဲ့လက်ချောင်းလေးရဲ့လက်သည်းခွံပေါ်ကအစ အနက်ရောင်ဆေးတွေခြယ်သထားသလို ဆင်ယင်ထားတဲ့ ဖန်စီ နားဆွဲ ၊ လက်ကောက် ၊ ချိန်းကြိုး ၊ ဆွဲကြိုး ၊ ပြူးပြောင်နေတဲ့ လက်စွပ်ကြီးကအစ အားလုံးဟာ အမဲရောင်တွေချည်းပဲ ဆင်မြန်းထားတာ ....ထူးဆန်းနေတဲ့သူတို့အပြင်အဆင်တွေကို တစ်ခုချင်း လိုက်ကြည့်ပြီးတဲ့နောက်မှာတော့ အမဲရောင်မြင်ရင် ခေါင်းမူးတတ်တဲ့ ကျမ ခေါင်းတွေချာချာလည်အောင် မူးနောက်နောက်ဖြစ်သွားမိသည်....။ “ဟယ် ဘယ်လိုဖြစ်လာရတာလဲ မေနွယ် နဲ့ နီလာရယ် ” လို့ ကျမဘေးက သင်း ကမနေနိုင်စွာနဲ့ထမေးလိုက်တော့ “ခုခေတ်က အီမိုခေတ်လေ သင်းရဲ့ အဲဒါကြောင့် မေတို့က ဒီနှစ်သင်္ကြန်မှာ အီမိုစတိုင်လုပ်ထားတာ ဘယ်လိုလဲ မိဖြိုး ငါလှတယ်မို့လား ဟိ ဟိ လို့ပြောလိုက်တဲ့ သူမဟန်ကိုက ကလေးတစ်ယောက်လိုလဲ ချစ်စရာကောင်းနေပြန်သေးတာ ..... ကျမကတော့ အားနာပါးနာနဲ့ပဲ ပီးပီးရောဆိုပြီး အင်း လှတယ်လို့ပဲ ပြောလိုက်သည်...။ မေနွယ်က တရုတ်စပ် ကပြားမလိုလို အသားကဖြူစပ်စပ်ဖြစ်နေပြန်တော့ အမဲရောင်ဝတ်စုံနှစ်ခုကြားမှာ ဖြူဖွေးနေတဲ့ဗိုက်သားကလဲ အထင်းသား .... အတန်းထဲက ကောင်လေးတွေနဲ့တွေ့လို့ကတော့ ပေါက်တတ်ကရ အစအနောက်ခံရမှာသေချာသည် ...။ ဆံပင်ကောက်ကောက်ကွေးကွေး လူကသေးသေးလေးနဲ့ နီလာ့ပုံကတော့ အီမိုစတိုင်ပြင်ဆင်ထားပုံက အမဲရောင်အပြင်အဆင်တွေကြားမှာ လူလေးက ပုပုကွကွ သေးသေးလေးဖြစ်နေတော့ တော်တော်လေး ရယ်ချင်စရာ ကောင်းနေသေးသည် ....။သူမက အရပ်ကလေးနဲနဲရှည်တော့ ကြည့်ရတာသိပ်တော့မဆိုးလှ ....။ အော် ဒါဟာ သရုပ်ပျက်သင်္ကြန်ဖြစ်လာဖို့ ဖန်တီးနေတဲ့ ၀တ်စားဆင်ယင်မှုတွေပဲဖြစ်မည်လို့ ကျမ တစ်ကိုယ်ထဲတွေးလိုက်မိရင်း ...အဝေးကိုလွင့်သွားမိတဲ့ အာရုံကိုပြန်လည်စုစည်းကာ ကျမကြိုက်နှစ်သက်မိတဲ့ ရွှေမန်းသင်္ကြန်သီဆိုရာ စင်မြင့်ထက်ကို တစ်ချက်ပြန်ငေးကြည့်နေလိုက်မိသည် ..။

 အဲဒီလိုကြည့်လိုက်မိတဲ့ တစ်ခဏတာလေးက အခုနကထက် အဆပေါင်းများစွာ ကျမဘ၀ကြီးတစ်ခုလုံးကို ပါ မူးနောက်တုန်ခါသွားအောင် လှုပ်ကိုင်ပစ်စေခဲ့မယ်လို့ ကျမကြိုသိခဲ့မယ်ဆိုရင် ဟောဒီ့ခမ်းနားလှပတဲ့ သင်္ကြန်မဏ္ဍပ်ကြီးဆီကိုလဲ အဲဒီနေ့က ကျမလာခဲ့မိလိမ့်မည်မဟုတ်သလို .... ရွှေမန်းသင်္ကြန်တေးသီချင်းနဲ့ ယိမ်းအဖွဲ့ကိုလဲ ကျမသေသေချာချာ ငေးမောကြည့်ဖြစ်လိမ့်မည် မဟုတ်ပါ....။ “ရွှေကျူံးတော်ပတ်လည်ကာရံ ..........ရွှေမန်းသူတို့ ထီးမူနန်းဟန် ...သနပ်ခါးပါးကွက်နဲ့ ဒို့အညာသူတို့ သဏ္ဍာန် .... ” ဆိုတဲ့ တေးသီချင်းစားသားနေရာမှာ ကျမကို လက်ညှိုးလေးထိုးပြီး သီဆိုသွားတဲ့သူ့အမူအရာကြောင့် ကျမ မနေတတ်မထိုင်တတ်အောင် ရှက်သွားခဲ့တာလား ... ကျမသူ့ကို မသိစိတ်ရဲ့တစ်နေရာက စွဲလမ်းသွားစေခဲ့တာလား ဆိုတာ အဲဒီအချိန်က ကျမ မဝေခွဲတတ်ခဲ့ပါ .... အံ့သြစရာ ကောင်းတာတစ်ခုကတော့ စင်ပေါ်ကနေ ကျမမျက်ဝန်းနဲ့ တန်းတန်းမတ်မတ် ဆုံဆည်းအောင်ကြည့်နေတတ်တဲ့ သူ့မျက်လုံးတွေကို အဲဒီညနေကရင်ဆိုင်ရှောင်လွဲလို့မရနိုင်ခဲ့ခြင်းက ကျမနဲ့သူရဲ့ချစ်ခြင်းမေတ္တာကြိုးတစ်ချောင်းကို အခိုင်မြဲဆုံးဖြစ်အောင် စတင် သွယ်တန်းခဲ့ခြင်းရဲ့အထိမ်းအမှတ်တစ်ခုအဖြစ် သူနဲ့ ကျမရဲ့ ဘ၀တစ်သက်တာမှာ အမှတ်တရ တင်ကျန်ရစ်ပေလိမ့်မည် ....။ “ရွှေသွန်းဖြိုးတို့ကို ရေလောင်းမယ်ဟေ့ .... ဆိုပြီး အနားကိုရုတ်တရတ်ရောက်လာကြတဲ့ ကျောင်းက ဘိုဘို တို့ အုပ်စုတွေကိုမြင်တော့ ကျမ ဘယ်ထွက်ပြေးရမှန်းမသိအောင် လန့်သွားမိသည် ...။ ဒီပွဲတွေကို အရမ်းကြည့်ချင်လွန်းလို့သာ လာကြည့်ရတာ ရေလောင်းခံရမှာကို သေမတတ်ကြောက်တတ်တဲ့ ကျမအကြောင်းကို ကောင်းကောင်းသိသော သင်းက .... “ဟဲ့ ... ဘိုဘို နင်တို့ရေလောင်းချင်ရင် ဟိုးဘက်မှာ ကဲနေတဲ့ မေနွယ်တို့အုပ်စုကို သွားလောင်းပါလား ... ငါတို့ကအေးအေးဆေးဆေးပွဲကြည့်ချင်လို့လာတာနော် ...နင့်ကိုကြိုပြောထားရဲ့သားနဲ့ ရွှေသွန်းဖြိုးက လဲ သိပ်ပြီးနေကောင်းတာမဟုတ်ဘူး နင်ပဲ ရေမလောင်းစေရဘူးလို့ အာမခံပြီးခေါ်လာပြီးတော့ လို့သင်းက စိတ်ဆိုးစွာ ပြောလိုက်တော့ “မရဘူး လောင်းမှာပဲ .... သင်္ကြန်ရေဆိုတာ သိမ်သိမ်မွေ့မွေ့လောင်းရင် အန္ထရာယ်ကင်းပါတယ်ဟ.....သင်္ကြန်ပီးသွားရင် နင်တို့က လောင်းပါဆိုတောင် ငါက မလောင်းဘူး .... မီးက ခဏခဏ ပျက်လွန်းလို့ ဒီရေက မီးစက်နဲ့နှိုးပြီး တင်ထားရတဲ့ရေနော် .....ဘာမှတ်နေလဲ ဆိုပြီး ပြောပြောဆိုဆိုနဲ့ ဘိုဘိုက သင်း ကို ဘယ်ကနေယူလာမှန်းမသိတဲ့ ငွေဖလားသေးသေးလေးနဲ့ ရေအေးအေးလေးတစ်ခွက်ကို အရင်ဆုံး လောက်လိုက်ပါတယ် .... အဲဒီအချိန်မှာ... ဘိုဘို့နောက်ကျောဘက်ဆီကနေ “ညီလေးသူငယ်ချင်းတွေနဲ့ ပျော်နေတာလား.....မေမေလိုက်ရှာနေတယ် သွားလိုက်ဦးနော် လို့ဆိုရင်း ကျမတို့ဘက်ကို လှည့်ကာ “ညီမလေးတို့ ဘယ်တုန်းက ဒီမဏ္ဍပ်ကိုရောက်နေတာလဲ သင်္ကြန်ထမင်းစားပြီးကြပီလားလို့ မေးလိုက်တဲ့အတွက် ကျမတို့ လဲ “ဟုတ်ကဲ့ စားပြီးပြီရှင့်လို့ ပြန်ဖြေလိုက်ကြသည် ....။ ခုနက စင်ပေါ်မှာ ရွှေမန်းသင်္ကြန်သီချင်းဆိုတဲ့ သူပဲ.... ဘယ်လိုလုပ်ပြီး ဘိုဘိုနဲ့ ခင်တာပါလိမ့်လို့တွေးနေဆဲမှာပဲ .... ဘိုဘိုက “ကိုကြီး ဒါသားတို့ကျောင်းက သူငယ်ချင်းတွေလေ ... သူက သင်းစုလှိုင် တဲ့ မြစ်ကြီးနားက ... သူက ရွှေသွန်းဖြိုး တဲ့ ... ကျောက်ပန်းတောင်းက တောသူလေ ကိုကြီး ....ဟဲဟဲ .... ဒါ ငါ့ရဲ့အစ်ကိုကြီးလေ ...အစ်ကိုကြီးနဲ့ငါက ညီအစ်ကိုနှစ်ယောက်ထဲရှိတာဆိုပေမယ့် အသက်က ၁၀ နှစ်တိတိကွာတယ်... ငါဆိုးချင်တိုင်း ဆိုးလို့ရတယ် အဟဲ လို့ ဘိုလိုက စပ်ဖြီးဖြီးနဲ့ မိတ်ဆက်ပေးတော့ “တွေ့ရတာ ၀မ်းသာတယ် ...ညီမလေးတို့ အေးအေး ဆေးဆေးပွဲကြည့်ဦးနော်ဆိုတဲ့ သူ့ဟန်ပန်က အသက်ထက်ကို လူကြီးဆန်လွန်းသူဟု ကျမမြင်မိသည်..။ “ကိုကြီး သူတို့က ပွဲတော့ ကြည့်ချင်တယ် ရေလောင်းမှာလဲကြောက်တယ်လေ ... အဲဒါကြောင့် ဘိုဘိုက အရင်ဆုံးရေလာလောင်းတာ နောက်တစ်ယောက် ရွှေသွန်းဖြိုးကို လောင်းဖို့ကျန်သေးတယ် သူက အရမ်းစွာလို့ ကြောက်လို့ မလောင်းသေးတာ .... ဟီး ကိုကြီးပဲလောင်းလိုက်တော့လို့ ဘိုဘိုက ဆိုတော့ တည်ငြိမ် နှစ်လိုဖွယ်ရာ ပြုံးလိုက်ရင်း “ဟုတ်လား ညီမလေး ... ကျွန်တော့်ကို မိတ်ဖြစ်ဆွေဖြစ် ရေလောင်းခွင့်ပြုမလား .... လို့သူက ယဉ်ကျေးသိမ်မွေ့စွာမေးလိုက်တော့ ...ကျမလဲ ဘာပြောရမှန်းမသိ ဖြစ်မိရင်း အပြုံးနဲ့သာခေါင်းငြိမ့်ပြဖြစ်လိုက်သည် .... ဘိုဘိုကမ်းပေးလိုက်တဲ့ ငွေဖလားထဲကရေလေးအေးအေးလေးနဲ့ ကျမပုခုံးပေါ်မှာ ၀ဲကျနေတဲ့ဆံနွယ်စလေးတွေကို သူ့လက်တစ်ဘက်က အသာမြှောက်တင်ပေးရင်း ညင်ညင်သာသာလေး ကျမပုခုံးပေါ်ကနေ ရေတွေ လောင်းချလိုက်သည်.......... အဲဒီအချိန်မှာ ရေနန်းသီတာမဏ္ဍပ်ဆီကလဲ................ “သင်္ကြန်တွင်းမို့ ပန်းပိတောက်ဝေလွင် ....မြန်မာ့ယဉ်ကျေးမှု အတာရေသဘင် .... တစ်ဦးပေါ်တစ်ဦးတွင် ရင်းနှီးကာကျွမ်းဝင်...ပုလဲရည်ငွေစင်သွန်းလောင်းကာပင်...အတီးအမှုတ်အကအခုန် ငြိမ့်ညောင်းလို့ယဉ်...ဒီနှစ်သစ်တွင် ကြည်လင်...ရွှင်လန်းချမ်းမြေ့ပါစေချင်..........................” ဆိုတဲ့ ကျက်သရေ မင်္ဂလာရှိတဲ့သင်္ကြန်တေးသွားလေး တစ်ပုဒ်က ပျံ့လွင့်လို့လာခဲ့သည် ..... သီချင်းလေးရဲ့ ညွှန်းဖွဲ့သီကုံးထားတဲ့ စကားလုံးအသုံးအနှုန်းလေးတွေက ရှေးယခင်က အတာရေသဘင်ပွဲတွေမှာ သာယာအေးချမ်းမှု ၊ နူးညံ့သိမ်မွေ့မှု ၊ တန်ခူးလရာသီရဲ့ ထင်ရှားတဲ့ ပုံရိပ်လေးတွေကို စွဲမက်စေရန် ဖော်ကျူးထားနိုင်မှုတွေကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လွမ်းဆွတ်စေခဲ့ပြန်သည် .....။ တေးသီချင်းသံလေးကို နောက်ခံထားပြီး ငွေဖလားလေးနဲ့ ရေလောင်းနေတဲ့ သူ့မျက်ဝန်းရဲ့ အကြည့်နက်နက်တွေကို ကျမရင်မဆိုင်ရဲသလို လွှဲဖယ်ထားမိရင်း .... ကယောင်ကတမ်းနဲ့ ဘိုဘို့လက်ထဲက ဖလားလေးကို ယူပြီးသူ့ကို ပြန်လောင်းလိုက်သည် ....။ “ဖလားဖြူဖြူဖွေးဖွေးလွင်...ရေကစားလို့ပင်...မေအများပြုံးရွှင်...ရွှေရည်လူးထူးတဲ့အတာသဘင်...ရေသီတာသင်းသင်းမွှေးပျံ့လွင်.........မန်းသူတွေတအားပက်ရင်..........အစ်ကိုများအသည်းဘ၀င်...ကြည်နူးပြုံးရွှင်...ရွှေရည်လူးထူးတဲ့အတာသဘင်.............ဆယ်ကမ္ဘာဆုံးတော့မေ့မရထင်... ............. တော်တော်ပဲ တိုက်ဆိုင်လွန်းသည့် သီချင်းစားသားလေတွေ ..... ဒီသီချင်းလေးထဲကလိုပါပဲ .... ညီမလေးနဲ့ အစ်ကို့ကို စတင်ဆုံဆည်းခွင့်ပေးခဲ့တဲ့ အတာသဘင်ပွဲတော်ကြီးကို ဆယ်ကမ္ဘာဆုံးရင်တောင် အစ်ကို မေ့လို့ရမယ်မထင်ပါဘူး လို့ အဲဒီနေ့က တိုးတိတ်ညင်ညာစွာ ပြောလိုက်တဲ့ သူ့စကားသံတွေကို ကျမနှလုံးသားထဲမှာ စွဲမြဲစွာ မှတ်သားထားမိပါသည်...။ “ကဲ ... ညီမလေးတို့ ဒီနားမှာ ခဏပွဲကြည့်နေခဲ့ကြဦးနော် .... Entertainmentအစီအစဉ်တွေအတွက် အစ်ကို စင်ပေါ်ကို ခဏပြန်သွားရဦးမယ် .....ခဏနေရင် တစ်ခေါက်ပြန်လာခဲ့မယ်လို့ဆိုရင်း သူကျမတို့အနားက ထွက်သွားတော့ ကျမတို့လဲ အေးအေးဆေးဆေး ပွဲဆက်ကြည့်နေလိုက်ကြသည် ....။ အဲဒီအချိန်ကတည်းက ပွဲထဲမှာစိတ်မ၀င်စားတော့သလို သူ့ဆီကို ကပ်ငြိစွာပါပါသွားတတ်တဲ့ ကိုယ့်စိတ်ကို မနည်းပြန်စုစည်းမိရင်း သူဒီဘက်ကိုများ ပြန်လာမလာလို့မျှော်မိလိုက်တာကလဲ အကြိမ်ကြိမ် ..... ထို့အတူ သူလဲပဲ ကျမလို ဖျော်ဖြေရေးစင်မြင့်ထက်ကနေ အလုပ်တွေရှုပ်နေလိုက် ကျမဘက်ကို စိတ်မချသလို တစ်ချက်လှည့်ကြည့်လိုက်နဲ့ နောက်ဆံတင်းနေခဲ့သေးတာ ..... ကျမဘယ်တော့မှ မမေ့....။ “ဖြိုး ... ဘိုဘို့ အကိုကြီးကတော့ နင့်ကို သဘောကျနေတာ အရမ်းသိသာတယ်နော် ..... လို့ မနေနိုင်စွာ တိုးတိုးလေးကပ်ပြောလာတဲ့ သင်းကြောင့် ကျမကလဲ ကျေနပ်ပျော်ရွှင်သလို .... သင်း ကိုပြန်ပြီးတော့ရင်ဖွင့်မိခဲ့တယ်... “သင်း ... ကျမလေ ... သူ့မျက်နှာကို မြင်မြင်ချင်း သိပ်ကိုရင်းနှီးနေခဲ့တယ် ... သူလဲကျမလိုပဲ ခံစားရမယ်ဆိုတာ ကျမ အလိုလိုသိနေခဲ့တယ် ....အဲဒါကို နင်ယုံလား လို့ဆိုတော့ “အေးဟ ..... သင်္ကြန်ဖူးစာဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်ဖြိုးရဲ့ .... နောက်နှစ်သင်္ကြန်ကျရင် ဒီသီချင်းသံတွေကြားတိုင်း ရှင်သူ့ကို လွမ်းနေတော့မယ်ဖြိုးရဲ့လို့ ကျမကို ပြောလိုက်တဲ့ သင်းစကားမှ မဆုံးသေး ...... သူ ကျမတို့အနားကို အပြေးတစ်ပိုင်းရောက်လာပြီး မုန့်လုံးရေပေါ်တွေလာကျွေးလိုက် ၊ ကျမနားမှာထိုင်ကာ အတူတူပွဲကြည့်လိုက် ကိစ္စရှိရင် စင်ပေါ်ကို ပြေးသွားလိုက်နဲ့ အလုပ်တွေရှုပ်နေခဲ့ပါသည်...။ ပွဲအစီအစဉ်တွေပြီးဆုံးကာနီး ကျမတို့ပြန်တော့မယ်လို့ သူ့ကိုနှုတ်ဆက်တော့ ပိတောက်ဝါလေးတစ်ခက်ကို ကျမလက်ထဲမှာ အသာလေးထည့်ပေးရင်း .....ကျမအနားကို တိုးတိုးလေး သူပြောလိုက်တဲ့ စကားတစ်ခွန်းက ... “ညီမလေး.... ဒီနေ့က သင်္ကြန်ပွဲတော်ရဲ့နောက်ဆုံးနေ့လေ ..... မနက်ဖြန်ဆိုရင် အစ်ကို့ အလုပ်ရှိတဲ့ ကျွန်းနိုင်ငံလေးတစ်ခုဆီကို အစ်ကို ပြန်ရတော့မယ် .... နောက်နှစ်မှာ ဒို့များကံမကုန်သေးရင် ပြန်ဆုံကြဦးစို့နော် တဲ့ ........ အော် ... ဘိုဘိုပြောဘူးတယ် သူ့အစ်ကိုက နိုင်ငံခြားမှာ အင်ဂျင်နီယာတစ်ယောက်ဆိုတာကို ... ဟုတ်ပေသားပဲ ....ကျမသူ့ကို ဘယ်လိုနှုတ်ဆက်ရင်ကောင်းမလဲဆိုတဲ့အတွေးနဲ့အတူ ရင်ထဲမှာ လှိုက်ကနဲ ၀မ်းနည်းပေမယ့် ဟန်ဆောင် အားယူပြုံးပြပြီး ခေါင်းလေးကိုပဲ အသာအယာငြိမ့်ပြနိုင်ခဲ့ပါသည် ။ လက်ထဲက ပိတောက်ပန်းလေးတစ်ခက်ကို ကယောင်ကတမ်းနဲ့ ခေါင်းမှာပန်ဆင်လိုက်ရင်း .... နောက်နှစ်မှာလဲ ကျမ သူငယ်ချင်းတွေအားလုံး နဲ့အတူ.....ပိတောက်ပန်းလေးတစ်ခက်ကိုပန်ပြီး အစ်ကိုနဲ့ဆုံတွေ့ရမယ့် နေ့ရက်ကို စောင့်မျှော်နေပါ့မယ်.... လို့ကျမကဆိုဖြစ်တော့ ..... တောက်ပ၀င်းလက်သွားတဲ့ မျက်ဝန်းတစ်စုံနဲ့အတူ ..... “အစ်ကို ကတိပေးပါတယ် .... ဟောဒီ မန္ထလေးမြို့ရဲ့ ရွှေမန်းသင်္ကြန်မဏ္ဍပ်ကြီးဆီကို အစ်ကို မရောက် ရောက်အောင်လာပြီး ....ဟောဒီ့က ပိတောက်ပန်းချစ်သူလေးကို တွေ့အောင်ရှာပါ့မယ် ...တဲ့ ပိတောက်ပန်းချစ်သူဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကျမကို ရုတ်တရက် ဖွင့်ပြောသွားသူအတွက်ကြောင့် ရှက်သွေးဖြာသွားမရင်း သူ့အနားက ပြေးထွက်လာခဲ့မိတယ် ....။ ၂၀၁၀ဆိုတဲ့ ပြီးခဲ့တဲ့ သင်္ကြန်ရက်တွေက ကျမနဲ့ သူ့ကိုဆုံဆည်းခွင့်ပေးခဲ့တဲ့ သက္ကရာဇ်တစ်ခုဖြစ်သလို ရွှေမန်းသင်္ကြန်ဆိုတဲ့ တေးသီချင်းသံလေးကလဲ ကျမဘ၀မှာ ဘယ်တော့မှ မေ့လို့မရတဲ့တေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ......။ နေ့ရက်တွေကနေ လ ၊ လတွေကနေ နှစ်တစ်နှစ်ဆိုပြီး ပြောင်းလဲကုန်ဆုံးသွားဦးမယ့် နှစ်ဟောင်းတစ်ခုရဲ့ နေ့ရက်လေးတွေကို လက်ရေချိုးရင်း ကျမစွဲလန်းမြတ်နိုးမိသူတစ်ယောက်ကို ဘယ်လောက်ထိ တမ်းတလွမ်းဆွတ်နေခဲ့သလဲဆိုတာကို .... ရွှေမန်းသင်္ကြန်ဆိုတဲ့တေးသီချင်းလေးနဲ့ သူအမှတ်တရပေးခဲ့တဲ့ ပိတောက်ပန်းခက်လေးပဲ ကောင်းကောင်းသိခဲ့ပါလိမ့်မည်.........။ *********************************************
 ( ၂၀၁၁ ရဲ့သင်္ကြန်အကြိုနေ့မှာဖြစ်သည်....) “

ဟယ် ... မေနွယ် နင့်အဖွားနဲ့ တရားစခန်းပါသွားတယ်ဆိုလို့ ငါတို့တောင် နင့်ကိုချီးကျူးနေတာ ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ ....” ရုတ်တရက် ဘိုဘို က အာဗြဲကြီးနဲ့ အောဟစ်ပြီးမေးလိုက်တော့ အကျီကြိုးတစ်ချောင်းနဲ့ ဂျင်းဘောင်းဘီအပြာရောင်ကို ၀တ်ပြီးကဆုန်ပေါက်ပြေးလာတဲ့ မေနွယ်တစ်ယောက် ဟောဟဲ ဟောဟဲ ဆိုက်ပြီး ....... “နေစမ်းပါဦး ဘိုဘိုရယ် .... ငါ့မှာ တရားစခန်းကနေ အုတ်တံတိုင်းကျော်ပြီး ခိုးထွက်လာခဲ့တာ .... နီလာရော နီလာတစ်ယောက်တွေ့မိသေးလား ဖြိုး လို့ ကျမကိုမေးတော့ “အင်း ကျမတွေ့လိုက်တယ် ခုနက အထုတ်တစ်ထုတ်ကိုလဲ ကိုင်ထားပြီး တစ်ယောက်ယောက်ကို လိုက်ရှာနေသလိုပဲ လို့ဆိုတော့ “ဟယ် ...ဟုတ်လား အဲဒီ ဂျပုမက အခုလိုကျတော့လဲ ချစ်ဖို့ကောင်းပြန်ရော ... နေဦး ပြီးတော့မှ ငါနင်တို့ဆီပြန်လာခဲ့မယ် ..... အခုဒီအ၀တ်တွေက ငါတရားစခန်းဝင်တဲ့နေ့က ၀တ်သွားတဲ့ဟာတွေ အဖွားမသိအောင် အိမ်ကို ထည့်မပေးလိုက်ပဲ တမင်သိမ်းထားတာလေ ဟီး ..... ဒီနေ့ဝတ်ဖို့က ကြိုတင်စီစဉ်ပြီးသား နီလာဆီမှာ ငါပေးထားတယ် အဲဒီအမျိုးသမီးကို ငါရှာလိုက်ဦးမယ် သွားပြီဟေ့ ” ဆိုပြီး ပြာတီးပြာယာနဲ့ ထွက်သွားတော့သည် ။ “တော်တော်ကို ဗယုတ်ကျတဲ့ဟာတွေ” ဟုသင်းက ပြောလိုက်ရင်း ကျမဘက်ကို လှည့်ကာ “ဖြိုး ... နင်ဘိုဘို့ကို မမေးကြည့်ဘူးလား သူ့အစ်ကို ပြန်လာလားဆိုတာ ” ကျမက ခေါင်းကို အသာအယာယမ်းပြလိုက်တော့ ... အရာရာကို စိတ်မြန်လက်မြန်ရှိတဲ့ သင်းက “ ငါ ဘိုဘို့ကို ခေါ်ပြီးမေးလိုက်မယ်ဟာနေဦး .....ဆိုပြီး ပြောပြောဆိုဆို ဘိုဘို့ကို မြင်လိုက်တာနဲ့ “ဟဲ့ ဘိုဘို လာဦး ငါနင့်ကို မေးဦးမယ်လို့ သင်းက အော်ခေါ်လိုက်သည်...။ “အေး လာခဲ့မယ် ခဏလေး ခဏလေး ငါအရေးကြီးလို့ ဟိုဘက်သွားလိုက်ဦးမယ် ပြန်လာခဲ့မယ်လို့ အော်သွားပြီး ဘိုဘိုကလဲ တော်တော်နဲ့ ပြန်မလာတော့ ...... “သူမလာဖြစ်တာနေမှာပေါ့ သင်းရယ် ..... ထားလိုက်ပါဟာ မေးမနေပါနဲ့တော့လို့ ဆိုရင်း ကျမသက်ပျင်းတစ်ချက်ကို လေးလံစွာချဖြစ်ပါသည် ...။ ဖျော်ဖြေရေးအစီအစဉ်များကျင်းပရာ ရွှေမန်းသင်္ကြန်စာတမ်းကြီးနဲ့ မဏ္ဍပ်ကြီးကလဲ ယခင်နှစ်တွေကထက် ပိုပြီး ခမ်းနားလှပနေသည် ....။ တစ်ပုဒ်ပြီးတစ်ပုဒ် သီဆိုသွားကြတဲ့ အတာတေးတို့သညလည်း နန်းဆန်သည့် မန်းသင်္ကြန်ကို ပိုမို၍ ခွန်းချို ဝေဆာစေခဲ့ပြန်ပါသည်။ မန္တလေး အတာရေနန်းသဘင်သည် အစဉ်အလာကြီးသည့် မြန်မာ့သင်္ကြန်ကို ညွှန်းဆို ကိုယ်စားပြုခဲ့သည်။ သင်္ကြန်တေးသီချင်းအချို့၏ တီးခတ်မှုအနုပညာ ၊ ရေးစပ်မှုပညာ နှင့် ညှို့ငင်ဆွဲဆောင်နိုင်စွမ်းရှိသည့် သင်္ကြန်တေးတွေကိုလည်း ကျမအားလုံးနီးပါးလိုလို ရင်းနှီးကျွမ်းဝင်နေခဲ့ပြီဖြစ်သည် ....။ ကျမရင်ဘတ်ထဲမှာ ဟိုး အရင်နှစ်တွေကထက် သင်္ကြန်ကို ပိုလို့ချစ်သည် .... သင်္ကြန်သီချင်းတွေကို ပိုလို့မြတ်နိုးမိသည် .... သင်္ကြန်မှာဆုံဆည်းခဲ့ဘူးသူ တစ်ဦးကို ပြောမပြတတ်အောင်ပဲ တမ်းတ လွမ်းဆွတ်လှပါသည် ....။ တမ်းတလွမ်းဆွတ်ခြင်းနဲ့အပြိုင် စတိတ်စင်ထက်မှ ကြောငြာသံကို ကြားလိုက်ရပြန်သည် ....။ နောက်ထပ်ဖျော်ဖြေတင်ဆက်ရန် အလှည့်ကျတဲ့အဖွဲ့တစ်ဖွဲ့ကို စင်မြင့်ပေါ်မှာ နေရာယူဖို့အတွက် အနောင်ဇာဖြစ်သူက ဖိတ်ခေါ်ကြော်ငြာနေပြီဖြစ်သည် .....။ မန္တလေးမြို့ ကျက်သရေဆောင် မြို့မတေးဂီတအဖွဲ့က တီးခတ်လိုက်တဲ့ သာယာငြိမ့်ညောင်းလှသည့် သင်္ကြန်တေးသွားလေးနဲ့ အတူ.... ဇာတ်ခုံတစ်ဘက်တစ်ချက်ဆီကနေ ယခုနှစ်၂၀၁၁ခုနှစ်အတွက် သင်္ကြန်အရောင်ဟုသတ်မှတ်ထားသော ခရမ်းရောင်နဲ့ ရွှေဝါရောင်ရောစပ်ထားသည့် အတာရေသဘင်ဝတ်စုံဆန်းဆန်းလေးတွေကို ၀တ်ဆင်ထားသော ယိမ်းအဖွဲ့လေးကပါ အတာသင်္ကြန် တေးသီချင်းလေးနဲ့အပြိုင် ယဉ်ကျေးသိမ်မွေ့စွာ ထွက်လာကြပါသည် ....။ ပြီးတော့ အဲဒီသီချင်းကို သီဆိုမည့်သူပါထွက်လာတော့ ကျမ ရုတ်တရက် အံ့သြမှင်သက်စွာဖြင့် .......သူ ဟုတ်မှ ဟုတ်ရဲ့လားလို့ သင်းကိုလက်တို့ပြီး မေးလိုက်မိသည်...။ ကြိုတင်သိနေပုံရတဲ့ မရွှေသင်းကတော့ ပြုံးဖြီးဖြီးကြီးလုပ်ပြီး ............ “နင်မျက်စေ့မှားတာနေမှာပါ ဖြိုးရယ်တဲ့ .......ကျမက အံ့သြ၀မ်းသာလွန်းစွာနဲ့ပဲ “ အောင်မယ် ... ရှင်က သိရက်နဲ့ ကျမကို တမင်လျှို့ဝှက်ထားတာပေါ့လေ ဟုတ်လားလို့ ပြောရင်း သင်းရဲ့လက်ကို နာနာလေး တစ်ချက်ဆွဲဆိတ်လိုက်ပစ်လိုက်သည်....။ “အား .....နာတယ်.... ငါမဟုတ်ဘူး အဲဒါ ဇာတ်ခုံပေါ်က သီချင်းဆိုနေတဲ့ နင့်လူကြီးက အဲလို တမင်ပြောခိုင်းလို့ ပါဗျို့ .... လို့အော်လိုက်တော့ .... ကျမ ရယ်မောစွာနဲ့ သူရှိရာစင်မြင့်ထက်ကို လှမ်းကြည့်လိုက်ပါသည် ......။ ကျမကို လက်ညှိုးလေးထိုးပြီး သူသီဆိုနေခဲ့တဲ့ တေးသီချင်းစာသားလေးက ........ “ပိတောက်ပန်းချစ်သူလေးကို တမ်းတမ်းတတ ရင်ထဲလွမ်းကာ .... ပိတောက်တစ်ခက်ပန်ကာ သူ့မျက်နှာထားက ပြုံးလို့ ရွှင်စွာ .........တစ်ခုသော သင်္ကြန်ပွဲမှာ နွဲပျော်လို့ဖြင့် ဆုံတွေ့မမေ့စရာ.........ယနေ့ထက်တိုင်သာ ကိုယ့်ရင်ထဲ စွဲလန်းနေတာ........ဘယ်ဆီပိတောက်လမ်း ဘယ်ရေနန်းမှာ ရောက်လို့နေတာ.......သင်္ကြန်ပွဲတိုင်းမှာ တစ်ကိုယ်ထဲလျှောက်လာ ရင်မောလှစွာငေးမောဖွေရှာ......ပြန်လည်တွေ့လေမလား.....တွေးထင်စိတ်မှာ.......ပိတောက်ဝါပွင့်သော..........အတာ.....” နွမ်းလျနေတဲ့ ကျမစိတ်တွေအားလုံးက ပိတောက်ပွင့်သောအတာ ဆိုတဲ့ တေးသီချင်းသံလေးရဲ့ နောက်မှာ စီးမျောလိုက်ပါသွားမိရင်း ..... ၂၀၁၁ ရွှေမန်းသင်္ကြန်မဏ္ဍပ်ကြီးရဲ့ စင်မြင့်ထက်က ကျမအချစ်ရဆုံးသူ့မျက်နှာကို ပျော်ရွှင်စွာငေးကြည့်နေဖြစ်ခဲ့တာ ....... ဟောဒီ့သင်္ကြန်ဟာ ကျမအတွက်တော့ အလှပဆုံးသင်္ကြန်ပါပဲ ..........။

 ************************************************** ၂၀၁၁မှာကျရောက်တဲ့ နှစ်သစ်အတာသင်္ကြန်ပွဲလေးကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သမ်းနိုင်ကြပါစေ အားလုံးပဲ မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် .....။ 

အားလုံးကိုချစ်ခင်လေးစားလျှက်~ 

+နှင်းဟေမာ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)