>
(ရေးသားသူ - အင်ဒီဟော)
ထိုင်းနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ပြီး အလုပ်လုပ်နေကြသောမြန်မာအလုပ်သမား ၂
သန်းခန့်သည် ထိုင်းနိုင်ငံတွင်ဆက်လက်အလုပ်လုပ်ခွင့်မရနိုင်တော့သော
နောက်ဆုံးရက်သတ်မှတ်ချက်နှင့်ပတ်သက်ပြီး
စိုးရိမ်ပူပန်နေကြဆဲဖြစ်သည်။၂၀၀၃ ခုနှစ်၊ နှစ်နိုင်ငံသဘောတူညီချက်အရ
အလုပ်သမားများသည် မည်သည့်နည်းနှင့်မဆို ပြန်နိုင်ခြင်းမပြုမီအနည်းဆုံး ၃ နှစ်
အတွက် အိမ်မပြန်ခင် ၄ နှစ်သာထိုင်းနိုင်ငံတွင် နေထိုင်နိုင်သည်။
၂၀၀၃ခုနှစ် မြန်မာနှင့်ထိုင်းအစိုးရတို့ နှစ်နိုင်ငံသဘောတူညီချက်အရ
မြန်မာအလုပ်သမားတို့သည်
ထိုင်းနိုင် ငံတွင် ၄နှစ်သာလုပ်ခွင့်ရှိပြီး မိမိနိုင်ငံသို့
၃နှစ်ပြန်ရမည်ဟုပါရှိထားသည်။ ထို့ကြောင့်လက်ရှိတွင် ထိုင်းနိုင်ငံ
ရှိမြန်မာအလုပ်သမား၂သန်းနီးပါးတို့သည် ဆက်လက်အလုပ်လုပ်
နေထိုင်ခွင့်ရရှိရေးအတွက် စိုးရိမ်ပူပင်နေ ကြပြီဖြစ်သည်။
ထိုသို့သော ရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်
ကန့်သတ်ချက်သည် ၂၀၀၉ ခုနှစ်က နိုင်ငံသားသက်သေခံလက်မှတ် (NV) ရထားသော
တရားဝင်အလုပ်သမားများ အပေါ်တွင် အခွင့်အရေး ယူရန် ဖြစ်လာခဲ့သည်။ ၂၀၁၃
ခုနှစ်ကုန်ပိုင်းတွင် (NV) လုပ်ငန်းစဉ်အရမြန်မာ အလုပ်သမား ၂ သန်းခန့်သည် ယာယီ
ပါတ်စပို့ရထားသော်လည်း ပွင့်လင်းမြင်သာမှုမရှိခြင်းများ၊ အကျင့်ပျက်ဝန်ထမ်း
များ၏ ခြစားမှုများ၊ စည်းကမ်းမလိုက်နာသော ပွဲစားများနှင့် ကုန်ကျစ
ရိတ်ကြီးမြင့်မှုများကြောင့် ခက်ခဲမှုများ ရှိနေဆဲပင်ဖြစ်သည်။ အလုပ်ရှင်များနှင့်
အလုပ်သမားများသည်ထိုလုပ်ငန်းစဉ်အား လွှမ်းမိုးချုပ်ကိုင်ထား သော
အေးဂျင့်များ၏ရရင်တစ်မျိုး
မရရင်တဖုံ ပုံစံများကြောင့် ပုံမှန်လမ်းကြောင်းအတိုင်း လိုက်နာဆောင်ရွက်နိုင်
ခြင်းမရှိခဲ့ပေ။
၂၀၀၉ခုနှစ်က စတင်ခဲ့သော နိုင်ငံသားစီစစ်ခြင်း(NV)ပြုလုပ်ပြီးနောက်
မြန်မာအလုပ်သမား၂သန်းနီးပါးတို့ သည် ယာယီပတ်စ်ပို့များကို ရရှိခဲ့သည်။
အလုပ်ရှင်နှင့်အလုပ်သမားတို့ ကိုယ်တိုင်ပြုလုပ်ရမည့် နိုင်ငံသား
စီစစ်ခြင်း(NV) အစီအစဉ်သည် ပွင့်လင်းမြင်သာမှုမရှိခြင်း၊
ဝန်ထမ်းများ၏အကျင့်ပျက်ခြစားခြင်း၊ အကျင့်
ပျက်ပွဲစားများဒခေါင်းပုံဖြတ်ခြင်းတို့ကြောင့် ကိုယ်တိုင်ကိုယ်ကျ
မလုပ်နိုင်ခဲ့ပဲ အေးဂျင့်များကို ဈေးကြီးကြီး ပေး မှသာ ၎င်းယာယီပတ်စ်ပို့ကို
ရရှိခဲ့ခြင်းဖြစ်သည်။တစ်နည်းဆိုရလျှင် ၂၀၀၉ခုနှစ် မှ ၂၀၁၃ခုနှစ် အကြား
မြန်မာအလုပ်သမား၂သန်းနီးပါးတို့သည် ယာယီပတ်စ်ပို့ရရှိနိုင်ရေးအတွက်
ပွဲစားများတဆင့် ကုန်ကျမှုများ စွာဖြင့် ရင်းနှီးပေးဆပ်ခဲ့ကြရသည်။
၂၀၁၃ ခုနှစ် ဇွန်လ၊ ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုများမဖြစ်သေးခင်
လပေါင်းများစွာကတည်းကပင်(NV) လုပ်ငန်းစဉ်အရ ၄ နှစ်နေထိုင်ခွင့်ရရှိထားသော
မြန်မာအလုပ်သမားများ၏ နေထိုင်ခွင့်မှာ သက်တမ်းစတင်ကုန်ဆုံးနေပြီ ဖြစ်သော်လည်း
မြန်မာအစိုးရကောထိုင်းအစိုးရပါ နှုတ်ဆိတ်နေခဲ့ကြသည်။ နှစ်နိုင်ငံ အချင်းချင်း
ဆွေးနွေးတိုင်ပင်ခြင်းမရှိသကဲ့သို့ ၄ နှစ် သက်တမ်းပြည့်ပြီးသော
အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံမှ ထွက်ခွာရန် သို့မဟုတ်
အဖမ်းခံရနိုင်ကြောင်း၊ ပြည်နှင်ဒဏ်ပေးခံရနိုင်ကြောင်း နှင့်
သို့မဟုတ်ပါကလည်း ဆက်လက်နေထိုင်နိုင်ကြောင်း
စသောတရားဝင် အမိန့်ကြော်ငြာများ ထုတ်ပြန်ခဲ့ခြင်း မျိုးလည်း မရှိခဲ့ပေ။
ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုများမဖြစ်ပွားသေးခင် ၂၀၁၃ဇွန်လမှစတင်ကာ မူလက
၎နှစ်ဗီဇာသက်တမ်းရှိခဲ့ သောအလုပ်သမားများသည် ၄နှစ်ပြည့်မြောက်၍
သက်တမ်းကုန်ဆုံးမှုများဖြစ်ခဲ့ကြသည်။ သို့သော် မြန်မာ
အစိုးရနှင့်ထိုင်းအစိုးရတို့က ၎င်း၎နှစ်သက်တမ်းပြည့်သူများအနေဖြင့်
ထိုင်းနိုင်ငံမှထွက်ခွာရန် သို့မဟုတ် ဖမ်းဆီးပြည်နှင်ခံရနိုင်ကြောင်း
သို့မဟုတ် ဆက်လက်သက်တမ်းတိုးနေထိုင်နိုင်ကြောင်း စသည့် အသိပေးရ မည့်
သတင်းအချက်အလက် အကြောင်းအရာများ ထုတ်ပြန်ခဲ့ခြင်းမျိုးမရှိပဲ နှုတ်ဆိတ်ကာ
တာဝန်ပျက် ကွက်ခဲ့သည်ဟု ဆိုနိုင်ပေမည်။
သြဂုတ်လတွင် "ရွှေ့ပြောင်းလုပ်သား အခွင့်အရေးများ ကွန်ယက် (MWRN)" မှ ပေါ်လစီ
ပိုင်း လစ်ဟာနေမှုများကို ဖော်ပြခဲ့ပြီး ၄ နှစ်နေထိုင်ခွင့် ကန့်သတ်ချက်အား
ပြန်လည် သုံးသပ်ရန်နှင့် ရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်ရှင်များသာမက
ထိုင်းနိုင်ငံ၏စီးပွားရေးအတွက်ပါ ယုတ္တိမရှိသော အချက်များနှင့်အကြောင်းပြချက်
မခိုင်လုံမှုများကိုထောက်ပြပြောဆိုခဲ့ကြသည်။ သို့သော် မြန်မာ အလုပ်သမားတစ်သိန်း
ကျော်၏ နေထိုင်ခွင့်မှာ လပေါင်းများစွာအတွင်း သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်သည်။
သြဂုတ်လတွင် “ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (M.W.R.N)” က
၎နှစ်နေထိုင်ခွင့်နှင့်ပတ် သက်သော ပေါ်လစီပိုင်းဆိုင်ရာလစ်ဟာမှုများကို
ထောက်ပြခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများနှင့်အလုပ်ရှင် များအတွက်သာမက
ထိုင်းနိုင်ငံ၏စီးပွားရေးအတွက် လက်တွေ့မကျသောကန့်သတ်ချက်များကိုပယ်ပျက်
ပြင်ဆင်ရန် တောင်းဆိုခဲ့သည်။ ၎င်းကာလအတွင်းမှာပင်
မြန်မာရွှေ့ပြောင်းအလုပ်သမား၁သိန်းကျော်တို့ သည်နေထိုင်ခွင့်ကုန်ဆုံးမှုများ
တရွေ့ရွေ့ဖြစ်ပေါ်လာခဲ့သည်။
အောက်တိုဘာလတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြားဆွေးနွေးညှိနှိုင်းမှုများ
ပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲမှနေ၍ အရည်အချင်းမရှိခြင်းများ၊ မကောင်းသော
ရည်ရွယ်ချက်များ၊ ယခင်ပြုလုပ်ခဲ့သော နိုင်ငံသား စီစစ်ရေးလုပ်ငန်းစဉ် (NV) သည်
အကျင့်ပျက်ခြစားမှုများအတွက် မြည်းစမ်းခွင့်တစ်ခု ဖြစ်ခြင်းများဆိုသည်များကို
ပိုမိုရှင်းလင်းစွာသိရှိလိုက်ရသည်။အရေးအကြီးဆုံးအချက်ဖြစ်သော
ရွှေ့ပြောင်းလုပ်သားများ၏ရှင်သန်မှုနှင့် ၄င်းတို့၏ မိသားစုများအား
ထောက်ပံ့ပေးနိုင်ရန်အတွက် ရုန်းကန်မှု များမှာ လျစ်လျူရှုခံနေရဆဲပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာ ဌာနတစ်ခုစီက အလုပ် သမားများ၏
ကုန်ကျစားရိတ်များမှ အမြတ်ထုတ်မှုများကို အခွင့်အရေးတစ်ရပ်အနေဖြင့် လုပ်ဆောင်နေ
ဆဲဖြစ်သောကြောင့်ပင်။
အောက်တိုဘာလတွင် မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား
ဆွေးနွေးညှိနှိုင်းမှုများလုပ်ခဲ့ရာ အရည်သွေးညံ့ သော
၊ရည်ရွယ်ချက်ရှိရှိကြံစည်သော၊ နိုင်ငံသားစီစစ်မှုပြုလုပ်ခြင်း(NV) ကိုအခြေပြု၍
အကျိုးအမြတ်ရှာခဲ့ သော အဖြစ်များကို ပေါ်ထွက်လာသည်ဟုသုံးသပ်ရပေလိမ့်မည်။
ခက်ခဲစွာရုန်းကန်ရင် မိသားစုများကို ထောက်ပံ့ပေးနေသော
ရွှေ့ပြောင်းအလုပ်သမားတို့ အဆင်ပြေပြေဖြစ်နိုင်ရေးအတွက် မည်သည့်ဆွေးနွေး
ချက်မှမရှိပဲ သက်ဆိုင်ရာဌာနတစ်ခုချင်းစီက အလုပ်သမားများအပေါ်မည်သို့
အကျိုးအမြတ်ထုတ်မည်ကို သာဦးတည်နေကြောင်း တွေ့ရှိရသည်။
ထိုဆွေးနွေးပွဲ မှတ်တမ်းအရ သက်ဆိုင်ရာအစိုးရအရာရှိများအကြား သဘောတူလိုက်သည်မှာ
၃ နှစ် မြန်မာပြည်ပြန်ရမည့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင်
နေထိုင်ရန်ခွင့်ပြုထားမှုအား ပြီးပြည့်စုံရန် အတွက်တစ်ရက်အပြန်ပြခြင်း (Single
Day Return) (သို့မဟုတ်)နယ်စပ်ရှိ One Stop Service Center များတွင်
လူဝင်မှုကြီးကြပ်ရေး တံဆိပ်နှိပ်ခြင်း (Immigration Stamp) ဖြင့် အစားထိုးခြင်း
ပြုလုပ်သင့်သည် ဟူ၍ဖြစ်သည်။အလုပ်ရှင်များနှင့် စီးပွားရေး၏ လိုအပ်ချက်ကို
ရှင်းရှင်းလင်းလင်းကြားသိခဲ့ပြီးဖြစ်သည်။
ထိုဆွေးနွေးပွဲမှတ်တမ်းအရ သက်ဆိုင်ရာအစိုးရအရာရှိများသဘောတူညီချက်မှာ မူလက
မိမိနိုင်ငံသို့ ၃နှစ် ပြန်ရမည့်အစား နယ်စပ်သို့၁ရက်အထွက်ပြခြင်း(Single Day
Return) သို့မဟုတ် နယ်စပ်ရှိ One Stop Servic Center များတွင်
လူဝင်မှုကြီးကြပ်ရေးတံဆိပ်ထုခြင်း (Immigration Stamp) ဖြင့် ပြောင်းလဲပြုလုပ်
မည်ဖြစ်သည်။ ……….
သို့သော် ထိုအချိန်ကတည်းကပင် တရားဝင်ပေါ်လစီမပေါ်ပေါက်မီကာလ၌ပင်
ထောင်ပေါင်းများစွာသောအလုပ်သမားများသည် လုပ်သက်အကျိုးခံစားခွင့်တစုံတရာမရရှိဘဲ
အလုပ်ရှင်များ၏အလုပ်ဖြုတ်ခြင်းကို ခံလိုက်ရပြီးဖြစ်သည်။အလုပ်သမားအများအပြားသည်
ဗီဇာသက်တမ်းတိုးရာတွင်စိတ်ရှုပ်ထွေးပြီး ပြဿနာအတက် မခံချင်ကြပေ။ ထိုစဉ်မှာပင်
Export ကုမ္ပဏီကြီးများအပါအဝင် တခြားအလုပ်ရှင်များကကုန်ထုတ်လုပ်မှု ကျဆင်းနေသော
အချိန်များတွင်အလုပ်သမားများ၏ စိတ်ရှုပ်ထွေးမှုများနှင့် ဝေဝါးမှုများကို
အသုံးချပြီး အလုပ်ဖြုတ်ပစ်ခဲ့ကြသည်။ အလုပ်သမား အချို့က ဗီဇာသက်တမ်း
မကုန်ဆုံးမီပင် ထိုင်းကနေ ထွက်ခွာသွားခဲ့ကြပြီး ဗီဇာသက်တမ်းကုန်သွားသော တချို့
မှာတရားမဝင်ဆက်လက်နေထိုင်မှု (Overstay) ကြောင့် မတရားဒဏ်ကြေးရိုက်ခံခဲ့ရသည်။
ဤနှစ်နိုင်ငံဆွေးနွေးပွဲနှင့်ဆုံးဖြတ်ချက် မရရှိသေးမီအချိန်ကပင်
ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအ လုပ်သမားများသည် အကျိုးခံစားခွင့်မရှိပဲ
အလုပ်ရှင်က အလုပ်ဖြုတ်ခြင်းခံခဲ့ရသည်။ Export ကုမ္ပဏီကြီး များအပါအ၀င်
အလုပ်ရှင်များသည် ကုန်ထုတ်လုပ်မှုကျဆင်းနေချိန်ဖြစ်သောကြောင့် မရေမရာဖြစ်နေသော
အလုပ်သမားများ၏အခြေအနေကို အကြောင်းပြ အခွင့်ကောင်းယူ၍
အလုပ်ဖြုတ်ခဲ့ခြင်းဖြစ်သည်။အချို့ သောအလုပ်သမားတို့သည်
ဗီဇာသက်တမ်းကုန်ခါနီးတွင် နေရပ်သို့ပြန်သွားခဲ့ပြီး အချို့မှာလည်း ဗီဇာသက်
တမ်းလွန်နေထိုင်ခြင်း(Overstay) အဖြစ်နေထိုင်ရင်း ဒဏ်ကြေးဆောင်ရမှုများ
ကြုံခဲ့ရသည်။
အလုပ်သမားများသည် မြန်မာပြည်ကို ပြန်လာကြသော်လည်းထိုင်းနိုင်ငံသို့
တရားမဝင်နည်းလမ်းများနှင့်
ပြန်လည်ရောက်ရှိလာကြသည်။ စည်းကမ်းမလိုက်နာသော မြန်မာ အလုပ်သမားရှာဖွေရေး
အေဂျင်စီများမှ တဆင့် နိုင်ငံကူးလက်မှတ်အသစ် လုပ်မည်ဆိုပါက
ကုန်ုကျစရိတ်ကြီးလွန်းလှသည်။ တခြားအဖွဲ့များမှာနိုင်ငံကူးလက်မှတ်အဟောင်းများ
ကို လွင့်ပစ်ပြီး အမည်အသစ်ဖြင့်ထိုင်းနိုင်ငံရှိ ယခင်နိုင်ငံကူးလက်မှတ်
ထုတ်ပေးသည့် စင်တာများတွင် အစိုးရအရာရှိများအားရက်ရက်ရောရောပေးကမ်းပြီး
နိုင်ငံကူးလက်မှတ်
အသစ်ကို ပြုလုပ်ကြသည်။ ဤနည်းအားဖြင့် စိတ်ပျက်ဖွယ်ကောင်းသော ၄ နှစ်
လူမှုဖူလုံရေး အကျိုးခံစားခွင့်ကို စွန့်လွှတ်ပစ်ခဲ့ကြသည်။
မြန်မာပြည်သို့ ပြန်လာသည့်အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းသို့
တရားမ၀င်လမ်းကြောင်းမှ တဖန် ပြန်ဝင်ခြင်းများလည်းရှိသည်။
အကျင့်ပျက်အလုပ်ရှာဖွေရေးအေဂျင်စီများ၏ တရားဝင်ပို့ဆောင်မှုနှင့် နိုင်ငံ
ကူးလက်မှတ်လုပ်ဆောင်ပေးမှု ဈေးနှုန်းများကြီးမြင့်နေသဖြင့်
ထိုသို့ဖြစ်ရခြင်းဖြစ်သည်။ အချို့သောအလုပ် သမားတို့သည်
မိမိတို့ကိုင်ဆောင်ထားသော ယာယီပတ်စ်ပို့ကိုလွှင့်ပစ်ပြီး ထိုင်းနိုင်ငံရှိ
ယခင်ယာယီပတ်ပို့ ထုတ်ပေးရေးစင်တာများတွင် တာဝန်ရှိသူတို့အား
ရက်ရောစွာပေးကမ်းပြီး နောက်ထပ်ယာယီပတ်စ်ပို့ပြု လုပ်ခဲ့ကြသည်။ ထိုလုပ်ရပ်က
ယခင်ယာယီပတ်စ်ပို့နှင့်ပြုလုပ်ထားခဲ့သော လူမှုဖူလုံရေးခံစားခွင့်ကို ဆုံးရှူံး
သွားစေသည်။
သို့သော်လည်း နေထိုင်ခွင့်ရထားသော အလုပ်သမားအများစုမှာသက်တမ်းကုန်ဆုံးသွားပြီး
ထိုင်းမှာ သောင်တင်နေခဲ့ကြသည်။ သတ်မှတ်ထားသည့် နောက်ဆုံးထွက်ခွာရမည့်နေ့ အရဆိုလျှင်
၎င်းတို့မှာ အဖမ်းခံရခြင်း၊ ပြည်နှင်ဒဏ်ပေးခံရခြင်းများနှင့်
ရင်ဆိုင်နေရဆဲပင်။ Overstay ကြေး ဘတ် ၅၀၀ မှနေ၍ ဘတ် ၂၀၀၀၀ ထိရောက်ရှိသွားခြင်းက
ထိုသို့သောအလုပ်သမားများအတွက်မှာမူ ကြီးမားသော ကန့်သတ်ချက်ကြီးပင်။
သို့သော် နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသွားသူအများစုမှာ ထိုင်းနိုင်ငံအတွင်း
သောင်တင်နေဆဲဖြစ်သည်။ တည်ဆြဥပဒေအရ ၎င်းတို့သည်
ဖမ်းဆီးခံရမည့်အရေး၊ပြည်နှင့်ခံရမည့်အရေးတို့နှင့်ကြုံနေရပြီး ထိုသို့
ဖမ်းဆီးခံရလျှင် Overstay ဖြစ်သောကြောင့် ဒဏ်ကြေးအဖြစ် ဘတ်၅၀၀ မှ ဘတ်၂၀၀၀၀
အထိပေးဆောင် ရမည့်ကိစ္စကလည်း ကြီးမားသောခြောက်လှန့်မှုဖြစ်စေသည်။
အလုပ်သမားများအား အကာအကွယ်ပေးထားသောအနည်းငယ်ကောင်းမွန်သည့် အလုပ်ရှင်များမှာ
၎င်းတို့၏ အရေးကြီးသော ကုန်ထုတ်လုပ်ငန်းများအတွက် လက်ရှိအခြေအနေကို မအံသြသော်လည်း
ရွှေ့ပြောင်းလုပ်သားအသစ်များ ရှာဖွေအလုပ်ခန့်ရန် ခက်ခဲလာပြီးစရိတ်စကလည်း
ပိုများလာခဲ့သည်။ အကာအကွယ်ပေးသောကဒ်ပြားများ စတင်ပေါ်ပေါက်လာပြီး
အစိုးရအရာရှိများအား
လာဘ်ပေးလာဘ်ယူ မှုများ ရှိလာခဲ့သည်။
အလုပ်ရှင်များသည်တရားမဝင်နေထိုင်သူများ၏ စာရင်းများကို
ပြုစုပြီးဒေသအာဏာပိုင်များဆီသို့ ပေးပို့ကြသည်။
အလုပ်သမားများကို ကာကွယ်ပေးသော အလုပ်ရှင်ကောင်းအချို့လည်းရှိသည်။ ၎င်းတို့၏
ကုန်ထုတ်လုပ် ငန်းအတွက် ဤရွှေ့ပြောင်းအလုပ်သမားများကို
လိုအပ်လျက်ရှိနေသည့်အပြင် အလုပ်သမားသစ်ခေါ်ပါက ကုန်ကျစားရိတ်ကြီးမား၍
ရှာဖွေရခက်ခဲသည်။ ထို့ကြောင့် နေထိုင်ခွင့်သက်တမ်းလွန်အလုပ်သမားများအ တွက်
အစိုးရအရာရှိများကို လာဘ်ပေးလာဘ်ယူလုပ်လာကြသည်။ ပုလိပ်ကဒ်ဟုခေါ်သော တရားမ၀င်ကဒ်
များရရှိရန် ဒေသအာဏာပိုင်များထံ အလပ်သမားစာရင်းပေးပို့ခြင်းများဖြစ်လာတော့သည်။
၂၀၁၃ အကုန်တွင် ထိုင်းတစ်နိုင်ငံလုံး နိုင်ငံရေး မတည်ငြိမ်မှုများ
ပေါ်ပေါက်လာပြီး အစိုးရအနေဖြင့် လစ်ဟာနေသော ပေါ်လစီကိုညှိနှိုင်းမည့် အစီအစဉ်မှာလည်း
ကက်ဘိနက်မရှိသောကြောင့် မစတင်နိုင်ခဲ့ပေ။ ၆ လကြာသွားခဲ့ပြီး၊ ၄င်းအခြေအနေမှာ
ထိုကဲ့သို့ အရှုပ်အရှင်းများ မဖြစ်မီ အချိန်အတော်ကြာကပင် ဦးတည်ရန်
သင့်ခဲ့သည်။ ထိုအခြေအနေသည်
အစိုးရအရာရှိများနှင့် အေးဂျင့်များအတွက် ပေါ်လစီများမတိကျမရှင်းလင်းမှုအပေါ်
အခွင့်ကောင်းယူပြီး ၄င်းတို့အကျိုးစီးပွားအတွက် ဆက်လက်အသုံးချရန်
ဖြစ်လာစေသည်ဆိုသည်ကို ပိုမိုရှင်းလင်းလာခဲ့သည်။ နိုင်ငံရေးမတည်ငြိမ်မှုမှာ
အကြောင်းပြချက်တစ်ခုနှင့်ဆင်ခြေဆင်လက်တစ်ခုအဖြစ် မည်သည့်အခါမှလက်မခံနိုင်ခဲ့ပေ။
၂၀၁၃အကုန်ပိုင်းဖြစ်ပေါ်လာသော ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုများကြောင့်
ကက်ဘိနက်အစည်းအဝေးမလုပ် နိုင်သဖြင့် လစ်ဟာနေသောပေါ်လစီပိုင်းကို
ပြင်ဆင်အတည်ပြုပေးရန် အကောင်ထည်မဖေါ်နိုင်ခဲ့ပေ။ ယခု ဆိုလျှင်
ခြောက်လခန့်ပင်ရှိခဲ့ပြီဖြစ်သည်။ ၎င်းကဲ့သို့
နိုင်ငံရေးအရှုပ်အထွေးများမဖြစ်ပေါ်မီ အချိန်တော်ကြာ ကပင် လစ်ဟာနေသောပေါ်လစီကို
ကြိုတင်ပြင်ဆင်သင့်သော်လည်း နှောင့်နှေးမှုများဖြစ်ရခြင်းမှာ တာဝန်
မဲ့သကဲ့သို့ဖြစ်နေသည်။ ထို့အပြင် ဤအခြေအနေကို အခွင့်ကောင်းယူ၍
အစိုးရအရာရှိများနှင့်အေဂျင်စီများ က ကိုယ်ကျိုးရှာသည့်အနေအထားသို့
ရောက်ရှိလာခဲ့သည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဆိုသည်မှာ အ ကြောင်းပြစရာ
ဆင်ခြေပေးခြင်းသာဖြစ်သည်ဟု ဆိုနိုင်မည်။
၎င်းပေါ်လစီ အရှုပ်အရှင်းဖြစ်လာသောကြောင့်မြန်မာအစိုးရဘက်က
ယာယီနိုင်ငံကူးလက်မှတ်မှအမြဲတမ်းနိုင်ငံကူးလက်မှတ်ကို ပြောင်းလဲရန်အတွက်
ပိုမိုရှုပ်ထွေးပြီး ကုန်ကျစရိတ်များသော လုပ်ငန်းစဉ်အသစ်ကို ထုတ်
ပြန်ကြေငြာခဲ့သည်။ မြန်မာနိုင်ငံသားမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းရှိသော
အလုပ်သမားများသာပတ်စ်ပို့အသစ်ကိုရရှိနိုင်သည်။ ယင်းထောက်အထားများမရှိသောအလုပ်သမား
အမြောက်အမြား (အထူးသဖြင့် နယ်စပ်ဒေသမှ)မှာ ပတ်စပို့အသစ်ရနိုင်ဖို့ ခဲယဉ်းလွန်းသည်။
သို့သော်လည်းမြန်မာအစိုးရအရာရှိများကို လာဘ်ထိုးလိုက်ပါကလွယ်ကူမြန်ဆန်နိုင်သည်။
ဤသို့ ပေါ်လစီအရှုပ်အထွေးများဖြစ်နေချိန်တွင်ပင် မြန်မာအစိုးရဖက်က
ယာယယီနိုင်ငံကူးလက်မှတ်အစား ပုံမှန်နိုင်ငံကူးလက်မှတ်သို့
ပြောင်းလဲမည်ဟုကြေငြာခဲ့သည်။ မြန်မာနိုင်ငံသားမှတ်ပုံတင်နှင့် အိမ်ထောင်စု
စာရင်းရှိမှသာ ပြုလုပ်နိုင်မည့် ပုံမှန်နိုင်ငံကူးလက်မှတ်ကို
အလုပ်သမားအနည်းငယ်သာ လုပ်နိုင်မည်ဖြစ် သည်။ ၎င်းအထောက်အထားမရှိသော၊ မပြည့်စုံသော
ကျေးလက်ဒေသမှလာသော မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုအတွက်
ခက်ခဲရှုပ်ထွေးမှုကိုဖြစ်ပေါ်စေသည်။ ၎င်းအခက်အခဲက မြန်မာအစိုးရအရာရှိ များကို
လာဘ်ထိုးခြင်းနည်းဖြင့် ပြေလည်အောင်ဖြေရှင်းသည့်လမ်းကြောင်းသို့
တွန်းပို့လျက်ရှိသည်။
မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ကြောင်းပြုလုပ်မည့်အစီအစဉ်သည်စည်းကမ်းမလိုက်နာသော
မြန်မာအေဂျင်စီ များအနေဖြင့်ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်မည့်
မြန်မာအလုပ်သမားများအတွက် မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းပြနိုင်ရန်အတွက်
ကူညီပေးရာတွင်မူဝါဒပိုင်းဆိုင်ရာ မရှင်းမလင်းမှုများအား ပိုမိုဖြစ်ပေါ်စေပြီး
၎င်းတို့အတွက် အခွင့်အရေးများ ပိုမိုရရှိသွားစေသည်။ရွှေ့ပြောင်းအလုပ်လုပ်ရာမှ
ရရှိသော အကျိုးအမြတ်များကိုပိုမိုရရှိရန် သေချာသွားကြောင်း မြန်မာများက
စောဒကတက်ကြသည်။
ထို့အတူ ဤအစီအစဉ်သည် အလုပ်သမားများကို
မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းအလွယ်ရရှိရန် ၀န်ဆောင်ပေးမည့်
ကိုယ်ကျိုးကြည့်အေဂျင်စီများအတွက် အလုပ်သမားများအပေါ်မှ အကျိုးအမြတ်ရှာမည့်
နောက်ထပ် လမ်းသစ်ကိုဖေါ်ဆောင်ပေးလိုက်သလိုဖြစ်လာသည်။
ယခင်ကပြုလုပ်ခဲ့သော နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ် (NV) မှမကျေနပ်ချက်တစ်ခုမှာ
လုပ်ငန်းစဉ်သည် ထိုင်းနိုင်ငံအတွင်းတွင် ပြုလုပ်ရပြီး ထိုင်းနိုင်ငံဘက်မှ
လုပ်ပိုင်ခွင့်ရရှိထားသောကြောင့်ထိုင်းအရာရှိများနှင့် အေးဂျင့်များမှာ
မြန်မာဘက်မှလူများထက်ပိုပြီး အမြတ်ထွက်သွားခဲ့ကြသည်။ ယခုအခါတွင်
မြန်မာအရာရှိများဘက်မှနေ၍
လျှို့ဝှက်စွာဖြင့် ၄င်းတို့ဝေစုကိုခွဲဝေယူရန်
ကြိုးစားလုပ်ဆောင်နေသည်ဆိုသည်မှာ ပိုမိုသေချာသွားစေသည်။
၎င်းအပြင် ယခင်ကပြုလုပ်ခဲ့သော နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်(NV) တွင်
အဓိကအကျိုးအမြတ်ရရှိသွား သူများမှာ ထိုင်းနိုင်ငံဖက်မှ လုပ်ပိုင်ခွင့်ရထားသော
ထိုင်းအရာရှိများနှင့်အေးဂျင့်များသာဖြစ်ခဲ့ရာ မြန်မာဖက် မှ မကျေနပ်ဖွယ်
အနေအထားရှိခဲ့သည်။ ယခုအစီအစဉ်တွင်မူ မြန်မာအရာရှိများက အကျိုးအမြတ်ပိုရ အောင်
စီစဉ်ချမှတ် ဝေစုခွဲရန်ကြိုးစားနေသလို ဖြစ်နေသည်။
ယခင်ပြုလုပ်ခဲ့သော (NV) လုပ်ငန်းစဉ်မှမရိုးမသားပြုလုပ်ခဲ့ခြင်းများနှင့်
ယခု လုပ်ငန်းစဉ်အသစ်ကို
ပြီးဆုံးအောင် ပြုလုပ်ရမည်ဆိုသော အချက်များကရွှေ့ပြောင်းလုပ်သားများအတွက် ၄င်းတို့
ကိုင်ဆောင် ထားသောတန်ဖိုးကြီးကြီးပေးပြီး ပြုလုပ်ထားရသည့် ယာယီပါတ်စပို့သည်
မည်သို့မျှ အသုံးမဝင်တော့ဟု သိလိုက်ရသောအခါ အစိုးရအပေါ်အလွန်နာကျင်စွာ
ခံစားရပြီး မျိုချပစ်နိုင်ဖို့ အတော်ပင်ခဲယဉ်းစေခဲ့သည်။
ယခင်က(NV) လုပ်ငန်းစဉ်ကို တန်ဖိုးကြီးကြီးပေးပြီးမှ
ယာယီနိုင်ငံကူးလက်မှတ်ခက်ခဲစွာပြုလုပ်ခဲ့ရသည်။ ယခုအခါတွင်လည်း ထပ်မံ၍
ပုံမှန်နိုင်ငံကူးလက်မှတ်ကိုလုပ်ရဦးမည်ဖြစ်ပြီး ယခင်ယာယီနိုင်ငံကူးလက်မှတ် က
အသုံးမ၀င်တော့ကြောင်းသိရသဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ အစိုးရအပေါ်
စိတ်ပျက်ဒေါသ ထွက်မှုမှာ ဟန်ဆောင်မရလောက်အောင်ဖြစ်လာခဲ့သည်။
နောက်ဆုံး ၁၀လကြာပြီးသောအခါ
မြန်မာအလုပ်သမားများသည်နေထိုင်မှုသက်တမ်းကုန်ဆုံးသွားပြီဆို
သည်ကို ပထမဆုံး ရင်ဆိုင်ကြုံတွေ့ရပါတော့သည်။ ထို့ပြင် နိုင်ငံတကာနှင့်မီဒီယာများ၏
ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားမူဝါဒအရေး အကျပ်အတည်းအပေါ် စိတ်ပါဝင်စားမှု
တိုးလာသည်နှင့်အမျှ အစိုးရ အရာရှိများ၏ တုံ့ပြန်မှုကလည်း တဖြည်းဖြည်း
ကျဆင်းလာနေသည်။ သို့သော်ငြားလည်း အများစုမှာ ပိတ်ထားသော တံခါးများ၏
နောက်ကွယ်တွင် ရှိဆဲပင်။
ယခုဆိုလျှင်ဗီဇာသက်တမ်းကုန်ဆုံးခဲ့သည်မှာ ၁၀လကျော်ကာလသို့
ရောက်ရှိလာပြီဖြစ်သည်။ နိုင်ငံတကာ မီဒီယာများက
ရွှေ့ပြောင်းရေးရာကိုအာရုံစိုက်လာသော်လည်း အစိုးရတို့၏ အားတက်သရောရှိမှုမှာ
ကျ ဆင်းလာခဲ့သည်။
သို့သော်ရွှေ့ပြောင်းရေးရာမူဝါဒ၏နောက်ကွယ်တွင် အစိုးရအရာရှိများက ချယ်လှယ်နေ
ကြဆဲသာဖြစ်သည်။
ထိုင်းအစိုးရအရာရှိများအနေဖြင့် နေထိုင်ခွင့် ကုန်ဆုံးနေသော အလုပ်သမာများအတွက်
Overstay ကြေး ကိုလျှော့ပေါ့ပေးရန်နှင့် လျှော့ချနိုင်ရန်အတွက် နည်းလမ်းများ
ရှာဖွေရန် စည်းဝေးကြပြီး တရားဝင် ပြဌာန်းနိုင်စေရန် ဆောင်ရွက်နေကြသည်။ အ
လုပ်သမားများအတွက် One Stop Service Center များထားရှိပြီး ပြည်ဝင်ခွင့်တ
ံဆိပ်နှိပ်ပေးနိုင်ရန်နှင့်အခြားအထောက်အထားများအတွက် တရားဝင်
ဆောင်ရွက်ပေးနိုင်ရန်အတွက် လွန်ခဲ့သော အပတ်က ထိုင်းမြန်မာ နယ်စပ်တွင်
ဖွင့်လှစ်ပေးခဲ့သည်။
ထိုင်းအစိုးရအရာရှိများက နေထိုင်ခွင့်ကုန်ဆုံးနေသောအလုပ်သမားများအတွက်
Overstay ဒဏ်ကြေး လျှော့ပေါ့ပေးရန်အတွက် နည်းလမ်းများရှာဖွေ အစည်းဝေးများလုပ်၍
တရားဝင်ပြဌာန်းနိုင်ရေးဆောင်ရွက် နေကြသည်။ အလုပ်သမားများအတွက် One Stop
Service Center များဖွင့်၍ ပြည်ဝင်ထွက်တံဆိပ်ထုပေး ရန်နှင့်
စာရွက်စာတမ်းများပြုလုပ်ပေးရန်
မတ်လပထမပတ်တွင် နယ်စပ်၌ စခန်းဖွင့်လှစ်ပေးခဲ့သည်။
ဘန်ကောက်ရှိ မြန်မာသံရုံးသည် အမြဲတမ်းပါတ်စပို့လျှောက်ထားခြင်း
လုပ်ငန်းစဉ်အတွက် အစိုးရတံဆိပ်ခပ်နှိပ်ထားခြင်းမရှိဘဲ မတိကျမသေချာသည့်
ညွှန်ကြားချက်များ
ပါဝင်သော စာရွက်များအား အာသာငမ်းငမ်း တက်နေသော အေဂျင်စီများအကြား
ဖြန့်ဝေပေးခြင်းဖြင့်
ရုတ်တရက်ကြီး အဓိကနေရာမှ ပါဝင်လာသည်။
ဘန်ကောက်ရှိမြန်မာသံရုံးသည် ပုံမှန်ပတ်စ်ပို့လျှောက်ထားရန်အတွက်
လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ ကို အစိုးရတံဆိပ်မပါသောစာရွက်များဖြင့်
အေဂျင်စီများသို့ဖြန့်ဝေပြီး ရုတ်တရက်နေရာယူလာသည်။
လက်တစ်ဆုပ်စာသော အလုပ်သမားများသာလျှင်အဆက်အသွယ်ကောင်းသည့် မြန်မာ အလုပ်သမားရှာ
ဖွေရေးအေဂျင်စီများ၊ ကုန်ကျစရိတ်များပြီးရှုပ်ထွေးသည့် လုပ်ငန်းစဉ်များအား
ကောင်းကောင်းမွန်မွန်ဆောင်ရွက်ပေးသော ထိုင်းကုမဏီများ၏ အကူအညီဖြင့်
ရရှိခဲ့ကြသည်။ ထို့ပြင် ဝင်လိုက်ထွက်လိုက်ဖြစ်နေသော အလုပ်သမားများ
တရားဝင်မဖြစ်လာမီ overstayပေါ်လစီနှင့် ပတ်သက်သော အဖြေကို စောင့်ဆိုင်းနေကြသည်။
မြန်မာအလုပ်ရှာဖွေရေးအေဂျင်စီနှင့် ဆက်သွယ်မိသောအလုပ်သမားနှင့်
တာဝန်ယူတတ်သောကုမ္ပဏီကြီး များမှအလုပ်သမားများ စသော အနည်းစုကသာ
ဤလုပ်ငန်းစဉ်သို့ ၀င်ရောက်လာနိုင်ကြသည်။ အားကိုး ရာမဲ့အလုပ်သမားအများစုမှာ
အတည်မပြုနိုင်သေးသော Overstay ဆိုင်ရာပေါ်လစီအဖြေကို စောင့်ဆိုင်း နေရဆဲပင်။
၎ နှစ် နေထိုင်ခွင့်ပေါ်လစီ အရှုပ်အရှင်း
ထပ်မံဖြစ်ပွားလာခြင်းကချိုးကပ်နေသည့် အရည်အသွေး
ညံ့ဖျင်းမှုများ၊ တရားဥပဒေစိုးမိုးမှုမရှိခြင်းများ၊ စနစ်တကျ လာဘ်စားပြီး
ဥပဒေချိုးဖောက်ခြင်းများ၊ စာနာစိတ်လုံးဝမရှိခြင်းများသည်အစိုးရအနေဖြင့်
ရွေ့ပြောင်းအလုပ်သမားများသာမက၊အလုပ်ရှင်များနှင့် စီးပွားရေးအခြေအနေကိုပါ
ညီတူမျှတူအကျိုးရှိစေသည့် ရွှေ့ပြောင်းအလုပ်သမား ပေါ်လစီကို
အချိန်အကြာကြီးရေးဆွဲရန်အတွက် စိတ်ဝင်စားမှုလုံးဝမရှိဘူးဆိုသည်ကို
ပြလိုက်ခြင်းပင်။ မြန်မာအစိုးရ အနေဖြင့် လျင်မြန်စွာပြောင်းလဲနေသည့်
စီမံခန့်ခွဲမှုအနေအထားမှနေ၍အကာအကွယ်ပေးမှုများနှင့် အချို့သော
တရားမျှတမှုများကိုမျှော်လင့်နေသူများအား
မျှော်လင့်ချက် ရိုက်ချိုးခံလိုက်ရသကဲ့သို့ ဖြစ်စေခဲ့သည်။
၎နှစ်နေထိုင်ခွင့်ပေါ်လစီ၏ ရှုပ်ထွေးမှုများက အမြစ်တွယ်နေသာအရည်အချင်းညံ့မှုများ၊
တရားဥပဒေစိုးမိုးမှု မရှိခြင်းများ၊ စနစ်တကျလာဘ်စားမှုများ၊
စာနာမှုမဲ့ခြင်းများကို ဖေါ်ပြလိုက်သလိုပင်ဖြစ်နေသည်။ အလုပ်ရှင်၊ အလုပ်သမားနှင့်
နိုင်ငံစီးပွားရေးအခြေအနေကို အကျိုးရှိစေနိုင်သော ရွှေ့ပြောင်းရေးရာပေါ်လစီကို အ
ကောင်အထည်ဖေါ်လိုစိတ်မရှိသည့် အစိုးရဟု ပြသသလိုပင်။ မြန်မာအစိုးရ၏
ပြုပြင်ပြောင်းလဲမှုလုပ်ဆောင် ချက်များအပေါ် မျှော်လင့်ခဲ့သူများအား နောင်တရ
စိတ်ပျက်ဖွယ်ဖြစ်စေသည်။
ထိုပေါ်လစီ အရှုပ်အရှင်းဖြစ်မှုမှနေ၍ ကောင်းသော
အရာများကိုထိုင်းအလုပ်ရှင်များက ရရှိသွားခဲ့သည်။
ယင်းတို့မှာစည်းကမ်းမလိုက်နာသော အေဂျင်စီများနှင့် ပူးပေါင်းကြံစည်၍ အကျိုး
အမြတ်ရခြင်းနှင့် ပွင့်လင်းမြင်သာမှုမရှိသောရွှေ့ပြောင်းလုပ်သားများအား
ခြိမ်းခြောက်ငွေညစ်ခြင်းများအားယခု ငြင်းပယ် နိုင်ခြင်းပင်ဖြစ်သည်။
ထိုကဲ့သို့သော အင်အားရှိသည့် သူများနှင့် လုပ်အားကို အလွန်သုံးစွဲရသည့်
နိုင်ငံခြား ပို့ကုန်လုပ်နေသော ကုမ္ပဏီများကသာ အစိုးရကို ဆန့်ကျင်ပြီး
၎င်းတို့၏ အလုပ်သမားများ၊ စက်ရုံများ၏အသက်သွေးကြောများအား မတရား အဓမ္မ
နိုင်ထက်စီးနင်းလုပ်မှုများနှင့် အမြတ်ထုတ်မှုများမှကာကွယ်ပေးနိုင်ရန်အတွက်
ပါဝါရှိကြသည်။
အကောင်းဖက်မှကြည့်လျှင်တော့ ယခုကဲ့သို့ အကျင့်ပျက်အေဂျင်စီများက
ရှုပ်ထွေးနေသောပေါ်လစီကို အကြောင်းပြုပြီး အလုပ်သမားများထံမှ
ကိုယ်ကျိုးရှာအမြတ်ထုတ်မှုများကို အလုပ်ရှင်များက ကန့်ကွက် မလိုက်လျောပေးရန်
အခြေအနေတစ်ရပ်ဖြစ်လာဖို့ မျှော်လင့်နိုင်သည်။
နိုင်ငံခြားပို့ကုန်များထုတ်လုပ်သော ကုမ္ပဏီကြီးများအနေဖြင့်
မိမိတို့စီးပွားရေးတွင် အရေးပါသော အလုပ်သမားများကို ကာကွယ်ပေးရန်အ တွက်
အစိုးရ၏ မှုန်ဝါးဝါးပေါ်လစီကို ပြုပြင်ပြောင်းလဲအောင်
တောင်းဆိုနိုင်မည့်အင်အားပိုင်ဆိုင်ထားသည်။
ကြားကာလတွင် နိုင်ငံတကာ အသိုင်းအဝိုင်းမှမှတ်သားထားသည်မှာ သန်းပေါင်းများစွာသော
မြန်မာရွှေ့ပြောင်းအလုပ်သားများ၏ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်
ပေါ်လစီကို မည်ကဲ့သို့
ရိုးရှင်းစွာသက်တမ်းတိုးမည်ဆိုသည့်အနေအထားမှ သွေးရူးသွေးတမ်း အကျိုးအမြတ်ရရှိ
ရေးဆီသို့ ဆင်းသက်သွားနိုင်မလဲဆိုသည်ပင်ဖြစ်သည်။ ထိုအရာများမှာ အစိုးရများမှ
လူကုန်ကူးမှုကို ကိုယ်တိုင်ကျူးလွန်စေရန် ဦးတည်စေသော နည်းလမ်းများမဟုတ်ဘဲ
အမှန်တကယ်ပြောင်းလဲနေပါသည်ဆိုသော ကတိကဝတ်ကို သက်သေပြရမည့်
စီမံခန့်ခွဲမှုစတိုင်ပဲ ဖြစ်ပါတော့သည်။
ထို့အတူ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း သန်းပေါင်များစွာသော
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ခွင့်ရရန်
ရိုးရှင်းလွယ်ကူစွာဖြစ်မည် (သို့မဟုတ်) ၎င်းကိုအကြောင်းပြု ၍ ခေါင်းပုံဖြတ်
အမြတ်ထုတ် ကိုယ်ကျိုးရှာကြမည် စသည်တို့ကို စောင့်ကြည့်နေကြပြီဖြစ်သည်။
အစိုးရများ အနေဖြင့် လူကုန်ကူးမှုများလျော့နည်းကျဆင်းရေးကို
ဦးတည်ဆောင်ရွက်နေပါသည်ဟူသော ကတိက၀တ် များအတွက် သက်သေပြချက်
ဖြစ်လာစေမည်ဖြစ်ပါသည်။
(အင်ဒီဟောသည် ထိုင်းနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံ၏
ပြည်သူပိုင်လုပ်ငန်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (State Enterprise Workers'
Relations Confederation of Thailand – SERC) နှင့် ရွှေ့ပြောင်းလုပ်သား
အခွင့်အရေးများ ကွန်ယက် ( Migrant Worker Rights Network – MWRN) အဖွဲ့များ၏
နိုင်ငံတကာရေးရာ အကြံပေး ပုဂ္ဂိုလ်ဖြစ်သည်။)

Thursday, April 10, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment