>
(၁)
အချစ်ဆိုတာ စံနစ်တကျ လေ့ကျင့်လမ်းကြောင်း သင်ကြားအပ်သော အတတ်လား မောင်...
ဘာကြောင့် သွင့်ဘဝကို ထဲထဲဝင်ဝင် ပတ်သက်ပြောင်းလဲခဲ့သလဲ...
ဘာကြောင့် သွင့်နေမှုထိုင်မှုဘဝတွေကို ပြုပြင်ပုံသွင်းပေးခဲ့သလဲ….
မောင် တကယ်မချစ်ခဲ့ပါဘဲနဲ့လေ…..
သွင် ဒီမြို့ကလေးကိုပြန်လာတာ မောင်နဲ့တွေ့ဖို့မှ မဟုတ်တာဘဲကွယ်။ တွေ့ဖို့ မဟုတ်ပေမယ့် မြင်နေရတယ်၊ မောင့်ပန်းချီပြပွဲအကြောင်း၊ နားမထောင်ဘဲလည်း ကြားနေရ တယ်၊ မောင့်အောင်မြင်မှု သတင်းတွေ….။ ဂုဏ်ယူပါတယ်မောင်ရေလို့ ပြောပြဖို့ သွင် မောင့်ဆီ ဖုန်းဆက်ဖို့ လိုအပ်ပါသလား…..။ နိုး…နိုး…နိုး... ကြောင်လွန်းတယ်လို့ သွင် သိနေတယ်။ အဲဒီလောက်စကားလေးပြောချင်ရုံနဲ့တင် မောင့်ဆီဖုန်းခေါ်ဖို့ဆိုတာက သိပ်ကိုသိသာလွန်းတဲ့ အကြောင်းပြချက်တစ်ခုသာ ဖြစ်တော့မှာ။
မလိုအပ်ပါဘူးလေ၊ မောင် သိနေမှာပါ။ မောင် အောင်မြင်သည်ဖြစ်စေ၊ မောင် ရှုံးနိမ့်သည်ဖြစ်စေ၊ အောင်မြင်နေတဲ့အခါ လက်ခုပ်တီးပေးဖို့ အသင့်ရှိသလို၊ မောင် ရှုံးနိမ့်နေစဉ်မှာ မောင် မကြားနိုင်မယ့် အားပေးစကားတွေ သွင်တစ်ယောက်ထဲ ပြောနေဖြစ်ဦးမှာ။
သွင်ဆိုတဲ့ မိန်းမဟာ မောင့်သတင်းကြားမှ၊ မောင့်အသံကြားမှ မောင့်ကို သတိရနေမယ့်မိန်းမမှ မဟုတ်တာဘဲ။ မမေးပါနဲ့တော့၊ မောင်နဲ့သွင့်အကြားမှာ မေးဖို့မလိုအပ်ခဲ့တာတွေမှ အများကြီးရယ်…..။ တစ်ယောက်နဲ့တစ်ယောက် မျက်ဝန်းချင်းဆုံနေကြရုံနဲ့ ပြည့်စုံနေတတ်ခဲ့ကြတာ။ (သွင် ထင်ခဲ့တာတွေပါ) မောင်က မမေးပါနဲ့ဆို သွင် မမေးခဲ့ဘူး၊ မောင် တိတ်ဆိတ်နေတိုင်း သွင် နှုတ်ဆွံ့နေပေးတတ်ခဲ့တယ်။ မောင်က အနေအေးတယ်၊ မာနကြီးတယ်၊ မလိုအပ်ဘဲ မပြောဘူး၊ သွင်က အဲသလို ထင်ခဲ့တယ်။ တကယ်တမ်းကျတော့ မောင် သွင့်အပေါ် သွေးအေးခဲ့တာ…..
နာနာကျင်ကျင်ပြောရရင် မောင်နဲ့ပါတ်သက်လာရင် သွင့်ကို လှုပ်ရှားတတ်အောင်၊ သွေးပူတတ်အောင် စနစ်တကျလေ့ကျင့်ပေးခဲ့ပြီးမှ မောင်က အေးအေးသက်သာ လက်ပိုက်လို့၊ ခပ်လှမ်းလှမ်းကနေ ခြေစုံရပ်လို့ မိန်းမတစ်ယောက်ရဲ့ အလှုပ်အရှား အတက်အကျကို အရသာခံကြည့်နေတတ်ခဲ့တာ။
ခေါင်းလောင်းကလေးတစ်ခုလို လက်ကကိုင်လှုပ်မှ အသံမြည်တတ်တာမျိုး မဟုတ်ဘူး မောင်၊ မောင့်ကြောင့်လှုပ်ခတ်ခဲ့ဖူးပြီးသား နှလုံးသားတစ်ခုဟာ သူ့အလိုလို မြည်တမ်းနေတတ်တာ၊ တိုက်ဆိုင်သည်ဖြစ်စေ၊ တမင်တွေးယူသည်ဖြစ်စေ နာနာကျင်ကျင်ကြီး လှုပ်ခတ်နေတတ်တော့တာ……
အဲဒါ သွင့်နှလုံးသားပါ မောင်။ မိုက်မဲတယ်ပဲ ပြောပါတော့….။
(၂)
သေချာတာကလေ သွင့်ဒဏ်ရာဟာ မြုံနေတုန်း၊ ဇေယျဆိုတဲ့ မောင့်အမည်ကြားတိုင်း၊ ဇေယျဆိုတဲ့ မောင့်ဆီ သွင့်စိတ်တွေ ကူးခတ်သွားတိုင်း…..ဒဏ်ရာတွေဟာ ပါးပြင်ပေါ် အရည်ပျော်ကျလာတတ်မြဲ….
“သွင် နင် ပန်းချီပြပွဲ လိုက်မလား၊ နင် ဒီမှာ ရောက်နေတုန်း ကြုံခဲတဲ့ပွဲမို့လေ”
“တစ်ကိုယ်တော်လား”
“မဟုတ်ဘူးဟ၊ ပန်းချီဆရာ သုံးယောက်၊ အမျိုးသမီးတစ်ယောက်ပါတယ်။ အမျိုးသားက နှစ်ယောက်”
“အမျိုးသမီးက ညိုမာဝေ၊ အမျိုးသားတစ်ယောက်က ဇေယျ ဟုတ်တယ် မဟုတ်လား”
“အေး နင် သိပြီးသားလား”
“ဇေယျနဲ့ ပါတ်သက်တဲ့သတင်းတွေ ငါ အကုန်ကြားပါတယ်ဟာ၊ သူနဲ့ အဲ့ဒီပန်းချီဆရာမ ညိုမာဝေနဲ့ လက်ထပ်တော့မယ်ဆိုတာကအစ ငါ ကြားပါတယ်”
“အေးလေ ဘာဖြစ်လဲ၊ နင် သွားမကြည့်ရဲဘူးလား၊ လာစမ်းပါဟာ လိုက်ခဲ့”
“နှင်း ငါ မလိုက်ပါရစေနဲ့ဟာ၊ ကြည့်ရဲတာ မကြည့်ရဲတာထက် ငါ သူတို့နှစ်ယောက်လုံးကို တွဲရက် မမြင်နိုင်သေးတာပါ”
“သွင်ရယ် နင့်မလည်း၊ ကြာပဲ ကြာလှပြီ၊ ဟိုက မိန်းမတောင် ယူတော့မယ်၊ မေ့လို့ မရသေးဘူးလား ဟင်”
နှင်းအမေးကို သွင် မဖြေနိုင်ပါ။ သွင်ကိုယ်တိုင်လည်း မသေချာလှ။ မောင်နဲ့ ညိုမာဝေ့ကို အတွေ့မှာ သွင် မျက်ရည်မကျဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ အတန်တန် နာကျင်လွန်းရလို့ ထုံနေပြီ ထင်ထားခဲ့တာ၊ တကယ်တမ်းကျတော့ မောင့်နာမည်ကြားရုံနဲ့ လူက ပျော့ခွေချင်လှပြီ၊ သွင်ပဲ သိပါတယ်လေ။
“ဘယ်နေ့ထိလဲ”
“နောက် နှစ်ရက်ထိ ပြမှာ၊ ဒီနေ့က ပထမဆုံးနေ့လေ”
“အေးပါဟာ နောက်ဆုံးနေ့ထိ ခနလေး စောင့်ပါလား၊ ငါ့စိတ်တွေကို ပြင်ဆင်ပါရစေဦး”
“သွင်ရယ် နေပါဟာ၊ နင် အဆင်မပြေလည်း ငါ ချိုချို့ကို အဖော်ခေါ်သွားလိုက်ပါမယ်၊ ငါက နင်များ စိတ်ဝင်စားမလားလို့”
သွင် စိတ်မဝင်စား၍ မဟုတ်၊ သွင် တကယ်စိတ်ဝင်စားတာပါ။ မောင် ဘာကားတွေများ ဆွဲနေမလဲ၊ အရောင်တွေ အရိပ်တွေ အထူအပါးတွေကို ဘယ်လိုစုတ်ချက်တွေနဲ့များ ပုံဖော်ထားလေမလဲ၊ သွင် သိချင်လှတယ်။ အရိုးသားဆုံး ပြောရရင် သွင်နဲ့ပတ်သက်သမျှ တစ်ခုတစ်လေများ မောင့်ပန်းချီထဲ အမှတ်တရ ရေးဆွဲထားလေမလား၊ သွင် လက်ဆောင်ပေးခဲ့ဖူးတဲ့ ကော်ဖီခွက်ကလေးကိုများ မောင် ထည့်ဆွဲထားမလား၊ သွင့်ခေါင်းပေါ်မှာ ပန်ခဲ့ဖူးတဲ့ ဇီဇဝါပန်းကလေးတွေများ မောင် ရေးဆွဲထားလေမလား၊ သွင် နှစ်သက်တယ်ဆိုတဲ့ အပြာရောင်တွေများ သုံးထားလေမလား၊ သွင် တကယ်ပဲ သိချင်တာ။
အမှတ်မရှိဘူးပဲဆိုဆို….ကိုယ့်စိတ်ကိုကိုယ် လှည့်စား ကြည်နူးကြည့်ချင်သေးတာ။ မောင့်ပန်းချီမှာ အပြာရောင်လေး ကဲနေရင်ပဲ မောင်များ သွင့်ကိုလွမ်းနေတာလားလို့ စိတ်က ယုံစားချင်နေသေးတာကတော့ သွင် ရူးနေလို့သာ ဖြစ်မှာ။ ခက်လိုက်တဲ့ သွင်ပါပဲ….။
မောင်နဲ့ချစ်စတုန်းကတော့ သွင့်ပုံတူကလေးများ မောင် တိတ်တိတ်ဆွဲထားမလားလို့ မောင့်အလုပ်ခန်းထဲ မွှေနှောက်ရှာခဲ့ဖူးတာ၊ ဘောင်မခွေရသေးတဲ့ ပန်းချီကားတွေ ကြမ်းပြင်ပေါ်ချထားတာကို တစ်ကားချင်း လိုက်ကြည့်ရတာ အမောရယ်။ မသိနိုင်ပါဘူးလေ၊ ခုရော မိန်းကလေးပုံဆွဲတဲ့အခါ သွင်ကြိုက်တဲ့ အပြာရောင် အသွေးကလေး မခြယ်ထားဖူးလို့ ဘယ်သူက ပြောနိုင်မှာလဲ နော်။
တွေးမိရင်းက မောင့်ပန်းချီပြပွဲကို သွားကြည့်ချင်စိတ်တွေ ပေါက်လာရတော့တယ်။ ဒါပေမယ့် မောင်ရယ်…..။
(၃)
လက်ညှိုးထိုးတတ်တဲ့ကိစ္စတွေမှာ နှလုံးသားမပါတာကတော့ တမင်သက်သက် အပြစ်ဖွဲ့ လိုခြင်းပဲ၊ နှလုံးသားထဲမှာ တန်ဘိုးတစ်ခုသတ်မှတ်ပြီး နေရာတစ်ခု ကျကျနနမပေးနိုင်ခဲ့လို့ပါပဲ…အဲဒီလိုပဲ သွင် နားလည်ထားပါတယ်။ မောင့်နှလုံးသားကို ခုထိ နားမလည်နိုင်သေးတာကတော့ သွင် ညံ့လို့ပဲ ထားပါလေ….
“သွင် မင်းတို့အသိုင်းအဝိုင်းက အနုပညာအပေါ် အတော်လေး အထင်သေးတာပဲ နော်”
“ဟာ မဟုတ်ပါဘူး မောင်ရာ၊ ဖေဖေမေးတဲ့ မောင့်ပန်းချီကားတစ်ကားကို ဘယ်လောက်ရလဲဆိုတာက သိချင်လို့ကို မေးတာ နေမှာပါ”
“မဟုတ်တာကွာ၊ သွင့်ဖေဖေလေသံက မင်းပန်းချီကားတစ်ချပ်ရဲ့တန်ဘိုးက ဘယ်လောက်လဲ၊ မင့်ပန်းချီကားချပ်ရေ ဘယ်လောက်ရောင်းရမှ ငါ့သမီးစီးနေတဲ့ကားဘိုးကို မီမလဲဆိုတဲ့ အထာနဲ့”
“မဟုတ်ဘူး၊ မဟုတ်ပါဘူး မောင်ရဲ့၊ မောင် အထင်လွဲတာ ဖြစ်မှာပါ ဖေဖေက အဲ့လိုမဟုတ်ဘူး”
တကယ်တော့ ဒါဟာ မောင့်ဘက်က အကြောင်းပြချက်ကောင်းတစ်ခုသာ ဖြစ်ခဲ့တာ။ အသိုင်းအဝိုင်းချင်း မတူလို့၊ တန်ဘိုးထားရာချင်း ကွဲလို့တဲ့လေ။ ဘာပဲဖြစ်ဖြစ် မောင်နဲ့သွင် အချစ်တွေ တူခဲ့ကြတာပဲလို့ သွင်က ထင်ခဲ့တာ။ မောင်နဲ့သွင် တစ်ယောက်ဘေးနားတစ်ယောက်ရှိရင်း အတူတူအိုမင်းခွင့်ကို သွင်က လိုချင်ခဲ့တာ….။ ဘယ်လိုအခြေအနေတွေရောက်ပါစေ။ သွင့်နားနဲ့ဆတ်ဆတ် ကြားလာခဲ့ရတဲ့ မောင့်စကားတစ်ခွန်း မကြားရသေးခင်အထိပေါ့။
သွင် မောင့်ကို လုံးဝ ယုံခဲ့မိတာ။
(၄)
မျှော်လင့်ချက်ဆိုတာ မောင်နဲ့မှ သွင် နားလည်လာခဲ့တာ၊ သူ့အတိုင်း လွတ်လပ်စီးမျောနေတဲ့ သွင့်ရေစီးကြောင်းတွေက မောင်နဲ့ကျမှ လမ်းကြောင်းပြောင်းစီးဆင်းခဲ့သလေ….
မောင် မသိအောင် သွင် တိတ်တိတ်လေး ပန်းချီခိုးသင်နေတာ၊ ခုဆို ခြောက်လပြည့်တော့မယ်။ သွင် သင်တာက ခဲပန်းချီ ပေါ့ထရိတ်ပါ။ မောင် သိလား၊ မောင် အံ့သြသွားအောင်လေ၊ သွင် သေချာဆွဲတတ်တော့မှ မောင့်ပုံတူပန်းချီကားလေးကို ကျကျနနလေး ဆွဲပြီး မောင့်မွေးနေ့လက်ဆောင်ပေးမလို့။
မောင်ချစ်တဲ့ ပန်းချီပညာမို့ သွင် ချစ်ခဲ့ရတာ။ တကယ်က သွင်ဟာ သီချင်းတွေအပေါ်မှာ ပိုပြီးဝင်စားတာ။ သီချင်းတွေ စီဒီတွေ ဝယ်စုထားတာမှ အများကြီးရယ်။ မောင်ကကျတော့ ဟိုးတုန်းက သီချင်းတွေလောက်သာ နားထောင်တာ။ တကယ့်ကို ကလပ်စစ်သီချင်းတွေ မိုးတို့၊ မိုးသက်လေနှင်တို့၊ နတ်သျှင်နောင်တို့၊ ချစ်ပြုံးနှင်းဆီတို့၊ ဆယ့်နှစ်လရာသီတို့လို။ သွင်ကတော့ ပေါ့သီချင်းချိုချိုလေးတွေ ပိုကြိုက်တာ။
ရုတ်တရက် ဆရာမအိမ်ဖုန်းက မြည်လာတာမို့ ပေါ့ထရိတ်ပုံလေးခဲခြစ်နေရင်းက သွင် ဆတ်ကနဲ ခေါင်းထောင်ကြည့်မိတယ်။ ဆရာမ လမ်းထိပ်ခနသွားပါတယ်လို့ ဖြေလိုက်ချင်ပေမယ့်….၊ ဖုန်းက လေးငါးချက်မြည်အပြီးမှာ “ကျွန်မ ညိုမာဝေပါရှင်၊ ကိစ္စရှိရင်မက်ဆေ့ခ်ျထားခဲ့ပါ၊ ကျွန်မ အမြန်ဆုံးပြန်ခေါ်ပါ့မယ်”ဆိုတဲ့ အသံလေးကြားတာနဲ့ ငြိမ်ပဲနေလိုက်မိတာ့တယ်။ တီ….ဆိုတဲ့ဘိမြည်သံလေးအဆုံးမှာတော့ ယောကျာ်းအသံ တစ်သံ…. သိပ်ကိုကြားဖူးနေကျ အသံ။
“ညို ကျွန်တော့်ကို စိတ်ဆိုးနေတုန်းလား၊ ဖုန်းဖြေပါဗျာ၊ ညိုကလွဲလို့ ဘယ်သူ့ကိုမှ ကျွန်တော်တကယ်မချစ်ဘူးဆိုတာ ယုံပါ၊ ညိုသိချင်တာတွေအားလုံး ကျွန်တော် သေချာရှင်းပြနိုင်ပါတယ်။ ဒါပဲနော်၊ ကျွန်တော်ပြန်ခေါ်လိုက်မယ် တိတ်ကဲပါဗျာ”
သွင့်နားထဲဘယ်လိုဝင်ဝင် မှတ်မိနေတဲ့ မောင့်အသံ…..။
ဘယ်သူ့ကိုမှ ကျွန်တော် တကယ်မချစ်ဘူးဆိုတာ….. ဘယ်သူ့ကိုမှ ကျွန်တော် တကယ်မချစ်ဘူးဆိုတာ…..
တကယ် မချစ်ဘူး ဆိုတာ……။
သွင့် နားကြားများ လွဲသလား….ဟင့်အင်း မဖြစ်နိုင်ဘူး။ သေချာတယ်၊ မောင်မှ မောင်ပါ။ မောင် ပန်းချီဆရာမမိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးသွားသွားလာလာရှိတာ သွင်သိထားပေမယ့် ခုလိုပတ်သက်မှုမျိုးလို့ ဘယ်တုန်းကမှ တွေးမထားမိခဲ့။
ဒါဟာ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင် သွင်နှလုံးသားကွဲဖို့ ဖြစ်လာတဲ့ကိစ္စ။ နားနဲ့ တပ်အပ်ကြားခဲ့ရတဲ့ မောင့်ဝန်ခံမှု၊ သွင်မဟုတ်တဲ့ တစ်ခြားမိန်းမတစ်ယောက်အပေါ် ဝန်ခံဖြေရှင်းမှုမှာ သွင့်အချစ်တွေ အစော်ကားခံလိုက်ရတာ၊ သွင့်သိက္ခာတွေ ချနင်းခံလိုက်ရတာ၊ သွင့်ကမ္ဘာတစ်ခုလုံး ပျက်ခဲ့ရတာ။ ရှက်စရာကောင်းလိုက်တာ…..၊ တကယ် မချစ်ခဲ့ဘူး….တဲ့၊
မောင်ပြောခဲ့တဲ့ အရမ်းချစ်တယ်ဆိုတဲ့ စကားတွေ၊ သွင့်ကို လွမ်းလိုက်တာကွာဆိုတဲ့ စကားတွေမှာ အချစ်မဲ့ခဲ့သတဲ့လား၊ မောင့်စိတ်အဆာပြေရုံသက်သက် အပျော်ကစားခဲ့တာမျိုးလား၊ တကယ်မချစ်ဘဲ ပြောခဲ့တာတွေတဲ့လား၊ ဒါတွေကို သွင်က ရူးမိုက်လို့သာ အဆင်အခြင်မဲ့ ယုံခဲ့မိတာပဲ ထားပါတော့….။
ဘာကြောင့်ပါလိမ့်လို့ နားမလည်နိုင်မှုတွေနဲ့ ခုထိ စိတ်တွေက ထုံနေတုန်း။ မောင့်မျက်ဝန်းအကြည့်တွေကို မြင်ယောင်မိတိုင်းလည်း တကယ်ချစ်ခဲ့တာလို့ မိုက်မဲချင်နေ တုန်း။ သွင့်အဖြစ်က ကျားကိုက်ခံရသူကိုယ်တိုင်ဖြစ်ရက်နဲ့ အပေါက်ကလေးနဲ့လားလို့ မေးနေတဲ့သူလို….။
ဆရာမပြန်လာတော့ သွင်က “ဆရာမအိမ်ဖုန်း ခုနကပဲ မြည်တယ်။ အမျိုးသားတစ်ယောက် မက်ဆေ့ခ်ျထားခဲ့သံလိုလို သွင် ကြားလိုက်သလားလို့” လို့ မရေမရာ ဘာမှ မဟုတ်လေဟန် ပေါ့ပေါ့ပါးပါးပြောဖြစ်ခဲ့တယ်။ ဆရာမက သွင့်ကို ခပ်စိုက်စိုက်တစ်ချက်ကြည့်ပြီး “ကျေးဇူးပဲ” တဲ့။
“ဆရာမကို သွင် ပြောရဦးမယ်၊ ဒီလကုန်က စပြီး သင်တန်းတက်ဖြစ်တော့မယ် မထင်ဘူး။ သွင် မေမေ့ဆိုင် ကူထွက်ပေးရမှာမို့ အားတော့မှာ မဟုတ်ဘူး”
မုသားစွက်စကားတစ်ခွန်း သွင့်နှုတ်ဖျားက အားထုတ်စရာမလိုအောင် လျှောကနဲ ထွက်သွားတယ်။ ဆရာမမျက်လုံးတွေက သွင့်ရင်ထဲကို မြင်လိုက်သလိုလို ရှိလှတယ်။ မျက်လုံးတွေက သွင့်အနားချက်ချင်းပဲ နီးကပ်လာသလိုလို….။ ဆရာမရယ် ဆရာမ မသိလိုက်တာကလေ မောင်နဲ့ သွင် ဝေးသွားတာကိုပါပဲ….။
(၅)
အချစ်ဆိုတာ မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ဆင်စမ်းကြသလို တစ်ယောက်နဲ့တစ်ယောက် အတွေ့ပေါ်မူတည်လို့ အမြင်တွေ ကွဲနေကြဦးမှာ၊ အချစ်နဲ့ပါတ်သက်တဲ့ မောင့်အမြင်ကို သွင် ဘယ်တော့မှ မသိလို၊ မငြင်းလိုတော့ပါဘူး၊ ဒါဟာ သွင် သိခဲ့တဲ့ မောင့်အချစ်လို့ပဲ….
မလိုအပ်တော့ပါဘူးလေ၊ ဘယ်လိုဖြေရှင်းစကားကိုမှ မောင့်ဆီက မလိုအပ်တော့သလို တကယ်မချစ်ခဲ့တဲ့ မိန်းမတစ်ယောက်အတွက် ဘယ်လိုဖြေရှင်း နှစ်သိမ့်စကားတစ်ခွန်းတစ်လေမှ မောင့်ဆီက ကြားရမယ် မဟုတ်ဘူးဆိုတာ သွင် သိပြီးသားပါ။ သွင်ဟာ မောင် တကယ်မချစ်ခဲ့တဲ့ မိန်းမ…..။
ကြာခဲ့ပြီပဲလေ၊ တကယ်ဆို သွင် မေ့သင့်ခဲ့ပြီ။
“နှင်း ငါတို့ ပန်းချီပြပွဲသွားရအောင်၊ ဒီနေ့ နောက်ဆုံးနေ့မဟုတ်လားဆိုတဲ့ သွင့်စကားကို နှင်းက မျက်ခုံးများတောင် ပင့်လို့။ “အေး သွားကြမယ် သွင် နင် ပန်းဆိုးတန်းက စောင့်”လို့ မဆိုင်းမတွ ပြန်ဖြေလေတယ်။
ပန်းချီပြပွဲက လူ သိပ်မများလှပေမယ့် နာမည်ကြီးပန်းချီဆရာသုံးယောက်ရဲ့ပွဲမို့ သုံးယောက်စာပရိသတ်နဲ့ စည်ကားတယ်လို့ ပြောရမယ်။ သွင် တိတ်တိတ်လေးမျှော်လင့်ထားသလို (သိပ် မျှော်လင့်မထားပေမယ့်လည်း) မောင့်ပန်းချီကားတွေဟာ အပြာရောင်ကဲမနေကြဘူး။ အနီ အနက် လိမ္မော် အဝါတွေ ရောယှက်လို့ အပူရောင်တွေ အများဆုံးသုံးပြီး ဆွဲထားတယ်။ စုတ်တံအပြားကြီးကြီးတွေနဲ့ ခပ်ကြမ်းကြမ်းဆွဲထားတဲ့ ပုံတွေဟာ ကြည့်ရသူတွေတောင် ရင်ပူမောလာတဲ့အထိ မောင့်အနုပညာက စွမ်းလှတယ်။ မွန်းကြပ်ကြပ်ခံစားမှုတစ်မျိုးကို ပေးတယ်။ သွင်ဖြင့် အသက်ရှူတောင် မဝတော့သလိုပဲ။
အိုး…..ဒီပုံကလေး….၊ မိန်းကလေးတစ်ယောက် နောက်ကျောပေးလို့ ဟိုးအဝေးကြီးကို ငေးနေပုံ၊ လွင့်ပျံ့နေတဲ့သူမဆံနွယ်တွေမှာ ဇီဇဝါပန်းကလေးတစ်ပွင့်၊ သွင်သိပ်ချစ်တဲ့၊ သွင်ချစ်တယ်ဆိုတာကို မောင်လည်းသိတဲ့ ဇီဇဝါပန်းကလေးတစ်ပွင့်ကို တွဲခိုလို့ ပြုတ်ကျတော့မယ့်ပုံဟန် ပန်ထားပေးတယ်။ အဲဒီပန်းကလေးလို သူမစိတ်ဟာ၊ သူမနှလုံးသားတွေဟာ ပြုတ်ကျလုလု လို့များ မောင်က ပြောချင်တာလားဟင်….၊ အို.....သူမဟာ သနားစရာကောင်းလိုက်တာ....။
သွင့်စိတ်အပြောင်းအလဲကို သွင်ကိုယ်တိုင် မသိလိုက်ခင် ပါးပေါ်ကို မျက်ရည်တွေ ပေါက်ကနဲ လိမ့်ဆင်း ကျလာတော့တယ်။ သွင် ဇီဇဝါပန်းတွေကို သိပ်ချစ်တာ မောင် မမေ့သေးဘူးဘဲ…..။ ရုတ်တရက် မောင့်ကို သိပ်တွေ့ချင်လာတယ်။ မောင် ဘယ်မှာများပါလိမ့်၊ ပြခန်းရဲ့တနေရာရာမှာတော့ မောင် ရှိနေမှာပါ။ တွေ့ချင်လိုက်တာ…သွင် မောင့်ကို တွေ့ချင်လိုက်တာ မောင်ရာ….။ မောင့်ကို သွင့်မျက်လုံးတွေက လိုလိုချင်ချင် လိုက်ရှာကြည့်နေမိတော့တယ်။
သွင့်လက်ထဲက ပလတ်စတစ်ဖိုလ်ဒါအကြည်လေးထဲမှာ သွင်ဆွဲထားတဲ့ မောင့်ပေါ့ထရိတ် ပုံ။ ပေးလိုက်ရင် ကောင်းမလား၊ နောက်လဆို မောင့်မွေးနေ့လေ။ သွင်ကတော့ ရှိနေနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မောင့်အတွက် အမှတ်တရဖြစ်စေချင်တယ်။ မိတ်ဆွေတွေအနေနဲ့ ပေးတာမျိုးဖြစ်ဖြစ်ပေါ့။ သိပ်များ သိသာသွားမလား ဟင်….။ အို ဘာပဲဖြစ်ဖြစ်ပေါ့ ပေးလိုက်ချင်တယ်။ ဝေးကွာနေချိန်တွေမှာ မောင့်ကို မမေ့နိုင် မပြတ်နိုင်သေးတဲ့ သွင့်သံယောဇဉ်တွေရဲ့ ပြယုဂ်….။
အို သွင့်ကို တကယ်မချစ်ခဲ့တဲ့မောင်ဟာ ဒီပေါ့ထရိတ်ပုံလေးအတွက် သွင်မသိအောင် လှောင်များ ရယ်နေဦးမှာလား၊ ဆရာမနဲ့အတူတူ မျက်နှာချင်းဆိုင်စားဖြစ်တဲ့ မနက်ခင်းစာတွေမှာ အရံတစ်ခွက်အဖြစ်နဲ့လေ….။ သွင့်စိတ်တွေ ဂနာမငြိမ် ယိမ်းထိုးပြေးလွှားရင်း မောင် ဘယ်မှာလဲ….ဆိုတာပဲ သိချင်နေမိတော့တယ်။
"Sorry Sir, this painting has already been sold out. You may choose to buy another one, how about that one ?"
ညိုမာဝေ….၊ ဆရာမ ညိုမာဝေ့အသံ။ သွင့်နောက်ကျောဘက်က ကြားလိုက်ရတယ်။ မရည်ရွယ်ဘဲ သွင် ဆရာမကို လှည့်ကြည့်လိုက်မိတယ်။ ဆရာမကတော့ နိုင်ငံခြားသားစုံတွဲကို စကားပြောရင်း သွင်တို့ဘက်ကို ကျောပေးထားတာမို့ မြင်ဟန်မတူ။ ဘုရားရေ…..သူမဆံနွယ်ကျော့မှာ ဇီဇဝါတစ်ပွင့် ပိုင်ပိုင်နိုင်နိုင်ပန်လို့…..။
သွင် နှုတ်ခမ်းတွေကို ဖိကိုက်ထားလိုက်မိတယ်။ မငိုနဲ့၊ မငိုမိစေနဲ့ သွင်၊ နည်းနည်းကလေးမှ ငိုချင်ပုံ မပြမိစေနဲ့၊ ဖိုလ်ဒါလေးထဲက မောင့်ပေါ့ထရိတ်ပုံကို သွင့်လက်က အလိုလို ခြေမွမိရက်သား။ ရက်စက်တယ် မောင် ရက်စက်တယ်။
မျက်နှာများတဲ့ ဇီဇဝါ….သွင့်တစ်ယောက်ထဲအတွက် ပွင့်တာမှ မဟုတ်ခဲ့ဘဲ….။ ပြခန်းထောင့်က အမှိုက်ပုံးထဲ လက်ထဲက ခဲပန်းချီပုံလေးကို လွှင့်ပစ်ခဲ့မိတော့တယ်။ လုံးချေကြေမွလို့၊ တကယ်တမ်းကြေမွခဲ့တာက သွင့်စိတ်တွေပါပဲ။ သွင့်စိတ်တွေပါပဲ…..ကြေမွလို့သွားခဲ့တာ။ ခဏကလေး နုညံ့သွားခဲ့ရတဲ့ သွင့်စိတ်အပြောင်းအလဲဟာ ခုတော့ မွမွကြေ....။
နှင်းက သွင်လုပ်ပုံတွေကို နားမလည်နိုင်တဲ့ဟန်နဲ့။ နှင်းလက်ကို ဆွဲလို့ “ပြန်ကြစို့နှင်း”ဆိုတော့ နှင်းက သွင့်လက်ထဲမှာ ခပ်တောင့်တောင့်လေး ပါလာတယ်။ အမှိုက်ပုံးဆီ မေးငေါ့လို့ “ဟဲ့ ဘာလို့လွှင့်ပစ်ခဲ့ရတာလဲ နင်ပဲ သေချာအချိန်ယူဆွဲထားတာဆို” တဲ့။
“တော်ပါတော့ဟာ နှင်းရယ်၊ တော်ပါတော့ သွင့်အချိန်တွေ သွင့်နေ့ရက်တွေထဲမှာ ဇေယျ ဆိုတာ နောက်ထပ် ဘယ်တော့မှ နေရာယူနိုင်မယ် မထင်တော့ပါဘူးလေ။ နင် သိလား နှင်း”
“အေးပါဟာ သိပါတယ်၊ ငါ သိပါတယ်”
သွင် သိသားပဲ၊ နှင်း တကယ်မသိပါဘူး။ သိပ်မြန်တဲ့ သွင့်စိတ်အကျိုးအပဲ့လေးတစ်ခု၊ အဖြစ်အပျက်ကလေးတစ်ခုကို နှင်း မသိလိုက်ပါဘူးလေ။ သွင်ကိုက မိုက်မိုက်မဲမဲလာမိတာ….။ မောင်ဟာ သူ တကယ်မချစ်ခဲ့တဲ့ မိန်းမတစ်ယောက်ကို တမ်းတလွမ်းဆွတ်နေရလောက်အောင် မိုက်မဲတဲ့ ယောကျာ်းတစ်ယောက်မှ မဟုတ်တာဘဲ။
ဟုတ်မှာပါ၊ မောင်ဟာ ဇီဇဝါတွေကို ချစ်တယ်။ ဒါပေမယ့် သွင့်ဇီဇဝါတွေကို မဟုတ်ဘူး…….။ ပြခန်းက အထွက်မှာ မောင်နဲ့ နောက်ဆုံးအကြိမ်ရယ်လို့တောင် မတွေ့လိုက်ရတဲ့ ကံကြမ္မာကို သွင်က ကျေးဇူးတွေတင်လို့……။
တကယ်ပါပဲ။ ဘဝမှာ မလိုအပ်တော့ဘူးလို့ သိနေတဲ့အရာတွေဟာ တကယ်ကို မလိုအပ်တော့တာ။
သိပ်ကို သေချာတာပဲ…..။ နောက်တစ်ခု သိပ်သေချာတာက သွင် ဘယ်တော့မှ ခဲပန်းချီဆွဲတော့မှာ မဟုတ်တာပါပဲ…။
Author: ချစ်ကြည်အေး

Wednesday, April 30, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment